Wednesday, July 16, 2008

တအုံကျောင်းသား ဘ၀(၃)


တစ်ရက် အောင်သူကျော်က မေသက်ကိုစတာလွန်သွားလို့ မေသက်ကစိတ်ဆိုးပြီးကော်ဖီနဲ့ လောင်းချပြီး ထွက်လာတာတဲ့။ နောက်ဆုံးမီးငယ်လည်း အားနည်းတဲ့သူဘက်မှာနေလိုက်တယ်။ မီးငယ်နဲ့မေသက်ကတစ်ဖွဲ့ဟို၎ယောက်က တစ်ဖွဲ့ဖြစ်သွားရောပြောလို့သာပြောတာ မီးငယ်ကို၂ဖွဲ့လုံးကခေါ်ပါတယ်။ နေရာဆိုလည်းမီးငယ်အတွက်၂ဖွဲ့လုံးကနေရာဦးပေးတယ်လေ :D။ နောက်မီးငယ်တို့ ၂ယောက်မိန်းကလေးတွေချည်းပဲပါတဲ့ အုပ်စုနဲ့တွဲမိပါတယ်။ မီးငယ်နဲ့ကအဆင်သိပ်မပြေဘူး သူတို့ကတအုံတိုင်၂၀ပတ်လည်တွေလေတစ်ချိန်လုံးလျှောက် သွားနေတာ(မီးငယ်က 1st Year တုန်းကသိပ်မဆိုးသေးဘူး) မီးငယ်ကလမ်းအများကြီးမ လျှောက်နိုင်ဘူးလေ။အဲဒါနဲ့မေသက်ကအဲဒီအုပ်စုမှာကျန်ခဲ့ပြီး မီးငယ်တစ်ယောက်တည်း ဖြစ်နေတာပေါ့ မျိုးမြင့်အောင်ကလည်းကျန်တဲ့၃ယောက်နဲ့သိပ် အဆင်မပြေတော့ မီးငယ်နဲ့၂ယောက်တွဲမိရော အဲဒီအချိန်မှာပဲ ကိုဝင်းကို၊၀ဏ္ဏနဲ့နေတိုးတို့နဲ့ ထပ်ခင်တယ် Bodyguard ၄ယောက်နဲ့ပေါ့:D နောက်တော့မြင့်မာသူ(ဆုံးသွားပါပြီ)ရွှေရည်ဝင်း တို့အုပ်စုထဲကိုရောက်လာပြန်တယ်လေ မြင့်မာသူကိုမီးငယ်တို့ကဘွဲ့လွန်လို့ခေါ်တယ်။ သူ့ကိုဒုတိယနှစ်ကအစ်ကိုကြီးက အစ်မကဘွဲ့လွန်(D.C.Sc)တန်းကလားလို့မေးလို့ပါ။

သူ့မှာကနှလုံးရောဂါရှိတယ်လေ။ ဒုတိယနှစ်အောင်စာရင်းထွက်တာတောင်မသိပဲနဲ့ဆုံးသွားတာပါ ။ မီးငယ်တို့ကားစီးတာကလည်းနေတိုး၊ရွှေရည်ဝင်းနဲ့ဘွဲ့လွန်တို့ကြောင့်၈၂လမ်းကိုပြောင်း သွားပါတယ်။ တကယ်တမ်းမီးငယ်အိမ်က၈၂လမ်းကားဂိတ်နဲ့ပိုနီးပါတယ်။ ၈၂လမ်းကိုရောက် တော့ကိုလင်း၊ကိုပိုင်(ခုUKမှာ)၊ကိုအေးမင်းသူ(ဘီလူး)တို့အုပ်စုနဲ့ခင်သွားပါတယ်။ ကိုအေးမင်းသူကသွားစွယ်ပါ ပါတယ်အဲဒါကြောင့်ဘီလူးလို့ခေါ်တာပါ။ ကိုပိုင်မှာလည်းဦးထုပ်ဆိုင်ရှိပါတယ်။ မြစ်ငယ်တံတားထိပ်မှာ မော်တော်ပီကယ်တွေကဦးထုပ်လေးတွေကချွတ်ပြီးတန်းစီထားတာရှိပါတယ် ကိုပိုင်ကတစ်ရက်ကျောင်းကိုမော်တော်ပီကယ်ဦးထုပ်နဲ့ ရောက်လာတော့ဘယ်လိုဖြစ်

