Showing posts with label သူငယ်ချင်းများ. Show all posts
Showing posts with label သူငယ်ချင်းများ. Show all posts

Monday, October 6, 2008

Congratulations My Beloved Friends!


ခန့်ညားရေ...စာမေးပွဲဖြေကတည်းကနင့်အကြောင်းကိုငါကြားပြီးသားပါ။ နင်အောင်မယ်ဆိုတာလည်းငါယုံကြည်ခဲ့တယ်(သီရိကတော့သိတဲ့အတိုင်းပဲလေ..:P)။ ငါ့သူငယ်ချင်းအောင်မြင်မှုတွေကိုဒီထက်မကပိုင်ဆိုင်နိုင်ပါစေ...ဆရာမလည်းပျော်နေမှာပဲနော်...ဆရာမကိုစိတ်ချမ်းသာအောင်ထားပါဟာ.. မိဘဆိုတာမသေခင်စိတ်ချမ်းသာအောင်ထားရတာပါ.. ဇော်ဝေနဲ့လည်းလက်တွဲနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်... By the way, ကိုချမ်းငြိမ်းရောနေကောင်းတယ်ဟုတ်...ငါလည်းသတိရတယ်ပြောလိုက် :P
သီရိရေ..နင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုအောင်မြင်ဖို့အတွက်ပထမတံခါးပေါက်ကိုဖွင့်လို့ရသွားလို့ နင်နဲ့ထပ်တူထပ်မျှဂုဏ်ယူပါတယ်။ လမ်းဆုံးထိအောင်မြင်မှုတွေနဲ့လျှောက်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။သီရိရေ..ငါနင့်ကိုတစ်ခုပြောချင်တယ် ဘ၀မှာတစ်ချို့အခွင့်အရေးတွေကနှစ်ခါပြန်မရတက်ဖူးနော်။ နင်အဲဒါလေးကိုတော့မမေ့ပါနဲ့ဟာ။ နင်အောင်မြင်နေသည်ဖြစ်စေကျရှုံးနေသည်ဖြစ်စေနင်ဘေးမှာနင့်မိသားစုနဲ့တူတူ ငါပါရှိနေမှာပါ.. အယူအဆတွေကွဲလို့ခံယူချက်တွေမတူလည်း နင်ကငါ့ရဲ့ထာဝရသူငယ်ချင်းပါ။ နေကောင်းအောင်လည်းနေ..တနေကုန်နေပူထဲ ဆိုင်ကယ်တစ်စီးနဲ့လိမ့်မနေနဲ့။ ဒီတစ်ခါနဲ့ဆိုရင် နင်ဆေးရုံတက်ရတာ(၃)ခါရှိနေပြီ။ ငါမပြောချင်တော့ဘူး..ပြောရင်းနဲ့ဒေါသကထွက်လာပြီ။(နင့်ကိုတကယ်မကျေနပ်ဘူး။ ငါ့မှာတော့စိတ်ပူနေရတာကို..နင်ကစသေးတယ်...ငါ့မှာလန့်သွားတာပဲ...နင်တော့ကစ်ခံရမယ်)ဒီဇင်ဘာပြန်လာရင် နင်တို့နှစ်ယောက်One Tableတော့ကျွေးရမယ်နော်။

Tuesday, August 26, 2008

ချစ်ချစ်လေးများ(၁)



မောင်နှမ မရှိတဲ့သူတစ်ယောက်အဖို့ သူငယ်ချင်းဆိုတာ မောင်နှမလိုပါပဲ။ မီးငယ်မှာ သူငယ်ချင်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ မီးငယ်အပေါ်မှာ တကယ်ခင်တဲ့သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ ငယ်ငယ်တည်းကခင်တဲ့သူတွေရှိသလို တက္ကသိုလ်ရောက်မှ ခင်တဲ့သူတွေလည်းရှိပါတယ်။


