Wednesday, April 30, 2008

AIT သင်္ကြန်...


AITမှာသင်္ကြန်၃ရက်လုပ်ပေးပါတယ်AITအောက်မှာကကျောင်း၃ကျောင်းရှိပါတယ်SET(School of Engineering and Technology), SOM(School of Management) နဲ့SERD(School of Enivironment, Resources and Development)ပါ
နေ့လည် ၁၂ နာရီကနေညနေ၆နာရီထိရေဆော့ကြတာပါ

သင်္ကြန်ပထမအကြပ်နေ့မှာ SETကတာဝန်ယူပြီးကျင်းပပေးတာပါ(မီးငယ်တို့ကျောင်းပါ)ဒီနေ့က ကောက်ညှင်းပေါင်း၊ အကြော်နဲ့ ကြာဇံဟင်းခါးကျွေးမယ်လို့စီစဉ်ထားပါတယ်တကယ်တမ်းကြတော့ကောက်ညှင်းပေါင်းက ပေါင်းလိုက်တာညနေကျမှကျက်ပါရော အိုးသူကြီးတွေကဘယ်သူလဲဆိုတာတော့ပြောတော့ဝူးနော်

အော်AITမှာ ၀န်ထမ်းဖြစ်နေတဲ့အစ်ကိုကြီးအိမ်ကရွှေရင်အေးတိုက်ပါတယ် Assumption Uniကမြန်မာတွေလည်း လာကြတယ်လို့ပြောပါတယ အဲနေ့ကမီးငယ်မသောင်းကျန်းလိုက်ရပါဘူးStudent Unionနဲ့ခရီးသွားတာပြန်မရောက်လို့ပါ
ဒုတိယနေ့ကကြတော့ SOMကတာဝန်ယူတဲ့နေ့ပါဆီချက်ခေါက်ဆွဲနဲ့ကြာဇံကြော်ကျွေးတယ် အအေးလည်းတိုက်တယ် ပြီးတော့မုန့်ဟင်းခါးသုတ်လည်းSETကထပ်ကြွေးပါတယ် ဗီယက်နာမ်သူငယ်ချင်းတွေကိုဖိတ်တော့သူတို့ကအားနာလို့ဆိုပြီ Beer ကိုဖာလိုက်ဝယ်လာပြီး နှစ်သစ်ကူးလက်ဆောင်ဆိုပြီးပေးပါတယ်မီးငယ်Seniorတွေကလည်းစိတ်အရမ်းဆိုးတာပေါ့သိတယ်မှလား :D

နောက်ဆုံးနေ့ကတော့ကကျွေးတာပါမီးငယ်မကြိုက်ဆုံးနေ့လို့ပြောလို့ရပါတယ်ဆီချက်ခေါက်ဆွဲ ၂ မျိုးကြီးတောင်ပဲ(အလုံးနဲ့အပြားနဲ့)ဘာကွာမှာတုန်းနော့်လေ(ဟီးပြန်မပြောနဲ့နော်..မသက်ထားကသတ်လိမ့်မယ်)အဲဒီနေ့ကမီးငယ်သူငယ်ချင်းတွေအကုန်လာတယ်..ကုလားရော၊ထိုင်းရော၊ဗီယက်နာမ်ရောသူတို့တွေကကိုယ့်ထက်တောင်ကဲနေသေးတယနိုင်ကိုမနိုင်ဘူးငါပြန်တော့မယ်လို့ပြောတော့မပြန်နဲ့အုံးတဲ့သူတို့ဆော့ချင်သေးလို့တဲ့နင်တို့ဘာသာဆော့နေခဲ့ဆိုတော့လည်းမရဘူးနောက်ဆုံးတော့လည်းနေရတာပေါ့ဒီလောက်ပျင်းစရာကောင်းတဲ့ AITသင်္ကြန်ကိုပျော်နေသေးတယ်သူတို့ကို မန်းလေးသင်္ကြန်များခေါ်သွားလို့ကတော့ နိုင်မှာကိုမဟုတ်ဘူး ကိုယ်တွေကရေခွက်နဲ့လောင်းတာသူတို့ကရေထည့်ထားတဲ့ပုံးကြီးတွေကိုမပြီးလောင်းတာလူကိုမွန်းနေတာပဲဒီလူပဲတစ်ချိန်လုံးလောင်းနေတာအေးလေသင်္ကြန်မရှိတဲ့လူတွေထက်စာရင်မီးငယ်တို့ကသင်္ကြန်ရှိသေးတော့တော်သေးတာပေါ့။

သူငယ်ချင်းဆိုအဲဒီရက်ပိုင်းကနင်ဘယ်အချိန်များOnlineတက်လာမလဲလို့ငါမှာစောင့်လိုက်ရတာဟာတဲ့..မီးငယ်လည်းအဲဒီရက်ပိုင်းကလုံးဝကိုOnline မတက်ပါဘူးဟီး ညဘက်လည်းနေ့လည်ဘက်ကသောင်းကျန်းထားတဲ့အရှိန်နဲ့ လူကပင်ပန်းပီးအိပ်ပြီးတော့ မနက်၁နာရီဆိုProject Meetingကသွားရသေးတယ်လေမေမေ့ဆီကလည်းဖုန်းကဆက်ရသေးတယ် အိမ်မှာကမေမေတစ်ယောက်ပဲရှိတာလေ ဒီနှစ်သင်္ကြန်ကဖေဖေကခရီးသွားတယ်လေဒီသင်္ကြန်ကိုပျော်လားဆိုရင်တော့မပျော်ဘူးလို့ပဲပြောရမှာဒါပေမဲ့ကြုံဘူးသမျှသင်္ကြန်တွေထဲမှာအကဲဆုံးသင်္ကြန်ပါ..ဟီး..ဟီး..အတက်နေ့ညနေကလည်းကိုကျော်မိုးလေးတို့အိမ်ကကောက်ညှင်းပေါင်းနဲ့ဝက်သားကြော်၊ ကြက်အတောင်ပံအစာသွပ်နဲ့ရေခဲမုန့်ထပ်ကျွေးသေးတယ်ပျော်စရာကြီးနော်စားစရာတွေလည်းစုံနေတာပဲ
နောက်ဆုံးတော့လည်း Project Meeting နဲ့ပဲနှစ်ပါးသွားရတာပါပဲ...အဟင့်ဟင့်....
မသနားကြဘူးလားဟင်...



