Welcome Show in AIT for August 2008
Bond of Togetherness
Mr & Miss AIT - Thailand
Dancing
First Prize - Thailand
Second Prize - Nepal
Third Prize - Indonesia
Singing
First Prize - Nepal
Second Prize - Thailand
Third Prize - Indonesia
Drama
First Prize - Indonesia
Second Prize - India
Third Pize - Vietnam
ဆုကတော့ဘာတစ်ခုမှ မရဘူး။ ကောင်းရဲ့သားနဲ့ မပေးဘူး။ ကျေကိုမကျေနပ်ဘူး။ @#$% မျက်နှာကိုလိုက်တယ်။ အကဲဖြတ်တဲ့လူတွေက။ ပြောလိုက်ရင်တော့ Multi Culture, Multi National နဲ့။ လုပ်လိုက်ရင် တလွဲချည်းပဲ။ ခုလည်းကြည့်လေ ထိုင်းနဲ့ဗီယက်နာမ်ကိုပဲဆုကပေးသွားတာ။ လွန်ကိုလွန်လွန်းတယ်။ ထင်တော့ထင်ပါတယ်။ တစ်ခါလာလည်းဒီလူ၊ နောက်တစ်ခါလာလည်း ဒီရုပ်နဲ့ ။ ထွက်ကလည်းဒီလူပဲ၊ ပြဇာတ်ထဲလည်း ဒီမျက်နှာပဲ ဆိုတော့ မပေးချင်ဘူးနေမှာပေါ့။ ပြီးတော့ သူများနိုင်ငံတွေလို သံရုံးကလူတွေကို ဖိတ်မှ မဖိတ်နိုင်တာ(ဖိတ်လည်းလာမှ မလာတာ) အဲဒီတော့ သူများနိုင်ငံတွေထက်မျက်နှာငယ်ရတာပေါ့။ AIT မှာ မြန်မာ ဆိုရင် မျက်နှာမွဲပဲ။ Myanmar President ကတော့တော်တော်စိတ်ဆင်းရဲသွားတယ်။ဆုမရလို့တဲ့။ အဲဒီတော့ ဒေါ်မီးငယ်တို့က အပြုံးမပျက်ပဲ ဟာသပြောနေရတာပေါ့။ အကောင်းဆုံးလုပ်ခဲ့တာပဲလေဆိုပြီးတော့ ကျန်တဲ့လူလည်း အားပေးရသေးတယ်။ မနှစ်ကလိုများ စပြီးငိုလို့တော့ ကြည့်ကောင်းပဲ။ စိတ်ညစ်တယ်။ Assignment ကလည်းလုပ်ရသေး။ Presentaion အတွက်ကလည်းပြင်ရသေးတယ်။ Welcome Show အတွက်ကလည်း အပြေးအလွှားလုပ်ရတယ်။ Mr & Miss ပြိုင်ဖို့စီစဉ်ရတာလည်း မီးငယ်ပဲ။ အကသမားတွေ အကတိုက်ရင်လိုက်ကြည့်ရတာလည်းမီးငယ်ပဲ။ ပြဇာတ်အတွက်Powe Point လုပ်လဲမီးငယ်ပါတာပဲ။ နာဂစ်သီချင်းအတွကဆိုဖို့ကျင့်တော့လည်း လိုက်ဆိုရတာပဲ။ ဖတ်ဖတ်ကိုမောနေတာပဲ။ ပြီးတော့ ဆုကတစ်ခုမှ မရကြဘူး။ အော်သာငိုချင်တော့တာပဲ။ မနှစ်ကလိုသာငိုလို့ကတော့ Junior တွေကပါလိုက်ငိုမှာ။တော်ပြီဆက်မပြောတော့ဘူး။ ဒါနဲ့စကားမစပ် ညကကိုသားကြီးတို့အိမ်ကကြာဇံဟင်းကျွေးတယ်။ မဇင်မာဦး(ကိုသားကြီးအမျိုးသမီး)က ကလေးတွေပင်ပန်းလို့တဲ့။ အဟဲ။:D

4 comments:
စိတ်မညစ်ပါနဲ့..ယှဉ်ပြိုင်ခြင်းသာအဓိက လို့ သဘောထားလိုက်ပါ..(ကိုယ်မပင်ပန်းတိုင်း သူများကို နှစ်သိမ့်နေတာ)..
အို ဆုကို ဘယ်သူ ပေးပေး မပေးပေး အစ်မပေးတယ်။
မမခင်ဦးမေလိုပဲ မမလည်း ဆုပေးမယ်။ ဘယ်သူနဲ့ ပြိုင်ပြိုင် မီးငယ်ပထမပဲ :kiss
ကျွန်တော့်တုံးက စက်ဘီးအစုတ်လေး စီနီယာ၂ဆက်အကျ ဆိုတော့ခိုးမယ့်လူကိုရှိဘူးဗျ။ welcome show မှာမြန်မာက မရတာတော့သိပ်မဆန်းတော့ပါဘူးဗျာ။ Miss AIT ကိုမြန်မာရတာတော့ ကြုံဘူးတယ်။ ဘာပဲဖြစ်ဖြစ် AIT က ညီမလေးကို bloggerအနေနဲ့တွေ့ရတာ ၀မ်းသာတယ်ဗျာ။ ကျွန်တော့် site မှာ link ထားလိုက်ပြီ
Post a Comment