ပထမဆုံးပြောချင်တာက မူကြိုကတည်းကနေခုထိပေါင်းနေတဲ့ ကောင်မလေးပါ။ သူ့နာမည်ကဇင်ဇင်တဲ့.. ခုတော့ဆရာဝန်မကြီး ဖြစ်နေပြီလေ။ အချစ်ဆုံးသူငယ်ချင်းတွေကို ပြပါဆိုရင် သူကထိပ်ဆုံးကနေပါမှာပါ။ သူနဲ့က ခြောက်တန်းရောက်တော့ကွဲ သွားတယ်လေ။ သူ့ဖေဖေက မိထ္ထိလာကိုပြောင်းရတော့ သူတို့မိသားစုပါလိုက်ပြောင်းရတာပေါ့။ Honsတက်တော့မှသူနဲ့ပြန်တွေ့ဖြစ်တာပါ။ မီးငယ်ကသူ့ကိုငယ်ငယ်တည်းကအရမ်းခင်တာပါ။ သူကတော့ငယ်ငယ်တုန်းကအဲသလောက်မခင်ဘူးလေ။ ခုတော့မီးငယ်မှမီးငယ်ဖြစ်နေတာ ထိုင်းကလာမဲ့နေကလည်းငိုလိုက်တာ မနည်းချော့ရတယ်။ ဒီဇင်ဘာပြန်တုန်းကလည်းငို ခုမေလပြန်တုန်းကလည်းငိုနဲ့ :) (ရည်းစားကတောင်မငိုဘူး သူချည်းငိုနေတာ :P :P) သူကအရမ်းကိုအေးတဲ့သူပါ။ ပြီးတော့ သူ့ကိုအားမရတာက ခုချိန်ထိ ဆိုင်ကယ်လည်းမစီးတတ် ကားမောင်းတတ်ဖို့ကဝေးရော Internet လည်းမသုံးတက် Gmail တောင်မီးငယ်လုပ်ပေးထားလို့ရှိတာ။ ဘယ်နေရာသွားချင်ချင် သူ့မှာက သူများကိုအားကိုးနေရတာလေ ဒါပေမဲ့ ကိစ္စတစ်ခုကို ၀ုန်းဒိုင်းကျဲ ဖြေရှင်းတတ်တဲ့မီးငယ်ကို ဘေးကနေစိတ်ရှည်ရှည်ထားဖို့အမြဲတမ်းပြောနေတတ်တဲ့သူပါ။ သူနဲ့တွေ့ဖို့ကခက်ပေမဲ့ တွေ့တဲ့အချိန်တိုင်းမှာတစ်ယောက်နဲ့တစ်ယောက်စိမ်းမနေပဲ အမြဲတမ်းနွေးထွေးနေတဲ့ သူပါ။