Saturday, April 26, 2008

ဖြစ်ပုံက............

မနေ့ကBlogကိုကလိကြည့်လိုက်တာ.. Templateကိုပြောင်းတတ်တွားတယ်..ဟီး...နို့မို့ဆို ကိုနေလွမ်းသူကို နှိပ်စက်လိုက်..ကိုမိုးသောက် နဲ့ ကိုဖြိုးငယ်ကိုနှိပ်စက်လိုက်နဲ့..ဟီး...မနှိပ်စက်တော့ဝူးနော်..နာ့အစ်ကိုဂျီးတွေ..ပြောရဦးမယ် သူများBlogတွေကိုLinkချိတ်တာလေ Saveကိုနှိပ်ပဲနဲ့စွတ်ပီးLinkနေတာ.. IEလည်းကွိုင်ရော အားလုံးလစ်ရော....
ပီးတော့လေ... Postတင်တဲ့နေရာမှာCompose နဲ့HTML ပျောက်နေတယ်.... ပီးတော့ Font Sizeကိုလည်း ကြီးတာတို့သေးတာတို့ အရောင်ပြောင်းတဲ့ဟာတွေလည်း Post တင်တဲ့နေရာမှာချိတော့ဝူး..ကူကြပါဦးဘယ်လိုလုပ်ရမလဲ.. ahint..hint...

မိုး

ဘာရယ်တော့ဟုတ်ပါဝူး... AITမှာမိုးရွာနေရို့ပါ... မိုးကညနေပိုင်းဆိုရွာရွာနေတာ.. တပါတ်လောက်ရှိပီ.. ညဆိုရင် စောင်ချုံရတယ်...

မိုးရွာတော့ လူက ဟိုလူ့လွမ်းတာရို ရို.. ဒီလူပဲ တတိရ ရမှာ လိုလိုနဲ့... ဟီး....ငယ်ငယ်တုံးကတော့ မိုးရွာရင် အိမ်ပြင်ထွက်ပီး စက်ဘီးစီးတယ်... မိုးရွာထဲ မှာ စက်ဘီးစီးရတာ.သိပ်အရသာရှိ..ပြီးတော့ ၀က်သားဒုတ်ထိုးစား...(ကြောရင်းနဲ့ သရေတောင်ကျလာပီ) မေသူ၊ဘုတ်ဘုတ်၊ကိုရဲ၊ ချစ်ကို တို့နဲ့သွားစားကြတာ...
ခုများတော့ တစ်ကမ္ဘာစီ ခြားခဲ့ပီလေ.....

နောက်တော့ တအုံမိုး....
တအုံ မှာမိုးရွာရင် သိပ်ပီးစိတ်ညစ်ဖို့ကောင်းတာ..ဘာရို့ရဲဆိုတော့ သိကြတဲ့အတိုင်းလယ်မြေယာတောကိုသိမ်းပီးကျောင်းဆောက်..အဲ မှားလို့....တန်ရာတန်ကြေးပေးပီးကောလိပ်ဆောက်ထားတာလေ....ဟဲဟဲ...(နင်တို့အေးအေးချမ်းချမ်းနဲ့စာသင်နိုင်အောင် တိတ်ဆိတ်တဲ့နေရာပို့ထား တာတဲ့) မီးငယ်ကြောတာဟုတ်ဝူးနော်... GCC(Mdy) တစ်ထုလုံးရဲ့အချစ်တော်..ဒေါ်ယမထကြောတာမိုးလဲရွာရောCanteenကိုတွားလို့ရတော့ဘူး...မရွာခင်ရောက်နေတဲ့ကောင်လည်းပြန်လာရို့ရတော့ဘူး...ပြတ်ရော
မြေကြီးကမိုးရွာရင်စီးထန်းသွားတာဘယ်လိုမှလမ်းကကောင်းကောင်းတွားရို့မရ၀ူး..ချော်လဲမှာလည်းကြောက်ရတေးတယ်...ပီးတော့ဖိနပ်အောက်မှာရွံ့ကတစ်ပုံတစ်ခေါင်းပါလာတေးတယ်...ဖိနပ်လည်းနစ်တေးတယ်...မိုးရွာပီဆိုCanteenကနေကျောင်းပေါ်ကိုပြန်တက်တဲ့လှေကားမှာကျောင်းသားတိုင်းဖိနပ်ကိုရွံ့ခြစ်ရတာအမော မီးငယ်ချိုမိုးရွာရင်Canteenကိုဆင်းရမှာအရမ်းကြောက်တာပဲ( တအုံမှာCanteenကိုသွားတယ်လို့မကြောကြ၀ူး မီးငယ်တို့နှစ်ကလူတွေကဆင်းတယ်ပဲကြောတယ် ဘာလို့ရဲဆိုတော့ မီးငယ်တို့နှစ်ကလူတွေကိုထိန်းမနိုင်လို့ကျောင်းအပေါ်ဆုံးထပ်မှာထားတာ။

နှစ်တိုင်းပဲဒုတိယနှစ်တစ်နှစ်ပဲ အောက်ဆုံးထပ်နေဘူးတယ်) မီးငယ်ကကျောင်းမှာPointဒေါက်ပဲစီးတာလေသိတဲ့အတိုင်းမြေကြီးထဲဝင်လို့ကတော့မနဲ့ကိုပြန်ဆွဲနှုတ်ရတာလေ..ဆွဲနှုတ်ပေးမဲ့လူပါရင်တော်သေး..မဟုတ်လို့ကတော့သေပီဆရာပဲ...တူနယ်ဂျင်းတွေကသည်းခံကြတယ်..ဖိနပ်နစ်လည်းဆွဲထုတ်ပေးတာပါပဲ..ပွစိပွစိလုပ်ရင်းပေါ့...မျိုးမြင့်အောင်ဆိုပိုဆိုး.သူကအရမ်းရှက်တတ်တာနင်ကတော့လုပ်ပီလူကြားထဲဆိုရင်ဆိုပီးအမြဲဆွဲထုတ်ပေးတာ..သည်းအခံဆုံးကတော့ လိပ်ပဲ..ပီးရင် နေတိုးနဲ့ကြွက်စုပ်တစ်ရက်လည်းကိုလင်းနဲ့ Canteenကိုဆင်းတာ Assignmentမပီးရို့ကူလုပ်ပေးပါချိုရို့ဆင်းတွားကြတာ..

