Saturday, March 29, 2008

UCSM(ဒဟတ်တော)

ဟုတ်ကဲ့..
ခရီးက..နည်းနည်းဝေး
Ferry ကနည်းနည်းကြပ်တာကလွှဲလို့....

နေက..နည်းနည်းပူ
ဖုန်က..နည်းနည်းထူတာကလွှဲလို့

လမ်းက..နည်းနည်းကြမ်း..
ဗွက်က..တဗျမ်းဗျမ်းထနေတာလွှဲလို့.

Canteen က..နည်းနည်းကျဉ်း
လူက..နည်းနည်းမရှင်းတာကလွှဲလို့..

ဈေးနှူန်းက..နည်းနည်းကြီး
အစားအသောက်က..နည်းနည်းညံ့တာကလွှဲလို့..

ထပ်ပြောလို့မသင့်တော်တော့တဲ့
ပြောစရာနည်းနည်းကျန်နေသေးတာကလွှဲလို့..

တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ရေနီမြောင်းကြီးရယ်..
အညာဒေသကိုပီပြင်စေတဲ့ မြေနီလမ်းလေးရယ်..

ကျေးလက်ဆန်ဆန်လယ်ကွင်းတွေရယ်..
စိမ်းညှို့မှိုင်းပြာနေတဲ့ တောင်တန်းတွေရယ်..

နောက်ပြီး..အပန်းဖြေစရာ
ရာဇ၀င်ထဲက "အိမ်ရှေ့မင်း" ထန်းတောရယ်..

အစ ရှိတာတွေနဲ့ ကနံရလှကနေပြီး
အင်မတန်မှ ပျော်စရာကောင်းတဲ့
ကျွန်ုပ်တို့ရဲ့ ကျောင်းတော်ကြီးပါ........။

ကိုညီညီရေးဖွဲ့ပါသည်။

Tuesday, March 25, 2008

မီးငယ်နှင့်အမုန်းများ

၁။ ရွှေမန်းမေ ကားကြပ်တာကိုမုန်းတယ်
၂။ စောင့်ရတဲ့အလုပ်မှန်သမျှကိုမုန်းတယ်( Gtalk က Reply ကြာရင်လည်းရိုက်သတ်ပြစ်ချင်လောက်အောင်ကိုမုန်းတယ်)
၃။ မန်းလေး ဖုန်ထူတာကိုမုန်းတယ်
၎။ ညာပြောတဲ့လူတွေကိုမုန်းတယ်
၅။ Assignment, Project တွေအများကြီးပေးတဲ့ AIT ကဆရာတွေကိုမုန်းတယ်
၆။ ဖုန်းခေါ်တိုင်းကြားရတဲ့ "လူကြီးမင်းခေါ်ဆိုသော GSM #@$%^&* "ကိုမုန်းတယ်
၇။ မြန်မာပြည်ကလိပ်ကအဘိုးခေါ်ရလောက်အောင်နှေးတဲ့ Internet Connection ကိုမုန်းတယ်
၈။ Online မှာ Q နေတဲ့လူတွေကိုမုန်းတယ်
၉။ နှိုးစက်မြည်သံကိုလည်းလဲမုန်းတယ် (စောစောထချင်ဝူးလေနော့်)
၁၀။ ပြောချင်တာပြောခွင့် မရှိတဲ့ ကိုယ့်ဘ၀ ကိုလည်းမုန်းတယ်
၁၁။မြန်မာFamily President ကိုလည်းမုန်းတယ်(မကချင်တာကိုကခိုင်းရို့)
၁၂။ AIT SU Comitee ၀င်တွေကိုလည်းမုန်းတယ်( ကတာကောင်းရဲ့တားနဲ့ဆုမပေးပဲ..မကောင်းတဲ့ထိုင်းတွေကိုပေးရို့)
၁၃။ ပါးစပ်ကပြောရင်တော့ Multi Nationality Multi Cultural နဲ့လက်တွေ့ကြ ကုလားတွေနဲ့ယိုးဒယားတွေကိုပဲဦးစားပေးတဲ့ AIT ကိုမုန်းတယ်

