ခုနက ဘလော့လည်ရင်းနဲ့ မမခင်ဦးမေဆီသွား..မမစားသမျှငမ်း။ နောက်ပြီး မမ၀ါဆီသွား...မမ၀ါချက်ထားသမျှကိုကြည့်သရေကျ။ အဲကနေ မမဇနိဆီရောက်တော့လည်းစားစရာတွေချည်းပဲ။ ဒီတစ်ပါတ်စားစရာတွေတော်တော်များတယ်။ :( အဲသလိုနေနေတုန်း ကိုသံလွင်Heroရဲ့လင့်ကို မမလဲ့ကလှမ်းပေး။ သွားလိုက်ပြန်တော့လည်းစားစရာ...စိတ်ကိုညစ်ရော။ စာမေးပွဲနီးလို့လူက ခေါင်းကနာသလိုလို၊ ဗိုက်ကပဲကိုက်သလိုလို၊ အိမ်ပဲလွမ်းတာလိုလို နဲ့ လိုလိုပေါင်းသောင်းခြောက်ထောင်နဲ့ ရစ်စရာလူကလည်းတစ်ယောက်မှ မရှိနဲ့ ဒါတောင်မမလဲ့အရစ်ခံလိုက်ရသေး..ဟိ။ နောက်ဆုံးပိတ်ကျတော့ဘာလုပ်ရမှန်းမသိတာနဲ့ ခေါက်ဆွဲကြော်စားမယ်ဆိုပြီး အစားအသောက်ဘက်လှည့်သွားရော။ (စိတ်ညစ်ရင်စားပေးရတယ်။ ဗိုက်လည်းပြည့်ရောစိတ်ညစ်စရာလည်းပျောက်ရော။) ဖြစ်ပုံကိုပြောပြဦးမယ်။ ပထမဆုံး ရေနွေးတည်၊ ဆူလာတော့ Ready Madeခေါက်ဆွဲထုပ်ကိုဖေါက်ထည့်။ အဲဒီအထိဟုတ်နေသေးတယ်။ ပြီးတော့မှမုန့်ညှင်းရွက်နဲ့ ငါးဖယ်လုံးကိုထည့်လည်းထည့်လိုက်ရော။ လစ်ရောပဲ။ ခေါက်ဆွဲကပျော့နေပြီ မုန့်ညှင်းရွက်နဲ့ငါးဖယ်လုံးက မကျက်သေးဘူး။ အဲဒါနဲ့ ဟုတ်တော့ဟုတ်သေးဘူးဆိုပြီးမီးခဏပိတ်လိုက်ရော။ အဲပီးတော့မှ ခေါက်ဆွဲကိုဆယ်ပြီးပန်းကန်ထဲထည့် ဟိုနှစ်ခုကိုဆက်ပြုတ်။ ရေခန်းတော့မှ ခေါက်ဆွဲထုပ်ထဲကပါတဲ့ဆီထည့်။ ခေါက်ဆွဲထည့်။ ပါတဲ့အမုန့်တွေထည့်။ အားလုံးထည့်ပြီးတစ်ခါပြန်ပြီးမီးဖိုပေါ်တင်။ နောက်ပြီးခေါက်ဆွဲက လူမမာခေါက်ဆွဲလိုဖြူဖတ်ဖြူရောဖြစ်နေတာနဲ့ ကြာညို့(ထင်တာပဲ ဟုတ်မဟုတ်တော့မသိဘူး) ထည့်ပြီးမွှေ။ နည်းနည်းလေးကြာတော့မှချ။ စားကြည့်တော့လည်း မဆိုးပါဘူးစားလို့တော့ရပါတယ်..:Dဒီတစ်ခါမငန်တော့ဘူး။ သူငယ်ချင်းအောင်သူကျော်ပြောတဲ့စကားလေးသတိသွားရတယ်...နင်ထမင်းဟင်းမချက်တတ်လို့စိတ်မညစ်နဲ့တဲ့..နင်ခေါက်ဆွဲပြုတ်တတ်ရင်တသက်လုံးမငတ်ဘူးတဲ့။ မဆိုးဘူးအောင်သူကျော်ရေ..နင့်သူငယ်ချင်းခေါက်ဆွဲပြုတ်ရုံတင်မကဘူး။ ကြော်ပါကြော်တတ်လာပြီ။ :D စားသွားကြပါအုံး။
How and Where to get Free Outline Keys
-
If you’ve stumbled across my site before, I have written a tutorial on how
to setup your own Outline VPN server in my blog that you can check it out
yourse...
