ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်း၊ နောင် ကုန်းဘောင်နှစ်ခေတ်ခွဲဆိုပြီး ငယ်ငယ်တုန်းကစာတွေထဲမှာဖတ်ဖူးပါတယ်။ တခြားခေတ်တွေအကြောင်းကို ကောင်းကောင်းမဖတ်ဖူးပေမဲ့ မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်စနစ်နဲ့အုပ်ချူပ် သွားတဲ့ ကုန်းဘောင်ခေတ်ကိုတော့ ဖတ်ဖူးပါတယ်။ ဦးညိုမြရေးသားတဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ကို (၆)တန်းလောက်ကစပြီးဖတ်ခဲ့ပါတယ်။ အထပ်ထပ်အပြန်ပြန်ဖတ်ခဲ့ပါတယ်။ အခုရေးတဲ့ဆောင်းပါးကလည်း ဖတ်ခဲ့တာတွေပေါ်မှာပြန်လည်သုံးသပ်ပြီး မီးငယ်အမြင်ကိုရေးထားတာပါ။ မှားနေတာရှိရင်လည်းထောက်ပြပေးနိုင်ပါတယ်။
ကုန်းဘောင်ခေတ်က ၁၇၅၂-၁၈၈၅ ထိနှစ်ပေါင်း (၁၃၃)နှစ်ရှိခဲ့ပါတယ်။ ပထမ(၆၆)နှစ်ကို ကုန်းဘောင်ခေတ်ဦးပိုင်းလို့သတ်မှတ်ပြီး အတက်နှစ်များလို့သတ်မှတ်နိုင်ပါတယ်။ ပထမ(၆၆)နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းတွေဟာနယ်ချဲ့လက်အောက်ကို မကျရောက်ခဲ့သေးပါဘူး။ ဒုတိယ(၆၆)နှစ်(ကုန်းဘောင်ခေတ်နှောင်းပိုင်း)ကစလို့ မြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်ကို တစတစကျရောက်ခဲ့ပါတယ်။
ကုန်းဘောင်မင်းဆက်မှာ စုစုပေါင်းမင်းဆက်(၁၁)ဆက်ရှိပါတယ်။
၁။အလောင်းမင်းတရား
၂။နောင်တော်ကြီးမင်း
၃။ဆင်ဖြူရှင်မင်း
၎။စဉ့်ကူးမင်း
၅။ဖောင်းကားစားမောင်မောင်
၆။ဘိုးတော်ဘုရား(ဦးဝိုင်း)
၇။ စစ်ကိုင်းမင်း(ဘကြီးတော်)
၈။ သာယာဝတီမင်း(ရွှေဘိုမင်း)
၉။ပုဂံမင်း
၁၀။ မင်းတုန်းမင်း
၁၁။ သီပေါမင်း တို့ပါ။
၁။အလောင်းမင်းတရား(၁၇၅၂-၁၇၆၀)
ငယ်နာမည်က ဦးအောင်ဇေယျပါ။ တတိယမြန်မာနိုင်ငံ(ကုန်းဘောင်မင်းဆက်) ကိုစတင်တည်ထောင်သူဖြစ်ပါတယ်။ လက်ရုံးရည်၊ နှစ်လုံးရည်နဲ့ ပြည့်စုံတဲ့ မင်းတစ်ပါးဖြစ်တယ်လို့သမိုင်းဆရာတော်တော်များရဲ့ သတ်မှတ်ခြင်းကိုခံရသူပါ။ မုဆိုးဖိုရွာသူကြီးကနေ တတိယမြန်မာနိုင်ငံကြီးကို စတင်တည်ထောင်ခဲ့သူပါ။ သူ့လက်ထက်မှာလည်းအနောက်နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးရှိနေပြီးလက်နက်များဝယ်ယူဖို့ကြိုးစားခဲ့ပါတယ်။ သံတမန်ဆက်ဆံရေးတွေမှာအနည်းငယ်တင်းမာမှုတွေရှိခဲ့ပေမဲ သူ့ရဲ့အရည်အချင်းတွေကြောင့်အင်္ဂလိပ်တွေဘက်မှ အလျော့ပေးဆက်ဆံမှုတွေရှိခဲ့ပါတယ်။ မီးငယ်အမြင်မှာတော့စည်းရုံးရေးစွမ်းရည်ရှိပြီးပြိုင်ဘက်မင်းလောင်းများကိုပညာသားပါပါနှင့်စည်းရုံးနိုင်သူဟုထင်မိပါတယ်။ နောက်ဆုံးတစ်ခုဝေဖန်ချင်တာကတော့ သားတော်များကြီးစဉ်ငယ်လိုက်ငါဧ။်အရိုက်အရာကို ဆက်ခံရမယ်လို့ ပြောခဲ့တာကတော့ကုန်းဘောင်ခေတ်မှာသွေးချောင်းစီးစေမဲ့အဖြစ်များကိုစတင်စေခဲ့တဲ့ စကားလို့ထင်ပါတယ်။ မီးငယ်အမြင်အရရူးသွပ်တဲ့အတွေးခေါ်တစ်ခုလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့သက်ဦးဆံပိုင်ဘုရင်စနစ်မှာ ညီအစ်ကိုအချင်းချင်းသူ့ထက်ငါအလုအယက်နန်းလုခဲ့တာတွေဟာရှေ့ခေတ်တွေမှာလည်းရှိခဲ့ဖူးပါတယ်။ ဦးအောင်ဇေယျကတော့သူ့သေသွားပြီးနောက်ပိုင်းမှာသားတွေကသူ့စကားကိုနားထောင်လိမ့်မယ်လို့ဖခင်တစ်ယောက်အနေနှင့်ယူဆခဲ့တယ်လို့မြင်ပါတယ်။
၂။နောင်တော်ကြီးမင်း(၁၇၆၀-၁၇၆၃)
အလောင်းမင်းတရားရဲ့သားတော်အကြီးဆုံးပါ။ နန်းသက်ကသိပ်မကြာလိုက်တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်။ သူ့လက်ထက်မှာစစ်ဒဏ်ကြောင့်ပင်ပန်းနေတဲ့တိုင်းသူပြည်သား တွေကိုငဲ့ညာပြီး စစ်ပွဲတွေကိုတက်နိုင်သမျှလျော့ခဲ့ပါတယ်။ ဖခင်စကားကိုနားထောင်ပြီး ပုံကန်ခြားနားခဲ့တဲ့ ညီတော်ကိုလည်းခွင့်လွှတ်ခဲ့ရုံသာမကအိမ်ရှေ့စံမင်းသားနေရာ ပေးခဲ့ပါတယ်။ ဒါပေမဲ့အလောင်းမင်းတရားရဲ့ရဲဘော်ခြောက်ကျိပ်ဝင်သွေးသောက်တွေရဲ့ ပုံကန်မှုကိုခံခဲ့ရပါတယ်။ ဖခင်အားကိုးရတဲ့လက်ရုံးရည်တော်တဲ့သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဖခင်ရဲ့သွေးသောက်ရဲဖော်ရဲဘက်များနှင့် ဆက်ဆံရေးပြေပြစ်ပုံမရပါဘူး။ ဒါကလည်းမင်းသား ကိုအပြစ်ပြောလို့တော့ရမယ်မထင်ပါဘူး။ ဘုရင့်သားတော်တွေဖြစ်လေ့ရှိတဲ့ပြသနာတစ်ခုလို့ မြင်မိပါတယ်။ ယေဘုယျပြောရမယ်ဆိုရင်တော့ စိတ်သဘောထားနူးညံ့ပြီးမိဘစကားကို နားထောင်တဲ့မင်းသားတစ်ပါလို့ပြောလို့ရပါတယ်။ ဖခင်ရဲ့သွေးသောက်ရဲဖော်တွေရဲ့ ပုန်ကန်မှုကိုခံခဲ့သည့်တိုင် သွေးသောက်တွေကိုမသတ်ခဲ့တဲ့အတွက် သံယောဇဉ်ကြီးပြီး ကျေးဇူးနာလည်တယ်လို့လည်းကောက်ချက်ချမိပါတယ်။