နောက်တစ်ယောက်ကလည်း အထက်တန်းကျောင်း(အ.ထ.က-၈)ကတည်းခင်လာတာပါ။ မီးငယ်နဲ့သူကရှစ်တန်းကျမှ ကောင်းကောင်းစခင်တာပါ။ မှတ်မိသေးတယ် ခုနှစ်တန်းနှစ်တုန်းက နှစ်ယောက်သားရန်ဖြစ်ဖူးတယ်။ ဒါပေမဲ့ရှစ်တန်းရောက်တော့ အရမ်းချစ်တဲ့ သူငယ်ချင်းတွေဖြစ်သွားတာ..ဟိ။ သူက သီရိတဲ့။ မီးငယ်နဲ့ ခင်တဲ့သူအများစုကတော့ သူ့ကိုမစိမ်းကျပါဘူး။ သိကြမှာပါ။ သူ့ကလေလိုပဲဖမ်းရတာ အရမ်းခက်ပါတယ်။ ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်နေတာပါ။ သူ့အိမ်ကလည်း မီးငယ်နဲ့ဆိုရင် တော့သူ့ကိုဘယ်နေရာဖြစ်ဖြစ်သွားခိုင်းပါတယ်။ ကျန်တဲ့သူတွေနဲ့ဆိုရင်တော့ လုံးဝကိုမလွှတ်ပါဘူး။ တစ်ခါကလည်း မေမြို့ကိုအိမ်ကနေမသိအောင်ဆိုင်ကယ်နဲ့ ခိုးပြီးတတ်တယ်တဲ့။ အိမ်ကလည်းသိရော သူ့ဖေဖေကဆူတယ်လေ နောက်ပြီး သူ့ကိုဆိုင်ကယ်မပေးပဲထားပါတယ်။ အဲဒါသူ့က သူ့ကိုကူပြောပေးရမယ်တဲ့။ မီးငယ်လည်း ပြောလိုက်တယ် နင့်ဖေဖေမလို့ဆူရုံဆူတာ ငါသာဆိုအရိုက်ပဲဆိုပြီးပြောတာကို သူ့ဖေဖေက ကြားပြီးရယ်လိုက်တာ မပြောပါနဲ့တော့။ ပြီးရင် စာမေးပွဲနီးရင် လုပ်ပါဦး ငါစာမရသေးဘူးဆိုပြီး ဖုန်းဆက်ပြီ။ ပြီးရင် ဗေဒင်ဆရာဆီသွားရတာလဲအမော။ သူနဲ့ မီးငယ်နှစ်ယောက်ပေါင်းဆိုရင် ဗေဒင်ဆရာငိုပါတယ်။ သူစင်င်္ကာပူမှာနေတုန်းကလည်း သူ့ကြောင့်လူကြမ်း ဖြစ်ရတာလည်းခဏ ခဏပဲလေ။ ခုတော့မြန်မာပြည်မှာ B.E ပြန်တက်နေလောက်ပြီ။ ဒီတစ်ခါပြန်ရင် သူကမန်းလေးမှာရှိနေမှာဆိုတော့ အမှတ်(၈)ကို သွားပြီးမုန့်သွားစားရမယ်..ဟိဟိ


နောက်တစ်ယောက်က ယမင်းတဲ့။ နာမည်နဲ့လိုက်အောင်ကို ယမင်းရုပ်လေးလိုလှတဲ့ သူငယ်ချင်းပါ။ သူနဲ့ကလည်း အမှတ်(၈)ကျောင်းကတည်းကနေ ခုချိန်ထိခင်လာတဲ့ သူငယ်ချင်းပါ။ ရှစ်တန်းနှစ် ပထ၀ီသင်ခဲ့တုန်းကလည်းသူတို့အိမ်မှာပါပဲ။ ကျောင်းမှာ သန့်ရှင်းရေးတာဝန်ကျတဲ့နေ့ အခန်းထဲမှာလိုက်ပြီး သန့်ရှင်းရေးလုပ်ပေးတာလည်း သူ့မေမေပဲ။ နေ့လည်ထမင်းကျောင်းဆင်းရင် ဘာအအေးသောက်မလဲဆိုပြီး အမြဲဝယ် ပေးခဲ့တာလည်း သူ့မေမေပဲလေ။ (၉)တန်း အင်္ဂလိပ်စာ ကျူရှင်အပ်ပေးတာလဲသူ့မေမေပဲ။ ကွန်ပျူတာ တက္ကသိုလ်ရောက်တော့ ရွှေမန်းမေတွေက ကားကြပ်တယ်မစီးချင်ဘူး အော်ကြလို့ ဖယ်ရီရှာပေးတာလဲ အန်တီမို့ပဲလေ။ အန်တီမို့ကတော့ မွေးစားအမေလိုကိုဖြစ်နေပြီ။ တစ်ခါတစ်လေ ဖုန်းဆက်ပြန်ရင်လည်း သမီးဘာစားချင်လည်း အန်တီမို့ပို့ပေးမယ်။ ဟိုရောက်ရင်ဝတ်ဖို့ မြန်မာအကျီင်္ဆိုလည်း ချုပ်ပြီးသား။ သမီးရင်းနဲ့မခြား မီးငယ်ကို ဂရုစိုက်တာပါ။ မီးငယ်အိမ်ကလည်း မုန့်ဆိုလည်းယမင်းဖို့၊လွယ်အိပ်ဆိုလည်း သူ့ဖို့ မပါရင်မပြီးပါဘူး။ သူ့ကအကျီဝတ်တာလည်းမီးငယ်တို့ထက် ပိုပြီး ခေတ်မှီပါတယ်။ သူက နားကပ်အရမ်းကြိုက်ပါတယ်။ ပြန်တိုင်းသူ့ဖို့နားကပ် ဆန်းဆန်းပြားပြားလေးတွေ
ရှာရတာကလည်းအလုပ်တစ်ခုပါ။ နောက်တစ်ခုမီးငယ်နဲ့တူတာက တံဆိပ်ခေါင်းစုတာ ၀ါသနာပါ ပါတယ်။ သူနဲ့ မီးငယ်လည်း တံဆိပ်ခေါင်းလဲရတာအမောပါ။