လာတာလဲဆိုတော့ ယူလာတာတဲ့သူ့မှာလည်းဦးထုပ်ပါရဲ့သားနဲ့ကိုဘယ်လိုတွေမှန်းလည်းမသိ ဘူးနည်းနည်းတော့ ဂေါက်ကြတယ်။ကိုလင်းရဲ့နာမည်ပြောင်က ဂေါက်သီးတဲ့ဟဲဟဲ မီးငယ်ကို သင်ပေးတဲ့လူကနင်မခေါ်ရဘူးတဲ့ ပြီးတော့သိသွားရင်လည်း ငါသင်ပေးတယ်မပြော ရဘူးတဲ့ မီးငယ်ကလည်း သမီးမုသားမသုံးတတ်ဘူးလို့ ပြန်ပြောလိုက်တော့တော်တော် စိတ်လေသွားတယ်လေ:D။နောက်တစ်ယောက်နာမည်က ကိုအားကွေ့တဲ့ သူ့နာမည်ကိုအုပ်စု ထဲကပဲသိတာပါ(မီးငယ်ပါတယ်လေ)။ တစ်ရက် ကိုအားကွေ့ကCanteen ဆင်းသွားတယ် မီးငယ်ကရေဗူးလိုချင်လို့လှမ်းမှာပါတယ်။ မီးငယ်တို့ကျောင်းက၃ထပ်ဆောင်ပါ။ ၃ထပ်ဆောင် အလယ်ကနေအော်ပြီး အောက်ကိုရေဗူးလှမ်းပြီးမှာတာပါ မီးငယ်လည်း သူ့နာမည်အရင်းကိုမေ့သွားပြီးဘာလုပ်ရမှန်းမသိလို့ ကိုအားကွေ့ဆိုပြီးလှမ်းအော်ပါတယ် သူကလုံးဝကိုအပေါ်မော့်မကြည့်ပါဘူး မီးငယ်ကလည်း မော့်မကြည့်မချင်းကိုအော်ခေါ်တာပါ နောက်ဆုံးအော်ပါများတော့ ဘာလဲဆိုပြီးအောက်ကနေ ပြန်အော်ပါတယ်အဲဒီတော့မှ ရေဗူးလိုချင်လို့ လို့လှမ်းပြောလိုက်ပါတယ် :D

သူ့နာမည်လည်း တစ်ကျောင်းလုံးသိသွားရော ဟိ ပြန်လည်းပြန်လာရော ဆူလိုက်တာမှပြောမနေနဲ့ လက်ဖက်ခြောက် တောင်ခတ်လို့ရတယ်။ ရေဗူးလိုချင်တာများ ကိုအားကွေ့ရေဗူးဝယ်ခဲ့လိုပြောလိုက်ရင်ငါကမ၀ယ်ပဲပြန်တက်လာမှာ လားတဲ့ ခုတော့ ငါကမော့်ကြည့်ရင်လူသိမှာဆိုးလို့ပါဆိုနေမှ မော့်မကြည့်မချင်းကိုအော်နေတာ ပဲတဲ့ မီးငယ်လည်းမကြားဘူးမှတ်လို့ပေါ့လို့ပြန်ပြောတော့ ညည်းအသံကိုစဉ့်ကိုင်ကနေဆိုရင် တောင်ငါကြားတယ်တဲ့:D ကျန်တဲ့လူတွေက မီးငယ်နဲ့ကိုအားကွေ့စကားများတာကို ကြည့်ပြီးရယ်နေကြတာပါ မီးငယ်ကလည်းမီးငယ်ကိုဆူလို့ဆိုပြီးမခေါ်ပဲစိတ်ကောက်တာပေါ့ နောက်ရက်ကျတော့ ကိုအားကွေ့က အတန်းရှေ့လာပြီးမီးငယ်နဲ့တွေ့ချင်လို့ဆိုပြီးလာပြော တော့သူငယ်ချင်းကိုဘယ်သူလဲလို့ မေးလိုက်လို့ပြောတော့ ကိုအားကွေ့လို့ပြောလိုက်ပါတဲ့ မီးငယ်စိတ်ကောက်နေမှန်းသိလို့ သူ့ကိုသူအားကွေ့လို့လာပြောတာပါ:Dမီးငယ်တို့ ထက်၁နှစ်နဲ့Semester၁ခုကြီးပါတယ်။ အကြီးတွေဆိုတော့မီးငယ်ဆိုးသမျှသည်းခံကြပါတယ်။