Friday, March 14, 2008

အစ်ကိုကြီး ကိုနေမျိုး ရဲ့ ဖေဖေ(၈.၃.၂၀၀၇)ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရတဲ့ အတွက် အစ်ကိုနဲ့ အတူ..AIT မြန်မာ မိသားစုမှထပ်တူထပ်မျှဝမ်းနည်းကြေကွဲ ကြောင်းမှတ်တမ်းတင်လိုက်ပါသည်.။

Thursday, March 13, 2008

စဉ်းစားကြည့် ကြပါရုံး...
Caltural Show မှာ ကရမယ် တဲ့...
Welcome Show တုံးကလည်း "က "ခဲ့တာပဲကို ဇွတ် "က" ခိုင်းနေတယ်... တခါလာလည်း ဒီလူ နောက်တခါလာလည်းဒီလူနဲ့...
AIT မှာမြန်မာဆိုလို မီးငယ်တို့ပဲ ရှိတယ်မှတ်နေကြရုံးမယ်...
Myanmar President ကလည်း နိုင်တဲ့ တူချို ရ၀ူး ကရမယ် မနိုင်တဲ့ တူကြတော့ ပြောတော့ပါဝူးလေ.......
မတရားဝူး လုံးဝမတရားဝူး...(ဟီးBLog ပေါ်မှာတာပြောရဲတာ..တွားပီးတော့ပြောကြနဲ့နော်):P :P
ပေါင်သာလျန် ကျီုးမီးငှား

Wednesday, March 12, 2008

နီးနီးလေး နဲ့ဝေး

ချစ်သူရေ……

မင်းနဲ့ ကိုယ့် အဖြစ်က…
         GCC ကျောင်းသား နဲ့ Computer လိုပါပဲ……

မြင်သာမြင်ရပြီး မကြင်ရ…….
        ဆိုင်သာဆိုင်ပြီး မကိုင်ရ…….

ဟန်ထူးလွင် သီချင်းလိုပါပဲ….

အော်..ဘာတဲ့……..
         “နီးနီးလေး နဲ့ဝေး”…….

တအုံ မှ ကဗျာများကို ပြန်လည်ခံစားတင်ပြပါသည်။


Tuesday, March 11, 2008

ဝါးထွေး

အချစ် ...
မင်းရဲ့ နှလုံးသားက "ထုံး"လိုဖြူစင်ပေမဲ့
အချစ် ...
မင်းရဲ့အလှက "ဆေးရွက်ကြီး"လိုပဲ
ဘေးထွက်ဆိုးကျိုးတွေကိုသိပေမဲ့
ယစ်မူးဝေတဲ့ အပြုံးတွေနဲ့
ငါ့ကိုစွဲမြဲစေတယ် ....
အချစ် ...
ဘ၀တစ်ခုလုံး ညစ်နွမ်းသွားမှာ သိရက်နဲ့
ငါအံကြိတ်ပြီးဝါးနေဆဲ ...
မင်းက "ကွမ်းသီး" လေးပဲလား ?
အချစ် ...
မင်းခြုံတဲ့
မြစိမ်းရောင်မာနအခွံကို
ဖောက်ထွက်ခဲ့ပြီး
ငါ့ရင်မှာ ...
ထာဝရခိုလှုံပါလားဟင် ...
(အချစ်ဆိုတာ !...
ဝါးပြီးထွေးထုတ်လို့ရတဲ့အရာမှ မဟုတ်တာကွာ ။)
Copy from Rabbit

Monday, March 10, 2008

ပြတင်းပေါက် XP

တစ်ဘ၀လုံးနဲ့ဆိုင်တဲ့
ကိုယ့်အချစ်တွေ Install လုပ်မရအောင်
နှလုံးသား Admin မှာ
Passwords ရှည်ရှည်တွေနဲ့
ခပ်တည်တည် မင်းပိတ်ထားရက်တယ်ပေါ့.....

