Showing posts with label စားမယ်..၀ါးမယ်... Show all posts
Showing posts with label စားမယ်..၀ါးမယ်... Show all posts

Thursday, June 25, 2009

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ :P


ဒီနေ့တော့ ဘာရယ် မဟုတ်ပါဘူး။ မန်းလေးက စားစရာတွေကို သတိရနေမိတယ်။

အကိုနဲ့ ပထဆုံးရောက်ဖူးတဲ့ ဗထူးကွင်းနားက မြှီးရှည်ဆိုင်။ ရတနာပုံဈေး အရှေ့ပေါက်နားက မြှီးရှည်ဆိုင် ကလည်း ၂၀၀၂ ခုနှစ်က တည်းက စားလာ ခုချိန်ထိပဲ။ မီးငယ်တို့က အဲဒီဆိုင်မှာ ဆိုရင် မုန့်စားရုံတင်မကဘူး ပုဂံတွေပါ ခွဲတာ။

(၁၆)ကျောင်းနားက မြင့်လွင် ၀က်သားဒုတ်ထိုး။ နောက်ပြီး လမ်း(၈၀)တရုတ်တန်းအဟောင်းနားက ၀က်သားဒုတ်ထိုး။ အဲဒီဆိုင်က ဈေးကြီးတယ်။ ဒါပေမဲ့ ဆိုင်က သန့်တယ် စားလို့လည်းကောင်းတယ်။ ထမင်းလည်းရတယ်။ မီးငယ်တို့ အုပ်စု(၄ယောက်) သွားရင် တစ်ခါတစ်ခါရှင်းရင် ၂-၃သောင်းကြားအမြဲရှင်းရတယ်။ ဟီး ၀က်သား သိပ်မကြိုက်ကြဘူးနော်။

(၈၂)လမ်း ဒေါ်ရှိ ထမနဲ့ နားက အာပူလျှာပူဆိုင်။ အဲဒီဆိုင်က အာပူလျှာပူအပြင် ထမင်းသုပ်၊ မုန့်ဟင်းခါးသုပ်၊ သဘောင်္သီးသုပ်၊ လက်ဖက်သုပ်၊ ဒညင်းသီးသုပ်၊ အသုပ်စုံ၊ ရှောက်သီးသုပ်၊ မုန့်တီသုပ်၊ ငါးဖယ်သုပ် အစုံရတယ်။ နေ့လည် (၁၁)နာရီလောက် ကနေညနေ (၅)နာရီလောက်ထိရတယ်။ ဖေဖေနဲ့ မေမေက အဲဒီဆိုင်က ထမင်းသုပ်ကို စားတယ်။ ကျန်တဲ့ ဆိုင်က ဟာတွေကို မစားဘူး။ အချိုမှုန့်ပါလို့တဲ့။ အဲဒီဆိုင်ကတော့ ကိုယ်ပြောသလို ဖြစ်နေတဲ့ဆိုင် ဆိုတော့ သူတို့စားရတာ အဆင်ပြေတယ်။ အဲဒီဆိုင်မှာ ဘယ်လောက်စားတယ် မစားတယ် မီးငယ် ထိုင်လိုက်တာနဲ့ ငါးဖယ်သုပ် နဲ့ အာပူတစ်ပွဲ နံနံပင်မထည့် ဆိုပြီး တမ်းအော်တော့တာပဲ။ဟိ

ပြီးရင် လမ်း(၈၀)ပေါ်က ဖောင်တော်သီ အအေးဆိုင်။ ဆန်ပြားလိပ် နဲ့ အအေးသောက်ရတာလဲ စည်းစိမ်တစ်မျိုးပဲလေနော်။ မီးငယ်ကတော့ စတော်ဘယ်ရီ၊ သံပရာရေနဲ့ ဆန်ပြားလိပ် အမြဲလိုလိုစားဖြစ်တယ်။ သွားစရာရှိရင်လည်း သူငယ်ချင်းတွေအဲဒီမှာတွေ့ဖို့ ချိန်းကြတာများတယ်။

နောက်ပြီးတော့ လမ်း(၈၀)ပေါ်ကပဲ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲဆိုင်။ အဲဒီဆိုင်က မီးငယ်တို့ ဟိုးငယ်ငယ်ကလေးတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြက်ပေါင်းက မီးငယ် နှာခေါင်းထဲတော့ မညှီဘူး။ တခြားဆိုင်တွေက အနံက ညှီတယ်လို့ခံစားရတယ်။

တစ်ခါတစ်လေ ညနေပိုင်း လမ်း(၃၀)နားက လိပ်ခုတ်ဆိုင်။ လိပ်ခုတ်ဆိုလို့လန့်သွားလား။ ပလာတာကို ပဲထည့်ပြီးလိပ်ထား ပြီးတော့ ခုတ်ထားလို့ လိပ်ခုတ်လို့ ခေါ်တာ။