ဆင်းတုန်းကတော့ နေပူလိုက်တာပီးလည်းပီးရောရွာပါလေရောအသည်းအသန်ကိုရွာတာကျောင်းဆင်းတဲ့အထိကိုမတိပ်ဝူး..နောက်ဆုံးတစ်ကိုယ်လုံးအစိုခံပီးတော့ပြန်ရတယ်..Assignmentတွေကိုတော့ရေမစိုအောင်လုပ်ပီးတော့ပေါ့.. ကားပေါ်လည်းရောက်ရော ကားပေါ်က..ကလေးတွေလဲတစ်ကိုယ်လုံးရွဲရို့..ဟဲ့ဘယ်လိုဖြစ်ကြတာလဲမေးတော့..သူတို့လည်းCanteenနေတက်လာတာတဲ့ကောင်းရော..ကိုတွက်ကဆူတာကိုကြောမနေနဲ့ သူ့ကားတခုလုံးလည်းရစရာမရှိဘူးလေစိုရွဲနေတာပဲ...ကိုတွတ်နဲ့ကမောင်နှမလိုဖြစ်နေကြပီလေတစ်ကားလုံးက..သူ့ကားစီးကြတာကလည်း၂နှစ်ရှိနေပီလေ...

အော်ခုတော့.... AIT Library မှာပေါ့..ဟီး..ဟီး...ဗြဲ..ဗြဲ...GtalkမှာCustom MessageကိုAITမှာမိုးရွာနေပါတယ်ဗျို့လို့ပဲတင်နိုင်တာပေါ့နော်...
NO အဖွဲ့ရဲ့ မိုးသီချင်းကိုနားထောင်ကြည့်ကြပါနော်...




Friday, April 25, 2008

မနက်ဖြန်များ

နားထောင်ကြည့်ကြပါ...အဓိပါယ်ရှိတယ်လို့ ထင်လို့ပါ.....


Thursday, April 24, 2008

စားချင်တယ် ဗျို့……….

မြှီးရှည် (ဗထူးကွင်းနားကဆိုင်)
အာပူ လျှာပူ( ၈၂ လမ်း ၃၄ X ၃၃ ကြား)
ရေခဲမုန့်
ကြေးအိုး ဆီချက်( ရွှေတောင်တန်း)
ဝက်သားဒုတ်ထိုး ( ၈၀ X ၇၉ ကြား ၃၁ လမ်း)
မာလာဟင်း
ဂဏန်းချက်
နွားနို့ ခဲကြော်ချက်...
Dim Sum
ကိုရီးယားထမင်းလိပ်
ဆီထမင်း
ငါးသလောက် ဥကြော်
ဒံပေါက်
ဝယ်ကျွေးကြပါ.... စားချင်လို့....

Tuesday, April 22, 2008

Student Union နဲ့ Koh Samui ကို သွားခဲ့တဲ့ အကြောင်းကြောဂျင်ရို့ပါဗျို့ (၁)

ဒီနေ့ မှ Post တင်ဖြစ်တာ ခွင့်လွှတ်ကြပါ...ပြန်ရောက်တာက ကြာပါပီ... AIT သင်္ကြန်ကဲနေရိုပါ..ပီးတော့ ရိုက်ပီးတာတွေကို Ctrl + S နှိပ်ဖို့ မေ့တော့ အားလုံးလစ်တွားတယ်..ဟီး..(အသုံးကို မကျဝူး ကွန်ပြူတာကျောင်း သူဖြစ် တာပဲ အိုတေတော့မယ်.. ခုထက်ထိ အမှတ်မရှိဘူး.. တူများမကြောခင် ကိုယ်ဘာသာ ကိုယ် ကြိုကြောခြင်း တူများကြောရင် ဒီထက်ဆိုးမှာ စိုးရို့) IAD တတ်ရုံးကလည်း Backup မထားလို့ Project ကြီးတစ်ခုလုံး လစ်တွားဖူးတယ်.. နိုလိုက်ရတာ...တေချင်စော်ကို နံရို့
Let start the trip :P :P

AIT စပီး ကနေထွက်မယ် ရို့ပြောတဲ့ အချိန်က ည ၈ နာရီပါ…. ဟိုလူ့စောင့်ဒီလူစောင့်နဲ့ ည ၁၀ နာရီ မှ ကားထွက်ပါတယ်(ထိုင်းမှာလည်း မြန်မာလို ပဲ အချိန်နောက် ကျ ကြပါရား အဟိ.. အိမ်နီးချင်းနိုင်ငံမလို့ လားမတိ….) လမ်းမှာTraffic က အရမ်းကြပ်ပါတယ်…ထိုင်းသင်္ကြန်ပိတ်ရက်မရို့ထင်တယ် ၁၀နာရီ သွားရမဲ့ ခရီးကို ညနေ ၂ နာရီ မှ ရောက်တယ်.. အဲ ခရီးက မဆုံးတေးပါဝူး.. သဘောင်္ကစီးရ ရုံး မှာ နောက်ထပ် ၂ နာရီတဲ့..တေပီပေါ့… ကျွန်းပေါ်ကို ညနေ ၄နာရီမှ ရောက်တယ်… ကမ်းခြေတဲ့ တောင်ကုန်းပေါ်ကHotel မှာ တင်ထားတယ်လူတွေကို..ကောင်းကြရော..တေပီဆရာပဲပေါ့ … ဂလိုလုပ်ပီး ရေဆော့မရဲပေါ့… ပီးတော့.. ဆိုင်ကယ် ငှားပီး လျှောက်တွားရမှာတဲ့.. ဟင်.. ဂလို့ကမ်းခြေလဲပေါ့…

