ချစ်တဲ့သူငယ်လေ.............
သူငယ်ချင်းဆိုး.....ဂျပိုးထိုးဘက်တို့လေ....
နေ့ Chat ၊ည Chat ၊ မနက် Chat နှင့်
Chat ပြီးရင်းသာ Chat ချင်ပါလည်း....
Online မကောင်း Sever ဒေါင်းသည်
ကျွန်ုပ်တို့၏ ဒုက္ခတည်း....။
ဝေးမြေခြားတဲ့ ချစ်သက်ထားဆီ
စာလွှားပါးရန်၊ Mail ဖွင့်ပြန်တော့
ဟိုဘမ်းဒီဘမ်း၊ အကုန်ဘမ်းသည်
Free Mail မရ..တို့ဒုက္ခ...။
Planet, Bagan သင်တို့ထံတွင်
ကျွန်ုပ်အရေး၊ ၀င်ဆွေးနွေးလဲ
Moderator တော်ရှာပါသည်
ဘယ်ခါမရောက်၊ တော့ပစ်အောက်....။
Yahoo, MSN Messanger ပြန်လည်း
သုံးခွင့်မပေး၊ ကျွန်ုပ် မေးမည်
အလှကြည့်ရုံ လုပ်သလား.....
တစ်ခါ တစ်ရံပင်ပန်းပြန်လို့
အချိန်မနှေး၊ Chat ကိုပြေးသော်
Chat Room အရှင်၊ “ကိုကိုလွင်“ က
Maintain ရန် Chat ပိတ်ပြန်သည်
တစ်လ ကိုးသီတင်းကြာသတည်း.....။
သြော်.....
ရွှေပြည်သစ်ဆီ၊ တို့လှမ်းချီလို့
နိုင်ငံတကာ၊ ကမ္ဘာရွာတွင်
နောက်မကျအောင်၊ တို့စွမ်းဆောင်မည်
နောင်ထောင်စုနှစ်ရောက်ကာမှ.....။
အိုင်ချင်း အမည်မသိခေတ်စာဆို
သူငယ်ချင်းတစ်ယောက်က Forward Mail ကနေပို့လာတာလေးပါ....
Thursday, May 1, 2008
တို့ရဲ့Internet
Monday, March 10, 2008
ပြတင်းပေါက် XP
တစ်ဘ၀လုံးနဲ့ဆိုင်တဲ့
ကိုယ့်အချစ်တွေ Install လုပ်မရအောင်
နှလုံးသား Admin မှာ
Passwords ရှည်ရှည်တွေနဲ့
ခပ်တည်တည် မင်းပိတ်ထားရက်တယ်ပေါ့.....
Guest Account မှာ
ဧည့်သည် သူငယ်ချင်းတစ်ယောက်လို
နေထိုင်အသက်ရှင်ခွင့်ပေးတာပဲ....
ကျေးဇူးတင်လှပါပြီ....
Mouse တစ်ချက် Click ရုံနဲ့
တိုက်ဆောက်လို့ရတဲ့ ကောင်မျိုးမဟုတ်လို့
Free ရတဲ့ Software တွေပဲ
ခပ်တည်တည် ထိုင်သုံးရင်း
တဂျီဂျီဝယ်ခိုင်းနေတတ်တဲ့
Trail Version တွေကို
ပျစ်ပျစ်နှစ်နှစ် ဆဲနေပါရစေ....
တစ်ကယ်တော့ ကိုယ်ဟာ
Folder တွေ ၀က်ဝက်ကွဲအောင်
ဆောက်တည်ရရင် ကျေနပ်အားရသူပါ
ဖြစ်နိုင်ရင် ယုံမှားသံသယတွေ
Shift Delete လုပ်ပြီး
လန်းဆန်းနေတဲ့ အနာဂတ်အတွက်
Reset ချရအောင်
မင်းဘယ်တော့မှ
Shut Down မလုပ်ကြေးနော်.....
(ငလူ)
Saturday, March 8, 2008
Microsoft ဆုတောင်း...
ကျုပ်တို့ဆုတောင်း ၊ Cording များနှင့်
ဆန်းပြားအုပ်စုံ ၊ OS အစုံကို
အားနာပျပျ ၊ တစ်ခါမျှဖြင့်
ဝယ်ကာတရားဝင် ၊ သုံးဖူးသလော.....။
ထိုသို့မ၀ယ် ၊ Copy ထည်နှင့်
ရုပ်တည်ထိုင်သုံး ၊ တသက်လုံးမှာ
အားမနာပ ၊ သုံးပါဘိ...။
ကံဆိုးကြမ္မာငင် ၊ Virus ၀င်
ဘေးသီ Worm ခ ၊ Window ကျမှ
ကျေးဇူးမထောက် ၊ အသင်တယောက်မှာ
ဆဲဆိုပြစ်တင် ပြောချင်၏ ။
အစိုးမရ ၊ ဤလောက၌
Window ကျချင်ကျပါမည်။
မသမာမှုစည် ၊ဤလောကီတွင်
Virus ၀င်ချင်ဝင်ပါမည်။
တရားနှင့်ဖြေ ၊စိတ်ရှည်ရှည်နှင့်
ပွားများမေတ္တာထားပါလေ
သင့် Computer ၊ ဘေးကင်းကွာ
ကျန်းမာလန်းဖြာနိုင်ပါစေ.....။
(ဘကြီး Bill ... သို့)
(ငလူ ကဗျာအား ကူးယူထားပါသည်)