မနက်ပိုင်း Oriental House က Dim Sum ။ ဒါပေမဲ့ စားတာနည်းနည်းများလာရင် ညှီလာရော။ အဲဒါကြောင့် သိပ်မစားဖြစ်ဘူး။ Dim Sum ဆိုရင် Shadow လက်ဖက်ရည်ဆိုင်က ဟာကိုစားတာများတယ်။ နောက်ပိုင်း Skywalk ဖွင့်လာတော့ အဲဒီအပေါ်မှာလည်း ဆိုင်ရှိတယ်လေ။

နောက်ပြီး စားဖြစ်တာက ရွှေတောင်တန်းက ကြေးအိုး။ (၆၂)လမ်းဆိုင်မှာ သွားစားဖြစ်သလို Skywalkပေါ်မှာလည်းစားဖြစ်တယ်။ Mr.Brown နဲ့ Ginza Pan ကလည်းဖောက်သယ်တွေပဲ။

နောက်ပြီး (၇၃)လမ်း JJ café မှာလည်းစားတယ်။ အဲဒီမှာ အမြဲလိုလိုစားဖြစ်တာက ငါးအသားချောင်းကြော်နဲ့ ကော်ဖီ နဲ့ JJ ထမင်းကြော် စားတာများတယ်။ နောက်ပိုင်းကျတော့ အတွဲတွေ များလာတော့ စိတ်ညစ်ရတယ်။း(

ဘာဂါ စားကြမယ်ဆိုရင်တော့ B သုံးလုံးကိုသွားကြတယ်။ အဲဒီမှာကတော့ European Food တော်တော်စုံစုံရတယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီမှာစားတာများတယ်။ JJ ကိုသိပ်မသွားကျဘူး။

(၇၃)လမ်းက ရှမ်းခေါက်ဆွဲဆိုင်လည်းကောင်းတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ သွားစားကြရင်လည်း လူက အယောက်(၂၀)လောက်။ ပြီးလို့ ပိုက်ဆံရှင်းရင် ဘယ်တော့မှ စုမရှင်းဘူး။ တစ်ယောက်ချင်းစီရှင်းကြတာ။ မျက်နှာငယ်လေးနဲ့ ပိုက်ဆံတွက်ရတဲ့ ဆိုင်ရှင်တွေကိုလည်း သတိရပါရဲ့။

မန်းလေးကန်တော်ကြီးက နာမည်ကြီးတဲ့ မိုးကောင်း အသုပ်ဆိုင်လည်းသွားကြတယ်။ ဆေးဘဲဥ သုပ်ကတော့ မီးငယ်က ပုံမှန်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ချိုချိုဖြူ ဆိုင်က ကြာဇံချက် နဲ့ရွှေတောင်ခေါက်ဆွဲ သုပ်ကလည်း စားကောင်းတာပဲ။

အိမ်ကလူကြီးတွေနဲ့ ဆိုရင်တော့ 12 ပန်းနားဆိုတဲ့ ရှမ်းဆိုင်ကိုသွားစားဖြစ်တယ်။ ခုနောက်ပိုင်း စီချွမ်းဟော့ပေါ့ရတဲ့ ဆိုင်လည်း သွားတယ်။ ဟော့ပေါ့အရည်က ရန်ကုန်က ရွှေကောင်းဟော့ပေါ့လောက် မကြိုက်ဘူး။ အိမ်ကလူကြီးတွေနဲ့ သွားစားရင် ဈေှးနှုန်းကိုခေါက်ချိုးပြောဖို့သာ ပြင်ထား။ နို့မိုရင်တော့ မစားဘူးချည်းပဲ ပြောတာ ခံရမယ်မှတ်။

လမ်း(၈၀)နဲ့(၃၈)လမ်းထောင့်က ကော်ပြန့်ကြော်လည်း စားကောင်းတယ်။ ရိုးရိုးကော်ပြန့်၊ ငါးဖယ်ကော်ပြန့် နဲ့ ငုံးဥကော်ပြန့်ဆိုပြီးရှိတယ်။ ငါးဖယ်နဲ့ ငုံးဥကော်ပြန့်က တစ်ထုပ်ကို (၁၅၀) ဆယ်ခုပါတယ်။ ခုတော့ ဈေးမသိတော့ဘူး။ မေမေက ငါးဖယ်ကော်ပြန့် အ၇မ်းကြိုက်တယ်။ အဲဒီဆိုင်ရဲ့ အနောက်ဘက် ကောက်ညှင်းပေါင်းနဲ့ အကြော်ဆိုင်လည်း သတိရတယ်။

(၃၅)လမ်း န၀ရတ်ရိပ်သားနားက မာလာဟင်းဆိုင်တွေလည်း သတိရတယ်။အကင်စုံစား မာလာဟင်း၊ မာလာငါးစားနဲ့ ပျော်စရာကြီး။

