Thursday, October 9, 2008

ဖြစ်သလိုနှင့်ကြုံသလို

ဖြစ်သလိုကြုံသလိုစားတဲ့… ပထမဆုံးမမMegumiကတက်(Tag)တယ်…နောက်ပြီးကိုနေလင်းက ချိုးတယ်(ခြေမ)...မမလဲ့ကဂစ်တွားရော..တော်သေးတယ်(၃)ယောက်လုံးကခေါင်းစဉ်တူနေလို့။ နို့မိုရင်မစားသာဘူး။ :D

ဟိခေါင်းစဉ်ကတော့အကျင့်နဲ့သိပ်မကွာပါဝူး။ ဟုတ်သမီးကတော့ကြုံသလိုပဲဝယ်စားလိုက်တာပါပဲ။ ၀ယ်စားမဲ့ဆိုင်ကိုသွားလို့ကြိုက်တာမရှိရင်တော့မစားတော့ဝူး။ ငယ်ငယ်တုန်းကလည်းဂျီးမများပါဘူး(ဟင်းတစ်မျိုးကိုတစ်ခါပဲစားပါတယ်၊ နောက်ထပ်ကျွေး လုံးဝကိုလှည့်မကြည့်ပါဝူး)။ နောက်ပီးအစာကျွေးရတာလက်ဝင်တဲ့ကလေးအမျိုးအစားထဲမှာထိပ်ဆုံးကပါပါတယ်။ ငယ်ငယ်ကထမင်းကျွေးရင်ထမင်းတလုတ်တလုတ်ကိုနာရီဝက်လောက်ကြာအောင်ကျွေးရတယ်လို့ မေမေကပြောဖူးပါတယ်။ ထမင်းလုတ်ကိုပါးစောင်မှာငုံထားတာတဲ့။ ဒီဘက်ပါးကိုလက်နဲ့ထိလိုက်ရင်ဟိုဘက်ပါးစောင်ကိုပြောင်းငုံပါတယ်တဲ့။ ပြီးတော့ ထမင်းကိုလက်နဲ့ခွံ့ရင်လက်ကိုကိုက်လွှတ်ပါတယ်။ ဇွန်းနဲ့ကျွေးရင်ဇွန်း တူနဲ့ကျွေးရင်တူကို ကိုက်ထားတတ်လို့ မီးငယ်ကိုထမင်းကျွေးရမှာအိမ်မှာကူတဲ့လူတွေကကြောက်ပါတယ်တဲ့။ မေမေတစ်ယောက်ပဲထမင်းကျွေးလို့ရတာပါ။ အဲဒီတော့ မီးငယ်တစ်နေ့ကိုမနက်စာနဲ့ ညစာပဲကောင်းကောင်းစားတာပါ။ ဘာလို့လဲဆိုတော့မေမေကရုံးသွားရသေးတယ်လေ။ အဲတော့နေ့လည်စာကိုဘယ်သူကမှမကျွေးရဲပါဝူး။ :)