နောက်တစ်ယောက်ကတော့ မေသက်လို့ခေါ်ပါတယ်။ တအုံရောက်မှ ခင်ကြပေမဲ့ ငယ်ငယ်တုန်းကတည်းကခင်လာတဲ့သူတွေလိုပါပဲ။ အရမ်းကို အတွဲညီတဲ့သူငယ်ချင်းပါ။ သူနဲ့မီးငယ် နဲ့စကားပြောရင် ဘေးကလူတွေကသြချရပါတယ်။ရေပက်မ၀င်ပြောနိုင်လို့ပါတဲ့။ သူနဲ့ကလည်းဇင်ဇင်လိုပါပဲ။ နောက်ပိုင်းကျတော့ ယူတဲ့ major ချင်းမတူတော့ အတန်းကွဲသွားတာပေါ့ ကျောင်းပြီးကတည်းက ခုထိကိုမတွေ့ဖြစ်တော့တာပါပဲ။


တတိယနှစ်ရောက်မှ ထပ်ပြီးငယ်ပေါင်းလိုခင်ခဲ့ရတဲ့သူက မို့မို့ပါ။ သူကနယ်ကနေလာပြီး ကျောင်းတက်တဲ့သူပါ။ မီးငယ်နဲ့ major တူလို့တွဲဖြစ်ခဲ့ပါတယ်။ သူက သူများတွေကိုဆို အနိုင်ကျင့်ပါတယ်။ လူတိုင်းနီးပါးကလည်းသူ့ဆို အလျှော့ပေးကြပါတယ်။ မီးငယ်နဲ့ ဆိုရင် တော့သူကအလျော့ပေးပါတယ်။ မီးငယ်ပြန်တဲ့ အချိန်တိုင်း သူနဲ့လျှောက်လည်နေကြပါ။ မီးငယ်က စားချင်တဲ့ဟင်းကိုပြောရင်လည်း သူကောင်းကောင်းမချက်တတ်ပေမဲ့ ရအောင်ချက်လာပေးတဲ့ သူငယ်ချင်းပါ။