သောက်ကျမယ်ဆိုရင်တော့ ကန်တော်ကြီး ကုက္ကိုလ်ကျွန်းထဲက ဆိုင်ကကောင်းတယ်။ မိသားစု၊ သူငယ်ချင်းတွေ ချည်းပဲဆိုရင် နေရာလည်းကျယ်တယ်။ ရတဲ့အစားအသောက်ကလည်း မဆိုးဘူး။ ဈေးနည်းနည်းကြီးတာကလွဲလို့။ မီးငယ်တို့ သူငယ်ချင်းကောင်လေးတွေ သောက်မယ်ဆိုရင် အဲဒီသွားတာများတယ်။ အဲဒီမှာက အရက်နဲ့ ပါတ်သတ်တာမျိုးစုံရတယ်။ ဘီယာဆိုင်လိုလည်း မဟုတ်တော့ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင် လူအမြင်တင့်တယ် တယ်လို့ထင်ပါတယ်။

နောက်ပြီး သွားစားတတ်တဲ့နေရာ တစ်ခုကတော့ တောင်သမန်အင်းက ပုဇွန်ကြော်၊ ငါးကြော်ပါပဲ။ လှေလည်းစီး၊ မုန့်လည်းစား အတွဲလည်းချောင်းရင်းပေါ့။ တစ်ခါတစ်လေ ရတနာပုံတက္ကသိုလ် ထဲထိ သွားပြီး မုန့်စားကြပါသေးတယ်။

ဈေးချိုထဲမှာလည်း မြန်မာမုန့်တွေက စုံတယ်နော်။ မုန့်စိမ်းပေါင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်လိပ်ပြာ၊ ကြိတ်မုန့်၊ မုန့်ဘိုင်းတောင့်၊ မုန့်လင်မယား၊ မုန့်ပစလတ်၊ တို့ဟူးသုတ် အစုံပါပဲ။ မီးငယ်တို့ အုပ်စုကတော့ ဗိုက်ဆံသမျှ အကုန်ထည့်တာပါပဲ။ ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် အေးရော။ :D

အမှတ်(၈) မုန့်ဈေးတန်းကလည်း မီးငယ်တို့ မုန့်သွားစားနေကျနေရာပါ။ ခုချိန်ထိလည်း ပြန်ရင် သူငယ်ချင်းတွေစုပြီး ဆရာမတွေသွားတွေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲဝင်ပြီး မုန့်စားတုန်းပါ။ ကျောင်းပြီးပြီးချင်းတုန်းကတော့ အိမ်နားက ကလေးတွေက ဘာဝယ်ခဲ့ပေးပါဆိုပြီး မှာစားတာ။ ခုနောက်ပိုင်း အဲကလေးတွေလည်းကျောင်းပြီးရော။ အုပ်စုလိုက်ကျောင်းသွားပြီး မုန့်စားတော့တာပါပဲ။ သေချာတာကတော့ အဲဒီနေ့ ဗိုက်လည်းပြည့်တယ်။ ပိုက်ပိုက်လည်း သိပ်မကုန်ဘူး။ ဆရာမတွေက သူတို့ သမီးတွေက သူတို့ကို အမှတ်တယ နဲ့လာတွေ့တယ်ဆိုပြီး မုန့်တွေ ၀ယ်ကျွေးတယ်လေ။ ဟီး ကျောင်းက လက်ဖက်သုပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး အရမ်းစားလို့ကောင်းတယ်။ ကျောင်းဆင်းရင်ကျောင်းရှေ့ပေါက်က ကြက်ဥခေါက်မုန့် ၀ယ်ပြန်တယ်။

နောက်ပြီးတော့ စစ်ကိုင်းကောင်းမှုတော်က အကြော်ကလည်းစားလို့ကောင်းတယ်နော်။ မီးငယ်တို့ကတော့ ကျောင်းလစ်ပြီးကို သွားစားကြတယ်။ မင်းကွန်းခေါင်းလောင်းကြီးနားမှာ ရောင်းတဲ့ အကြော်ဆိုင်လည်းကောင်းတယ်။ မြစ်ငယ်တံတားနားက ရွှေကျွန်းပင် လက်ဖက်ရည်ဆိုင်က ကြံရည်လည်းကောင်းတယ်။

ပြန်ရင်တော့ အဲဒီဆိုင်တွေမှာ သွားစားဦးမယ်။

Thursday, December 11, 2008

Bangkok ထဲမှာတစ်နေ့တာ....

မနက်က ဘန်ကောက်ထဲကိုသွားပါတယ်... ဈေးလျှောက်ပါတ်တာပါ( Window Shopping ပေါ့)။ မုန့်တွေတော့အကုန်စားခဲ့ပါတယ်။ဆိုင်နာမည်က Sukishi တဲ့။ Japan စားသောက်ဆိုင်ပါ။ နောက်ပီးရေခဲမုန့်လည်းစားခဲ့သေးတယ်(ပိန်ဦးမယ်နော် :D )






