Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Tuesday, April 14, 2009

AIT သင်္ကြန် (April 2009)

မီးငယ်တို့ကျောင်းမှာ သင်္ကြန်လုပ်ပါတယ်...မနေ့က ကြာဇံကြော်နဲ့အုန်းနို့ကျောက်ကျောကျွေးပါတယ်.... ဒီနေ့ရွှေရင်အေးနဲ့ ဆီချက်ခေါက်ဆွဲကျွေးမယ်လို့ သတင်းအတိအကျရထားပါတယ်။ မြန်မာတွေကိုပေးမသုံးတဲ့ မီးသတ်ပိုက်လည်း ဒီနှစ်ပေးသုံးပါတယ်.... သင်္ကြန်တွင်းလည်း ထိုင်းစစ်တပ်က ဆော်တယ်တဲ့။ သူတို့တွေက ပြောတယ်.. ကြမ်းနေပီတဲ့... အဲဒီစကားပြောတဲ့နေ့က စစ်တပ်ကပစ်တောင်မပစ်သေးဘူး။ သံချပ်ကာ ကားတွေ မြို့ထဲရောက်နေရုံပဲရှိသေးတယ်။ မီးငယ်လည်းပြောလိုက်တယ်.. ငါတို့ဆီက တပ်မ တစ်ခုလောက်သာခေါ်လိုက် နင်တို့ဆီမှာ နောက်ထပ်ဒါမျိုး မဖြစ်စေရဘူးလို့ :D သူတို့ကထပ်ပြောသေးတယ်.. မြို့ထဲမှာ ရဲနေတာပဲတဲ့ သွေးတွေလားဆိုတော့ မဟုတ်ဘူး။ အကျီအနီဝတ်ထားတဲ့သူတွေတဲ့။ ပြန်ပြောလိုက်တယ်။ အဲဒါရဲတယ်မခေါ်သေးဘူးလို့။ ငါတို့ဆီမှာ လမ်းမပေါ်မှာ ရဲရုံတင်မကပူး အိုင်ပါထွန်းနေတာလို့....(တိန် မဆိုင်တာတွေပြောမိပြန်ပီ) အဓိကပြောချင်တာကတော့......အကိုတစ်ယောက်က ကဗျာရေးထားတယ်..ဖတ်ကြည့်ကြပါဦးနော်..
သင်္ကြန်လက်ဆောင် တဲ့
'မကောင်းမှုတွေမှန်သမျှ
နှစ်ဟောင်းတွင်သာချန်ခဲ့ကြ။ ''

''စိတ်သစ်လူသစ်မွေးကြပါ
နှစ်သစ်ရောက်တော့မှာ''

''ကောင်းမှုအရာပြည့်စုံဖို့
ဒို့တတွေကြိုးစားစို့။''

''လောဘ၊ဒေါသ၊မောဟတွေ
ဒို့ကိုအမြဲနှိပ်စက်နေ..''

''ပူလောင်မှုတွေကင်းဝေးဖို့
အတာရေနှင့်ပက်ဖျန်းစို့။''

''မလိုမုန်းထားရန်တရား
ဖယ်ရှားကြပါဒီချိန်ခါ''

''ရင်းနှီးခင်မင်ချစ်ကြည်ဖို့
ပျော်ပျော်ရွှင်ရွှင်ရေကစားစို့။''

AIT ရောက်မြန်မာတွေ
ရိုးရာဓလေ့ပြစို့လေ..

ပျော်စေရွှင်စေသင်္ကြန်ပွဲ
စည်းကမ်းရှိစွာဒို့ဆင်နွှဲ

တွေ့ကြုံဆုံကွဲဓမ္မတာ
လူတိုင်းတွေ့ရမှာ
တွေ့ကြုံဆုံကြတခဏ
ဖော်ဖော်ရွေရွေဆက်ဆံကြ
အဲဒါမြန်မာ့ရိုးရာဓလေ့ဗျ။

Best regards,
Supercountryman


P.S >> နောက်ဆုံးအခြေအနေအရ... ထိုင်းလူမျိုးများ သင်္ကြန်နှင့် သီတင်းကျွတ်မှားသွား၍ ဗျောက်အိုးများ တဒိုင်းဒိုင်းဖေါက်သည့်အလား ပစ်ဖေါက်နေကြသည်...(သတင်းများကိုကြော်ငြာလို့ပီးပါပီ)....
ရွှေရင်အေးသွားသောက်လိုက်ပါဦးမယ်ကွယ်....

