ဒီနေ့တော့ အိမ်ကိုလည်လည်လာတဲ့သူတွေကို နေ့လည်စာ(နေ့လည်လာလည်တဲ့သူဖို့) ညစာ(ညနေပိုင်းလာလည်တဲ့သူ) ညလယ်စာ(သူများအိပ်ချိန်မှလျှောက်သွားသူ) နဲ့ဧည့်ခံတယ်နော်..မီးငယ်အချက်အပြုတ်မတတ်တော့အပြင်ပန်းပဲလှအောင်လုပ်ပီးညာကျွေးအဲအဲ..ဟုတ်ပါဘူး စေတနာအပြည့်နဲ့ကျွေးရတာပေါ့...စားနော်..အားမနာကြနဲ့ မီးငယ်ကိုယ်တိုင် Copy ကူးထားတာအဟဲ...
ပထမဆုံးကတော့ မီးငယ်ရဲ့ တီတီအတွက်ပါ...
ဒါကတော့ကိုကြီးစိုးထက်တို့မိသားစုဖို့လေ.. ၃ခုတောင်ပါတာချိုတော့..
နောက်တစ်ခုက ကိုနေလွမ်းသူနဲ့ ကိုဥာဏ်အတွက်လေ..(ပေါင်မုန့်ပဲစားနော်..အစာအိမ်သမားနဲ့ပေါင်မုန့်ကအကိုက်ဆုံးပဲ..)လုနေမှာဆိုးလို့ ၂ခုအတိအကျကျွေးတာ...:D
နောက်တစ်ခုက ကိုကြီးဖိုးချမ်း..ကိုဖိုးချမ်းက၀က်သားဒုတ်ထိုးကိုစားချင်နေတာချိုတော့ဝက်ရုပ်ပါတဲ့ထမင်းဘူးပေးမယ်
နောက်တစ်ခုက ကိုကြီးဝင်းဆန်းအတွက် မနက်အစောကြီးဆေးရုံသွားရတော့ ထမင်းဘူးယူသွားလို့ရအောင်လေနော်...
နောက်တစ်ခုကတော့ ကိုအညာသား နဲ့ ကိုမင်းကျန်စစ် အတွက်ပါ..သူတို့လည်းနှစ်ခုပဲတော်ကြာ ခွဲတမ်းမမျှဘူးပြောခံရမှာဆိုးလို့ :P
နောက်တစ်ခုကတော့ ကိုတီးတို့အိမ်ကလူတွေလေ..သူတို့အိမ်ကလူများတယ်ဆိုတော့ အားလုံးစားလို့ရအောင်လုပ်ပေးရတာပေါ့...
နောက်တစ်ခုက ညီမလေးအတွက်ပါ..သူက အခု၆တန်းတက်နေရပီလေ သူ့ဖို့လည်းထမင်းချိုင့်ကထည့်ပေးရမှာပေါ့
နောက်တော့ မီးငယ်အစ်ကိုကြီးတွေဖြစ်တဲ့ ကိုဖြိုးငယ် နဲ့ ကိုသော်ခ ပါ..သူတို့နှစ်ယောက်က ခေါက်ဆွဲခြောက်ပဲသောက်နေရတာလေသိတယ်မဟုတ်လား မအိပ်မနေချက်နေရတာချိုတော့..တစ်ယောက် ၂ ခုနှုန်းနော်..ယောင်းယောင်းကိုပါကျွေးနော် ကိုဖြိုးငယ်..
နောက်တစ်ထုကတော့ မွေးနေ့ကို မကြာခင်ကမှကျင်းပသွားတဲ့ ကိုသားငယ်နဲ့ မချစ်စုအတွက်ပါနော်...
နောက်တစ်ထုကတော့ မီးငယ်ရဲ့ ကိုစိုင်းထွန်းအတွက်ပါ သူကအချက်အပြုတ်တတ်တော့သူ့ကိုတော်ရုံကျွေးလို့မရဘူးလေ.. :D
အဲဒါကတော့ မန်းလေးသားကိုဝင်းဇော်အတွက်ပါ....
ဒါကတော့ မမမေမိုးအတွက်နော်
ကိုလင်းဦး နဲ့ ကိုလင်းထက် နဲ့ကိုဥာဏ်လင်း တို့ ဖို့နော်
နောက်တစ်ခုက တော့ အားလုံးသိတဲ့ ကိုကြောင်မျိုးအတွက်ပါနော်..
ဒီလူတွေကတော့ အုပ်စုတောင့်တယ်နော် ကိုချီရွှန် ကိုနတ်သျှင်နောင် ကိုမျှားပြား ကိုဆိုးသွမ်း ကိုအိပ်မက်မည်း ဘကြီးဖြိုး တို့ဖို့ပါ...
ဒါကတော့ သူငယ်ချင်း လမ်းပြကြယ် အတွက် နင့်မမအစားငါထမင်းထုပ်လုပ်ပေးတာနော်..ကြားလား P.P.L
ဒါက ကိုပူး နဲ့ ကိုပါကနာ အတွက်နော်...
ဒါကတော့ မမြတ်ဆုအတွက်
ကျန်တဲ့အစ်ကိုတွေအစ်မတွေလည်းစားနော် အများကြီးပဲ မီးငယ်လည်း အားလုံးကိုBy Name တပ်ပြီးမကျွေးနိုင်တော့တာခွင့်လွှတ်ပါနော်...