ဖေဖေမကျွေးဘူးလားလို့မေးစရာရှိပါတယ်။ ဖေဖေကချောက်မှာနေပါတယ်။ မေမေ မပါဘဲနဲ့ဖေဖေ့နောက်ကိုလိုက်သွားရင် ထမင်းကျွေးဖို့ကိုကအလုပ်ကြီးတစ်ခုပါ။ ထမင်းပန်ကန်၊ မီးငယ်၊ ထမင်းကျွေးတဲ့သူအားလုံးကိုကားပေါ်တင်ပြီးမြို့တစ်ပါတ်(ချောက်ကတော့ကျဉ်းကျဉ်းလေးပါ)ပါတ်ပြီးရုံးကလူတွေကထမင်းကျွေးရတာပါ။ အဲဒီမြို့တစ်ပါတ်မှာလိုချင်တဲ့အရုပ်ရှိရင်လည်းထမင်းစားအောင်က၀ယ်ပေးရပါသေးတယ်။ ပြီးရင်ထမင်းလုတ်ကို အငိုက်ဖမ်းပြီးပါးစပ်ထဲကို သွင်းရပါတယ်။ နောက်ပဠနဂိုလ်ကိုပြောင်းတော့ မေမေ မပါပဲလိုက်သွားတယ်။ (၂)တန်းလောက်ရှိပြီထင်ပါတယ်။ ဖေဖေကသူ့ဆီမှာတစ်ပါတ်ပဲထားပါတယ်။ တစ်ပါတ်ပြည့်တော့ချက်ချင်းကိုပြန်ပို့ပါတယ်။ မေမေ့ကိုလည်း မင်းသမီးကို မင်းမပါပဲနဲ့နောက်ဘယ်တော့မှငါ့ဆီမလွှတ်နဲ့တဲ့။ အေးရော။ ပဠနဂိုလ်ကတောကြီးထဲမှာပါ။ မန်းသံပုရာကန်ရဲ့အရှေ့ဘက်ခြမ်းမှာပါ။ သူနဲ့အနီးဆုံးကမီးချောင်းရဲဆိုတဲ့တောမြို့လေးပါ။ ဈေးတောင်မှတစ်ပါတ်မှာ(၂)ရက်ပဲရှိပါတယ်။ နောက်ပြီးတောင်ဘက်မှာရှိတဲ့တောင်တွင်းကြီးနဲ့ဆိုရင်(၂၄)မိုင်ဝေးပါတယ်။ မကွေးကိုသွားဖို့အတွက်တောင်တွင်းကြီး-မကွေးကားလမ်းပေါ်ရောက်ဖို့ပဠနဂိုလ်ကနေ(၂၁)မိုင်လောက်လမ်းခွဲကိုရောက်အောင်ထွက်ရပါတယ်။ ညဖက်တွေမှာဆိုရင် တောခွေးအူသံတွေကြားရပါတယ်။ အဲဒီလောက်တောခေါင်တဲ့နေရာမှာမီးငယ်အကြိုက်စားစရာရှိ့ပမလား။ အဲဒီတုန်းကတော့ဖေဖေက ပြန်ပို့လို့မီးငယ်ကိုမချစ်ဖူးလို့ထင်တာပေါ့။ ကြီးလာတော့ပြန်ပို့တာတောင်နည်းသေးလို့ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အစားအသာက်နဲ့ပါတ်သတ်ပြီးဆိုးတာတွေပြောမယ်ဆိုရင်တော့ ပီးမှာကိုးမဟုတ်ဖူး။ :D

နောက်ပိုင်းကြီးလာတော့ကြိုက်ရင်စားတယ် မကြိုက်ရင်လှည့်ကိုမကြည့်ပါဝူး။ အပြတ်ပဲ..ဘာရမလဲ နာတွ။:D တအုံရောက်တော့လည်း သူငယ်ချင်းထဲကတစ်ယောက်ကချက်တတ်ပြုတ်တတ်ဆိုတော့ကျောင်းကန်တင်းတွေမှာ မီးငယ်စားချင်တာကိုသူကလုပ်ကျွေးပါတယ်။ သူငယ်ချင်းတွေကပြောပါတယ်..နင်ကဘာမှသာမလုပ်တတ်တာအရိုးများသလေး ချီးခါးသလေးနဲ့၊ နင့်ရတဲ့ယောက်ျားတော့ဒုက္ခပဲနင့်ကြောင့်တော့ရင်လေးတယ်တဲ့။:( (ကြောရက်လိုက်ကြတာ..အဟင့်..) သူငယ်ချင်းတွေကလည်းမေးပါတယ်? ယောက်ျားရရင်ဘယ်လိုလုပ်မလဲတဲ့?..နင်ထမင်းဟင်းကောင်းကောင်းမချက်တတ်တာနဲ့ ရိုက်ခံရမယ်တဲ့… ဟုတ်မီးငယ်အဖြေကရှင်းပါတယ်…သူကမီးငယ်ကိုချစ်လို့ယူရင်ယူပါ… ဒီလိုဒီလိုအကျင့်တွေရှိပါတယ်။ ကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပေါ့။ ဈေးမဆစ်နဲ့လေ။ သူ့ဝေယျာဝေစ္စတွေလုပ်ခိုင်းဖို့(ထမင်းချက်၊ အ၀တ်လျှော်ဖို့)ယူတာဆိုရင်တော့ ဆောရီးပါ။ ထမင်းချက်တတ်တဲ့လူလိုချင်ရင်Cook ကိုယူ၊ အ၀တ်လျှော်ဖို့ဆိုရင်တော့အ၀တ်လျှော်စက်ဝယ်ထားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ :D