Wednesday, April 30, 2008

AIT သင်္ကြန်...


AITမှာသင်္ကြန်၃ရက်လုပ်ပေးပါတယ်AITအောက်မှာကကျောင်း၃ကျောင်းရှိပါတယ်SET(School of Engineering and Technology), SOM(School of Management) နဲ့SERD(School of Enivironment, Resources and Development)ပါ
နေ့လည် ၁၂ နာရီကနေညနေ၆နာရီထိရေဆော့ကြတာပါ

သင်္ကြန်ပထမအကြပ်နေ့မှာ SETကတာဝန်ယူပြီးကျင်းပပေးတာပါ(မီးငယ်တို့ကျောင်းပါ)ဒီနေ့က ကောက်ညှင်းပေါင်း၊ အကြော်နဲ့ ကြာဇံဟင်းခါးကျွေးမယ်လို့စီစဉ်ထားပါတယ်တကယ်တမ်းကြတော့ကောက်ညှင်းပေါင်းက ပေါင်းလိုက်တာညနေကျမှကျက်ပါရော အိုးသူကြီးတွေကဘယ်သူလဲဆိုတာတော့ပြောတော့ဝူးနော်

အော်AITမှာ ၀န်ထမ်းဖြစ်နေတဲ့အစ်ကိုကြီးအိမ်ကရွှေရင်အေးတိုက်ပါတယ် Assumption Uniကမြန်မာတွေလည်း လာကြတယ်လို့ပြောပါတယ အဲနေ့ကမီးငယ်မသောင်းကျန်းလိုက်ရပါဘူးStudent Unionနဲ့ခရီးသွားတာပြန်မရောက်လို့ပါ
ဒုတိယနေ့ကကြတော့ SOMကတာဝန်ယူတဲ့နေ့ပါဆီချက်ခေါက်ဆွဲနဲ့ကြာဇံကြော်ကျွေးတယ် အအေးလည်းတိုက်တယ် ပြီးတော့မုန့်ဟင်းခါးသုတ်လည်းSETကထပ်ကြွေးပါတယ် ဗီယက်နာမ်သူငယ်ချင်းတွေကိုဖိတ်တော့သူတို့ကအားနာလို့ဆိုပြီ Beer ကိုဖာလိုက်ဝယ်လာပြီး နှစ်သစ်ကူးလက်ဆောင်ဆိုပြီးပေးပါတယ်မီးငယ်Seniorတွေကလည်းစိတ်အရမ်းဆိုးတာပေါ့သိတယ်မှလား :D

နောက်ဆုံးနေ့ကတော့ကကျွေးတာပါမီးငယ်မကြိုက်ဆုံးနေ့လို့ပြောလို့ရပါတယ်ဆီချက်ခေါက်ဆွဲ ၂ မျိုးကြီးတောင်ပဲ(အလုံးနဲ့အပြားနဲ့)ဘာကွာမှာတုန်းနော့်လေ(ဟီးပြန်မပြောနဲ့နော်..မသက်ထားကသတ်လိမ့်မယ်)အဲဒီနေ့ကမီးငယ်သူငယ်ချင်းတွေအကုန်လာတယ်..ကုလားရော၊ထိုင်းရော၊ဗီယက်နာမ်ရောသူတို့တွေကကိုယ့်ထက်တောင်ကဲနေသေးတယနိုင်ကိုမနိုင်ဘူးငါပြန်တော့မယ်လို့ပြောတော့မပြန်နဲ့အုံးတဲ့သူတို့ဆော့ချင်သေးလို့တဲ့နင်တို့ဘာသာဆော့နေခဲ့ဆိုတော့လည်းမရဘူးနောက်ဆုံးတော့လည်းနေရတာပေါ့ဒီလောက်ပျင်းစရာကောင်းတဲ့ AITသင်္ကြန်ကိုပျော်နေသေးတယ်သူတို့ကို မန်းလေးသင်္ကြန်များခေါ်သွားလို့ကတော့ နိုင်မှာကိုမဟုတ်ဘူး ကိုယ်တွေကရေခွက်နဲ့လောင်းတာသူတို့ကရေထည့်ထားတဲ့ပုံးကြီးတွေကိုမပြီးလောင်းတာလူကိုမွန်းနေတာပဲဒီလူပဲတစ်ချိန်လုံးလောင်းနေတာအေးလေသင်္ကြန်မရှိတဲ့လူတွေထက်စာရင်မီးငယ်တို့ကသင်္ကြန်ရှိသေးတော့တော်သေးတာပေါ့။