သေသေချာချာကိုင်သွားနော် ထမင်းချိုင့်ကိုတိလား....
My First Encounter with Daw Aung San Suu Kyi
-
Meeting Daw Aung San Suu Kyi was something I never imagined would happen. I
am just an ordinary business and IT professional, someone who has never
been de...
5 months ago
14 comments:
ကျန်စစ်က ကျုပ်ကိုအရမ်းခင်တာဗျ။ စားစရာ ၃ ခုရှိရင် သူ ၁ခုပဲစားတယ်။ ၂ ခုရှိရင် သူအငတ်ခံပြီး ကျနော့်ကိုကြွေးတာ။ :P
စားသွားပီ ... ရှလွတ် ရှလွတ် !!!!!!!!!!!!!!!!!!!! ဟဲဟဲဟဲ
မီးငယ်ရေ ညလည်စာလည်းမဟုတ် မနက်စာလည်းမဟုတ်တဲ့ မနက် ၃နာရီ ၂၆မိနစ်မှာ ရောက်လာတော့ ပါဆယ်ပဲထုတ်သွားတယ် မနက်မှစားတော့မယ်
နော် .. :P (မနက်စာမချက်ရတော့တဲ့အတွက်ကျေးဇူးနော်)
ပိုင်၇ှင်အိပ်တုံး တမိသားစုလုံးစားဖို့ ၇ှိသမျှ ကစ်သွားပြီ။
ညီမလေး.မီးငယ်ရေ.
“အပြီး.တွယ်သွားပါ၏”
နှုတ်ခမ်းမွှေးလေးနဲ့ ဟာစားသွားပါတယ်.
လိုက်ပွဲ ချိတေးရား.ဟင် ;;;P
ယခုလိုကျွေးရ ကုဿလကြောင့်.
ကိုယ်ချစ်သော သူနဲ့ 
“မြေး.တစ်ရာ၊ သားတစ်ကျိတ် နဲ့  အိုမင်းကုန်းကွ
ရွတ်တွတဲ့ အထိ” ပေါင်းသင်းနိုင်ပါစေ.ဗျား.:D
ကျေးဇူးတင် စွာဖြင့်
ငါ့ကိုကျတော့ မုန့်သေးသေးလေးပဲကျွေးတယ် ကောင်မလေး တော်တော်ဆိုးတယ် ညည်းအကို က အစားပုပ်တယ် အဲလောက်ပေါင်မုန့်သေးသေးလေးနဲ့မရဘူး :P
အကုန်စားသွားတယ်..
တခြားသူတွေရဲ့ ဟာပါ ၀င်စားသွားတယ်.. ဟီးး
မမရေ.. မုန့် လေးက ချစ်စရာလေး.. စားတောင်မစားရက်ဘူး.. ဒါပေမယ့် သူငယ်ချင်းတွေ လုစားမှာဆိုးလို့ စားလိုက်ပြီ.. မမကိုတော့ အပြင်မှာ တွေ့ မှ ၀ယ်ကျွေးမယ်နော်.. အိုးကေ? (:
မုန့်လေးကချစ်စရာလေး။ အကုန်စားသွားတယ် မီးငယ်လေးရေ
ဒို့ အုပ်စုက လူတွေ ဘယ်မှာလဲ မသိဘူး။ တစ်ယောက်တည်းဆို ပိုကြိတ်လို့ ရတာပေါ့.. ကျေးဇူးဗျို့. :D
သမီးက တီတီကို ဦးဦးဖျားဖျား ကျွေးပေမဲ့  တီတီစားတာ နောက်ကျသွားတယ်...အကုန်စားလိုက်မယ်နော်...တီတီ အားလုံးကြိုက်တယ်...အခုလိုကျွေးတဲ့အတွက် ချစ်ရသူနဲ့ ဆုံဆည်းခွင့်ရပါစေလို့  တီတီဆုတောင်းပေးပါတယ်...
လကုန်ခါနီး ငတ်နေတာနဲ့ အတော်ပဲ။
ရှ လွတ်။း)
ကျေးဇူးညီမလေးရေ။ အဆင်ပြေ စိတ်ချမ်းသာပါစေ။
အလာနောက်ကျတာ ကျန်မှကျန်ပါ့မလားလို့  .. တီးဝင်နှိုက်သွားလို့  ကြောင်လေးမှာ နားရွက်နှစ်ဘက် မရှိတော့ဘူး.. ဒီလိုညီမလေးကတော့ အားကိုးရပါတယ်.. :)
ဟိုနေ့ကတည်းက အညာသားပြောလို့ လာကြည့်ပီးပီကွ။
ဒါပေမယ့် မူးနေလို့ သေချာ မရေးဖြစ်ခဲ့ဘူး။ ခုထပ်လာရေးတာ။
ငါ့ညီမလေး မီးငယ်က စေတနာနဲ့ ကျွေးတာကို ဟိုနောင်တော်က ဖြတ်ခုတ်ချင်သေးတယ်။
ခင်တာက ခင်တာပဲ ဒီနေရာမှာတော့ အသက်ချင်းလဲပစ်မယ်ကွ။
ပေးဘူး ကျွေးဘူး။ တစ်ယောက်တစ်ခုပဲး)
ကျေးဇူး မီးငယ်ရေ။
စားလည်း မစားရ၊ မြင်ငတ်ဖြစ်နေရတဲ့ဘ၀ပါ မီးကြီးရယ် အဲ မီးငယ်ရယ်
Post a Comment