ခုAITရောက်လာတော့ချက်ပြုတ်ကျွေးတဲ့သူကခေါ်လာလို့မှမရတော့တာ။ မီးငယ်ရေးထားတဲ့ အတွေ့အကြုံနဲ့ခေါက်ဆွဲကြော်ဆိုတဲ့ ပို့စ်(၂)နှစ်ခုကိုဖတ်ဖူးရင်မီးငယ်ရဲ့အချက်အပြုတ်အရည်အချင်းသိပါတယ်။ အဲဒီတော့စားမကောင်းမဲ့တူတူအချိန်ကုန်ခံပြီးမချက်တော့ပါဘူး။

1stSemester တုန်းကတော့မီးငယ့်စီနီယာကချက်ကျွေးပါတယ်။ မနက်ဆိုရင်အစ်ကိုကBreakfastစားမယ်ဆိုပီးခေါ်ပါတယ်။ အိပ်ရာထနောက်ကျရင်အစ်ကိုရေအတန်းကိုသာယူခဲ့တော့လို့ပြောပါတယ်။ အစ်ကိုကပေါင်မုန့်နဲ့ စတော်ဘယ်ရီယိုသုပ်ပြီး မုန့်ဗူးနဲ့ထည့်လာပါတယ်။ မနက်စာကတော့အဲသလိုဖြစ်သလိုစားပါတယ်။ တစ်ခါတစ်လေUFMသွားပြီး(လေပေါရင်းနဲ့) ကော်ဖီအေးနဲ့လည်းပီးတဲ့ရက်တွေရှိပါတယ်။ နေ့လည်စာရောညစာရောအစ်ကို့အဆောင်မှာစားပါတယ်။(မီးငယ်အခန်းကထမင်းချက်လို့မရပါ။ မီးငယ်အခန်းမှာ ဓါတ်ဗူးရယ်၊ ကော်ဖီဖျော်ဇွန်းရယ်၊ မတ်ခွက်ရယ်ပဲထားပါတယ်။ ကျန်တာအားလုံးအစ်ကို့အဆောင်မှာပါ။) အစ်ကိုနေတာကStudentVillageဆိုတော့မီးဖိုချောင်ပါပါတယ်။ အဲလိုအဆောင်တွေက(၃)ယောက်နေရတာပါ။ တစ်ခါတစ်လေမောင်နှမ(၂)ယောက်ခေါက်ဆွဲပြုတ်စားတဲ့နေ့လည်းရှိပါတယ်။ များသောအားဖြင့်အစ်ကိုကထမင်းချက်ပါတယ်။ ဟင်းကတော့ငါးနဲ့ကြက်သားတလှည့်ဆီ(၀က်သားမစားသောကြောင့်)ဖြစ်သလိုပဲဝယ်စားပါတယ်။ အိမ်တွေကထည့်ပေးထားတဲ့အကြော်အလှော်လည်းပါပါတယ်။ အကြော်အလှော်ကတော့မီးငယ်အိမ်ကပို့လိုက်အစ်ကို့အိမ်ကပို့လိုက်နဲ့ မလို့အဆင်ပြေပါတယ်။ 1stSemester တစ်ခုလုံးအဲသလိုပဲဖြစ်သလိုစားပါတယ်။