တကယ်တော့ မီးငယ်တို့က တုံးတာ… သူတို့ဆီ မှာက ကမ်းခြေတွားတယ်ဆိုရင်..ရေငုတ်တာတို့ လှေလှော်တာတို့လုပ်တယ်.. ပီးတော့ ဆိုင်ကယ်နဲ့ ကျွန်းကို လျှောက်ကြည့် ကြတေးတာတဲ့… တူးရစ်တွေ လိုတဲ့.. အဲဒါနဲ့.. ခဏနေတော့ ဆိုင်ကယ်သွား ငှားကြတယ်… ၂၄ နာရီကို Baht၂၀၀ တဲ့..ညဘက်ကြတော့.. ထမင်းသွားစားရင်းနဲ့ Night Market ကိုတွားကြတယ်… Hotel ကနေ ၁ နာရီလောက် မောင်းရတယ်…ထမင်းကတော့ ထိုင်းရိုးရာဆိုင်တစ်ဆိုင် မှာ ပဲ စားခဲ့ကြတယ်..ပီးတာနဲ့ Night Market ကို တွားကြတယ်…. Night Market မှာ ပစည်းကတော်တော် ပေါတယ် ဈေးကတော့ ဘန်ကောက် မှာနဲ့ သိပ် မကွာပါဘူး.. ဈေးက အတူတူပါပဲ… Two Pieces တွေတော့တော်တော်ပေါတယ် :D Hotel ကိုပြန်ရောက်တော့ ည ၁၀ နာရီ ချိနေပီ အဟီး….( အိမ်ကို ပြန်ကြောကြနဲ့နော်..)

ဆိုင်ကယ်စီးတဲ့ Speed ကိုရောကြောပြ ရ မရား ကြောတော့ ၀ူး.. အိမ်ကို ပြန်ပီး ချွန်မဲ့လူတွေ ချိနေတယ်.. ပီးတော့ နောက်နေ့ ဘယ်တွားမလဲ ချိုတဲ့ Package တွေ ရွေးကြတယ်.. မီးငယ်တို့ ကတော့ တစ်ထာမှ မလုပ်ဝူးတဲ့ အလုပ်တွေ လုပ်ဖို့ ရွေး ရိုက်ကြတယ်… ဘာတွေရဲ တိချင်လား.. တိချင်ရင် စောင့် ဖတ်ကြနော်….အော်ကြောဖို့ မေ့ရို့ ကိုတွား တာ မိန်းကလေး ၄ ယောက် (မြန်မာချည်းပဲနော်..ဟဲဟဲ.) နောက်ပီး ဗီယက်နမ် ၂ ယောက် နဲ့ မလေး ၁ ယောက်.. မတွားခင်တုန်းက ဗီယက်နမ်ကမီးငယ်ကိုမေးတယ်.. မင်းဆိုင်ကယ်ကကောင်းကောင်း စီးတတ်လို့ ရားတဲ့.. ပြန်လာတော့ မီးငယ်ကို ဖျားတွားတယ်...ဟဲဟဲတူတောင် မနည်းမှီအောင်လိုက်ရတာကိုး..
ဆက်မယ်နော်..........



Monday, April 21, 2008

ဘာမှန်းကို မသိဘူး

ဒီရက်ပိုင်း ဘာဖြစ်နေမှန်းကို မတိဝူး.. တင်းနေတယ် နေရင်းထိုင်းရင်းနဲ့ ကို... အဒူကိုတင်းနေမှန်းလဲ မတိ..ကိုယ့်ကို ကိုယ်ကိုရဲတင်းနေတယ်.. ချိတ်ရောမှန်တေးလားမတိပါဘူး... ချိတ်လေရယ်...
အဲဒါနဲ့ Group Meeting တွေရဲတွားဘူး.. အခန်းဖုန်းကို Plug ဖြုတ်ပီး Mobile ကို Slient လုပ်ပီး ကုတင်အောက်ထား ထားတယ် အေးရော.. အဒူမှ ခေါ်ရတော့ဝူး...
အဒူနဲ့ မှကို ချကားမကြော ဂျင်ဝူး... ပျောက်နေ ရို့ ချိတ်ပူပေးတဲ့ AIT က အစ်ကိုတွေ အစ်မတွေကို ရှဲရှဲနီ....
ကျွန်းကနေ ပြန်လာတာက ကြာလှ ပီ..ချိတ်ညစ်ရို့.. ကိုမင်းကျန်စစ် ပြန်ရောက်ပီးဗျို့ သတင်းပို့တာ....
ကြားမကြားတော့သိဝူး...အော်ရိုက်ပီ..မကြားတာတူ့အပြစ်... မီးငယ် ကကြောတယ်...

