ဒီနေ့မီးငယ်ဟင်းချက်တဲ့အကြောင်းကိုပြောပြပ့မယ်။ မီးငယ်အရင်နေတဲ့အခန်းကထမင်းဟင်းချက်လို့မရပါဘူး။ ခုအခန်းကတော့မီးဖိုချောင်ပါပါတယ်။ ရေခဲသေတ္တာ၊Hot Plateနဲ့တစ်ချို့ပစ္စည်းတွေပါထည့်ပေးထားပါတယ်။ ဒါကမီးငယ်ပထမဆုံးမီးဖိုချောင်ဝင်ပြီးပထမဆုံးဟင်းချက်တာပါ။ ကြက်သားကကိုင်စရာမလိုပါဘူး။ အရိုးထုပ်ထားတဲ့အသားကိုအမြောင်းလေးတွေလှီးပြီးအသင့်လုပ်ထားတဲ့အသားကိုဝယ်ထားပါတယ်။ (မမစုကပြောတာတော့ ရင်ပုံသားတဲ့။ မီးငယ်တော့သိဝူး:D)။ သူဟာသူဘာသားဖြစ်ဖြစ်မကိုင်ရဖို့အရေးကြီးတယ်။:D ဘာရောဂါမှန်းတော့မသိဘူး။ အသားပျော့စိစိတွေမကိုင်ရဲဖူး။ တော်သေးတယ် ရေခဲသေတ္တာထဲထည့်ထားတော့ခဲသွားပြီးမာနေတာ။ အဲဒါနဲ့ ကြက်သားဟင်းချက်မယ်ပေါ့။ စဉ်းစားလိုက်တယ်ဒီအတိုင်းချက်လို့မကျက်ရင်ဒုက္ခပဲလို့ အဲဒါနဲ့အရင်ဆုံးကြော်လိုက်တယ်။ ပြီးမှ အသင့်ချက်လို့ရတဲ့ဟင်းအနှစ်ထုပ်ကို ဆီထဲထည့်လိုက်တယ်။ နည်းနည်းကြာတော့မှခုနကကြော်ထားတဲ့ကြက်သားနဲ့ပေါင်းလိုက်တယ်။ ပြီးတော့ ရေထည့်ပြီးတည်ထားလိုက်တယ်။ မြည်းကြည့်တော့ အငန်လိုတယ်ထင်တာနဲ့ ငံပြာရည်နည်းနည်းထပ်ထည့်လိုက်တယ်။ ၁၀မိနစ်လောက်နေတော့ ရေနည်းနည်းလျှော့သွားလို့ချလိုက်တယ်။ မြည်းကြည့်တော့ ငန်နေတယ်။ အဲဒါနဲ့Gtalkကိုဖွင့်ပြီး ကိုစိုင်းထွန်းကိုလှမ်းမေး။ အစ်ကိုက အသီးအရွက်ရှိရင်နည်းနည်းရောလိုက်တဲ့။ အစ်ကိုရေဘာမှမရှိဘူးဆိုတော့နည်းနည်းပဲငန်တာဆိုရင်ထမင်းနဲ့စားရင် သိပ်မသိသာဖူးတဲ့။ အဲဒါနဲ့မီးငယ်လည်းRoom-Mate ကိုအရင်ကျွေးလိုက်တယ်။ သူကအားနာလို့လားမသိဘူးကောင်းတယ်တဲ့။ ကဲမီးငယ်ရဲ့ဟင်းချက်စွမ်းရည်ကိုဒီလောက်ဆိုရင်တော့သဘောပေါက်လောက်ပြီထင်ပါတယ်။ မီးငယ်ကိုလည်းလိုအပ်တာရှိရင်ဝေဖန်ပေးသွားပါနော်။ ကဲချက်ထားတဲ့ဟင်းငန်ငန်လေးကိုစားကြည့်လိုက်ဦးနော်..

6 comments:
သိပ်ပြီး ငံပုံမပေါ်ဘူး။ ပို့စ်ဖတ်နေရင်းနဲ့ ရေဆာလာတယ်ကွ။ :D
ဟင်းကတော့ စားလို့ကောင်းပါတယ်။ (အားနာလို့) :P
အေး ငါ့ညီမလေး ပထမဆုံးချက်တဲ့ဟင်းစားရတာ
ကောင်းတယ်ဟေ့ ဟဟ ခက်တာက ထမင်းပါမကျွေးတော့ ခက်တယ်ကွ ထမင်းလည်းရှိဘူး
အဟီး ထမင်းပါချက်ကျွေး ဟားဟား
အငန်စားတဲ့ အကိုတောင် ငန်တယ် အဟဲ.. အင်း.......ငါ့ညီမ ချက်ကျွေးမယ့် ဟင်းကို တစ်သက်လုံး စားရမယ့် သူ့အတွက်တော့ ရင်လေးမိပါရဲ့ အဟိ..
အခုပဲအိမ်အောက် hawker centerကထမင်း
၅၀ဆင့်(န်)ဖိုးဝယ်လာပြီး...အန်တီငယ်ဘလော့ထဲ
ရောက်တော့ကြက်သားဟင်းတဲ့...ရှယ်ပဲ.ကြက်သား
ဟင်းမစားရတာကြာပြီ...ကြော်ချက်လေးကမဆိုးဘူး
ဧရာဝတီဆိုင်ကထက်တောင်ကောင်းသေးတယ်...
နောက်ဆိုမဆာလာလေးရော...အာလူးလေးပါ ထည့်
ပြီးချက်ကြွေးအုံးနော်...ညစာနဲ့မနက်စာပေါင်းစားသွား
တယ်.....တကယ် ရှဲရှဲ့
အယ် ထမင်းတော့ ပါဘူးလား ညီမလေး ။
ဗိုက်ဆာဆာ နဲ့လာခဲ့တာနော်။
ထမင်းမပါတော့ ဟင်းပဲယူသွားတော့မယ်။ အိမ်ကျမှ
ထမင်း နဲ့ စားမယ်နော်။
ငန် အဲ ကောင်း လှကြီးလားးးဘာလိုအဲလောက်တော်ရတာလဲ..ဟင်းချက်တာအရမ်းပမ်းပန်းမှပဲနော်...ငန်တာလက်ကဂျီးတွေရောသွားလို့နေမယ်..ဟဟ
Post a Comment