Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Saturday, November 14, 2009

လတ်တလောအခြေအနေ

ဘလော့လည်း ဖုန်တက်နေတာကြာပြီ…လူကစာရေးဖို့တော်တော်အပျင်းထူနေတယ်.. ကိုမင်းကျန်စစ်က Tag ထားတာကြာနေပီ.. ၃ လလောက်တောင်ရှိနေပီထင်တာပဲ.. ဒီနေ့စာရေးချင်စိတ်ရှိတာနဲ့ ပြန်ရေးလိုက်တာပါ….

တွေးမိနေတာက – Bangkok ကိုပြန်ဖို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက – လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။

ကျန်းမာရေး – ခါးနာတယ်.. ဗိုက်အောင့်တယ်… ခေါင်းမူးတယ်… သွားနာနေတယ်။

ဖတ်ဖြစ်တဲ့စာအုပ်က – ဦးနေ၀င်း၏ ပြာတစ်ဆုပ်နှင့် …(ကြေးမုံဦးသောင်း)

ရောက်ဖြစ်နေတာက – Singapore ကျွန်းအနှံ…& Power House

ရေးဖြစ်နေတာက – Visual C# Program တွေ….

နားထောင်ဖြစ်တာက – Daniel Powter ရဲ့ Bad Day

ဖြစ်ချင်နေတာက – အလုပ်တစ်ခု မြန်မြန်ရဖို့

စားဖြစ်နေတာက – Fried Chicken Seaweed

သနားနေမိတာက – အိမ်နဲ့ခွဲနေရတဲ့ ကိုယ့်ကိုကိုယ်….

လွမ်းမိနေတာက – AIT ကကျောင်းသားဘ၀….

မေ့လျော့ပစ်နေတာက – စိတ်ညစ်စရာကောင်းတဲ့ အတိတ်ကအကြောင်းတွေ….

ခါးသက်နေမိတာက – တွေဝေ တတ်တဲ့ကိုယ့်ကိုကိုယ်….

တမ်းတနေမိတာက – ပျော်ခဲ့ရတဲ့ ကျောင်းသားဘ၀….

ကျိတ်ပြီးချီးကျူးနေမိတာက – ခွင့်လွတ်တတ်တဲ့လူမှန်သမျှ….

ကျိတ်ပြီးအထင်သေးနေတာက – သူများအပြစ်ကိုမြင်ပြီး….ကိုယ့်အပြစ်ကို မမြင်တတ်တဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ – စလုံးကျွန်း…

ဆန္ဒရှိနေတဲ့ကိစ္စ – သူငယ်ချင်းတွေနဲ့ မြန်မာပြည်အနှံလျှောက်လည်ချင်တယ်….

မုန်းတီးနေမိတာက – တကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုကိုယ်…

ချစ်နေတာက – နားလည်မှုပေးတတ်တဲ့ မေမေ

စိတ်ပျက်နေမိတာက – ကိုယ့်ကိုကိုယ်

လိုအပ်နေတာက – ရင့်ကျက်မှု

ဝန်ခံချင်တာက – စာရေးဖို့အတွက်ပျင်းနေတယ်….

Monday, January 12, 2009

ကြွားချင်လို့ပါဗျို့.....

မမ၀ါ Tag ထားတာက ကြာလှနေပီ ခုမှရေးဖြစ်လို့ပါ။ မီးငယ်စုထားတဲ့ ပစ္စည်းတွေကတော့ တခြားမဟုတ်ပါပူး။ Poohရုပ်ပါတဲ့ ပစ္စည်းလေးတွေပါ။ တစ်ချို့ပစ္စည်းတွေက မေမေသိမ်းထားလို့ ဓါတ်ပုံမရိုက်နိုင်လိုက်ပါဘူး။ ခုပစ္စည်းတွေက မီးငယ်(၈)တန်းကတည်းကနေစုထားတာ တွေပါ။ ကြွားမိတာခွင့်လွတ်ပါနော်...
















Monday, October 13, 2008

အချစ်ဆိုသည်မှာ....


အချစ်ဆိုတာ တကယ်တော့အဓိပါယ်ဖွင့်ဆိုဖို့ရာခက်ပါတယ်။ လူတိုင်းလူတိုင်းမှာ သူ့အတွေ့အကြုံပေါ်မှာမူတည်ပြီးပြီးအချစ်ကို အဓိပါယ်သတ်မှတ်ကြတယ်လို့ထင်ပါတယ်။

- အချစ်ဆိုတာ သိမ်းထားဖို့မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကိုပေးလိုက်ဖို့ပါ။
- အချစ်ဆိုတာကစားဖို့မဟုတ်ပါဘူး။
- အချစ်ဆိုတာ ဒီလူ့ကိုချစ်ပါ..ဟိုလူ့ကိုချစ်ပါဆိုပြီးအတင်းတိုက်တွန်းလို့မရသလိုပဲ တားဆီပိတ်ပင်လို့လည်းမရဘူးလို့ထင်ပါတယ်။
-အချစ်ဆိုတာ အပြင်းထန်ဆုံးတွန်းအားတစ်ခုပါ။ လူတစ်ယောက်ကိုကောင်းတာတွေဖြစ်လာအောင် တွန်းအားပေးနိုင်သလို မကောင်းတာတွေဖြစ်အောင်လည်းလုပ်ပေးနိုင်ပါတယ်။
- အချစ်ဆိုတာ နာကျင်မှုတွေအားလုံးအတွက်ဆေးတစ်ခွက်ဖြစ်ပေမဲ့ အချစ်ကြောင့်ရတဲ့နာကျင်မှုအတွက်ဆေးမရှိသေးပါဘူး။
- ပျော်ရွှင်မှု ၊ ၀မ်းနည်းမှု ၊ ကြည်နူးမှု ၊ စိတ်မချမ်းသာမှု အားလုံးတို့ပေါင်းစည်းထားချင်ကိုအချစ်ဟုခေါ်သည်။ (Define By Mee Nge) :D :P
- အချစ်ဆိုတာအိပ်မက်တစ်ခုပါ။
- အချစ် = အရှုံး
- အချစ်ဆိုတာ လူပေါ်ကြော့တွေအတွက် အလုပ်အကိုင်တစ်ခုဖြစ်သလို၊ စစ်ပွဲဆင်နွဲသူများအတွက် အပန်းဖြေမှုတစ်ခုဖြစ်တယ်။ ( ဒါပေမယ့် ) မင်းစိုးရာဇာများအတွက်တော့ ပျက်စီးရာပျက်စီးကြောင်း တစ်ခုပဲ။ (ကိုမီးပြတိုက်ဆီမှ မလာပါသည်။):D