Sunday, October 5, 2008

ခေါက်ဆွဲကြော်

ခုနက ဘလော့လည်ရင်းနဲ့ မမခင်ဦးမေဆီသွား..မမစားသမျှငမ်း။ နောက်ပြီး မမ၀ါဆီသွား...မမ၀ါချက်ထားသမျှကိုကြည့်သရေကျ။ အဲကနေ မမဇနိဆီရောက်တော့လည်းစားစရာတွေချည်းပဲ။ ဒီတစ်ပါတ်စားစရာတွေတော်တော်များတယ်။ :( အဲသလိုနေနေတုန်း ကိုသံလွင်Heroရဲ့လင့်ကို မမလဲ့ကလှမ်းပေး။ သွားလိုက်ပြန်တော့လည်းစားစရာ...စိတ်ကိုညစ်ရော။ စာမေးပွဲနီးလို့လူက ခေါင်းကနာသလိုလို၊ ဗိုက်ကပဲကိုက်သလိုလို၊ အိမ်ပဲလွမ်းတာလိုလို နဲ့ လိုလိုပေါင်းသောင်းခြောက်ထောင်နဲ့ ရစ်စရာလူကလည်းတစ်ယောက်မှ မရှိနဲ့ ဒါတောင်မမလဲ့အရစ်ခံလိုက်ရသေး..ဟိ။ နောက်ဆုံးပိတ်ကျတော့ဘာလုပ်ရမှန်းမသိတာနဲ့ ခေါက်ဆွဲကြော်စားမယ်ဆိုပြီး အစားအသောက်ဘက်လှည့်သွားရော။ (စိတ်ညစ်ရင်စားပေးရတယ်။ ဗိုက်လည်းပြည့်ရောစိတ်ညစ်စရာလည်းပျောက်ရော။) ဖြစ်ပုံကိုပြောပြဦးမယ်။ ပထမဆုံး ရေနွေးတည်၊ ဆူလာတော့ Ready Madeခေါက်ဆွဲထုပ်ကိုဖေါက်ထည့်။ အဲဒီအထိဟုတ်နေသေးတယ်။ ပြီးတော့မှမုန့်ညှင်းရွက်နဲ့ ငါးဖယ်လုံးကိုထည့်လည်းထည့်လိုက်ရော။ လစ်ရောပဲ။ ခေါက်ဆွဲကပျော့နေပြီ မုန့်ညှင်းရွက်နဲ့ငါးဖယ်လုံးက မကျက်သေးဘူး။ အဲဒါနဲ့ ဟုတ်တော့ဟုတ်သေးဘူးဆိုပြီးမီးခဏပိတ်လိုက်ရော။ အဲပီးတော့မှ ခေါက်ဆွဲကိုဆယ်ပြီးပန်းကန်ထဲထည့် ဟိုနှစ်ခုကိုဆက်ပြုတ်။ ရေခန်းတော့မှ ခေါက်ဆွဲထုပ်ထဲကပါတဲ့ဆီထည့်။ ခေါက်ဆွဲထည့်။ ပါတဲ့အမုန့်တွေထည့်။ အားလုံးထည့်ပြီးတစ်ခါပြန်ပြီးမီးဖိုပေါ်တင်။ နောက်ပြီးခေါက်ဆွဲက လူမမာခေါက်ဆွဲလိုဖြူဖတ်ဖြူရောဖြစ်နေတာနဲ့ ကြာညို့(ထင်တာပဲ ဟုတ်မဟုတ်တော့မသိဘူး) ထည့်ပြီးမွှေ။ နည်းနည်းလေးကြာတော့မှချ။ စားကြည့်တော့လည်း မဆိုးပါဘူးစားလို့တော့ရပါတယ်..:Dဒီတစ်ခါမငန်တော့ဘူး။ သူငယ်ချင်းအောင်သူကျော်ပြောတဲ့စကားလေးသတိသွားရတယ်...နင်ထမင်းဟင်းမချက်တတ်လို့စိတ်မညစ်နဲ့တဲ့..နင်ခေါက်ဆွဲပြုတ်တတ်ရင်တသက်လုံးမငတ်ဘူးတဲ့။ မဆိုးဘူးအောင်သူကျော်ရေ..နင့်သူငယ်ချင်းခေါက်ဆွဲပြုတ်ရုံတင်မကဘူး။ ကြော်ပါကြော်တတ်လာပြီ။ :D စားသွားကြပါအုံး။

Sunday, September 28, 2008

အတွေ့အကြုံ(21.9.08)

