Tuesday, October 28, 2008

:(


ဝင်ချင်းတိုင်းဝင် ထွက်ချင်းတိုင်းထွက် လို့ရအောင်
ငါ့နှလုံးသားက…
လူတိုင်းတည်းတဲ့…
Hotel မဟုတ်ဘူး။

ပါတ်သတ်ခဲ့ပြီး..မေ့ပစ်ရအောင်….
ငါ့စိတ်က…
ရေးပြီးဖျက်လို့လွယ်တဲ့…
White Board မဟုတ်ဘူး။

ချစ်ပြီး..မုန်းလိုက်ရအောင်လည်း
ငါ့အချစ်က…
သုံးပြီး..လွင့်ပစ်လိုက်ရတဲ့…
တစ်ခါသုံး Tissue မဟုတ်ဘူး။


16 ခု ကြီးများတောင်ဝေဖန်တွားတယ်:

မောင်မျိုး said...

ဟေးး...ဘယ်သူစောင့်ကြည့်နေတာတုန်း သူ့ မှာ လက်နက်ကြီးတွေ ပါရင် င်္ဘီလိုလုပ်မတုန်းဟ အာကိုတော်လည်း ကြောက်တယ် ပြေးပြီးး :)

ဝါ၀ါခိုင်မင်း said...

haa haaaa
Nice poem.
I like it.

With love,
Ma Ma War

GreenGirl said...

ငါ့ညီမလေး ဘယ်သူ့ကို ပေါက်ကွဲနောတာတုန်း။ ပြင်းလှချည်လား

ဟိန်းညီ said...

ဟုတ်သားပဲ။
ငါ့ညီမလေးသနားပါတယ်။
:)

ဂျူဝသန် said...

အဲဒီတော့ နင်က ဘာဖြစ်ချင်လဲ.... ဗျောက်အိုး ထပ်ဖောက်ပေါ့ဟ။

puluque said...

မီငယ်လေး ပေါက်ကွဲနေ၏။ ဘယ်သူကြောင့်လဲ။ ဂျူးဝသန်ပြောသလို သူနားသွားပြီး ဗျောက်အိုးသွားဖောက်ပါ။။ နောက်တာ နော်။ မေပွတ်လေး အဆင်ပြေပါစေ

Moe Myint Tane said...

ပေါက်ကွဲသံစဉ်တွေပါလားညီမလေး။ ပေါက်ကွဲပြီးရင်တော့ အသစ်ကပြန်စတော့ ညီမလေး။ ဘ၀မှာ ကော်ဖီထက်အရေးကြီးတာတွေ အများကြီးရှိတယ်။ ဟီး ဟီး ကြော်ငြာဝင်သွားတာ။ အကို့ပိုစ့်ကို ဖတ်ပြီးရင် အကို့ဆိုလိုရင်းကို သဘောပေါက်သွားလိမ့်မယ်။

စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

mgngal said...

ဂွတ်ထ ဂွတ်ထ ။ ဘာတွေ အဆင်မပြေ ဖြစ်နေပါလိမ့် ။ :)

ကိုဥာဏ်(စက်မှု) said...

နင့်ဒုက္ခ နင့်ကိစ္စကို ရှင်းပြီး ထားခဲ့ရအောင်
ငါ့နှလုံးသားက
လမ်းဘေးက (၁၀) တန်
အိမ်သာ မဟုတ်ဘူး ……
အထဲက အရည်ကုန်တာနဲ့
လွှင့်ပစ်ရအောင် ငါ့အချစ်က
နင် သောက်နေကျ
ခပ်ညံ့ညံ့ ဘီယာဗူး မဟုတ်ဘူး …. ဟီဟီ ဆက်ရေးပေးလိုက်တာ ညီမငယ် မီးငယ် အတွက် ……။

မိုးသောက် said...

ကဗျာလေးက ကောင်းပါ့ဗျ ..
ပေါက်ကွဲချက်တွေနော် တော်တော် ပြင်းထန်နေတယ် :P
ထွက်ပြေးလို့ မရအောင် တစ်ခါတည်းတာ ကြိုးနဲ့ တုတ်ထားလိုက် :P
နောက်တာ ပျော်ရွှင်ပါစေဗျာ

loyallove said...

မိုက်တယ်ဗျို့...ပေါက်ကွဲသံစဉ်ပေါ့...

သန့်ယဉ်ကို said...

ဝင်ချင်းတိုင်းဝင် ထွက်ချင်းတိုင်းထွက် လို့ရအောင်
ငါ့နှလုံးသားက…
လူတိုင်းတည်းတဲ့…
Hotel မဟုတ်ဘူး။( hotel မဟုတ်ဘူး ဇရပ် )

ပါတ်သတ်ခဲ့ပြီး..မေ့ပစ်ရအောင်….
ငါ့စိတ်က…
ရေးပြီးဖျက်လို့လွယ်တဲ့…
White Board မဟုတ်ဘူး။(White Board မဟုတ်ဘူး Black board)

ချစ်ပြီး..မုန်းလိုက်ရအောင်လည်း
ငါ့အချစ်က…
သုံးပြီး..လွင့်ပစ်လိုက်ရတဲ့…
တစ်ခါသုံး Tissue မဟုတ်ဘူး။( Tissue မဟုတ်ဘူး အမှိုက် )
ဟီးဟီး ထင်တာလေးတွေ ဖြည့်ပေးလိုက်တာ ။ စိတ်ဆိုးရဘူးနော် သူငယ်ချင်း အချင်းချင်း ခင်လို့ နောက်တာ :P:)

SLIP said...

:)

thihanyein said...

အကိုညဏ်ရေးသွားတာလေးကို အားပေးတယ်ဗျို့ အဟီး
မီးငယ် ဘာတွေပေါက်ကွဲနေတာလဲဝေ့ ကြောက်စရာကြီး
အိမ်နားတောင်မကပ်၇ဲဘူး အဟဟ

ထင်လင်းအောင် said...

မီးငယ် ရဲ့ ပေါက်ကွဲသံဇဉ်က တော်တော်ကောင်းတာပဲ
အားပေးနေပါတယ်နော

အညာသား said...

စိတ်လျှော့ စိတ်လျှော့ :D