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ဖို့အတွက် အဲဒီလူရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုခုကို သဘောကျမိဖို့လိုပါတယ်။ အဲဒါမှသာချစ်ခြင်းတစ်ခုကအချိန်ကြာကြာ တည်မြဲနိုင်မှာပါ။ အပေါ်ယံအလှအပနဲ့ပစ္စည်းဥစ္စာတွေကို မက်ရင်တော့ အဲဒါတွေမရှိတော့ရင်အချစ်က ပျက်ပြယ်သွားနိုင်ပါတယ်။

အကြိုက်ဆုံးစာသားလေးကတော့….
Love is loving someone without expecting anything in return; no judgments, no restrictions; no limitations; no expectations!

ကိုကြီးလင်းထက်ရေ..ကျေနပ်မယ်လို့ထင်ပါတယ်။ ညီမလေးလည်းဒီလောက်ပဲနားလည်လို့ပါ...
ကိုင်းဒူ့ကိုထပ်တပ်ရမလဲ.... တွေ့ပီ...
ညီမငယ်တွေကြားမှာ အိမ်ထောင်ရေးနဲ့အချစ်အကြောင်းတွေကို ဥပမာကောင်းကောင်းပေးနိုင်တဲ့ မမခင်ဦးမေ
သရဲကြောင်းတွေရေးတဲ့ ကိုကြီးမိုးမြင့်တိမ်(Done)
ကိုသစ္စာ
အရမ်းချစ်တတ်တဲ့ ချစ်ရတဲ့မမလဲ့(Done)
ဟိုနေ့က မှတူများကို Tag တဲ့ ကိုကြီးနေလင်း...(အကြွေးပြန်တောင်းခြင်း)
အချစ်ကဗျာတွေရေးနေတဲ့ ကိုဖြိုးငယ်(Done)
ကာရန်မဲ့ ရင်ခွင်မှာဒဏ်ရာရနေတဲ့ ကိုငယ်(Done)
ချစ်သူငယ်ချင်း မင်းသန့် (Done)
အဆင်ပြေရင်ရေးပေးကြပါလို့တောင်းဆိုချင်ပါတယ်...

Thursday, October 9, 2008

ဖြစ်သလိုနှင့်ကြုံသလို

ဖြစ်သလိုကြုံသလိုစားတဲ့… ပထမဆုံးမမMegumiကတက်(Tag)တယ်…နောက်ပြီးကိုနေလင်းက ချိုးတယ်(ခြေမ)...မမလဲ့ကဂစ်တွားရော..တော်သေးတယ်(၃)ယောက်လုံးကခေါင်းစဉ်တူနေလို့။ နို့မိုရင်မစားသာဘူး။ :D

ဟိခေါင်းစဉ်ကတော့အကျင့်နဲ့သိပ်မကွာပါဝူး။ ဟုတ်သမီးကတော့ကြုံသလိုပဲဝယ်စားလိုက်တာပါပဲ။ ၀ယ်စားမဲ့ဆိုင်ကိုသွားလို့ကြိုက်တာမရှိရင်တော့မစားတော့ဝူး။ ငယ်ငယ်တုန်းကလည်းဂျီးမများပါဘူး(ဟင်းတစ်မျိုးကိုတစ်ခါပဲစားပါတယ်၊ နောက်ထပ်ကျွေး လုံးဝကိုလှည့်မကြည့်ပါဝူး)။ နောက်ပီးအစာကျွေးရတာလက်ဝင်တဲ့ကလေးအမျိုးအစားထဲမှာထိပ်ဆုံးကပါပါတယ်။ ငယ်ငယ်ကထမင်းကျွေးရင်ထမင်းတလုတ်တလုတ်ကိုနာရီဝက်လောက်ကြာအောင်ကျွေးရတယ်လို့ မေမေကပြောဖူးပါတယ်။ ထမင်းလုတ်ကိုပါးစောင်မှာငုံထားတာတဲ့။ ဒီဘက်ပါးကိုလက်နဲ့ထိလိုက်ရင်ဟိုဘက်ပါးစောင်ကိုပြောင်းငုံပါတယ်တဲ့။ ပြီးတော့ ထမင်းကိုလက်နဲ့ခွံ့ရင်လက်ကိုကိုက်လွှတ်ပါတယ်။ ဇွန်းနဲ့ကျွေးရင်ဇွန်း တူနဲ့ကျွေးရင်တူကို ကိုက်ထားတတ်လို့ မီးငယ်ကိုထမင်းကျွေးရမှာအိမ်မှာကူတဲ့လူတွေကကြောက်ပါတယ်တဲ့။ မေမေတစ်ယောက်ပဲထမင်းကျွေးလို့ရတာပါ။ အဲဒီတော့ မီးငယ်တစ်နေ့ကိုမနက်စာနဲ့ ညစာပဲကောင်းကောင်းစားတာပါ။ ဘာလို့လဲဆိုတော့မေမေကရုံးသွားရသေးတယ်လေ။ အဲတော့နေ့လည်စာကိုဘယ်သူကမှမကျွေးရဲပါဝူး။ :)