Sunday, April 13, 2008

SU Grand Trip to Koh Samui

SU Grand Trip to Koh Samui (13.04.2008 to 15.04.2008)

Friday, April 11, 2008

အဟိ.. ကြွားအုံးမယ် :P :P

ဒီနေ့ ကနေစပီး ၃ ရက်တိတိ Online ကိုမလာပါဝူး... အဘယ်ကြောင့်ချိုသော်...
Koh Samui Island ကိုတွားပါမယ် AIT က Student Union နဲ့ ပါ လိုက်ကြအုံးမရား...
လိုက်ဂျင်တဲ့ ကလေးတွေ တန်းဆီ... ဟိဟိ...
လွမ်းမနေကြနဲ့နော်... :P :P

လျှာရှည်လိုက်အုံးမယ်

မီးငယ်ပြောပြစရာတစ်ခုရှိတယ်....
ကောင်မလေးက မီးငယ် တူနယ်ဂျင်းပါ.. တူ့မှာရည်းစားရှိတယ်.. တူ ကလည်း မီးငယ်တို့ရိုပဲအပြင်မှာကျောင်းတက်နေတာပေါ့...
ဒီလ ၅ ရက်နေ့က တူ့ကောင်လေးမွေးနေ့ပါ.. တူက ၅ ရက်နေ့မအားလို့ ၄ ရက်နေ့ ညတူ့ကောင်လေးကို Birthday Wishလုပ်ဖို့ ဖုန်းဆက်ပါတယ်...

ဆက်တဲ့အခါ ပထမဆုံးအခေါက်က တူ့ကောင်လေးက ကိုင်တယ်...ဖုန်းက ကျတွားလို့ပြန်ခေါ်တော့ ကောင်မလေး အသံဖြစ်နေတယ်...
အဲဒါနဲ့ ဟိုကောင်က ကို.... နဲ့စကားပြောချင်လို့ပါလို့ပြောတော့ ရှိဝူးတဲ့... ဟိုကောင်က ဟာခုနပဲဖုန်းပြောနေတာ ဘာလို့ခုမရှိရမှာလည်းဆိုတော့.. ဖုန်းကိုင်တဲ့ကောင်မလေးက ကျွန်မသူ့အမျိုးသမီးပါတဲ့.. ဟိုကောင်က မျက်လုံးကိုပြာတွားတာပဲ...
ဘယ်တုန်းက လက်ထပ်ထားတာလဲ ဆိုပီးမေးတော့ ၅လပိုင်းတဲ့.. ဟင် ထုမှ ၄ လပိုင်းပဲ ရှိတေးတာလို့ပြောတော့... ၅ လပိုင်းကို လက်ထပ်မှာတဲ့..( By the way, ဟိုကောင်ဖုန်းခေါ်တဲ့ အချိန်က မြန်မာမှာချိုရင် ည ၁၁:၃၀ လောက်ရှိပီ) ....

ဒါနဲ့ အော် အင်းပေါ့... ကို..... နဲ့စကားပြောဂျင်ရို့ပါ တူ့ တူနယ်ဂျင်းပါ ချိုတော့လည်း ငနဲက ဖုန်းကိုမကိုင်ဘူး မပြောဂျင်ဝူးတဲ့....
ယောကျာ်းဖြစ်ပီး တာဝန်မယူရဲတာပေါ့နော့် (မီးငယ်တို့ထက် အသက်ကြီးပါတယ်) တူတာ လူကြီးလူကောင်းဆိုရင် ရှင်းပြတင့်တာပေါ့နော့်...ဟုတ်ဝူးလား

မီးငယ်တို့ မြန်မာကို ၁၂ လပိုင်းတုန်းကပြန်တုံးကတောင် အဲဒီ လူနဲ့ ဟိုကောင် နဲ့ တွေ့ဖြစ်တေးတယ် ( မီးငယ်လည်းပါတယ်..ဟီး)
ဟိုကောင်ကတော့ ဘာကြောကောင်းမတုံး ငိုတာပေါ့... မီးငယ်လည်း နိုမနေ နဲ့ မျက်ရည်ကုန်တယ်လို့ကြောလိုက်တယ်...
ဟုတ်တယ်ရေ စဉ်းစားကြည့်ကြနော်.. ကြောလိုက်ရင်တော့ ကိုကို က ငယ်လေးအတွက် ကြိုးစားနေတာ...ငယ်လေး ကိုကို့ ကိုယူလို့ မဆင်းရဲစေ ရဘူးနဲ့ကြောလိုက်ရင် ချောလို့... ဟိုကောင် ကလည်းဥာဏ်မရှိဘူးယုံတယ်လေ.... ပြန်မကြိုက်နဲ့ လို့ကြောတာကြောလို့ကို မရခဲ့ဝူး...(စိတ်လေတယ်..) ခုတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပီ.... ပီးတော့ အဲဒီ လူနဲ့ ဟိုကောင်အိမ် ကလည်း သိတယ် (တူတို့ ကြိုက်နေတာတော့တိဝူးပေါ့.. တိရင် ဟိုကောင် မာမီကတတ်မှာ)...

အဲ လေကရှည်တွားပီ ကြောဂျင်တာကတော့ အပြင်မှာကျောင်းတက် အလုပ်လုပ်နေတဲ့ မမ၊ အစ်ကိုကြီး များ ကို့ ရည်းစားရဲ့အခြေနေကို မျက်ခြေ မပျက်စေနဲ့နော်... ပီးတော့ အဆက်အသွယ်လေး လဲ မပျက်စေနဲ့ပေါ့နော့်...
မဟုတ်ရင် မီးငယ် တူနယ်ဂျင်းလို ငိုနေရအုံးမယ်... အဟိ...

ဒီနေ့ မနက်တင် ရှရှားရောက်နေတဲ့ တူနယ်ဂျင်းကကြောတယ် နာ့ကောင်မလေး က ယောကျာ်းယူတွားပီတဲ့.. ထု နာစိတ်ညစ်လို့ အရက်သောက်နေတယ်တဲ့... မီးငယ်လည်းကြောလိုက်တယ် သောက်မနေနဲ့ အလကားပဲ.. နင်ကောင်မလေးက ယူပီးတွားပီ နင့်ဆီပြန်လာမှာ ဟုတ်တော့ဝူး.. ပြန်လာမှာ မရို့သောက်ရင်တော်တေးတယ်လို့.. ပိုက်ဆံကုန်၊ ကျန်းမာရေး ထိခိုက်ခံလို့တောက်မနေနဲ့လို့ပြောလိုက်တယ်.. နင်အသုံးမကျရို့တူများဆီပါတွားတာ.. ကိုယ့် ကိုယ်ပဲအပြစ်တင်လို့လည်းကြောလိုက်ရော..