Guest Account မှာ
ဧည့်သည် သူငယ်ချင်းတစ်ယောက်လို
နေထိုင်အသက်ရှင်ခွင့်ပေးတာပဲ....
ကျေးဇူးတင်လှပါပြီ....

Mouse တစ်ချက် Click ရုံနဲ့
တိုက်ဆောက်လို့ရတဲ့ ကောင်မျိုးမဟုတ်လို့
Free ရတဲ့ Software တွေပဲ
ခပ်တည်တည် ထိုင်သုံးရင်း
တဂျီဂျီဝယ်ခိုင်းနေတတ်တဲ့
Trail Version တွေကို
ပျစ်ပျစ်နှစ်နှစ် ဆဲနေပါရစေ....

တစ်ကယ်တော့ ကိုယ်ဟာ
Folder တွေ ၀က်ဝက်ကွဲအောင်
ဆောက်တည်ရရင် ကျေနပ်အားရသူပါ
ဖြစ်နိုင်ရင် ယုံမှားသံသယတွေ
Shift Delete လုပ်ပြီး
လန်းဆန်းနေတဲ့ အနာဂတ်အတွက်
Reset ချရအောင်
မင်းဘယ်တော့မှ
Shut Down မလုပ်ကြေးနော်.....
(ငလူ)

Saturday, March 8, 2008

Microsoft ဆုတောင်း...

ကျုပ်တို့ဆုတောင်း ၊ Cording များနှင့်
ဆန်းပြားအုပ်စုံ ၊ OS အစုံကို
အားနာပျပျ ၊ တစ်ခါမျှဖြင့်
ဝယ်ကာတရားဝင် ၊ သုံးဖူးသလော.....။

ထိုသို့မ၀ယ် ၊ Copy ထည်နှင့်
ရုပ်တည်ထိုင်သုံး ၊ တသက်လုံးမှာ
အားမနာပ ၊ သုံးပါဘိ...။

ကံဆိုးကြမ္မာငင် ၊ Virus ၀င်
ဘေးသီ Worm ခ ၊ Window ကျမှ
ကျေးဇူးမထောက် ၊ အသင်တယောက်မှာ
ဆဲဆိုပြစ်တင် ပြောချင်၏ ။

အစိုးမရ ၊ ဤလောက၌
Window ကျချင်ကျပါမည်။
မသမာမှုစည် ၊ဤလောကီတွင်
Virus ၀င်ချင်ဝင်ပါမည်။

တရားနှင့်ဖြေ ၊စိတ်ရှည်ရှည်နှင့်
ပွားများမေတ္တာထားပါလေ
သင့် Computer ၊ ဘေးကင်းကွာ
ကျန်းမာလန်းဖြာနိုင်ပါစေ.....။
(ဘကြီး Bill ... သို့)
(ငလူ ကဗျာအား ကူးယူထားပါသည်)


Friday, March 7, 2008

ပွေရှုပ်ချင်

အမှတ်မှီ၍ ၊ နတ်ပြည်ကဲ့သို့
GCC ကို ၊ အချောပေါပေစွ
ဂေါ်ပါရလား ၊ မိတ်ကပ်ရောင်မွန်း
ဆံပင်ပုံသွင်းလို့ ၊ ငန်းငန်းငတ်ငတ်
လိုက်လျက်ဖွန်သော ၊ မမောစရာ
မောစေလျှင် ၊ အဖြေသာပြန်ရ
လက်ဝါးလှနှင့် ၊ ဆုတ်ရပြီတွင်
နောက်တစ်ယောက်မြင်သည်
ပြောင်းကာလိုက်ပြန် ၊ ဖွန်မည်နော ....

ရက်စက်တယ်

ငါ့မျှော်လင့်ချက်တွေက
အခန်းထဲက ပန်ကာတွေလို
ရှင်တလှည့် သေတလှည့် ...

ခင်မင်ခွင့်တစ်နေရာစာက
DYNA တက်ခုံလိုနေရာဆိုတော့
အကြိတ်ဖက်တွယ်ထားရုံပေါ့ ...