ဖေဖေမကျွေးဘူးလားလို့မေးစရာရှိပါတယ်။ ဖေဖေကချောက်မှာနေပါတယ်။ မေမေ မပါဘဲနဲ့ဖေဖေ့နောက်ကိုလိုက်သွားရင် ထမင်းကျွေးဖို့ကိုကအလုပ်ကြီးတစ်ခုပါ။ ထမင်းပန်ကန်၊ မီးငယ်၊ ထမင်းကျွေးတဲ့သူအားလုံးကိုကားပေါ်တင်ပြီးမြို့တစ်ပါတ်(ချောက်ကတော့ကျဉ်းကျဉ်းလေးပါ)ပါတ်ပြီးရုံးကလူတွေကထမင်းကျွေးရတာပါ။ အဲဒီမြို့တစ်ပါတ်မှာလိုချင်တဲ့အရုပ်ရှိရင်လည်းထမင်းစားအောင်က၀ယ်ပေးရပါသေးတယ်။ ပြီးရင်ထမင်းလုတ်ကို အငိုက်ဖမ်းပြီးပါးစပ်ထဲကို သွင်းရပါတယ်။ နောက်ပဠနဂိုလ်ကိုပြောင်းတော့ မေမေ မပါပဲလိုက်သွားတယ်။ (၂)တန်းလောက်ရှိပြီထင်ပါတယ်။ ဖေဖေကသူ့ဆီမှာတစ်ပါတ်ပဲထားပါတယ်။ တစ်ပါတ်ပြည့်တော့ချက်ချင်းကိုပြန်ပို့ပါတယ်။ မေမေ့ကိုလည်း မင်းသမီးကို မင်းမပါပဲနဲ့နောက်ဘယ်တော့မှငါ့ဆီမလွှတ်နဲ့တဲ့။ အေးရော။ ပဠနဂိုလ်ကတောကြီးထဲမှာပါ။ မန်းသံပုရာကန်ရဲ့အရှေ့ဘက်ခြမ်းမှာပါ။ သူနဲ့အနီးဆုံးကမီးချောင်းရဲဆိုတဲ့တောမြို့လေးပါ။ ဈေးတောင်မှတစ်ပါတ်မှာ(၂)ရက်ပဲရှိပါတယ်။ နောက်ပြီးတောင်ဘက်မှာရှိတဲ့တောင်တွင်းကြီးနဲ့ဆိုရင်(၂၄)မိုင်ဝေးပါတယ်။ မကွေးကိုသွားဖို့အတွက်တောင်တွင်းကြီး-မကွေးကားလမ်းပေါ်ရောက်ဖို့ပဠနဂိုလ်ကနေ(၂၁)မိုင်လောက်လမ်းခွဲကိုရောက်အောင်ထွက်ရပါတယ်။ ညဖက်တွေမှာဆိုရင် တောခွေးအူသံတွေကြားရပါတယ်။ အဲဒီလောက်တောခေါင်တဲ့နေရာမှာမီးငယ်အကြိုက်စားစရာရှိ့ပမလား။ အဲဒီတုန်းကတော့ဖေဖေက ပြန်ပို့လို့မီးငယ်ကိုမချစ်ဖူးလို့ထင်တာပေါ့။ ကြီးလာတော့ပြန်ပို့တာတောင်နည်းသေးလို့ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အစားအသာက်နဲ့ပါတ်သတ်ပြီးဆိုးတာတွေပြောမယ်ဆိုရင်တော့ ပီးမှာကိုးမဟုတ်ဖူး။ :D

နောက်ပိုင်းကြီးလာတော့ကြိုက်ရင်စားတယ် မကြိုက်ရင်လှည့်ကိုမကြည့်ပါဝူး။ အပြတ်ပဲ..ဘာရမလဲ နာတွ။:D တအုံရောက်တော့လည်း သူငယ်ချင်းထဲကတစ်ယောက်ကချက်တတ်ပြုတ်တတ်ဆိုတော့ကျောင်းကန်တင်းတွေမှာ မီးငယ်စားချင်တာကိုသူကလုပ်ကျွေးပါတယ်။ သူငယ်ချင်းတွေကပြောပါတယ်..နင်ကဘာမှသာမလုပ်တတ်တာအရိုးများသလေး ချီးခါးသလေးနဲ့၊ နင့်ရတဲ့ယောက်ျားတော့ဒုက္ခပဲနင့်ကြောင့်တော့ရင်လေးတယ်တဲ့။:( (ကြောရက်လိုက်ကြတာ..အဟင့်..) သူငယ်ချင်းတွေကလည်းမေးပါတယ်? ယောက်ျားရရင်ဘယ်လိုလုပ်မလဲတဲ့?..နင်ထမင်းဟင်းကောင်းကောင်းမချက်တတ်တာနဲ့ ရိုက်ခံရမယ်တဲ့… ဟုတ်မီးငယ်အဖြေကရှင်းပါတယ်…သူကမီးငယ်ကိုချစ်လို့ယူရင်ယူပါ… ဒီလိုဒီလိုအကျင့်တွေရှိပါတယ်။ ကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပေါ့။ ဈေးမဆစ်နဲ့လေ။ သူ့ဝေယျာဝေစ္စတွေလုပ်ခိုင်းဖို့(ထမင်းချက်၊ အ၀တ်လျှော်ဖို့)ယူတာဆိုရင်တော့ ဆောရီးပါ။ ထမင်းချက်တတ်တဲ့လူလိုချင်ရင်Cook ကိုယူ၊ အ၀တ်လျှော်ဖို့ဆိုရင်တော့အ၀တ်လျှော်စက်ဝယ်ထားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ :D

ခုAITရောက်လာတော့ချက်ပြုတ်ကျွေးတဲ့သူကခေါ်လာလို့မှမရတော့တာ။ မီးငယ်ရေးထားတဲ့ အတွေ့အကြုံနဲ့ခေါက်ဆွဲကြော်ဆိုတဲ့ ပို့စ်(၂)နှစ်ခုကိုဖတ်ဖူးရင်မီးငယ်ရဲ့အချက်အပြုတ်အရည်အချင်းသိပါတယ်။ အဲဒီတော့စားမကောင်းမဲ့တူတူအချိန်ကုန်ခံပြီးမချက်တော့ပါဘူး။