တော်ပီ နာ Out တော့မယ်တဲ့... တော်တော်အားရှိတွားတယ်ထင်တယ် (အားပေးစကားပြောလိုက်တာ)...ဟီး..
မှန်တာကြောတာပဲဟာကိုနော့်လေ... လူတွေကမှန်တာကြောရင်တိပ်မကြိုက်ကြ၀ူး...လိမ်ကြောမှ မကောင်းလို့ထင်ကြတာလေ...


Wednesday, April 9, 2008

အစ်ကို၊ အစ်မ နှင့် သူငယ်ချင်းများကို ပန်ကြားခြင်း

မီးငယ် တစ်ခုလောက်တောင်းဆိုချင်လို့ပါ...
ဘွားဘွား မာ အတွက် Post တစ်ခုလောက်ဆီရေးပေးကြပါလို့...
ဘွားဘွားနဲ့ ဘယ်လို စသိခဲ့တယ်.. စာအုပ်တွေကနေ.. အပြင်မှာသိတယ်..အစသဖြင့်ပေါ့....
အားလုံးပဲ ပါဝင်ပေးကြမယ်လို့ထင်ပါတယ်....
ဲပြီးရင်Post တွေအားလုံးကို ဦးညို( စာရေးဆရာညီပုလေး) ဘွားဘွားသားဆီကိုပို့ရအောင်လေ....
ကိုယ့်ရဲ့ Blog မှာ Post တစ်ခုမနေနဲ့ မတင်ချင်ဘူးဆိုလည်း မီးငယ်ဆီကို Mail ကနေပို့ပေးလို့ရပါတယ်....
june3pooh@gmail.com ကိုပို့လို့ရပါတယ်
ကိုယ်ရဲ့ နာမည်(ဘလော့မှာသုံးသောနာမည်) ကိုတော့ပြောပြပေးပါနော်...
အားလုံးကိုကျေးဇူးတင်ပါတယ်...

Monday, April 7, 2008

အမှတ်တယ(၇-၄-၂၀၀၈)



စာပေလောက အတွက်သာမက မြန်မာပြည်သူများအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါ..ကျွန်မရဲ့ဘ၀ အတွက်ကတော့ အဘွားတစ်ယောက်ဆုံးရှုံးလိုက်ရတာပါ...လူတိုင်းအပေါ်မှာ အပြစ်မမြင်တတ်ပဲ စေတနာထားတဲ့ အဘွား...မြေးတွေ ပြန်အလာကို အမြဲမျှော်နေတတ်တဲ့ အဘွား... အဘွားက မြေးတွေကိုသူ့ အနားမှာရှိစေချင်ပေမဲ့ ဘယ်သူကမှ အဘွားနားမှာရှိမနေခဲ့ကြဘူးလေ.... ဘွားဘွားရဲ့နောက်ဆုံးချိန်မှာတောင် မမစု၊ကိုကြီးနဲ့ ကျွန်မက အဝေးမှာလေ...ဒီဇင်ဘာပြန်တုန်းက ဘွားဘွားအတွက် ဖေဖေက ဘုရားပင့်ခဲ့ တဲ့.. ကျွန်မ အသုံးမကျလို့ မြဘုရားကိုတွေ့အောင်မရှာနိုင်ဘူးလေ.. ခုရှာတွေ့ပြီး မေပြန်ရင်ပင့်ခဲ့မယ်ဆိုတော့ ဘွားဘွားကမရှိတော့ဘူး.. ငါ့မြေးပြန်လာတောမြင်တော့ လင်းလင်း ကိုလည်းသတိရတယ်တဲ့... ဘယ်နေ့ပြန်မှာလဲ.. မပြန်ခင်ဘွားဆီလာဦးတဲ့.. တော်တော်ဆိုးတဲ့ကျွန်မ ဘွားကိုပြန်ခါနီးမှသွားနှုတ်ဆက်တယ်.. အဲဒီနေ့ကလည်း မတွေ့ခဲ့ဘူး.. ဆေးရုံမှာတဲ့ နည်းနည်းမောနေလို့ မာမီက ဆေးရုံပို့လိုက်တယ်ညကမှတဲ့ ရွှေပြည်စိုးကပြောတယ်.. အဲဒါနဲ့ သွားမတွေ့တော့ဘူးလို့ အစ်မကိုမြင်ရင် မမလင်းလင်းကို အဘွားကသတိရနေရင်စိတ်မကောင်းဖြစ်နေဦးမယ်.. အဲဒါနဲ့ပဲ ဘန်ကောက်ကိုပြန်လာခဲ့တာ (၁၄.၁.၂၀၀၈)နေ့ကဒီနေ့ကြအဘွားမရှိတော့ဘူး( ၇.၄.၂၀၀၈) လေ..


Saturday, April 5, 2008

ပြောင်းလဲခြင်းများ

ဟိုတုန်းက
     မုသားမပြောတတ်တဲ့ ...... ငါ့နှုတ်ဖျားကစကားတွေ
အခုတော့....................

ဟိုတစ်ချိန်က
     ဟန်ဆောင်မှုကင်းခဲ့တဲ့........ ငါ့မျက်နှာ
အခုတော့....................

ဟိုအရင်က
     ရင်ထဲမှာ မျိုသိပ်ထားလေ့မရှိတဲ့....ငါ့ရဲ့ခံစားချက်တွေ
အခုတော့....................

ဟိုးအတိတ်က
     အပြုံးတုတွေ မဖန်တီးတတ်တဲ့....ငါ့နှုတ်ခမ်း
အခုတော့....................

ဟိုးအရင်တုန်းက
     ရက်စက်မှုတွေ ကင်းခဲ့တဲ့...... ငါ့နှလုံးသား
အခုတော့....................

ဟိုအရင်က
     အညှိုးအတေးတွေမရှိ ခဲ့တဲ့......ငါ့ရဲ့စိတ်
အခုတော့...............