နောက်တစ်ဖွဲ့ကတော့(၉)တန်းတုန်းက အုပ်စုပါ။ အဲဒီအုပ်စုမှာကယောကျာ်းလေးတွေချည်းပါ။ စုစုပေါင်း(၈)ယောက်ပါ။ (၃)ယောက်က ဆေးကျောင်းရပြီးတော့ (၂)ယောက်ကတော့ တက်ကြပါတယ်။ (၁)ယောက်ကတော့ စင်ကာင်္ပူကိုထွက်သွားပါတယ်။ ကျန်တဲ့လူတွေကတော့ ရတနာပုံမှာတက်ကျတယ်လေ။ ခုနောက်ဆုံးခေါက်ပြန်တော့ မွေးနေ့မှာ သူတို့အားလုံးနဲ့ တွေ့ဖြစ်တယ်လေ။ မင်းမင်းကလွဲလို့ပေါ့။ (၉)တန်းတုန်းက အကြောင်းတွေကိုပြန်ပြောပြီး ရယ်ကြပါတယ်။ မီးငယ်ကို တူတူပုန်းတိုင်းကစားတုံးက သေတ္တာထဲထည့်ပြီး ပြန်ထုတ်ဖို့မေ့နေတာ။ ပြီးတော့ သူတို့ Table Tennis ကစားတဲ့အခန်းထဲကိုဝင်လာတုန်း ဘောလုံးမှန်လို့အော်ငိုတာ။ နောက်ဆုံးတစ်ခုက အိမ်ပေါ်ထပ်မှာ ဘောလုံးကန်ကြပြီး ဘုရားစင်ကိုမှန်လို့ ဆူခံရတာ။ ကျန်တဲ့အချိန်တွေမှာဘယ်လောက်ပဲသတ်သတ် ဆရာမ ကိုစာပြန်တဲ့အချိန်ဆိုရင် အားလုံးကတည့်နေကြပါ။ ဆရာမကို မီးငယ်ကစာပြန်တယ်ဆိုရင် ယောကျာ်းလေးတစ်ယောက်က ဆရာမနောက်ကနေပြီးတော့စာအုပ်ကိုထောင်ပြီး စာဖတ်နေတာပါ။ သူတို့စာပြန်ရင်လည်း မီးငယ်တို့ကအဲသလိုလုပ်ကြတာပါ။ စာမေးပွဲဖြေခိုင်းရင်လည်း အမြဲတည့်ပါတယ်။ ပြီးတော့ရှိသေးတယ် ဈေးချိုထဲခေါ်သွားပြီးတော့ ဈေးအလယ်ခေါင်မှာထားခဲ့တယ်လေ။ မီးငယ်က မန်းလေးသူလို့သာပြောတာဈေးချိုထဲကို ကောင်းကောင်းမသွားတတ်ပါဘူး။ သူတို့အိမ်တွေက ဈေးချိုထဲမှာ ဆိုင်တွေရှိတော့ကျွမ်းကျတာပေါ့။ နောက်ဆုံးကျတော့ သိန်းမေတ္တာ(အလှကုန်)က ဘယ်လိုသွားရလဲဆိုပြီး လိုက်ပို့ခိုင်းတော့ အန်တီမွှေး(မင်းမင်းရဲ့မေမေ)ဆီကရောက်မှ ကျူရှင်သင်တဲ့အိမ်ကို ပြန်လိုက်ပို့ခိုင်းရပါတယ်။


နောက်ဆုံးတစ်အုပ်စုကတော့ ကွန်ပျူတာကောလိပ်က သူငယ်ချင်းတွေပါ။ လိပ် လို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။ သူကလည်း မီးငယ်ကို အရမ်းသည်းခံပါတယ်။ ဘယ်လောက်နှိပ်စက်စက် အပြုံးမပျက်တဲ့သူပါ။ မုန့်စားချင်လို့ Canteen ကိုဆင်းပေးပါဆိုပြီး ဂျီကျရင်လည်းလုပ်ပေးတာပါပဲ။ ရေခဲမုန့်စားချင်တယ် ပူဆာလို့ စဉ့်ကိုင်ထိသွားဝယ်ပေးကျတာလဲ ဒီသူငယ်ချင်းတွေပါပဲ။ နင်တော့ နာတော့မယ်လို့ အမြဲကြိမ်းနေပေမဲ့ ဆိုးသမျှကိုသည်းခံပေးပါတယ်။ သူစိတ်မရှည်တော့ရင်တော့ အမေရေသားတော့လူပေါင်းမှားပြီ ဆိုပြီးအော်တတ်ပါတယ်။ ခုချိန်ထိလည်း အွန်လိုင်းပေါ်တက်လာရင် ချစ် ဆိုပြီး တက်လာတာပါ။ ပြီးတာနဲ့ ငါကနင့်ကိုလွမ်းနေတာဆိုပြီး စပြောတာပါ။ မီးငယ်ကလည်း အလျှော့မပေးပဲသူ့ကိုနိုင်အောင်ပြောပါတယ်။ နောက်ဆုံးသူပဲ အရှုံးပေးပြီး တော်ပြီမပြောနဲ့တော့ဆိုပြီး စစ်ပြေငြိမ်းစကားစပါတယ်။ နောက်တစ်ခုက သူက ချိန်ပါ ပါ။ သူချိန်လိုက်တဲ့ကောင်မလေးတွေဆို အမြဲတမ်းသူများနောက်ကိုပါသွားပါတယ်။ သူ့ကိုဆိုရင် မီးငယ်တို့က လိပ်ကြီးရယ်ငါတို့ကိုချိန်ပေးစမ်းပါ။ ငါတို့လည်းသူများ နောက်ကိုပါချင်လို့ ဆိုပြီးပြောရင်အရမ်းဒေါကန်ကြပါတယ်။