1stSemester တုန်းကတော့မီးငယ့်စီနီယာကချက်ကျွေးပါတယ်။ မနက်ဆိုရင်အစ်ကိုကBreakfastစားမယ်ဆိုပီးခေါ်ပါတယ်။ အိပ်ရာထနောက်ကျရင်အစ်ကိုရေအတန်းကိုသာယူခဲ့တော့လို့ပြောပါတယ်။ အစ်ကိုကပေါင်မုန့်နဲ့ စတော်ဘယ်ရီယိုသုပ်ပြီး မုန့်ဗူးနဲ့ထည့်လာပါတယ်။ မနက်စာကတော့အဲသလိုဖြစ်သလိုစားပါတယ်။ တစ်ခါတစ်လေUFMသွားပြီး(လေပေါရင်းနဲ့) ကော်ဖီအေးနဲ့လည်းပီးတဲ့ရက်တွေရှိပါတယ်။ နေ့လည်စာရောညစာရောအစ်ကို့အဆောင်မှာစားပါတယ်။(မီးငယ်အခန်းကထမင်းချက်လို့မရပါ။ မီးငယ်အခန်းမှာ ဓါတ်ဗူးရယ်၊ ကော်ဖီဖျော်ဇွန်းရယ်၊ မတ်ခွက်ရယ်ပဲထားပါတယ်။ ကျန်တာအားလုံးအစ်ကို့အဆောင်မှာပါ။) အစ်ကိုနေတာကStudentVillageဆိုတော့မီးဖိုချောင်ပါပါတယ်။ အဲလိုအဆောင်တွေက(၃)ယောက်နေရတာပါ။ တစ်ခါတစ်လေမောင်နှမ(၂)ယောက်ခေါက်ဆွဲပြုတ်စားတဲ့နေ့လည်းရှိပါတယ်။ များသောအားဖြင့်အစ်ကိုကထမင်းချက်ပါတယ်။ ဟင်းကတော့ငါးနဲ့ကြက်သားတလှည့်ဆီ(၀က်သားမစားသောကြောင့်)ဖြစ်သလိုပဲဝယ်စားပါတယ်။ အိမ်တွေကထည့်ပေးထားတဲ့အကြော်အလှော်လည်းပါပါတယ်။ အကြော်အလှော်ကတော့မီးငယ်အိမ်ကပို့လိုက်အစ်ကို့အိမ်ကပို့လိုက်နဲ့ မလို့အဆင်ပြေပါတယ်။ 1stSemester တစ်ခုလုံးအဲသလိုပဲဖြစ်သလိုစားပါတယ်။

2ndSemester ရောက်တော့မောင်နှမ(၂)ယောက်လုံးပွဲပျက်ပါတော့တယ်။ ထမင်းအိုးကိုလှည့်ကိုလှည့်ကြည့်ဖို့နေနေသာသာ မနက်စာတောင်မစားဖြစ်တော့ပါဘူး။ နေ့လည်စာနဲ့မနက်စာပေါင်းစားရပါတယ်။ နောက်ဆုံးAITကန်တင်းကိုရောက်တာပေါ့။ ကန်တင်းမှာကလည်းတစ်ရက်လာလည်းဒီဟင်း နောက်တစ်ရက်လာလည်းဒီဟင်းနဲ့ဆိုတော့ နောက်ပိုင်း ဗီယက်နာမ်ထမင်းဆိုင်ရောက်ပါတယ်။ အဲဒီမှာလည်းဗီယက်နာမ်အစားအသောက်နဲ့ထိုင်းအစားအစာကိုမရိုးရအောင်မှာပီး ကြုံသလိုစားပါတယ်။ အဲဒါမှအဆင်မပြေရင်ဟိုဘက်ကျောင်းထဲကိုသွားပြီးစားပါတယ်။ တစ်ခါတစ်လေပီဇာမှာစားသလို (၉၈)ဘတ် ပဲပေးရတဲ့ဘူဖေးလည်းသွားကြိတ်ပါတယ်။ စာမေးပွဲနီးရင်စားတော့စားပါတယ်။ ဘယ်အနပ်အတွက်စားနေလည်းဆိုတာတောင် တော်တော်စဉ်းစားယူရတဲ့အခြေအနေတွေရောက်လာတတ်ပါတယ်။

ခု3rdSemesterရောက်နေပါပီ။ နည်းနည်းစိတ်ကောင်းဝင်နေလို့ရယ်..ခုမီးငယ်ပြောင်းထားတဲ့အခန်းကမီးဖိုချောင်ပါလို့ရယ် စာနည်းသေးလို့ရယ် ထမင်းချက်စားနေပါတယ်။ ဟင်းကတော့အိမ်ကပို့တဲ့အခြောက်အခြမ်းရယ်၊ တစ်ခါတစ်ခါချက်တဲ့ဟင်းငန်ငန်နဲ့ ဖြစ်သလိုစားနေပါတယ်။ အဲဒါမှ မစားချင်ရင်ကုလားဆိုင်ကရောင်းတဲ့ ကြက်သားပူတီသွားစားပါတယ်။ အဲဒါမှ မမြိုချင်ရင်PCကကြက်ကင်ကိုဝယ်ထားပီး နွေးစားပါတယ်။ အဲဒါမှ မဟုတ်သေးရင်ပေါင်မုန့်စားပါတယ်။ စိတ်မရှည်ရင် မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကိုချက်ပြီးမုန့်ဖတ်မပါပဲနဲ့အရည်ပဲသောက်နေတတ်ပါတယ်။ နောက်ဆုံးဘာမှမစားချင်ရင် မနက်စောစောလည်းရေခဲမုန့်ချည်းထိုင်စားပြီး ကော်ဖီအေးလည်းသောက်နေတတ်ပါတယ်။