2ndSemester ရောက်တော့မောင်နှမ(၂)ယောက်လုံးပွဲပျက်ပါတော့တယ်။ ထမင်းအိုးကိုလှည့်ကိုလှည့်ကြည့်ဖို့နေနေသာသာ မနက်စာတောင်မစားဖြစ်တော့ပါဘူး။ နေ့လည်စာနဲ့မနက်စာပေါင်းစားရပါတယ်။ နောက်ဆုံးAITကန်တင်းကိုရောက်တာပေါ့။ ကန်တင်းမှာကလည်းတစ်ရက်လာလည်းဒီဟင်း နောက်တစ်ရက်လာလည်းဒီဟင်းနဲ့ဆိုတော့ နောက်ပိုင်း ဗီယက်နာမ်ထမင်းဆိုင်ရောက်ပါတယ်။ အဲဒီမှာလည်းဗီယက်နာမ်အစားအသောက်နဲ့ထိုင်းအစားအစာကိုမရိုးရအောင်မှာပီး ကြုံသလိုစားပါတယ်။ အဲဒါမှအဆင်မပြေရင်ဟိုဘက်ကျောင်းထဲကိုသွားပြီးစားပါတယ်။ တစ်ခါတစ်လေပီဇာမှာစားသလို (၉၈)ဘတ် ပဲပေးရတဲ့ဘူဖေးလည်းသွားကြိတ်ပါတယ်။ စာမေးပွဲနီးရင်စားတော့စားပါတယ်။ ဘယ်အနပ်အတွက်စားနေလည်းဆိုတာတောင် တော်တော်စဉ်းစားယူရတဲ့အခြေအနေတွေရောက်လာတတ်ပါတယ်။

ခု3rdSemesterရောက်နေပါပီ။ နည်းနည်းစိတ်ကောင်းဝင်နေလို့ရယ်..ခုမီးငယ်ပြောင်းထားတဲ့အခန်းကမီးဖိုချောင်ပါလို့ရယ် စာနည်းသေးလို့ရယ် ထမင်းချက်စားနေပါတယ်။ ဟင်းကတော့အိမ်ကပို့တဲ့အခြောက်အခြမ်းရယ်၊ တစ်ခါတစ်ခါချက်တဲ့ဟင်းငန်ငန်နဲ့ ဖြစ်သလိုစားနေပါတယ်။ အဲဒါမှ မစားချင်ရင်ကုလားဆိုင်ကရောင်းတဲ့ ကြက်သားပူတီသွားစားပါတယ်။ အဲဒါမှ မမြိုချင်ရင်PCကကြက်ကင်ကိုဝယ်ထားပီး နွေးစားပါတယ်။ အဲဒါမှ မဟုတ်သေးရင်ပေါင်မုန့်စားပါတယ်။ စိတ်မရှည်ရင် မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကိုချက်ပြီးမုန့်ဖတ်မပါပဲနဲ့အရည်ပဲသောက်နေတတ်ပါတယ်။ နောက်ဆုံးဘာမှမစားချင်ရင် မနက်စောစောလည်းရေခဲမုန့်ချည်းထိုင်စားပြီး ကော်ဖီအေးလည်းသောက်နေတတ်ပါတယ်။

နောက်ဆုံးပိတ်ကတော့ဟင်းကောင်းကောင်းစားချင်ရင် မမနေနွယ်နဲ့မမငယ်ကိုချွဲပြီး ချက်ကျွေးခိုင်းပါတယ်။ မမနေနွယ်ကSeafood Saladသုပ်တာကောင်းပြီးတော့ မမငယ်ကတော့ ဂဏန်းကိုမဆာလာနဲ့ချက်တာကောင်းပါတယ်။ တစ်ခါတစ်ခါမမမြတ်သန္တာတို့အိမ်ကလည်း မီးငယ်တို့ကိုထမင်းစားခေါ်ပါတယ်။ AITမှာကတော့ ချက်စား၊ ၀ယ်စား၊ ကပ်စားပါတယ်။ မမ Megumi မမလဲ့ နဲ့ ကိုနေလင်းရေ ညီမလေး ငယ်ကျိုးငယ်နာရော စားပုံသောက်ပုံပါသိလို့ကျေနပ်ပါတော့နော်…