ဒီနေ့မီးငယ်ဟင်းချက်တဲ့အကြောင်းကိုပြောပြပ့မယ်။ မီးငယ်အရင်နေတဲ့အခန်းကထမင်းဟင်းချက်လို့မရပါဘူး။ ခုအခန်းကတော့မီးဖိုချောင်ပါပါတယ်။ ရေခဲသေတ္တာ၊Hot Plateနဲ့တစ်ချို့ပစ္စည်းတွေပါထည့်ပေးထားပါတယ်။ ဒါကမီးငယ်ပထမဆုံးမီးဖိုချောင်ဝင်ပြီးပထမဆုံးဟင်းချက်တာပါ။ ကြက်သားကကိုင်စရာမလိုပါဘူး။ အရိုးထုပ်ထားတဲ့အသားကိုအမြောင်းလေးတွေလှီးပြီးအသင့်လုပ်ထားတဲ့အသားကိုဝယ်ထားပါတယ်။ (မမစုကပြောတာတော့ ရင်ပုံသားတဲ့။ မီးငယ်တော့သိဝူး:D)။ သူဟာသူဘာသားဖြစ်ဖြစ်မကိုင်ရဖို့အရေးကြီးတယ်။:D ဘာရောဂါမှန်းတော့မသိဘူး။ အသားပျော့စိစိတွေမကိုင်ရဲဖူး။ တော်သေးတယ် ရေခဲသေတ္တာထဲထည့်ထားတော့ခဲသွားပြီးမာနေတာ။ အဲဒါနဲ့ ကြက်သားဟင်းချက်မယ်ပေါ့။ စဉ်းစားလိုက်တယ်ဒီအတိုင်းချက်လို့မကျက်ရင်ဒုက္ခပဲလို့ အဲဒါနဲ့အရင်ဆုံးကြော်လိုက်တယ်။ ပြီးမှ အသင့်ချက်လို့ရတဲ့ဟင်းအနှစ်ထုပ်ကို ဆီထဲထည့်လိုက်တယ်။ နည်းနည်းကြာတော့မှခုနကကြော်ထားတဲ့ကြက်သားနဲ့ပေါင်းလိုက်တယ်။ ပြီးတော့ ရေထည့်ပြီးတည်ထားလိုက်တယ်။ မြည်းကြည့်တော့ အငန်လိုတယ်ထင်တာနဲ့ ငံပြာရည်နည်းနည်းထပ်ထည့်လိုက်တယ်။ ၁၀မိနစ်လောက်နေတော့ ရေနည်းနည်းလျှော့သွားလို့ချလိုက်တယ်။ မြည်းကြည့်တော့ ငန်နေတယ်။ အဲဒါနဲ့Gtalkကိုဖွင့်ပြီး ကိုစိုင်းထွန်းကိုလှမ်းမေး။ အစ်ကိုက အသီးအရွက်ရှိရင်နည်းနည်းရောလိုက်တဲ့။ အစ်ကိုရေဘာမှမရှိဘူးဆိုတော့နည်းနည်းပဲငန်တာဆိုရင်ထမင်းနဲ့စားရင် သိပ်မသိသာဖူးတဲ့။ အဲဒါနဲ့မီးငယ်လည်းRoom-Mate ကိုအရင်ကျွေးလိုက်တယ်။ သူကအားနာလို့လားမသိဘူးကောင်းတယ်တဲ့။ ကဲမီးငယ်ရဲ့ဟင်းချက်စွမ်းရည်ကိုဒီလောက်ဆိုရင်တော့သဘောပေါက်လောက်ပြီထင်ပါတယ်။ မီးငယ်ကိုလည်းလိုအပ်တာရှိရင်ဝေဖန်ပေးသွားပါနော်။ ကဲချက်ထားတဲ့ဟင်းငန်ငန်လေးကိုစားကြည့်လိုက်ဦးနော်..

Thursday, September 25, 2008

ပင်ပန်းသောတစ်နေ့တာ....