နောက်တစ်အုပ်စုကစာဂျပိုးအုပ်စုပါ။ ဒုတိယနှစ်ကပေါ့ သူတို့BathမှာRoll 1 to 10 ကို သူတို့၇ယောက်ကနေရာအပြည့်ယူထားတာပါ။ အတန်းထဲကနေအပြင်ကို ရေအိမ် သွားတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန် မထွက်ကြပါဘူး။ကောင်မလေးတွေနဲ့လည်းစကားပြောခဲ ပါတယ်။ သူတို့အုပ်စုထဲက ကျောက်ရုပ်လို့ခေါ်ခံရတဲ့ အစ်ကိုကြီးနဲ့မီးငယ်က ဆရာဝင်းနောင်(MCC)မိတ်ဆက်ပေးလို့ခင်သွားပါတယ်။ အစ်ကိုကမီးငယ်ကိုအရမ်းချစ်ပါတယ် (ရည်းစားမရခင်အထိပေါ့):D မီးငယ်လည်းအစ်ကို့ကိုအရမ်းချစ်ပါတယ်။ မသိတဲ့လူတွေဆို မောင်နှမလို့ထင်ပါတယ်။ မီးငယ်အတန်းအစ်ပြီးရွာထဲသွားရင် အစ်ကိုလည်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရွာထဲရောက်ရင် မီးငယ်ကလှေစီးတတ်လို့ပါ။ မီးငယ်ကရေမကူးတတ်ဖူးလေ။ အစ်ကိုကတခုခုဖြစ်မှာဆိုးလို့အမြဲလိုက်ပါတယ်။ ပြီးတော့အစ်ကိုကအရုပ်လည်းခေါက်တတ်ပါတယ် မီးငယ်ကိုလည်း စိတ်ကောက်တာကလွဲလို့ ကျန်တာဘယ်လောက်ဂျီကျကျ လုပ်ပေးပါတယ်။ မီးငယ်စိတ်ကောက်ရင် သူတော်တော်ကိုစိတ်ညစ်ပါတယ်။ သင်တန်းကသူငယ်ချင်းတွေနဲ့အောက်ဆင်းပြီးမုန့်စားရင်လုံးဝမကြိုက်ပါဘူးလိုက်လည်းမလိုက်ရပါဘူး။ အစ်ကိုကသင်တန်းမှာ အချိန်ပိုင်းစာသင်ပါတယ်။ညနေပြန်ရင်လည်းအတူတူပြန်ကြတာပါ။Programming ကိုပိုပြီးစိတ်ဝင်စားအောင်လည်း အစ်ကိုပဲလုပ်ပေးခဲ့တာပါ။

အစ်ကိုကြောင့်မီးငယ်ဆီမှာ ကလေးဆန်တဲ့အကျင့်တစ်ချို့ ပျောက်သွားခဲ့သလိုပဲ အစ်ကိုဆီမှာလည်းမီးငယ်အကျင့်တွေကူးသွားပါတယ်။ အဲဒီလိုနဲ့ပထမနှစ်စာမေးပွဲဖြေကြရောစာမေးပွဲနောက်ဆုံးနေ့မှာအစ်ကိုတို့က မီးငယ်တို့ကိုစောင့်ပါတယ် (မီးငယ်တို့ကညနေပိုင်း အစ်ကိုတို့ကမနက်ပိုင်းလေ)စာမေးပွဲခန်းထဲ ကမီးငယ်ငိုပြီးထွက်လာတော့ အစ်ကိုကစိတ်ပူပြီးဘာဖြစ်လာတာလဲတဲ့မဖြေနိုင်လို့လားတဲ့ အဲဒီနေ့ကတော်တော်များများ မဖြေနိုင်ကြဘူးလေ မီးငယ်ကတစ်ပုဒ်မရဘူးဆိုတော့ ခေါင်းကို ခွက်ကနဲမြည်အောင် ခေါက်ပါတယ် တစ်ပုဒ်ထဲနဲ့တဲ့သူများတွေများတွေများအောင်မှတ် တောင်အနိုင်နိုင်တဲ့:D

Monday, July 7, 2008

သူ

မနက်လင်းလို့ မြင်ယောင်မိတာ
သူ့မျက်နှာပါ
အတန်းတက်ရင်းကြားနေမိတာ
သူ့အသံပါ
Group Discussion နဲ့ Meeting ထဲမှာမျှော်မိနေတာ
သူ့ဖုန်းသံပါ
စာကျက်ရင်းနဲ့တွေးနေမိတာ
သူ့အကြောင်းပါ
အိပ်မက်ထဲမှာပိုင်စိုးထားတာ
သူမှသူပါ

၇.၄.၂၀၀၈ - ၇.၇.၂၀၀၈

ဒီနေ့ဘွားဘွားဆုံးတာ ၃ လပြည့်သွားပြန်ပါပြီ...ဘွားဘွားရေ..ကြာလာရင် မေ့ရမဲ့အစား ပိုပြီးတော့သတိရနေတယ်