၃။ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)
ယိုးဒယားကိုနိုင်အောင်တိုက်ခိုက်ခဲ့တဲ့မင်းတစ်ပါးဖြစ်ပါတယ်။ အယုဒ္ဒယကိုသိမ်းပြီး ဆင်ဖြူရလာသောကြောင့် ဆင်ဖြူရှင်ဆိုတဲ့ဘွဲ့ကိုခံယူခဲ့ပါတယ်။ လက်ရုံးရည်ပြည့်စုံတဲ့မင်းတစ်ပါးလို့ပြောလို့ရပါတယ်။ သူ့လက်ထက်မှာ တရုတ်တို့ရဲ့ကျူးကျော်မှု့ကိုလည်းခံခဲ့ရတဲ့ အတွက် နှစ်ရှည်လများတရုတ်နဲ့လည်းစစ်ဖြစ်ခဲ့ရပါတယ်။ စစ်ဖြစ်တာဟာလည်း အမြဲတမ်းတိုက်နေတာမျိုးမဟုတ်ပဲ နားလိုက်တိုက်လိုက်လုပ်ခဲ့တာပါ။ နောက်ဆုံးမှာမြန်မာ ဘက်ကနိုင်တဲ့အတွက် တရုတ်ဘက်ကစစ်ပြေငြိမ်းရေးကမ်းလှမ်းခဲ့ပါတယ်။ မြန်မာဗိုလ်ချုပ် ကသူ့သဘောနှင့်သူစစ်ပြေငြိမ်းခဲ့တဲ့အတွက်လည်း အဲဒီဗိုလ်ချုပ်အပြင်သူ့အိမ်သူအိမ်သားတွေ အပါအ၀င် တရုတ်ဘက်ကဆက်သခဲ့တဲ့လက်ဆောင်တွေကို ရွက်ပြီးတစ်နေကုန်နေပူထဲမှာ အခြောက်လှမ်းခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ရာဇပရိယာယ်ကြွယ်ဝတဲ့ မင်းတစ်ပါးလို့မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဘက်ကစစ်ပြေငြိမ်းရေး စာချူပ်ကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်တောင် သူသဘောမတူပဲနဲ့ မြန်မာဗိုလ်ချုပ်တစ်ယောက်က သူ့ဆန္ဒအတိုင်းစစ်ပြေငြိမ်းခဲ့တဲ့အတွက် သူ့နဲ့ဘာမှ မသက်ဆိုင်ကြောင်းပြောလို့ရပါတယ်။ နောက်ဆုံးပြောချင်တာကတော့ဖခင်စကားကိုပါယ်ရှားပြီးညီတော်အမြင့်မင်းသားကိုအိမ်ရှေ့စံမထားပဲ။ သားတော်စဉ့်ကူးမင်းသားကိုအိမ်ရှေ့စံပေးခဲ့ပါတယ်။ သွေးချောင်းစီးမဲ့နန်းတွင်းလူသတ်ပွဲတွေဟာဆင်ဖြူရှင်ခေတ်က စတင်ခဲ့တယ်လို့သတ်မှတ်လို့ရပါတယ်။ နောက်ထပ်ပရိယာယ်တစ်ခုကညီတော်အမြင့်မင်းသားကိုသူ့လက်ထက်မှာ အကျယ်ချူပ်သဘောမျိုးပဲထားခဲ့တဲ့အတွက်ညီတော်တွေကိုသူ့လက်နဲ့သတ်တယ်လို့နောက်လာနောက်သားတွေပြောလို့မရအောင်လုပ်ခဲ့ပါတယ်။
နောက်ရက်ဆက်ပြောမယ်နော်... >>> :P