ဒူကိုထပ်Tag ရမလဲ။ ဒူမှလဲကျန်တော့ဝူး။ ရှရှားကအစ်ကိုတွေရဲ့စားပုံသောက်ပုံကလည်းတိပီးတားချိုတော့..အင်းဒူ့ကိုTag ရင်ကောင်းမလဲ…ဟဲဟဲ ကိုဖိုးချမ်းနဲ့ ကိုသူရိန်ကျန်တေးတယ်။ ကိုသူရိန်၊ ကိုဖိုးချမ်းရေ..ရေးပေးပါဗျို့...
If ရေးပေးလျှင် Then
မန်းလေးသင်္ကြန်မှာ နှစ်တိုင်းကဲရမှာဖြစ်ပီးတော့…
Else အင်္ဂလန်မှာ တစ်သက်လုံးအရိုးထုတ်ရ မှာဖြစ်ပါတယ်။
ကိုသူရိန်ကတော့ ဆရာဝန်တစ်ယောက်ရဲ့စားသောက်မှုပုံစံကိုကြောကြမှာဖစ်ပါတယ်...ဟဲဟဲ(အချွန်နဲ့မပြီ)
ကိုသူရိန် (Done)


13 comments:

GreenGirl said...

ဒီလိုဒီလိုအကျင့်တွေရှိပါတယ်။ ကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပေါ့။ ဈေးမဆစ်နဲ့လေ။ သူ့ဝေယျာဝေစ္စတွေလုပ်ခိုင်းဖို့(ထမင်းချက်၊ အ၀တ်လျှော်ဖို့)ယူတာဆိုရင်တော့ ဆောရီးပါ။ ထမင်းချက်တတ်တဲ့လူလိုချင်ရင်Cook ကိုယူ၊ အ၀တ်လျှော်ဖို့ဆိုရင်တော့အ၀တ်လျှော်စက်ဝယ်ထားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ :D

Good တယ်ကွာ။ ခံယူချက်ကို ကြိုက်သွားပြီ။ အရင်ဆုံးရေးပေးတဲ့ ညီမလေးကို အာဘွား အများကြီးပေးသွားတယ် :P

နေလင်း said...

ညီမလေး POOH ရေ...

တက်ဂ်လေးကို အမှတ်တရ ရေးပေးလို့ ကျေးဇူးပါ...
အသေးစိတ်ဖတ်သွားပါတယ်.... ညီမလေးရေ....... စာအရေးအသား အရမ်းကောင်းပါ၏...

ခင်တဲ့ :)

ကိုနေလင်း

megumi said...

ရေးပေးလို့ကျေးဇူးပဲနော်။
မီးငယ်လေးက မမနဲ့ တော်တော်များများတူတာပဲ။ မမလည်း အဲလို ပြောဘူးတယ်။ "မိန်းမယူမှာလား ၊ ထမင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ပေးမယ့်လူ ယူမှာလားလို့"။ ဟိ ဟိ။ ဟုတ်တယ်လေနော်။ ထမင်းမချက်တတ်တာများ အပြစ်ကြီးတစ်ခုကြနေတာပဲ။ ခုသင်၊ခုရတယ်။ ဘွဲ့တစ်ခုယူတာလောက်မခက်ပါဘူးနော်။ :P
မီးငယ်လေးရဲ့ ဖြစ်သလိုစားပုံလေးက မမထက်တော့ သာတယ်နော်။ :D :P

စိုင်းစိုင်းလားရှိုး said...

အောင်မလေး .....
ဟင်းမချက်တတ်တာ
မိန်းကလေးမပီသပါ
တလွဲ ဆံပင်မကောင်းပါနဲ့
မယ်ဂုမိလည်းပါတယ်
မီးငယ်လည်းပါတယ်
ယောင်္ကျားရပြီးမှ
မေမေ ဒီဟင်းဘယ်လိုချက်ရလည်း
ဟိုဟင်းရောဟင်
ဟာ.... ကိုကို ဆူတော့မှာပဲ
ဒုက္ခပါပဲ.....
ငါနော်.....................
မြင်ယောင်သေး
ဟားဟားဟား

Unknown said...

သေချာပြီ....ညီမတော် အပျိုကြီး ဖြစ်တော့မယ်...အပျိုကြီး မလုပ်ပဲ ယောကျာ်းယူမယ်ဆိုရင်တော့ ဆေး -ပတ်တီး-ဂွမ်း-ပလာစတာ အကုန်ဆောင်ထား..:D

Anonymous said...