နောက်ဆုံးပိတ်ကတော့ဟင်းကောင်းကောင်းစားချင်ရင် မမနေနွယ်နဲ့မမငယ်ကိုချွဲပြီး ချက်ကျွေးခိုင်းပါတယ်။ မမနေနွယ်ကSeafood Saladသုပ်တာကောင်းပြီးတော့ မမငယ်ကတော့ ဂဏန်းကိုမဆာလာနဲ့ချက်တာကောင်းပါတယ်။ တစ်ခါတစ်ခါမမမြတ်သန္တာတို့အိမ်ကလည်း မီးငယ်တို့ကိုထမင်းစားခေါ်ပါတယ်။ AITမှာကတော့ ချက်စား၊ ၀ယ်စား၊ ကပ်စားပါတယ်။ မမ Megumi မမလဲ့ နဲ့ ကိုနေလင်းရေ ညီမလေး ငယ်ကျိုးငယ်နာရော စားပုံသောက်ပုံပါသိလို့ကျေနပ်ပါတော့နော်…

ဒူကိုထပ်Tag ရမလဲ။ ဒူမှလဲကျန်တော့ဝူး။ ရှရှားကအစ်ကိုတွေရဲ့စားပုံသောက်ပုံကလည်းတိပီးတားချိုတော့..အင်းဒူ့ကိုTag ရင်ကောင်းမလဲ…ဟဲဟဲ ကိုဖိုးချမ်းနဲ့ ကိုသူရိန်ကျန်တေးတယ်။ ကိုသူရိန်၊ ကိုဖိုးချမ်းရေ..ရေးပေးပါဗျို့...
If ရေးပေးလျှင် Then
မန်းလေးသင်္ကြန်မှာ နှစ်တိုင်းကဲရမှာဖြစ်ပီးတော့…
Else အင်္ဂလန်မှာ တစ်သက်လုံးအရိုးထုတ်ရ မှာဖြစ်ပါတယ်။
ကိုသူရိန်ကတော့ ဆရာဝန်တစ်ယောက်ရဲ့စားသောက်မှုပုံစံကိုကြောကြမှာဖစ်ပါတယ်...ဟဲဟဲ(အချွန်နဲ့မပြီ)
ကိုသူရိန် (Done)


Wednesday, September 24, 2008

ပထမဆုံးများ...

မီးငယ်တို့တော့ ၀ဋ်လိုက်ပြီ သူများကို Tag တုန်းကမရေးမချင်း C-Box မှာအော်(အာဗြဲကြီးနဲ့) Gtalk ကနော်လည်းပြော..ဂျီကျဟိ..သူများကိုTag တုန်းကတော့ပျော်လိုက်တာ..ခုတော့ Dream ကလည်း Tag ၊ ကိုကြီးလင်းထက်က Tag လည်း နဲ့ မီးငယ်တို့အကြွေးတွေချည်းပဲ… ညီမလေး Dream ကိုလည်းရေးပေးမယ်နော်…အစ်ကိုလုပ်တဲ့သူက Tag တော့လည်း ညီမလုပ်တဲ့သူကရေးရမှာပေါ့…အဟင့်ဟင့်… မီးငယ်မှတ်မိသလောက် မီးငယ်ရဲ့ပထမဆုံးတွေက….

ပထမဆုံးတက်ရသည့် ကျောင်း - အ.ထ.က(၈)၊ မန္တလေး( မိန်းကလေးကျောင်းပါ။မီးငယ်တို့ နှစ်အထိယောက်ျားလေးတွေ(၄)တန်းထိ လက်ခံပါသေးတယ်)

ပထမဆုံး တက်ရသည့် အတန်း - သူငယ်တန်း (ခ)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်မေရီ( Teacher ကအင်္ဂလိပ်စာသင်ပါတယ်။ အင်္ဂလိပ်နဲ့မြန်မာကပြားပါ၊။ Teacher ကလည်း အမှတ်(၈)ကျောင်းထွက်ပါ။)

ပထမဆုံးကျောင်းအုပ်ဆရာ - ဆရာမကြီးဒေါ်ခင်အေး( ဆရာမကြီးကနောက်ပိုင်း အချိန်ပိုဖွင့်တဲ့ကိစ္စနဲ့မီးငယ်တို့လေးတန်းလောက်မှာ ဦးခင်ညွန့်နဲ့ပြသနာဖြစ်လို့ နှုတ်ထွက်စာတင်ပြီးထွက်သွားရပါတယ်)

ပထမဆုံး Supervisor – Dr. P.M.Dung ( ဆရာကဗီယက်နာမ်ပါ)

ပထမဆုံး Assignment - DBA တက်တုန်းကOrganization တစ်ခုကို ဘယ်လို Managementလုပ်မလဲဆိုတဲ့ မေးခွန်းပါရှင်။( ၁၀တန်းအောင်ပြီးခါစ ကလေးတစ်ယောက်အတွက်တော့ တော်တော်ကို ဒုက္ခပေးတဲ့ Assignment ပါရှင်။)

ပထမဆုံးရသောမုန့်ဖိုး - ငါးကျပ်(သူငယ်တန်း၊ ၁၉၉၀-၁၉၉၁ စာသင်နှစ်)။

ပထမဆုံးရဖူးသောလက်ဆောင် - ဆွဲသီး ( မေ့မေ့ ဆီမှ ၁နှစ်ပြည့်မွေးနေ့လက်ဆောင်)

ပထမဆုံးရဖူးသော လိုချင်သောပစ္စည်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံပါတဲ့ ရင်ထိုး။ (အဲဒီအကြောင်းလေးကို ပို့စ်တစ်ခုရေးပေးပါ့မယ်)

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- ခန့်ညားအောင် (မီးငယ်တို့က ခွေးပစ်တုတ်လို့ခေါ်ပါတယ်။ သူငယ်တန်းစတက်မှ သိတာပါ။ အတန်းထဲမှာ ရှေ့နောက်ထိုင်ပါတယ်။ ခုချိန်ထိလည်းအရမ်းကိုချစ်ရတဲ့ သူငယ်ချင်းပါ။)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဖြူမွန်သန့် (သူ့နာမည်က မီးငယ့်မေမေပေးတာပါ။ သူ့ဖေဖေနဲ့မေမေက တစ်ရုံးတည်းအလုပ်လုပ်တဲ့မိတ်ဆွေတွေပါ။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။ မီးငယ်ထက် (၆)လကြီးပြီး ညီအစ်မအရင်းလိုချစ်ရတဲ့ သူငယ်ချင်းပါ။ )

