အချစ်ဆိုတာ တကယ်တော့အဓိပါယ်ဖွင့်ဆိုဖို့ရာခက်ပါတယ်။ လူတိုင်းလူတိုင်းမှာ သူ့အတွေ့အကြုံပေါ်မှာမူတည်ပြီးပြီးအချစ်ကို အဓိပါယ်သတ်မှတ်ကြတယ်လို့ထင်ပါတယ်။
- အချစ်ဆိုတာ သိမ်းထားဖို့မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကိုပေးလိုက်ဖို့ပါ။
- အချစ်ဆိုတာကစားဖို့မဟုတ်ပါဘူး။
- အချစ်ဆိုတာ ဒီလူ့ကိုချစ်ပါ..ဟိုလူ့ကိုချစ်ပါဆိုပြီးအတင်းတိုက်တွန်းလို့မရသလိုပဲ တားဆီပိတ်ပင်လို့လည်းမရဘူးလို့ထင်ပါတယ်။
-အချစ်ဆိုတာ အပြင်းထန်ဆုံးတွန်းအားတစ်ခုပါ။ လူတစ်ယောက်ကိုကောင်းတာတွေဖြစ်လာအောင် တွန်းအားပေးနိုင်သလို မကောင်းတာတွေဖြစ်အောင်လည်းလုပ်ပေးနိုင်ပါတယ်။
- အချစ်ဆိုတာ နာကျင်မှုတွေအားလုံးအတွက်ဆေးတစ်ခွက်ဖြစ်ပေမဲ့ အချစ်ကြောင့်ရတဲ့နာကျင်မှုအတွက်ဆေးမရှိသေးပါဘူး။
- ပျော်ရွှင်မှု ၊ ၀မ်းနည်းမှု ၊ ကြည်နူးမှု ၊ စိတ်မချမ်းသာမှု အားလုံးတို့ပေါင်းစည်းထားချင်ကိုအချစ်ဟုခေါ်သည်။ (Define By Mee Nge) :D :P
- အချစ်ဆိုတာအိပ်မက်တစ်ခုပါ။
- အချစ် = အရှုံး
- အချစ်ဆိုတာ လူပေါ်ကြော့တွေအတွက် အလုပ်အကိုင်တစ်ခုဖြစ်သလို၊ စစ်ပွဲဆင်နွဲသူများအတွက် အပန်းဖြေမှုတစ်ခုဖြစ်တယ်။ ( ဒါပေမယ့် ) မင်းစိုးရာဇာများအတွက်တော့ ပျက်စီးရာပျက်စီးကြောင်း တစ်ခုပဲ။ (ကိုမီးပြတိုက်ဆီမှ မလာပါသည်။):D
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ဖို့အတွက် အဲဒီလူရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုခုကို သဘောကျမိဖို့လိုပါတယ်။ အဲဒါမှသာချစ်ခြင်းတစ်ခုကအချိန်ကြာကြာ တည်မြဲနိုင်မှာပါ။ အပေါ်ယံအလှအပနဲ့ပစ္စည်းဥစ္စာတွေကို မက်ရင်တော့ အဲဒါတွေမရှိတော့ရင်အချစ်က ပျက်ပြယ်သွားနိုင်ပါတယ်။
အကြိုက်ဆုံးစာသားလေးကတော့….
Love is loving someone without expecting anything in return; no judgments, no restrictions; no limitations; no expectations!
ကိုကြီးလင်းထက်ရေ..ကျေနပ်မယ်လို့ထင်ပါတယ်။ ညီမလေးလည်းဒီလောက်ပဲနားလည်လို့ပါ...
ကိုင်းဒူ့ကိုထပ်တပ်ရမလဲ.... တွေ့ပီ...
ညီမငယ်တွေကြားမှာ အိမ်ထောင်ရေးနဲ့အချစ်အကြောင်းတွေကို ဥပမာကောင်းကောင်းပေးနိုင်တဲ့ မမခင်ဦးမေ
သရဲကြောင်းတွေရေးတဲ့ ကိုကြီးမိုးမြင့်တိမ်(Done)
ကိုသစ္စာ
အရမ်းချစ်တတ်တဲ့ ချစ်ရတဲ့မမလဲ့(Done)
ဟိုနေ့က မှတူများကို Tag တဲ့ ကိုကြီးနေလင်း...(အကြွေးပြန်တောင်းခြင်း)
အချစ်ကဗျာတွေရေးနေတဲ့ ကိုဖြိုးငယ်(Done)
ကာရန်မဲ့ ရင်ခွင်မှာဒဏ်ရာရနေတဲ့ ကိုငယ်(Done)
ချစ်သူငယ်ချင်း မင်းသန့် (Done)
အဆင်ပြေရင်ရေးပေးကြပါလို့တောင်းဆိုချင်ပါတယ်...