`နောက်ကျရင် အပေါက်ဝ` ဆိုတာ
ရွှေမန်းမေကပေးတဲ့ သင်ခန်းစာပါကွာ
ထိုင်စရာနေရာမရတာ ကိုယ့်ကြောင့်လား ?
တအုံနွေပူတာ ကိုယ့်ကြောင့်လား ?
မင်း 75% မပြည့်တာ ကိုယ့်ကြောင့်လား ?
ကျောင်းသားကဒ်အသိမ်းခံရတာ ကိုယ့်ကြောင့်လား ?
ကျောင်းလအကြွေးကျန်တာ ကိုယ့်ကြောင့်လား ?
................................... ကိုယ့်ကြောင့်လား ?
................................... ကိုယ့်ကြောင့်လား ?
မင်းငါ့ကို အဖြေပေးမယ်ဆိုတာကတော့ ...

မနာလိုမဖြစ်ပါနဲ့

ရွှေမန်းမေရဲ့သက်ပြင်းရှိုက်သံက
နေရောင်နဲ့အတူ နွမ်းလျ
အိပဲ့ပဲ့ခြေလှမ်းတွေနဲ့
၇၃လမ်းကို အိပ်မက်မက်ရင်း
လတ်ဆတ်တဲ့လေရဲ့ တန်ဖိုးကို
တဖြည်းဖြည်းသိလာတယ်....
ကောင်မလေးရေ
DYNA ပေါ်မှာ အထက်တန်းကျကျစီးတဲ့
မင်းရဲ့ ဘ၀ကိုအားကျလိုက်တာ......


(ရွှေမန်းမေ၌ စာအုပ်ထူကြီးများဖြင့်နေရာဦးတတ်ကြသော `မမ` များသို့)
(ငလူ)

Thursday, March 6, 2008

အချစ်စစ်

မီးငယ် ပြောဂျာဝုတ်ဝူး....တူနယ်ဂျင်း ၁ ယောက်ကပေးရို့.... အဟီး..

ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ရည်းစားဖြစ်တယ်ဆိုတာ...
(၁)ထိုယောင်္ကျားလေး၏ လွတ်လပ်မှုအားလုံး ပိုင်ဆိုင်ခွင့်ရခြင်းမဟုတ်ပါ .
(၂)ထိုယောင်္ကျားလေးကို ပိုင်ဆိုင်ရခြင်းလဲမဟုတ်ပါ . ခိုင်းဖို့လူရခြင်းလဲမဟုတ်ပါ.
(၃)လူတစ်ယောက်၏ လုပ်ပိုင်ခွင့်များကို တားဆီးခွင့် ပါမစ်ပေးအပ်ခံရခြင်းလဲမဟုတ်ပါ.
(၄)ထိုယောင်္ကျားလေး၏ အချိန်များအားလုံးငါပိုင်ဆိုင်တယ်ဟုသတ်မှတ်လို့ မရပါ .
(၅)ငါ့တစ်ယောက်ထဲသာ ဆက်ဆံရမယ် တခြားမိန်းကလေးတွေနဲ့ မဆက်ဆံရဟု တားဆီးခွင့်မရှိပါ ပေါင်းသင်းဆက်ဆံရေးဆိုတာရှိပါတယ်.
(၆)ဂိမ်းကိုပိုချစ်တာကို နားလည်ပေးသင့်ပါတယ်. ဂိမ်းသည် သက်ရှိမဟုတ်ပါ.ပြိုင်သ၀န်တိုရန် အကြောင်းမရှိ .
(၇)စိတ်ကောက်ခြင်းသည် တစ်ခါတစ်ခါသာ ကောင်းသော်လည်း ကြာပါက စိတ်ညစ်စရာကောင်းပါတယ် ကိုယ်ချစ်တဲ့သူကို ဒုက္ခပေးရာရောက်ပါတယ်.
(၈)ယောင်္ကျားလေး သဘာဝတခြားမိန်းကလေးများနှင့် Onlineကကောင်မလေးများနှင့် ကြူကြူလုပ်တတ်ပါတယ် သဘာဝဖြစ်လို့ အရမ်းမလွန်ပါက ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ပေးသင့်ပါတယ်
အကျဉ်းချုပ် လိုရင်းပြောရသော် မချုပ်ချယ်ပဲ ကိုယ့်ချစ်သူကို ပျော်အောင်ထားမှသာလျှင် ချစ်သူကောင်း ချစ်သူစစ် ဖြစ်ပါသည် ..
ကိုင်း..ချစ်သူကောင်း ချစ်သူစစ် ဖြစ်ဂျင်လား...၈ဂျက်စလုံးသာကိုက်ရမယ် ဂိုရင်...အင်း...မဖြစ်ရင်နေကွာ...
:P :P :P :P ကိုင်းဘီလို လုပ်ဂျမရဲ...ဒန် ဒန် ဒန်