ပထမဆုံး ဖတ်ရသော ပုံပြင်စာအုပ် - ကျောင်းကန်အနီးမှမြန်မာ့ပုံပြင်များ(လူထုဦးလှ)

ပထမဆုံး ဖတ်ရသော စာအုပ် - ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (လူထုဒေါ်အမာ)

ပထမဆုံး ဖတ်ရသော စာစောင် - ရွှေသွေး

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ကန်ထဲမှာ ရေပြည့်နေသည်။ ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်။ ကြာပန်းများလည်းခူးကြမည်။

ပထမဆုံး ရဖူးသော ပညာရည်ချွန်ဆု - ဒုတိယဆု (တတိယနှစ်ကွန်ပျူတာတက္ကသိုလ်) မီးငယ်က ငယ်ငယ်ကစာတော်တဲ့ ကလေးစာရင်းထဲမှာမပါ ပါဘူး…

ပထမဆုံး ရဖူးသော ဆု - ပထမဆု(ကဗျာ) (၁၉၉၁ ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ မှာပါ။ ဒို့ဗိုလ်ချူပ်ဆိုတဲ့ကဗျာလေးနဲ့ပြိုင်တာပါ)

ပထမဆုံး စီးရသော ဘတ်စ်ကား - ရွှေမန်းမေ (ကွန်ပျူတာတက္ကသိုလ်(တအုံ)တက်တော့ ရွှေမန်းမေးစီးရတယ်လေ)

ပထမဆုံး ဆိုခဲ့သော သီချင်း - နိုင်ငံတော်သီချင်း (ကမ္ဘာမကျေ..ဗမာပြည်..ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးသလေ… သူငယ်တန်းစတတ်တော့ မနက်တိုင်း တန်းဆီရင်ဆိုရတယ်လေ…)

ပထမဆုံး ကဗျာ - ၀န်ခံခြင်း ( ပို့စ်တစ်ခုအနေနဲ့တင်ထားပါတယ်။ ၉ တန်းနှစ်တုန်းကရေးခဲ့တာပါ။)

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ချောက်မြို့ပါ။ (ဖေဖေတာဝန်ကျတဲ့ မြို့ပါ)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်းနိုင်ငံ

ပထမဆုံးလေယာဉ်စီးဖူးသောနေ့ - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။ (AirBagan နဲ့ မန်းလေးကနေရန်ကုန်ကို သွားတာပါ။)

ပထမဆုံး လူကြီးများမပါပဲ ခရီးဝေးသွားဖူးချိန် - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။

ပထမဆုံး သောက်ဖူးသော အရက် - ကောက်တေး (နာမည်က AK 47 တဲ့။ водка+ Green Lable+ ၀ိုင်+ရှန်ပိန် ရယ်ရောထားတာပါ။ ၃.၆.၂၀၀၈ နေ့တုန်းကသူငယ်ချင်းတွေကို မုန့်ကျွေးရင်း သူတို့အတင်းတိုက်လို့ တစ်ငုံသောက်ဖူးတာပါ။ မျိုမချနိုင်ပါဘူး။ ထွေးပစ်ရပါတယ်။)

ပထမဆုံးစားဖူးသော ၀က်သားဒုတ်ထိုး - ရန်ကုန်စကော့ဈေးထဲမှာပါ။ (၂ တန်းနှစ်တုန်းကပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - လေသေနတ် ( ကိုတေးတေး(ဘေးကပ်ရပ်အိမ်ကအစ်ကို)နဲ့ပေါင်းပြီး ငှက်လိုက်ပစ်တာပါ။ (၆)တန်းလောက်ကပါ။)

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - 3colurs (၇၃လမ်းပေါ်ကဆိုင်လေးပါ။ ပထမနှစ်တုန်းကလက်ဖက်ရည်ဆိုင်ဆိုတာကို စရောက်ဖူးတာပါ။ ၂၀၀၁ ဒီဇင်ဘာ ထဲကနေ့တစ်နေ့ပါ။ မနက်ကျောင်းကားတွေမထွက်ခင် သူငယ်ချင်းတွေနဲ့မနက်စာစားတဲ့ဆိုင်လေးပါ။ လွမ်းလာပြီနော်..အဟင့်ဟင့်…ရွှတ်..)


ပထမဆုံး ကြည့်ဖူးသောရုပ်ရှင် - တပြည်သူမရွှေထား (ရုပ်ရှင်စိန်ရတုသဘင်တုန်းက၀င်းလိုက်မှာ ရှပ်ရှင်ကားတွေအများကြီးပြတုန်းကပါ။ ရုပ်ရှင်ရုံရောက်တာမွေးကတည်းကနေ ခုချိန်ထိ ၆ ခါပဲရှိပါတယ်။ ထိုင်းမှာ ၂ ခါအပါအ၀င်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - Treasure Island( ၈တန်းတုန်းက ဖေဖေ ဖတ်ခိုင်းလို့ပါ။ အဲဒီစာအုပ်ဖတ်ပြီးရင်Skate ၀ယ်ပေးမယ်ဆိုလို့ မီးငယ်တို့အသေအကြေဖတ်ခဲ့တဲ့စာအုပ်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော မြန်မာဝတ္ထုစာအုပ် - ဂျီဟောသူ(မစန္ဒာ ရေးတာပါ။ ကွန်ပျူတာ ဒုတိယနှစ်ရောက်မှ ဖတ်ဖူးတာပါ။)

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - ပထမနှစ်ကပေါ့။( ကျောင်းကားဦးရင်းတတိယနှစ်နဲ့ ပြသနာဖြစ်တာပေါ့။ သိတယ်မဟုတ်လား ဦးရင်လည်းစေတနာမှရှိအောင် တစ်ကားလုံးဦးတာ)

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ကွန်ပျူတာပထမနှစ်တုန်းကပါ။ ဇီးခြံသွားပြီးဇီးသီးသွားဝယ်တာ။ မေသက်၊ ဝေမောင်၊ ဇာခြည်စိုးနဲ့ မီးငယ် လေးယောက် နောက်ဆုံး အချိန်(၂)ချိန်မတက်ပဲသွားတာ)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ဇီးခြံ