1 month ago
8 comments:
ချက်နည်း မှားနေတယ် ထင်တယ်။
ကိုစိုင်းထွန်းကို သွားမေးချည် သူ ကလွယ်လွယ်လေးတွေ ချက်တတ်တ.ယ်။ အစ်မ ကတော.ညီ မလုပ်တာ နဲ့ မူးသွားပြီး ။ ဘယ်က စပြင် ပေးရ မှန်းတောင် မသိတော.မယ်။ ကိုယ်လဲ သိတ်တတ်တာ မဟုတ်ဘူး ။ တော်ကြာနေ အမှားတွေ သင် ပေးမိနေမိဦးမယ်။
အာ…အားနာလို့ မျက်စိမှိတ်ပြီး ပါးစပ်ထဲထည့်လိုက် ပါတယ်။ အမ လေး..လေးး..ငန် လိုက်တာ. ဟင်းရွက်ကြော် အစိမ်းရာင် ဘယ်မှာလဲ ဘယ်မှာလဲ.။ ရင်လေးသေးတယ်။ ဒီအချိုးနဲ့ ရိုက်ပေါက်..
ဟဟဟား...
ညီမလေး ရေ.. မမခင်ဦးမေ ပြောတာကြည့်ပြီး စားရရင်
ကောင်းမလား၊ မစားပဲပြန်သွားရရင်ကောင်းမလား တွေးနေတာ.. ဟီးဟီး တွေ့ မှတော့ မနေနိုင်ဘူး..
စားသွားပြီ... အားပါးပါး... ကောင်းမှကောင်း.. ငန်ငန်လေး... အဟီး
ဟိတ်...ရှောင်လင်သိုင်းကျင့်ပြီးကြော်ထားတဲ့ ခေါက်ဆွဲကြော်ဟုတ်း) အစ်ကိုကတော့ အဲ့လောက်လုပ်ဖို့  အဆင်မပြေတော့ ထိုးထည့် သိပ်ထည့် ပဲ ညီမရေ့ ....။ စားကောင်းမယ့်ပုံပဲ သခွားသီးချဉ်ရည်လေးပါရင် ပိုကောင်းးးးး
ညီမလေးရေ...မမတော့ အကုန်စားသွားပြီ :P
ဟယ်...တကယ် ငန်တော့ဘူး :D
တော်လိုက်တာ လက်ဖျားခါလောက်တယ်..
ခေါက်ဆွဲတောင်မကြော်တတ်သေးပါလား...
အင်းးးး မြင်ယောင်မိပါသေးတယ် ငါ့ညီမလေး ယောကျာ်းရရင်တော့..........
စားကောင်းမယ်ထင်တယ် ရှလွတ်။ ခုဘာမှ မစားရသေးဘူး၊ ဗိုက်ဆာသွားပြီ၊ ရှာဖွေစားသောက်လိုက်ဦးမယ်။ အမလဲ အငံကြိုက်တယ် သိလား။ :D
ဒီ ခေါင်းစဉ်နဲ့ တက်လိုက်မှပဲ ခေါက်ဆွဲခြောက်တွေ
တော်တော် ရေးပန်းစားနေမှန်းသိရတော့တယ် :P :P
ဘာပဲ ဖြစ်ဖြစ် နည်းနည်းတော့ ဆွဲသွားလိုက်မယ်နော် :P
အားပါး ကောင်းမှကောင်း ရှယ်ပဲ .. :P
ဗျိုးမမမီးငယ်...ကျနော့်ဆီမှာလာတဲ့အကြောင်းလေး
တကူးတကထည့်ရေးပေးတဲ့အတွက်ကျေးဇူးဗျို့
ခေါက်ဆွဲကြော်ကစားလို့ကောင်းမဲ့ပုံပါပဲ
ဘာမှမစားရသေးလို့စားသွားတယ်နော်...
စားပြီးမှအိမ်ရှင်ကိုပြောတာ...တော်ကြာအရင်ပြောမိရင်
မကြွေးမှစိုးလို့...ဟီး
Post a Comment