သူငယ်ချင်းဆိုအဲဒီရက်ပိုင်းကနင်ဘယ်အချိန်များOnlineတက်လာမလဲလို့ငါမှာစောင့်လိုက်ရတာဟာတဲ့..မီးငယ်လည်းအဲဒီရက်ပိုင်းကလုံးဝကိုOnline မတက်ပါဘူးဟီး ညဘက်လည်းနေ့လည်ဘက်ကသောင်းကျန်းထားတဲ့အရှိန်နဲ့ လူကပင်ပန်းပီးအိပ်ပြီးတော့ မနက်၁နာရီဆိုProject Meetingကသွားရသေးတယ်လေမေမေ့ဆီကလည်းဖုန်းကဆက်ရသေးတယ် အိမ်မှာကမေမေတစ်ယောက်ပဲရှိတာလေ ဒီနှစ်သင်္ကြန်ကဖေဖေကခရီးသွားတယ်လေဒီသင်္ကြန်ကိုပျော်လားဆိုရင်တော့မပျော်ဘူးလို့ပဲပြောရမှာဒါပေမဲ့ကြုံဘူးသမျှသင်္ကြန်တွေထဲမှာအကဲဆုံးသင်္ကြန်ပါ..ဟီး..ဟီး..အတက်နေ့ညနေကလည်းကိုကျော်မိုးလေးတို့အိမ်ကကောက်ညှင်းပေါင်းနဲ့ဝက်သားကြော်၊ ကြက်အတောင်ပံအစာသွပ်နဲ့ရေခဲမုန့်ထပ်ကျွေးသေးတယ်ပျော်စရာကြီးနော်စားစရာတွေလည်းစုံနေတာပဲ
နောက်ဆုံးတော့လည်း Project Meeting နဲ့ပဲနှစ်ပါးသွားရတာပါပဲ...အဟင့်ဟင့်....
မသနားကြဘူးလားဟင်...



Thursday, April 3, 2008

၂၀၀၇ သင်္ကြန်

သင်္ကြန်တဲ့ ရောက်လာပြန်တော့မယ်နော်…..

မီးငယ် သင်္ကြန်ကိုကောင်းကောင်းမလည်ဖူးပါဘူး… ဒါပေမဲ့ မနှစ်ကသင်္ကြန်(အာကာ့)ကောင်းမှုနဲ့ သင်္ကြန်လည်ဖြစ်ပါတယ်…ရန်ကုန်မှာပေါ့ ….

IELTS စာမေးပွဲက သင်္ကြန်ပြီးရင်ဖြေရမှာ…မာမီတို့ က ရန်ကုန် နဲ့ မန်းလေးသွားရပြန်ရတာ ပင်ပန်းတယ်တဲ့ ပြန်မလာနဲ့တဲ့
သင်္ကြန်ဝေးတုန်းကတော့ မပြန်ဘူးပေါ့…