AIT ရောက်ကတည်းက အပင်ပန်းဆုံးရက်ကိုပြပါဆိုရင်(၂၄.၈.၂၀၀၈) တနင်္ဂနွေနေ့ပါပဲ။ ဘာလို့လဲဆိုတော့ရှင်းပြမယ်နော်…အဲနေ့ကမနက်(၉)နာရီထိုးတော့အိပ်ရာကနေထ..ရေမိုးချိုးမနက်စာ စားပြီးတော့(၁၀)နာရီထိုးကို မမသန္တာတို့အိမ်ကိုအရောက်သွားတယ်။ ညနေကျရင်မမအိမ်မှာ မြန်မာFamily တစ်ခုလုံးကိုထမင်းကျွေးမှာလေ။ မမက ကိုရီးယားမှာPh.D သွားတတ်ရမှာဆိုတော့။ မြန်မာပြည်တုန်းကလည်း Senior ခုလည်း Seniorပြီးတော့အိမ်နဲ့ကလည်းသိတော့ သွားကူလုပ်ပေးတာပေါ့။ ကူလုပ်ပေးမဲ့ အငယ်တွေအားလုံးကိုချိန်ထားတာက(၁၀)နာရီ တစ်ယောက်မှရောက်မလာကြဘူး။ မီးငယ်တစ်ယောက်ပဲရောက်တယ်။ အစောဆုံးရောက်တဲ့သူဆိုပြီးအစ်မကဆုချသေးတယ်..Teddy Bearလေးပေးတယ်ဆုတဲ့..မီးငယ်တို့သိပ်စိတ်ဆိုးတာပေါ့..အဟဲ…အဲဒါနဲ့အစ်မက မနက်စာစားပြီးပြီလားတဲ့..ဟုတ်..ဆိုတော့ ပဲနံပြားထပ်ကျွေးတယ်..ဘန်ကောက်ထဲကနေ၀ယ်လာတာတဲ့..ဟုတ် အစ်မ ဆိုပြီးစားလိုက်တာပေါ့… Senior စကားလေနားမထောင်လို့ဘယ်ကောင်းမလဲနော့်…ဟိ အဲဒါနဲ့ဟိုအရွက်ကိုတောက်တောက်ဆင်း ဒီအသီးကိုခွဲလိုက်နဲ့ နေ့လည်(၁၂)နာရီထိုးသွားရော။ အဲဒါနဲ့နေ့လည်စာ အစ်မတို့အိမ်မှာပဲစားတာပေါ့။ စားပြီးတော့အစ်မကရေခဲမုန့်ကျွေးပြန်ရော။ ပြီးတော့ဒီအသီးတွေနွှာဆိုတော့မီးငယ်က အစ်မ ခရမ်းသီးနှပ်မှာလားလို့မေးတော့ ဘယ်ကလာခရမ်းသီးနှပ်ရမှာလဲအဲဒါဘူးသီတွေတဲ့။ သိမှမသိပဲကိုနော့်လေ…ဘူးသီးလေးတွေကခရမ်းသီးလေးတွေလိုပဲသေးသေးလေးတွေကိုး။ နောက်(၂)နာရီထိုးတော့အစ်မကိုခွင့်တောင်းပြီးခဏပြန်ခဲ့တယ်။ ညနေကျမှပြန်လာမယ်ပေါ့။ အစ်မကလည်း ညနေ(၅)နာရီလောက်ပြန်လာခဲ့တဲ့။ အဲဒါနဲ့အဆောင်ပြန်အိပ်တာပေါ့။ ညနေကြတော့အစ်မဆီသွားမလို့လုပ်နေတုန်းကို မမငယ်ဆီကနေဖုန်းဝင်လာပြန်ရော။ ညစာကျွေးမလို့တဲ့…အဟီး မမဘယ်အချိန်လာရမှာလဲဆိုတော့ (၇)နာရီလောက်တဲ့။ ဟုတ်မမ လာခဲ့မယ်ပေါ့။ မမသန္တာအတွက်မှာထားတဲ့ ပန်းခွေအဲလေ ပန်းခြင်းကိုလဲသွားယူပြီးတော့ အစ်မဆီသွားရော။အဲအိမ်လည်းရောက်ရောအားလုံးကစားနေကြပြီ။ မီးငယ်ကိုနောက်ကျလို့တဲ့ နာရီကြည့်တော့(၆)နာရီခွဲပဲရှိသေးတယ်။ ၀က်သားနှပ်၊ ၀က်သားဒုတ်ထိုးရယ်၊ ကြက်သားနဲ့ဗူးသီးရယ်၊ ၀က်ခေါက်ကင်ရယ်၊ အစိမ်းကြော်ရယ်၊ ချဉ်ပေါင်ဟင်းရယ်နဲ့ညစာစားကြရတာပါ။ အစ်မက မပြန်နဲ့အုံးပြီးရင် ပုဇွန်ကင်စားရအောင်နေအုံးလို့တားပေမဲ့…တော်ပြီအစ်မနောက်တစ်ပွဲရှိလို့ဆက်ကူးမယ် ပြီးမှတစ်ခေါက်ပြန်ခဲ့မယ်လို့ပြောပြီး နောက်တစ်ပွဲဆက်ကူးတာပေါ့။ နောက်တစ်ပွဲကလည်း ကြက်သားချက်၊မျှဉ်ချဉ်ချည်ရည်ရယ် Seafood salad နဲ့ပွဲတော်တည်ရတာပေါ့။ ပြီးတော့မှမမငယ်ချစ်သူရဲ့မွေးနေ့ဖြစ်နေတယ်။ ညစာထပ်စားပြီးတော့ ဘုရားခန်းသွားကြတယ်။ မမငယ်ချစ်သူက နီပေါဆိုတော့သူလည်းဗုဒ္ဒဘာသာပဲပေါ့။ ဘုရားပန်းလဲရင်းနဲ့နောက်ရက်ကျရင်သွားကမယ်လို့ချိန်းလိုက်ကြပြန်ရော။ ဘုရားခန်းကနေပြန်လာပြီးအခန်းထဲဝင်ရုံရှိသေးတယ် မမသန္တာကတစ်ခေါက်ဖုန်းဆက်ပြန်ရော လာခဲ့အုံးပုဇွန်ကင်တာလာစားအုံးဆိုတော့ အားနာပါးနာနဲ့ သွားစားရပြန်တာပေါ့….ဟိတကယ်ပြောတာပါ မီးငယ်ဆိုရင် အဲဒီနေ့က တော်တော်ကိုပင်ပန်းပါတယ်။ ဗိုက်တွေဆိုတင်းလို့၊ သွားတွေဆိုနာလို့။ ကဲကဲ အားကျအောင်လို့ လက်ဆောင်ရတဲ့အရုပ်ကိုကြွားရင်းဟင်းတွေကိုသရေကျရအောင် တင်ပေးလိုက်မယ်နော်….
ဒါကတော့ဆုရတဲ့အရုပ်... :P

ဒါတွေက မမသန္တာတို့အိမ်မှာကျွေးတဲ့ဟင်း...ချည်ရည်ဟင်းကတော့မေ့လို့မရိုက်လိုက်ရဘူး..ဟီး...