ပထဆုံးသွားဖူးသော အသုဘ - မောင်မောင့် ဖေဖေ အသုဘ။ ( တကယ်ကို မမေ့နိုင်တာပါ။ မီးငယ်ရဲ့မွေးနေ့ ၃.၆.၂၀၀၅ မှာ သွားခဲ့ရတာပါ။ ကျောင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့လာပြီး သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုလုပ်မယ်ဆိုပြီး အားခဲခဲ့ကြပါတယ်။ မမျှော်လင့်ပဲ သီတာမောင်မောင့် ဖေဖေရဲ့ အသုဘကိုသွားကြရတယ်။)

ပထမဆုံး မီးငယ်ကို ရည်းစားစကားပြောခဲ့သူ - ချစ်ကိုကိုအောင်( ၄တန်းကတည်းကသူငယ်ချင်း၊ ၈တန်းရောက်တော့ရည်းစားစကားပြောတယ်။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ကြောပြဖူး တတ်ချင်တတ်..ဟဲဟဲ…

ပထမဆုံးရည်းစား - ကြောပြဖူး…တတ်ချင်တတ်ပလိုက်.. အတေပဲခံမယ်…(ကြောကြရင် လူတတ်ပွဲတွေဖြစ်ကုန်မှာပေါ့..ဟိ)

ပထမဆုံး Online မှာခင်သောသူငယ်ချင်း - ပြည့်စုံအောင်သန်း။ (ငယ်သူငယ်ချင်းလိုခင်သွားတာကိုပြောတာနော်။)

ပထမဆုံး ရိုက်ခြင်း ခံရသောအမှု - Golf Set ကိုယူဆော့ပြီးပြန်မထားသောကြောင့်။

ပထမဆုံး ရိုက်သူ - ဖေဖေ( နေရာ- ချောက်အိမ်မှာ( အိမ်နံပါတ်-၁၃)၊ အချိန်- ၂ နှစ်သမီးတုန်းက ဖေဖေရုံးကပြန်လာသောအချိန်)။

ပထမဆုံး ညာခဲ့သောအမှု - Report Card ကိုလက်မှတ်ထိုးခိုင်းတာလေ။( မေမေ့ကို Report Card က မပြရဲဖူး အဆင့်က၅ ကိုလျှောသွားတာကိုး။ မေမေက ရပြီးလားလို့မေးတော့ ရသေးဝူးလို့ပြောလိုက်တာပေါ့..ဟိ။ နောက်ပြီးကျောင်းသွားခါနီးမှ ပြတော့ စော်တာပေါ့..ဒေါသထွက်ပြီးတော့။ဟိ (၈)တန်းတုန်းကလေ။)

ပထမဆုံး စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရသော အဖြစ်အပျက် - (၉)တန်းနှစ် ကျူရှင်ကနေထွက်ပြီး ကားလမ်းကူးတာလေ ကားကကိုယ့်ရှေ့မှာ တစ်ပေတောင်မလိုတော့ဘူး။ ဟိ။ ကားမောင်းတဲ့လူကလည်းမနည်းကိုဘရိတ်အုပ်ရတယ်။နို့မိုဆိုမီးငယ်တို့ မာလကီးယားတာကြာပေါ့။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - အနှိုင်းမဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ) - နွဲ့ယဉ်ဝင်း ရဲ့ More Than I Can Say

ပထမဆုံး စင်ပေါ်တွင် သီဆိုခဲ့ဖူးသော သီချင်း - ချစ်သုဝေ ရဲ့ တကယ်ဆိုရင်။

ပထမဆုံး တီးမှုတ်ဖူးသောတူရိယာ - ပလွေ။ ( ကျောင်းမှာ (၇)တန်းရောက်ရင် ဘင်ခရာက မပါမနေရလေ။ အဲဒီတော့မှုတ်ရပြီပေါ့ ပလွေက)

ပထမဆုံး ဘလော့ပို့စ် - Mom & Me(ဓါတ်ပုံလေးပဲတင်တာပါ။)

ပထမဆုံးသူများ Tag ခြင်း ကိုခံရသော ပို့စ် - ပထမဆုံးများ

ပထမဆုံးသူများကို Tag သောပို့စ် - ရေးပေးပါ။ (ကလေးတွေး တွေးပြီး ပထမဆုံးစရေးပြီး… အစ်ကိုအစ်မတွေကို ပထမဆုံးTag ခါဒုက္ခပေးသော ပို့စ်လည်းဖြစ်ပါတယ်။ စိတ်အနှောက်အယှက်များရှိခဲ့ရင်တောင်းပန်ပါတယ်။)


ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ကိုဖိုးချမ်း.. (အပြင်မှာကတည်းကခင်တာလေ..ဟီး)

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ကိုဖိုးချမ်းဘလော့လေ…
မှတ်မိသမျှ ပထမဆုံးတွေကတော့အဲဒါပါပဲရှင်.... ကိုကြီးလင်းထက်ရေကျေနပ်ပါလားဗျို့...
အစဉ်အလာမပျက်ထပ် လိုက်ပါတယ်ဗျို့..
မမ၀ါ(Done)
မမလဲ့(Done)
ကိုကြီးဆိုးသွမ်း
ကိုဖြိုးငယ်(Done)
မမခင်ဦးမေ(Done)
သံလုံငယ်
ဟင်းလင်းပြင်

Sunday, August 31, 2008

ရေးပေးပါ...( Blog Day အမှတ်တယ)