ဝေဖန်ဆိုရအောင်၊ကိုလေးအကြောင်းကြတော့မပါဘူး။
ဘာပဲဖြစ်ဖြစ်ပါ၊ဘယ်အရာကိုမဆိုအကူအညီပေးပြော
ဆိုခဲ့တာတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီထက်ပိုကောင်းအောင်ရေးနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။အမြဲတမ်းပျော်ရွှင်ပါစေ။အကြံပေးချင်တာ
ကတော့ကိုလေးအကြောင်းမပါသေးဘူး။

ဖြိုးငယ် said...

ငါညီမတော့ အပျိုကြီး မြင်တယ်ဟေ့ ... :P

khin oo may said...

မမကတော.ပြူတ်စား ကင်စားပါတယ်။

တောင်ပေါ်သား said...

အမက ငယ်ငယ်က အရမ်းဆိုးတာပဲနော့် ဟဲဟဲ ဖြစ်သလိုစားခြင်းများ လာရောက် လေ့လာသွားပါတယ်

Anonymous said...

98 baht ထဲလား တန်တာပေါ့ ညီမရေ့ အစားကြီးတဲ့သူဆို ပိုတန်တယ်း) ဟင်းချက်ကောင်းကောင်းသင်ထားအုံးလေ တစ်နေ့  အိမ်ရှင်မလုပ်မယ်ဟုတ် အပျိုကြီးတော့ လုပ်ပါနဲ့ ဂျာ အစ်ကိုတော့ ဟင်းမကောင်းတိုင်း ကွတ်တီယိုကို သုတ်လိုက် ပြုတ်လိုက် စားရလွန်းလို့  လူလည်း ကွတ်တော့မယ် စိတ်ညစ်...။

Anonymous said...

မီးငယ်ရေးထားတာတော့ကောင်းပါတယ်။စာကြောင်းငြှိတဲ့အခါမှာ
နည်းနည်းလိုသေးတယ်ကွယ့်။ဟဲဟဲ ဆရာကြီးလုပ်တာနော်။ကိုလေးလည်းသေချာတော့မလုပ်တတ်ပါဘူး။
ဒါပေမဲ့ ကိုလေးလင့်မှာသွားကြည့်လိုက်။ကောင်မလေးတစ်ယောက်အကြောင်း
ဆိုတဲ့ဟာကိုရှယ်စာကြောင်းငြှိထားတယ်။:P

Moe Myint Tane said...

ဒီကလေးမ ဖြစ်သလိုပဲ နေ့တိုင်းစားနေတယ်။ ဒီကနေကို မတက်တော့ဘူး :P

မီးငယ် said...

မမလဲ့ >>> မမရဲ့ညီမပဲ ဂွတ်ရမှာပေါ့...
မမMegumi >>> ဟုတ်တယ်မမ..အဲဒီအဆိုကိုတစ်ပြားမှ အလျော့မခံဘူး...
ကိုကြီးဝေယံ >>> ကိုကြီးဝယ်ခိုင်းတဲ့ပစ္စည်းတွေက သူ့အတွက်လား.. ညီမလေးအတွက်တော့မဟုတ်လောက်ဖူးထင်တယ်..အဟီး...
ကိုလေး>>> နင့်မကောင်းကြောင်းတွေနောက်မှရေးမယ်..ဟုတ်ပလား..
ကိုဖြိုးငယ် >>> အစ်ကိုပဲအစကတော့ အပျိုကြီးလုပ်ဆို..
မမခင် >>> မမထမင်းကောင်းကောင်းချက်တဲ့နေ့လှမ်းခေါ်လိုက်နော်
ကိုတောင်ပေါ်သား >>> ခုထိလည်းဆိုးတုန်းပဲ..အဟီး :D
အစ်ကိုမျိုး>>> ဘာကွတ်မှာလဲဟင်နားမလည်လို့..ဟိ :P
အစ်ကိုကြီး >>> တက်ပါပီအစ်ကိုရဲ့.. အစ်ကိုကြီးကိုတောင် တပ်ထားသေးတယ်..