အောက်ဆုံးကပုံတွေကတော့ မမငယ်နဲ့စားခဲ့တဲ့ဟင်းတွေ...သရေမကျကြနဲ့နော်...


ဒါတွေကတော့ အချိုပွဲတွေပါ...စားကြည့်နော်...ဟိ (ငှက်ပျောသီး၊ ပန်းသစ်တော်နဲ့ သရက်သီး)


ဒါကတော့ လာစားတဲ့ အုပ်စုချည်းတစ်စုလုံးရိုက်ထားတာပါ...(ခက်တော့တာပဲ မမငယ်ကခေါ်လိုက်ရင်လည်းမိန်းကလေးတွေးချည်းပဲ သူ့ကောင်လေးကဖိတ်လိုက်ရင်လည်း နီပေါကောင်လေးတွေချည်းပဲ....ကြာရင်ကြိုက်ကုန်ကြလိမ့်မယ်တဲ့...မီးငယ်တို့ရဲ့ Senior Seniorအစ်ကိုကြီးကိုဆန်းလွင်ထွေးကပြောပါတယ်)


ကျန်သွားလို့ မမမြတ်သန္တာအတွက်ပန်းခြင်းကြီး..ဟီး..(အစားမက်နေတာနဲ့မေ့သွားလို့)

Wednesday, August 27, 2008

ဖက်ထုပ်ပြုတ်

ဒီနေ့တော့ နောက်ထပ်လုပ်စားဖြစ်တဲ့ ဖက်ထုပ်ပြုတ်ကို မစားလိုက်ရတဲ့သူတွေ သရေကျအောင်…အဲလေ.. လုပ်စားဖြစ်အောင်တပ်လှန့်ပေးလိုက်ပါတယ်။ လုပ်နည်းကတော့ထွေထွေထူးထူးပြောမနေတော့ပါဘူး။ မီးငယ်လည်း မမစုစုကို ကူရှုပ်ပါတယ်….အဲလေ ကူလုပ်ပေးပါတယ်။ ဘေးကနေ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် အတောင်ပေါက်တယ် ပြောင်မြောက်တယ်ပေါ့… :D :D :D



စားချင်သေးရင်ပြောနော်..အိုးထဲမှာ အများကြီးရှိသေးတယ်..ဟိ

Tuesday, August 19, 2008

ရေညှိ ထမင်းလိပ်

ဒီနေ့ နည်းနည်းအားတာနဲ့ ရေညှိထမင်းလိပ်လုပ်စားဖြစ်တယ်... ဘာမှထွေထွေထူးထူးတော့မရှိပါဘူး..လိုအပ်တာလေးတွေပြောမယ်နော်..
၁။ ရေညှိဖတ် ( Supermarket တွေမှာဝယ်လို့ရပါတယ်)
၂။ ထမင်းပူ
၃။ ကြက်အူချောင်း (or) ငါးအူချောင်း (or) ၀က်အူချောင်း
၎။ ကြက်ဥကြော်
၅။ ပဲငံပြာရည်
ပထမဆုံး ကြက်ဥကြော်ကို အပြားလိုက်ကြော်ပြီး အချောင်း အချောင်းလေတွေဖြစ်အောင်ညှပ်ထားပါ။ ကြက်အူချောင်းတွေကိုလည်းကြော်ထားပြီး အနေတော်လေးတွေ ပိုင်းထားပါ ။ ထမင်းပူနဲ့ ပဲငံပြာရည်ကို နယ်ပါတယ်...ပြီးရင် ရေညှိဖတ်ထဲကို ထမင်းထည့်ပြီး ကြက်အူချောင်း တို့ ကြက်ဥကြော်တို့ အလည်မှာထားပြီး ဖြည်းဖြည်းချင်းလိပ်ပါ။ ပြီးတာနဲ့ ထမင်းပေါင်းအိုး ထဲကိုပြန်ထည့်ပါ စားခါးနီးမှ အ၀ိုင်းလေးတွေလှီးပြီး စားပါ။
ခုတော့ မီးငယ်တို့ လုပ်စားထားတာတွေကို သရေကျလိုက်ဦးပေါ့နော့်..... :P :P
ဒါကတော့ မလှီးသေးရတဲ့ ပုံပါ...

ဒါကတော့ စားခါနီးပြင်ထားတဲ့ပုံလေ... သရေမကျ ကျနဲ့နော်...


Friday, June 20, 2008

စားကြပါဦးနော်

ဒီနေ့တော့ အိမ်ကိုလည်လည်လာတဲ့သူတွေကို နေ့လည်စာ(နေ့လည်လာလည်တဲ့သူဖို့) ညစာ(ညနေပိုင်းလာလည်တဲ့သူ) ညလယ်စာ(သူများအိပ်ချိန်မှလျှောက်သွားသူ) နဲ့ဧည့်ခံတယ်နော်..မီးငယ်အချက်အပြုတ်မတတ်တော့အပြင်ပန်းပဲလှအောင်လုပ်ပီးညာကျွေးအဲအဲ..ဟုတ်ပါဘူး စေတနာအပြည့်နဲ့ကျွေးရတာပေါ့...စားနော်..အားမနာကြနဲ့ မီးငယ်ကိုယ်တိုင် Copy ကူးထားတာအဟဲ...
ပထမဆုံးကတော့ မီးငယ်ရဲ့ တီတီအတွက်ပါ...