ဒီနေ့ပြောချင်တာကတော့ မီးငယ်ရဲ့အကြောင်းလေးပါ…ရေးပေးပါ ဆိုတဲ့စာအုပ်ထဲက ပုံစံလေးကို နမူနာယူထားတာပါ။ ဟုတ်ကဲ့ စပြီးပြောပါတော့မယ်..
ကိုယ့်ရဲ့နာမည်….................................................... မီးငယ်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…....................................................အရူးမ၊ မျောက်၊ အမှိုက်၊ ကောက်ရိုး (ဟီးတော်ပြီဆက်ရေးရင်အကုန်ပေါ်တော့မယ်):D
ကိုယ်ဒီမှာနေတယ်….................................................... မေ့မေ့အိမ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….................................................... ၀၁-၃၃၇၇၆၆
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်….................................................... မိုးပြာရောင်
အ၀တ်အစားဆိုရင်….................................................... ကိုယ်နဲ့လိုက်မဲ့ဟာ
အစားအစာဆိုရင်….................................................... မြှီးရှည်၊ ရေခဲမုန့်၊ ၀က်သားဒုတ်ထိုး၊ အာပူလျှာပူ….(ကျန်သေးတယ်) :(
ပစ္စည်းဆိုရင်….................................................... အရုပ်၊ ဖိနပ်
သီချင်းဆိုရင်….................................................... အနှိုင်းမဲ့
စာရေးစာဆရာ….................................................... လူထုဒေါ်အမာ
စာအုပ်….................................................... so many
Life style….................................................... စိတ်ချမ်းသာတဲ့ဘ၀လေး
ကိုယ့်ရဲ့ဝါသနာ….................................................... တံဆိပ်ခေါင်းစုခြင်း
အလိုချင်ဆုံးလက်ဆောင်….................................................... ဖြူစင်တဲ့ခင်မင်မှု
ကိုယ့်ရဲ့ အချစ်ဆုံးသူက….................................................... မေမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက….................................................... မေမေ၊ ဘွားဘွား
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….................................................... သီရိ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….................................................... မေမေ၊ ဆန်းထွန်း
ကိုယ့်ရဲ့ အမုန်းဆုံးသူက ….................................................... မေမေက မုန်းတတ်အောင်သင်မပေးလိုက်ဖူး.. (မိုက်တယ်ကွာ တော်ကီက):P
ရင်အခုန်ဆုံးအချိန်….................................................... စာမေးတဲ့အချိန်... :D
အကြောက်ဆုံးအချိန်….................................................... သရဲကားကြည့်နေတဲ့အချိန်.. :P
အပျော်ဆုံးအချိန်….................................................... ရေခဲမုန့် ရေခဲချောင်းစားတဲ့အချိန်:D (မစားရသေးခင်ပဲသေးသေးသွားတယ်)..
အတည်ပြောမယ်… Assignment မရှိတဲ့အချိန်Classမရှိတဲ့အချိန်
အမှတ်တယနေ့….................................................... ၃.၆.၂၀၀၈ ၊ ၃.၆.၂၀၀၄
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….................................................... တောင်းတဲ့ဆုတိုင်းပြည့်ရပါလိုဧ။်အရှင်ဘုရား..:D
(တော်တော် လိုချင်တပ်မက်မှုကင်းတဲ့ ကလေးပဲ :D :P)
အချစ်ဆိုတာ….................................................... ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ်.. :P
အမုန်းဆိုတာ….................................................... အိမ်နားက အဒေါ်ကြီး… :D
အလွမ်းဆိုတာ….................................................... သတိရတာပေါ့…. :P
သံယောဇဉ်ဆိုတာ….................................................... မမြင်နိုင်ပေမဲ့ ဖြတ်ဖို့ခက်တဲ့ကြိုး...
ဘ၀ဆိုတာ….................................................... ပန်းချီကားတစ်ချပ်...
ကိုယ့်ဘ၀ကိုအလှပဆုံးရေးဆွဲနိုင်ဖို့ကြိုးစားကြရတယ်...
သူငယ်ချင်းဆိုတာ….................................................... နှိပ်စက်ဖို့…:D
ချစ်သူဆိုတာ….................................................... ခိုင်းစားဖို့… :P
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….................................................... Read my Profile.. :P
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….................................................... Never.. Never.. Never Give Up...
အပြောချင်ဆုံးစကားတစ်ခွန်း….................................................... Life is too short. Enjoy your Life before you die. :D
ကိုင်း ဒီနေ့တော့အစ်ကိုတွေအစ်မတွေညီမလေးတွေ ကိုနှိပ်စက် အဲအဲဟုတ်ပါဝူး.. ရေးဖို့ Tag လိုက်ပါတယ်… Tag ခံလိုက်ရတဲ့လူများကတော့…

(၁) ကိုဝင်းဆန်း(Done)
(၂)ကိုကြီး ကိုလင်းဦး(Done)
(၃) ကိုဖိုးချမ်း
(၄) မမလဲ့(Done)
(၅) Dream(Done)
(၆) ဆရာ Steven(Done)
(၇) မ megumi (Done)
(၈) ကိုရင်ညိန်း(Done)
(၉) ကိုဖြိုးငယ်(Done)
(၁၀) ကိုလင်းထက်(Done)
(၁၂) ကိုနတ်ရှင်နောင်(Done)
(၁၃) ကိုတေဇာ(Done)
(၁၄) ကိုလွမ်းလုင်(Done)
(၁၅) မမမီးလေး(Done)
(၁၆) ကိုမင်းကျန်စစ်(Done)
(၁၇) သံလုံငယ်(Done)
(၁၈)ကိုမီးပြတိုက်
(၁၉) မမခင်ဦးမေ(Done)
(၂၀) ဟင်းလင်းပြင်(Done)
(၂၁) ကိုတင့်ထူးရွှေ(Done)
(၂၂) ကိုကြီးဆိုးသွမ်း(Done)
(၂၃)ကိုရွှေရောင်ကောင်းကင်(Done)
(၂၄) ကိုစောမဏ္ဍိုင်
(၂၅) ကိုအညာသားလေး(Done)
(၂၆) မိုးတိမ်
(၂၇) ကိုညိမ်းညို
(၂၈)ကိုစိုင်းထွန်း(Done)
(၂၉) ကို ကိုရင်နော် မ မခင်လေးငယ်(Done)
If ရေးပေးလျှင် Then
အကူညီလိုတဲ့အခါ ကူညီမဲ့သူတွေများမှာဖြစ်ပြီး
Else
ကူညီမဲ့သူမရှိပဲဖြစ်မှာပါ... :D