၁၁ ရက်နေ့လည်းရောက်ရော ပြန်ချင်လိုက်တာပြောမနေနဲ့…
ဒါနဲ့ ကားလက်မှတ်ကိုလှမ်းမေးတော့ မရှိတော့ဘူးညီမလေးတဲ့ သေရော…
မာမီကလည်း ၁၂ ရက်နေ့ကြမှ ပြန်ချင်ရင်ပြန်လာခဲ့တဲ့.. စဉ်းစားကြည့်ကြပါအုံး…
နောက်ဆုံး ထုံးစံ အတိုင်း ဂျီကျနေကြအတိုင်း ကိုလင်းဆီကိုဖုန်းဆက်ပြီပေါ့..
သမီးပြန်လာချင်တယ်.... ဘယ်လိုလုပ်ရမလဲပေါ့ …
OK ! ခဏစောင့်တဲ့ ပြီးရင်သူဖုန်းပြန်ခေါ်မယ်တဲ့.. ၁၅ မိနစ်လောက်နေတော့ဖုန်းပြန်ခေါ်တယ်
Air Mandalay နဲ့ဆိုပြန်မှာလားတဲ့..
အင်းဆိုတော့..နောက်ပြီးဖုန်းပြန်ခေါ်မယ်တဲ့…

နောက်ခဏနေတော့ ညနေ ၃ နာရီ Flight တဲ့ ….
ဘယ်လိုလုပ်ရမှာလဲ..ဒီမှာ ၂ နာရီ ရှိနေပြီ..ဘယ်လိုလုပ်မှီတော့မလဲ..Check In Counter တောင် ပိတ်တော့မယ့်ဟာကို…
အဲဒါနဲ့ ကားမောင်းတဲ့ ဦးလေးကို လှမ်းခေါ်တော့ မရှိတော့ဘူးပြန်သွားပြီတဲ့..
ဇာတ်လမ်းက ပြတ်ပြီ အဲဒီမှာတင်ကို..သေပြီလေ ပြန်လို့မရတော့ဘူး
ဒါနဲ့ ပဲ ရန်ကုန်မှာ သင်္ကြန်ကျရတာပေါ့…

အကြိုနေ့ ၊ အကျနေ့၊ အကြတ်နေ့ …. ၃ ရက် လုံးတိုက်ခန်းပေါ်ကနေမဆင်းဖြစ်ဘူးလေ… ၀ရန်တာကနေ အောက်ထပ်က ကလေးတွေဆော့နေတာကိုကြည့်နေရတာ တနေ့လုံးပဲ….တော်သေးတယ်မီးလာလို့ ကာတွန်းကားကြည့်လိုက်..အိမ်ဖုန်းခေါ်လိုက်နဲ့ ( အဲဒီ လကမာမီတော့ဖုန်းဖိုးတော်တော်ရှင်းလိုက်ရတယ် :P) မန်းလေးက သူငယ်ချင်းတွေလည်းကောင်းကောင်းမလည်ရဘူးလေ..သူတို့ကိုလည်းတချိန်လုံးခေါ်နေတာ..သူတို့ခမျာ ဖုန်းလည်းမပိတ်ရဲ ဘူးလေ..ပိတ်တာနဲ့ သိတဲ့ အတိုင်းပဲ ဂျီကျတော့မှာလေ..ကိုလင်း နဲ့ ကိုသားကြီးဆိုလည်ကိုမလည်ရဘူး..ဟီး.(သူတို့မာမီကတော့ အကြိုက်ပေါ့)…..

အကျနေ့ က အာကာ က လာခေါ်တယ် “ မ “ လည်မှာလိုက်မှာလားတဲ့...
တော်ပြီ လူကြီးမပါရင် မလိုက်တော့ဘူးဆိုတော့ပြန်သွားကြတယ်…
အာကာ က သမီးကိုပျင်းမှာဆိုးလို့ဆိုပြီး သူတို့ကားတန်းဆီ တဲ့ နေရာကနေဖုန်း တချိန်လုံးခေါ်ပေးနေတာ…(အဲဒါကြောင့်မလို့ ချစ်ရတာ အဲဒီမောင်လေးကို)…