ဒါတွေအားလုံးဟာ...
     ခုချိန်မှာတော့...........

မီးငယ်ရဲ့လက်ရာပါ...ဝေဖန်ပေးကြပါနော်!

ဝန်ခံခြင်း



နေမ၀င် အင်ပါယာလို့ကြွေးကြော်ခဲ့တဲ့
           ဗြိတိသျှအင်ပါယာလည်း နေ၀င်သွားပြီ..........

ဘယ်တော့မှ စစ်မရှုံး နိုင်ဘူးဆိုတဲ့
           နပိုလီယံလည်း စစ်ရှုံး သွားပြီ……….

ဘယ်တော့မှ မမှားနိုင်ဘူးဆိုတဲ့
          Dalton ရဲ့ Atomic Theoryတစ်ခုလည်းမှားသွားပြီ……….

ဘယ်တော့မှ မမြှပ်နိုင်ဘူးဆိုတဲ့
          Titanic ကြီးလည်းမြှပ်သွားခဲ့ပြီ.........

ဘယ်တော့မှ မခွဲစိတ်နိုင်ဘူးဆိုတဲ့
           Atom ကိုလည်းခွဲစိတ်နိုင်ခဲ့ပြီ……….

ဘယ်တော့မှ လူတွေမရောက်နိုင်ဘူးဆိုတဲ့
           လ ပေါ်ကိုလည်း လူတွေရောက်ခဲ့ကြပြီ……….

ဂြိုလ်ကြီး ကိုးလုံးရှိရာကနေလည်း
           ဂြိုလ်ကြီး ရှစ်လုံးဖြစ်ခဲ့ပြီ……….

ဘယ်တော့မှ မချစ်တတ်ဘူးဆိုတဲ့…
           ငါလည်းမင်းကိုချစ်မိသွားပြီ……..

     ဒါဟာ..ငါ့အတွက်တော့ဝန်ခံခြင်းပေါ့….

မီးငယ်ရဲ့လက်ရာပါ...ဝေဖန်ပေးကြပါနော်!



Thursday, April 3, 2008

၂၀၀၇ သင်္ကြန်

သင်္ကြန်တဲ့ ရောက်လာပြန်တော့မယ်နော်…..

မီးငယ် သင်္ကြန်ကိုကောင်းကောင်းမလည်ဖူးပါဘူး… ဒါပေမဲ့ မနှစ်ကသင်္ကြန်(အာကာ့)ကောင်းမှုနဲ့ သင်္ကြန်လည်ဖြစ်ပါတယ်…ရန်ကုန်မှာပေါ့ ….

IELTS စာမေးပွဲက သင်္ကြန်ပြီးရင်ဖြေရမှာ…မာမီတို့ က ရန်ကုန် နဲ့ မန်းလေးသွားရပြန်ရတာ ပင်ပန်းတယ်တဲ့ ပြန်မလာနဲ့တဲ့
သင်္ကြန်ဝေးတုန်းကတော့ မပြန်ဘူးပေါ့…

၁၁ ရက်နေ့လည်းရောက်ရော ပြန်ချင်လိုက်တာပြောမနေနဲ့…
ဒါနဲ့ ကားလက်မှတ်ကိုလှမ်းမေးတော့ မရှိတော့ဘူးညီမလေးတဲ့ သေရော…
မာမီကလည်း ၁၂ ရက်နေ့ကြမှ ပြန်ချင်ရင်ပြန်လာခဲ့တဲ့.. စဉ်းစားကြည့်ကြပါအုံး…
နောက်ဆုံး ထုံးစံ အတိုင်း ဂျီကျနေကြအတိုင်း ကိုလင်းဆီကိုဖုန်းဆက်ပြီပေါ့..
သမီးပြန်လာချင်တယ်.... ဘယ်လိုလုပ်ရမလဲပေါ့ …
OK ! ခဏစောင့်တဲ့ ပြီးရင်သူဖုန်းပြန်ခေါ်မယ်တဲ့.. ၁၅ မိနစ်လောက်နေတော့ဖုန်းပြန်ခေါ်တယ်
Air Mandalay နဲ့ဆိုပြန်မှာလားတဲ့..
အင်းဆိုတော့..နောက်ပြီးဖုန်းပြန်ခေါ်မယ်တဲ့…

နောက်ခဏနေတော့ ညနေ ၃ နာရီ Flight တဲ့ ….
ဘယ်လိုလုပ်ရမှာလဲ..ဒီမှာ ၂ နာရီ ရှိနေပြီ..ဘယ်လိုလုပ်မှီတော့မလဲ..Check In Counter တောင် ပိတ်တော့မယ့်ဟာကို…
အဲဒါနဲ့ ကားမောင်းတဲ့ ဦးလေးကို လှမ်းခေါ်တော့ မရှိတော့ဘူးပြန်သွားပြီတဲ့..
ဇာတ်လမ်းက ပြတ်ပြီ အဲဒီမှာတင်ကို..သေပြီလေ ပြန်လို့မရတော့ဘူး
ဒါနဲ့ ပဲ ရန်ကုန်မှာ သင်္ကြန်ကျရတာပေါ့…

အကြိုနေ့ ၊ အကျနေ့၊ အကြတ်နေ့ …. ၃ ရက် လုံးတိုက်ခန်းပေါ်ကနေမဆင်းဖြစ်ဘူးလေ… ၀ရန်တာကနေ အောက်ထပ်က ကလေးတွေဆော့နေတာကိုကြည့်နေရတာ တနေ့လုံးပဲ….တော်သေးတယ်မီးလာလို့ ကာတွန်းကားကြည့်လိုက်..အိမ်ဖုန်းခေါ်လိုက်နဲ့ ( အဲဒီ လကမာမီတော့ဖုန်းဖိုးတော်တော်ရှင်းလိုက်ရတယ် :P) မန်းလေးက သူငယ်ချင်းတွေလည်းကောင်းကောင်းမလည်ရဘူးလေ..သူတို့ကိုလည်းတချိန်လုံးခေါ်နေတာ..သူတို့ခမျာ ဖုန်းလည်းမပိတ်ရဲ ဘူးလေ..ပိတ်တာနဲ့ သိတဲ့ အတိုင်းပဲ ဂျီကျတော့မှာလေ..ကိုလင်း နဲ့ ကိုသားကြီးဆိုလည်ကိုမလည်ရဘူး..ဟီး.(သူတို့မာမီကတော့ အကြိုက်ပေါ့)…..