ဒါကတော့ကိုကြီးစိုးထက်တို့မိသားစုဖို့လေ.. ၃ခုတောင်ပါတာချိုတော့..

နောက်တစ်ခုက ကိုနေလွမ်းသူနဲ့ ကိုဥာဏ်အတွက်လေ..(ပေါင်မုန့်ပဲစားနော်..အစာအိမ်သမားနဲ့ပေါင်မုန့်ကအကိုက်ဆုံးပဲ..)လုနေမှာဆိုးလို့ ၂ခုအတိအကျကျွေးတာ...:D

နောက်တစ်ခုက ကိုကြီးဖိုးချမ်း..ကိုဖိုးချမ်းက၀က်သားဒုတ်ထိုးကိုစားချင်နေတာချိုတော့ဝက်ရုပ်ပါတဲ့ထမင်းဘူးပေးမယ်

နောက်တစ်ခုက ကိုကြီးဝင်းဆန်းအတွက် မနက်အစောကြီးဆေးရုံသွားရတော့ ထမင်းဘူးယူသွားလို့ရအောင်လေနော်...

နောက်တစ်ခုကတော့ ကိုအညာသား နဲ့ ကိုမင်းကျန်စစ် အတွက်ပါ..သူတို့လည်းနှစ်ခုပဲတော်ကြာ ခွဲတမ်းမမျှဘူးပြောခံရမှာဆိုးလို့ :P

နောက်တစ်ခုကတော့ ကိုတီးတို့အိမ်ကလူတွေလေ..သူတို့အိမ်ကလူများတယ်ဆိုတော့ အားလုံးစားလို့ရအောင်လုပ်ပေးရတာပေါ့...

နောက်တစ်ခုက ညီမလေးအတွက်ပါ..သူက အခု၆တန်းတက်နေရပီလေ သူ့ဖို့လည်းထမင်းချိုင့်ကထည့်ပေးရမှာပေါ့

နောက်တော့ မီးငယ်အစ်ကိုကြီးတွေဖြစ်တဲ့ ကိုဖြိုးငယ် နဲ့ ကိုသော်ခ ပါ..သူတို့နှစ်ယောက်က ခေါက်ဆွဲခြောက်ပဲသောက်နေရတာလေသိတယ်မဟုတ်လား မအိပ်မနေချက်နေရတာချိုတော့..တစ်ယောက် ၂ ခုနှုန်းနော်..ယောင်းယောင်းကိုပါကျွေးနော် ကိုဖြိုးငယ်..

နောက်တစ်ထုကတော့ မွေးနေ့ကို မကြာခင်ကမှကျင်းပသွားတဲ့ ကိုသားငယ်နဲ့ မချစ်စုအတွက်ပါနော်...

နောက်တစ်ထုကတော့ မီးငယ်ရဲ့ ကိုစိုင်းထွန်းအတွက်ပါ သူကအချက်အပြုတ်တတ်တော့သူ့ကိုတော်ရုံကျွေးလို့မရဘူးလေ.. :D

အဲဒါကတော့ မန်းလေးသားကိုဝင်းဇော်အတွက်ပါ....

ဒါကတော့ မမမေမိုးအတွက်နော်

ကိုလင်းဦး နဲ့ ကိုလင်းထက် နဲ့ကိုဥာဏ်လင်း တို့ ဖို့နော်

နောက်တစ်ခုက တော့ အားလုံးသိတဲ့ ကိုကြောင်မျိုးအတွက်ပါနော်..

ဒီလူတွေကတော့ အုပ်စုတောင့်တယ်နော် ကိုချီရွှန် ကိုနတ်သျှင်နောငကိုမျှားပြား ကိုဆိုးသွမ်း ကိုအိပ်မက်မည်း ဘကြီးဖြိုး တို့ဖို့ပါ...



ဒါကတော့ သူငယ်ချင်း လမ်းပြကြယ် အတွက် နင့်မမအစားငါထမင်းထုပ်လုပ်ပေးတာနော်..ကြားလား P.P.L

ဒါက ကိုပူး နဲ့ ကိုပါကနာ အတွက်နော်...

ဒါကတော့ မမြတ်ဆုအတွက်

ကျန်တဲ့အစ်ကိုတွေအစ်မတွေလည်းစားနော် အများကြီးပဲ မီးငယ်လည်း အားလုံးကိုBy Name တပ်ပြီးမကျွေးနိုင်တော့တာခွင့်လွှတ်ပါနော်...
သေသေချာချာကိုင်သွားနော် ထမင်းချိုင့်ကိုတိလား....