ဒါကတော့မီးငယ်အပြင်လောကမှာခင်တဲ့သူငယ်ချင်းတွေပါ။ နောက်ရက်တွေကျမှအွန်လိုင်းကနေခင်တဲ့သူငယ်ချင်းတွေအကြောင်းကိုရေးမယ်နော်။

Saturday, April 26, 2008

မိုး

ဘာရယ်တော့ဟုတ်ပါဝူး... AITမှာမိုးရွာနေရို့ပါ... မိုးကညနေပိုင်းဆိုရွာရွာနေတာ.. တပါတ်လောက်ရှိပီ.. ညဆိုရင် စောင်ချုံရတယ်...

မိုးရွာတော့ လူက ဟိုလူ့လွမ်းတာရို ရို.. ဒီလူပဲ တတိရ ရမှာ လိုလိုနဲ့... ဟီး....ငယ်ငယ်တုံးကတော့ မိုးရွာရင် အိမ်ပြင်ထွက်ပီး စက်ဘီးစီးတယ်... မိုးရွာထဲ မှာ စက်ဘီးစီးရတာ.သိပ်အရသာရှိ..ပြီးတော့ ၀က်သားဒုတ်ထိုးစား...(ကြောရင်းနဲ့ သရေတောင်ကျလာပီ) မေသူ၊ဘုတ်ဘုတ်၊ကိုရဲ၊ ချစ်ကို တို့နဲ့သွားစားကြတာ...
ခုများတော့ တစ်ကမ္ဘာစီ ခြားခဲ့ပီလေ.....

နောက်တော့ တအုံမိုး....
တအုံ မှာမိုးရွာရင် သိပ်ပီးစိတ်ညစ်ဖို့ကောင်းတာ..ဘာရို့ရဲဆိုတော့ သိကြတဲ့အတိုင်းလယ်မြေယာတောကိုသိမ်းပီးကျောင်းဆောက်..အဲ မှားလို့....တန်ရာတန်ကြေးပေးပီးကောလိပ်ဆောက်ထားတာလေ....ဟဲဟဲ...(နင်တို့အေးအေးချမ်းချမ်းနဲ့စာသင်နိုင်အောင် တိတ်ဆိတ်တဲ့နေရာပို့ထား တာတဲ့) မီးငယ်ကြောတာဟုတ်ဝူးနော်... GCC(Mdy) တစ်ထုလုံးရဲ့အချစ်တော်..ဒေါ်ယမထကြောတာမိုးလဲရွာရောCanteenကိုတွားလို့ရတော့ဘူး...မရွာခင်ရောက်နေတဲ့ကောင်လည်းပြန်လာရို့ရတော့ဘူး...ပြတ်ရော
မြေကြီးကမိုးရွာရင်စီးထန်းသွားတာဘယ်လိုမှလမ်းကကောင်းကောင်းတွားရို့မရ၀ူး..ချော်လဲမှာလည်းကြောက်ရတေးတယ်...ပီးတော့ဖိနပ်အောက်မှာရွံ့ကတစ်ပုံတစ်ခေါင်းပါလာတေးတယ်...ဖိနပ်လည်းနစ်တေးတယ်...မိုးရွာပီဆိုCanteenကနေကျောင်းပေါ်ကိုပြန်တက်တဲ့လှေကားမှာကျောင်းသားတိုင်းဖိနပ်ကိုရွံ့ခြစ်ရတာအမော မီးငယ်ချိုမိုးရွာရင်Canteenကိုဆင်းရမှာအရမ်းကြောက်တာပဲ( တအုံမှာCanteenကိုသွားတယ်လို့မကြောကြ၀ူး မီးငယ်တို့နှစ်ကလူတွေကဆင်းတယ်ပဲကြောတယ် ဘာလို့ရဲဆိုတော့ မီးငယ်တို့နှစ်ကလူတွေကိုထိန်းမနိုင်လို့ကျောင်းအပေါ်ဆုံးထပ်မှာထားတာ။