အကျနေ့ က အာကာ က လာခေါ်တယ် “ မ “ လည်မှာလိုက်မှာလားတဲ့...
တော်ပြီ လူကြီးမပါရင် မလိုက်တော့ဘူးဆိုတော့ပြန်သွားကြတယ်…
အာကာ က သမီးကိုပျင်းမှာဆိုးလို့ဆိုပြီး သူတို့ကားတန်းဆီ တဲ့ နေရာကနေဖုန်း တချိန်လုံးခေါ်ပေးနေတာ…(အဲဒါကြောင့်မလို့ ချစ်ရတာ အဲဒီမောင်လေးကို)…

အကြတ်နေ့လည်း အကျနေ့ကအတိုင်းပါပဲ…
အတက်နေ့ရောက်တော့… အာကာရောက်လာပြန်တယ်.. မ လိုက်ခဲ့တဲ့.. တော်ပြီမလိုက်ဘူးဆိုတော့.. ဘယ်အချိန်ကတည်းက အပေါ်ကိုပါလာမှန်းမသိတဲ့ သူ့ သူငယ်ချင်းတွေကပါ မမ လိုက်ခဲ့ပါ လူကြီးတွေပါတယ်..နောက်ဆုံးကားပေါ်ကို ပါလာတော့တာပဲ…. မေမေတို့ဆီကိုလည်းဖုန်းဆက်ပြီးပြောရသေးတယ်…
ကားပေါ်ရောက်တော့ ဘယ်မှာလည်းလူကြီးဆိုတော့.. ကိုဝေဖြိုးတဲ့လေ(၂၈ နှစ်နဲ့လူကြီးဖြစ်သွားတာ) တကယ်တော့ ကိုဝေဖြိုးက ၂၅ ပဲရှိသေးတာ.. အာကာတို့ကိုထိန်းမနိုင်မှာဆိုးလို့ သူ့အသက်ကိုညာပြောထားတာတဲ့ ကောင်းကြရော…
ပြီးတော့ သူတို့သူငယ်ချင်းတွေက ကားပေါ်လည်းရောက်ရော အတွဲကိုယ်ဆီနဲ့ဖြစ်ကုန်ကြရော.. ဒါနဲ့ မင်းတို့ပြောတုန်းက သူငယ်ချင်းတွေဆို လို့မေးလည်းမေးရော ဟုတ်တယ် အစ်မတဲ့ သူငယ်ချင်းအချင်းချင်းကြိုက်ကြတာတဲ့ကောင်းရော…အဲဒါနဲ့ ဒါဆို မင်းတို့အစ်မ ကိုဘာလို့ခေါ်ကြတာလဲဆိုတော့.. မမ ပါမှအာကာ့ ကိုထိန်းနိုင်မှာတဲ့ ..ကောင်းရော…
တစ်နေ့လုံးသူ့ကိုပဲလိုက်ထိန်းနေရတာ.. သူလည်တာအိမ်ကမသိဘူးလေ..သူကမဏ္ဍပ် မှနေမှာလို့ပြောခဲ့တာ..ရန်ဖြစ်မှာလဲကြောက်ရသေးတယ်….

နောက်ဆုံး ကားပေါ်မှာ အစ်ကြီးဆုံးဆိုတဲ့ကိုဝေဖြိုးလဲ သူတို့အုပ်စုကိုမနိုင်တော့ပါဘူး…
နောက်ဆုံး မီးငယ်လည်းလက်လျှော့လိုက်ပြီး ကားရှေ့ခန်းမှာပဲသွားနေလိုက်တော့ပါတယ်….
အင်လျားလမ်းကလည်း ရန်ကုန်သင်္ကြန်လည်ဖူးတဲ့သူတွေ သိတဲ့အတိုင်းပါပဲ… မျက်နှာကို ဘယ်လိုထားရမှန်းကို မသိပါဘူး.. မဏ္ဍပ်ပေါ်ကိုမော့်မကြည့်ရဲလောက်အောင်ပါပဲ…

ဘွားဘွားသာမြင်ရင် တခါတည်းကို အသက်ပါသွားနိုင်ပါတယ်… BLADE သွေးစုတ်ဖုတ်ကောင်ကားကိုကြည့်ဖူးကြမယ်လို့ ထင်ပါတယ်..မီးငယ် အမြင်မှာသူတို့ကိုလူလို့ကိုမမြင်တော့ပဲ သွေးစုတ်ဖုတ်ကောင်တွေလို့ပဲထင်မိတာပါပဲ
အဟီး…….အဲဒါသင်္ကြန်လည်ဖူးတဲ့ အတွေ့အကြုံပါပဲ..သေချင်စော်ကိုနံသွားတာပါပဲ…



အော် tag ရအုံးမယ် အဟိ
၁. တီတီ
၂. ကိုဖြိုးငယ်
၃. ကိုမိုးသောက်
၎. ကိုသော်ခ
ရေးပေးကြပါဗျို့ မရေးပေးရင် အရုပ်ဆိုးဆိုး သရဲကြီးက အိပ်မက်ထဲမှာ လိုက်ကိုက်ပါစေ..
ရေးတဲ့ အစ်ကိုတွေဆိုရင် ကောင်မလေးချောချောရပါစေ...မရေးတဲ့ အစ်ကိုတွေ ပွင့်လောက်ဝတဲ့ကောင်မလေးနဲ့ရပါစေ...