Wednesday, March 5, 2008

ကိုင်း ဒီနေ့တော့ ဒီလောက်ပဲ BLog ကိုပြင်တော့မယ်..မောတွားပီ.. Colar တိုက်.. :P :P
၅.၃.၂၀၀၈

  • Count Down Timer...
  • Song
  • Link
  • လည်လည်လာတွားတူဘီနှစ်ယောက် ရှိပီလဲဆိုတာ တွက်တဲ့ဟာတင်တယ်

ဒန်..ဒန်...ဒါပါပဲ..(ပီးတော့လည်း ဒါပါပဲ)
မှတ်ချက်။ ။ကိုယ်တိုင်ပြင်ဂျင်း :P :P

ကဗျာ...ကဗျာ...ကဗျာ

မင်းလေးငါ့ကိုထားသွားတဲ့နေ့မှာ...
တိမ်တွေလည်း.... လွင့်ဆဲ.......
မြူတွေလည်း..ဆိုင်းဆဲ......
ငါလည်းမင်းကို...... ချစ်ဆဲ..

တူနယ်ဂျင်း ၁ယောက်ကနင့်ဖို့ဆိုပီးပေးတာ...မီးငယ်ရေးတာဝုတ်ဝူး...
နေတိုး နာတော့နင်ပေးတဲ့ကဗျာကိုတင်လိုက်ပီ Blog ပေါ်ကို

ကိုင်းဘာပြောဂျင်တေးလဲ??

ကယ်ကြပါရုံး..ကိုဖြိုးငယ်ဂ နာ့ညီမ BLog ကဘာPostမှလဲချိဝူးတဲ့...
ဂလိုလုပ်ရှိမှာလည်း..
၁။ဘာရေးရမှန်းမှ မတိတာ..ပီးတော့
၂။တူတို့ရိုမှ အသဲမကွဲဝူးတာ..အသဲကွဲဝူးတဲ့လူတွေကမှ ကဗျာရေးတတ်တယ်ချိုပဲ(ကြားဖူးတာပါ)
၃။ဒီအချက်ကတော့.. မီးငယ်အတွက် အရမ်းအရမ်းအရမ်း(မောရိုက်တာ)ကိုအရေးကြီးတဲ့အချက်ပါ..မြန်မာFontရိုက်တတ်ဝူး..(ထုဟာတောင်မှ ၁နာရီလောက်ကြာ ရယ်)
ကိုင်း Postမတင်တာဘာပြောဂျင်တေးလဲ...တင်စေဂျင်ရင်စာရိုက်ပေး ဒါပဲ....
ဒန်..ဒန်..ဒန် :D(Gtalk တောင်လာဂမှာကြောက်လောက်ပြီ..မလာလည်း SMS ပို့ Phone ခေါ်မှာပေါ့..ဘာရမရဲ ဟွန်း):P :P
သြော်မေ့တော့မရို..Blog Template ထည့်ပေး တာ ကျေးဂျူးနော်...
ကိုဖြိုးငယ်