အကြတ်နေ့လည်း အကျနေ့ကအတိုင်းပါပဲ…
အတက်နေ့ရောက်တော့… အာကာရောက်လာပြန်တယ်.. မ လိုက်ခဲ့တဲ့.. တော်ပြီမလိုက်ဘူးဆိုတော့.. ဘယ်အချိန်ကတည်းက အပေါ်ကိုပါလာမှန်းမသိတဲ့ သူ့ သူငယ်ချင်းတွေကပါ မမ လိုက်ခဲ့ပါ လူကြီးတွေပါတယ်..နောက်ဆုံးကားပေါ်ကို ပါလာတော့တာပဲ…. မေမေတို့ဆီကိုလည်းဖုန်းဆက်ပြီးပြောရသေးတယ်…
ကားပေါ်ရောက်တော့ ဘယ်မှာလည်းလူကြီးဆိုတော့.. ကိုဝေဖြိုးတဲ့လေ(၂၈ နှစ်နဲ့လူကြီးဖြစ်သွားတာ) တကယ်တော့ ကိုဝေဖြိုးက ၂၅ ပဲရှိသေးတာ.. အာကာတို့ကိုထိန်းမနိုင်မှာဆိုးလို့ သူ့အသက်ကိုညာပြောထားတာတဲ့ ကောင်းကြရော…
ပြီးတော့ သူတို့သူငယ်ချင်းတွေက ကားပေါ်လည်းရောက်ရော အတွဲကိုယ်ဆီနဲ့ဖြစ်ကုန်ကြရော.. ဒါနဲ့ မင်းတို့ပြောတုန်းက သူငယ်ချင်းတွေဆို လို့မေးလည်းမေးရော ဟုတ်တယ် အစ်မတဲ့ သူငယ်ချင်းအချင်းချင်းကြိုက်ကြတာတဲ့ကောင်းရော…အဲဒါနဲ့ ဒါဆို မင်းတို့အစ်မ ကိုဘာလို့ခေါ်ကြတာလဲဆိုတော့.. မမ ပါမှအာကာ့ ကိုထိန်းနိုင်မှာတဲ့ ..ကောင်းရော…
တစ်နေ့လုံးသူ့ကိုပဲလိုက်ထိန်းနေရတာ.. သူလည်တာအိမ်ကမသိဘူးလေ..သူကမဏ္ဍပ် မှနေမှာလို့ပြောခဲ့တာ..ရန်ဖြစ်မှာလဲကြောက်ရသေးတယ်….

နောက်ဆုံး ကားပေါ်မှာ အစ်ကြီးဆုံးဆိုတဲ့ကိုဝေဖြိုးလဲ သူတို့အုပ်စုကိုမနိုင်တော့ပါဘူး…
နောက်ဆုံး မီးငယ်လည်းလက်လျှော့လိုက်ပြီး ကားရှေ့ခန်းမှာပဲသွားနေလိုက်တော့ပါတယ်….
အင်လျားလမ်းကလည်း ရန်ကုန်သင်္ကြန်လည်ဖူးတဲ့သူတွေ သိတဲ့အတိုင်းပါပဲ… မျက်နှာကို ဘယ်လိုထားရမှန်းကို မသိပါဘူး.. မဏ္ဍပ်ပေါ်ကိုမော့်မကြည့်ရဲလောက်အောင်ပါပဲ…

ဘွားဘွားသာမြင်ရင် တခါတည်းကို အသက်ပါသွားနိုင်ပါတယ်… BLADE သွေးစုတ်ဖုတ်ကောင်ကားကိုကြည့်ဖူးကြမယ်လို့ ထင်ပါတယ်..မီးငယ် အမြင်မှာသူတို့ကိုလူလို့ကိုမမြင်တော့ပဲ သွေးစုတ်ဖုတ်ကောင်တွေလို့ပဲထင်မိတာပါပဲ
အဟီး…….အဲဒါသင်္ကြန်လည်ဖူးတဲ့ အတွေ့အကြုံပါပဲ..သေချင်စော်ကိုနံသွားတာပါပဲ…



အော် tag ရအုံးမယ် အဟိ
၁. တီတီ
၂. ကိုဖြိုးငယ်
၃. ကိုမိုးသောက်
၎. ကိုသော်ခ
ရေးပေးကြပါဗျို့ မရေးပေးရင် အရုပ်ဆိုးဆိုး သရဲကြီးက အိပ်မက်ထဲမှာ လိုက်ကိုက်ပါစေ..
ရေးတဲ့ အစ်ကိုတွေဆိုရင် ကောင်မလေးချောချောရပါစေ...မရေးတဲ့ အစ်ကိုတွေ ပွင့်လောက်ဝတဲ့ကောင်မလေးနဲ့ရပါစေ...