8 comments:
ငါ့ညီမလေး နားလည် သလောက် လေးတွေကလဲ ကောင်းတာပဲ
ရေးပေးတာ ကျေးဇူးညီမလေး ရေ...။
ညီမရေ့ အချစ်ကိုဖွင့်ဆိုထားတာ အေးငြိမ့်၂လေးဖတ်လို့ ကောင်းပါ့ အချစ်ဆိုသည်မှာ မင်းစိုးရာဇာများအတွက်တော့ ပျက်စီးရာပျက်စီးကြောင်း တစ်ခုပဲ..ဟုတ်မှာ ဒါကြောင့် အစ်ကိုက မယုံဘူးလို့ ပြောတာပေါ့ဗျး)
သူငယ်ချင်းရေ...
အချစ်ဆိုတာကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆို
ထားကြတယ်ဟ...ယုံကြည်မှု နဲ့တည်ဆောက်
သလို သံသယတွေနဲ့လည်း တည်ဆောက် တတ်ကြတယ်...ဒါဆိုရင် အချစ်က ဘာလဲ...
ရှင်းရှင်းလေးပါ...အချစ်ဆိုတာတကယ်တမ်း
မှာအဓိပ္ပါယ် ဖွင့်ဟဖို့ ခက်တဲ့ ဝေါဟာရ တစ်ခုပေါ့...တကယ်တမ်း ကိုယ်က ချစ်ပြီ ဆိုရင် ရယူပိုင်ဆိုင် ဖို့ဆိုတာထက်
ကိုယ်ချစ်ရတဲ့သူ စိတ်ပျော်ရွှင်ကျေနပ်
စေဖို့ အဝေးကနေ ဆောင်ရွက် ပေး နိုင် ရတယ်...
အေးမြတဲ့ အချစ်တစ်ခုပေါ့ဟာ....အဲဒါဆိုရင်
စိတ်ဆင်းရဲစရာလည်း မရှိသလို ဘာမှလည်း
ဒုက္ခ ရောက်လာစရာ အကြောင်းမရှိဘူးပေါ့..
ငါ့ဘလော့မှာ ရေးပြီး တင်ပေးထားတာ ရှိတယ်..နင်လာဖတ်ကြည့်လိုက်ဟာ..
အဲဒါထက် ပိုသိချင်ရင် ငါထပ်ပြီးရေး
တင်ပေးထားမယ် ဟုတ်ပြီလား....
ရက်စက်ပါပေ့ ညီမလေးရယ်... မမက အချစ်ဆိုတာကို ဘယ်လိုပြောပြရမှန်းတောင် သိတော့ပါဘူးကွယ်။ ဒါပေမယ့် ကြိုးစားကြည့်ပေးမယ်နော်။ ညီမလေးကို ချစ်လို့ :P
ဟိုက်ရှာလဘတ် သေဟ ။ နောက်တစ်ယောက် လုပ်ပြန်
ပြီ ။ ဒီအရွယ်ရောက်နေပြီ အနော်က ချစ်တတ်သေးဘူး။
ဘာမှလည်းသိဘူး။ မရေးလို့ ရဘူးလား မသိဘူး။ :(
ဟီးဟီး
အချစ်ဆိုသည်မှာ ... သီချင်းတော့ ရှိပါသည်
ရက်ရက်စက်စက်ပါဘဲလား။ "ငါ့အားနှိပ်စက်ကြသည်မို့လည်းကွယ်" အောင်မလေးဗျာ greengirl တက်ခ်ထားတာတောင်မရေးရသေးဘူး အခု ညီမလေးမီးငယ်က တက်ခ်ပြန်ပြီတဲ့။ အဲဒီဘာသာရပ်က အကို မကျွမ်းကျင်တဲ့ ဘာသာရပ် ညီမလေးရဲ့ ။အင်း ကိုယ့်ညီမလေးက တက်ခ်တာဆိုတော့လည်း စာပြန်ဖတ်ပြီး ရေးရမှာပေါ့။ အချိန်လေးတော့ပေးနော်။
hello girl, love is a willy, not more than that. dont think too much
Post a Comment