နှစ်တိုင်းပဲဒုတိယနှစ်တစ်နှစ်ပဲ အောက်ဆုံးထပ်နေဘူးတယ်) မီးငယ်ကကျောင်းမှာPointဒေါက်ပဲစီးတာလေသိတဲ့အတိုင်းမြေကြီးထဲဝင်လို့ကတော့မနဲ့ကိုပြန်ဆွဲနှုတ်ရတာလေ..ဆွဲနှုတ်ပေးမဲ့လူပါရင်တော်သေး..မဟုတ်လို့ကတော့သေပီဆရာပဲ...တူနယ်ဂျင်းတွေကသည်းခံကြတယ်..ဖိနပ်နစ်လည်းဆွဲထုတ်ပေးတာပါပဲ..ပွစိပွစိလုပ်ရင်းပေါ့...မျိုးမြင့်အောင်ဆိုပိုဆိုး.သူကအရမ်းရှက်တတ်တာနင်ကတော့လုပ်ပီလူကြားထဲဆိုရင်ဆိုပီးအမြဲဆွဲထုတ်ပေးတာ..သည်းအခံဆုံးကတော့ လိပ်ပဲ..ပီးရင် နေတိုးနဲ့ကြွက်စုပ်တစ်ရက်လည်းကိုလင်းနဲ့ Canteenကိုဆင်းတာ Assignmentမပီးရို့ကူလုပ်ပေးပါချိုရို့ဆင်းတွားကြတာ..

ဆင်းတုန်းကတော့ နေပူလိုက်တာပီးလည်းပီးရောရွာပါလေရောအသည်းအသန်ကိုရွာတာကျောင်းဆင်းတဲ့အထိကိုမတိပ်ဝူး..နောက်ဆုံးတစ်ကိုယ်လုံးအစိုခံပီးတော့ပြန်ရတယ်..Assignmentတွေကိုတော့ရေမစိုအောင်လုပ်ပီးတော့ပေါ့.. ကားပေါ်လည်းရောက်ရော ကားပေါ်က..ကလေးတွေလဲတစ်ကိုယ်လုံးရွဲရို့..ဟဲ့ဘယ်လိုဖြစ်ကြတာလဲမေးတော့..သူတို့လည်းCanteenနေတက်လာတာတဲ့ကောင်းရော..ကိုတွက်ကဆူတာကိုကြောမနေနဲ့ သူ့ကားတခုလုံးလည်းရစရာမရှိဘူးလေစိုရွဲနေတာပဲ...ကိုတွတ်နဲ့ကမောင်နှမလိုဖြစ်နေကြပီလေတစ်ကားလုံးက..သူ့ကားစီးကြတာကလည်း၂နှစ်ရှိနေပီလေ...

အော်ခုတော့.... AIT Library မှာပေါ့..ဟီး..ဟီး...ဗြဲ..ဗြဲ...GtalkမှာCustom MessageကိုAITမှာမိုးရွာနေပါတယ်ဗျို့လို့ပဲတင်နိုင်တာပေါ့နော်...
NO အဖွဲ့ရဲ့ မိုးသီချင်းကိုနားထောင်ကြည့်ကြပါနော်...