Thursday, June 25, 2009

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ :P


ဒီနေ့တော့ ဘာရယ် မဟုတ်ပါဘူး။ မန်းလေးက စားစရာတွေကို သတိရနေမိတယ်။

အကိုနဲ့ ပထဆုံးရောက်ဖူးတဲ့ ဗထူးကွင်းနားက မြှီးရှည်ဆိုင်။ ရတနာပုံဈေး အရှေ့ပေါက်နားက မြှီးရှည်ဆိုင် ကလည်း ၂၀၀၂ ခုနှစ်က တည်းက စားလာ ခုချိန်ထိပဲ။ မီးငယ်တို့က အဲဒီဆိုင်မှာ ဆိုရင် မုန့်စားရုံတင်မကဘူး ပုဂံတွေပါ ခွဲတာ။

(၁၆)ကျောင်းနားက မြင့်လွင် ၀က်သားဒုတ်ထိုး။ နောက်ပြီး လမ်း(၈၀)တရုတ်တန်းအဟောင်းနားက ၀က်သားဒုတ်ထိုး။ အဲဒီဆိုင်က ဈေးကြီးတယ်။ ဒါပေမဲ့ ဆိုင်က သန့်တယ် စားလို့လည်းကောင်းတယ်။ ထမင်းလည်းရတယ်။ မီးငယ်တို့ အုပ်စု(၄ယောက်) သွားရင် တစ်ခါတစ်ခါရှင်းရင် ၂-၃သောင်းကြားအမြဲရှင်းရတယ်။ ဟီး ၀က်သား သိပ်မကြိုက်ကြဘူးနော်။

(၈၂)လမ်း ဒေါ်ရှိ ထမနဲ့ နားက အာပူလျှာပူဆိုင်။ အဲဒီဆိုင်က အာပူလျှာပူအပြင် ထမင်းသုပ်၊ မုန့်ဟင်းခါးသုပ်၊ သဘောင်္သီးသုပ်၊ လက်ဖက်သုပ်၊ ဒညင်းသီးသုပ်၊ အသုပ်စုံ၊ ရှောက်သီးသုပ်၊ မုန့်တီသုပ်၊ ငါးဖယ်သုပ် အစုံရတယ်။ နေ့လည် (၁၁)နာရီလောက် ကနေညနေ (၅)နာရီလောက်ထိရတယ်။ ဖေဖေနဲ့ မေမေက အဲဒီဆိုင်က ထမင်းသုပ်ကို စားတယ်။ ကျန်တဲ့ ဆိုင်က ဟာတွေကို မစားဘူး။ အချိုမှုန့်ပါလို့တဲ့။ အဲဒီဆိုင်ကတော့ ကိုယ်ပြောသလို ဖြစ်နေတဲ့ဆိုင် ဆိုတော့ သူတို့စားရတာ အဆင်ပြေတယ်။ အဲဒီဆိုင်မှာ ဘယ်လောက်စားတယ် မစားတယ် မီးငယ် ထိုင်လိုက်တာနဲ့ ငါးဖယ်သုပ် နဲ့ အာပူတစ်ပွဲ နံနံပင်မထည့် ဆိုပြီး တမ်းအော်တော့တာပဲ။ဟိ

ပြီးရင် လမ်း(၈၀)ပေါ်က ဖောင်တော်သီ အအေးဆိုင်။ ဆန်ပြားလိပ် နဲ့ အအေးသောက်ရတာလဲ စည်းစိမ်တစ်မျိုးပဲလေနော်။ မီးငယ်ကတော့ စတော်ဘယ်ရီ၊ သံပရာရေနဲ့ ဆန်ပြားလိပ် အမြဲလိုလိုစားဖြစ်တယ်။ သွားစရာရှိရင်လည်း သူငယ်ချင်းတွေအဲဒီမှာတွေ့ဖို့ ချိန်းကြတာများတယ်။

နောက်ပြီးတော့ လမ်း(၈၀)ပေါ်ကပဲ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲဆိုင်။ အဲဒီဆိုင်က မီးငယ်တို့ ဟိုးငယ်ငယ်ကလေးတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြက်ပေါင်းက မီးငယ် နှာခေါင်းထဲတော့ မညှီဘူး။ တခြားဆိုင်တွေက အနံက ညှီတယ်လို့ခံစားရတယ်။

တစ်ခါတစ်လေ ညနေပိုင်း လမ်း(၃၀)နားက လိပ်ခုတ်ဆိုင်။ လိပ်ခုတ်ဆိုလို့လန့်သွားလား။ ပလာတာကို ပဲထည့်ပြီးလိပ်ထား ပြီးတော့ ခုတ်ထားလို့ လိပ်ခုတ်လို့ ခေါ်တာ။

မနက်ပိုင်း Oriental House က Dim Sum ။ ဒါပေမဲ့ စားတာနည်းနည်းများလာရင် ညှီလာရော။ အဲဒါကြောင့် သိပ်မစားဖြစ်ဘူး။ Dim Sum ဆိုရင် Shadow လက်ဖက်ရည်ဆိုင်က ဟာကိုစားတာများတယ်။ နောက်ပိုင်း Skywalk ဖွင့်လာတော့ အဲဒီအပေါ်မှာလည်း ဆိုင်ရှိတယ်လေ။

နောက်ပြီး စားဖြစ်တာက ရွှေတောင်တန်းက ကြေးအိုး။ (၆၂)လမ်းဆိုင်မှာ သွားစားဖြစ်သလို Skywalkပေါ်မှာလည်းစားဖြစ်တယ်။ Mr.Brown နဲ့ Ginza Pan ကလည်းဖောက်သယ်တွေပဲ။

နောက်ပြီး (၇၃)လမ်း JJ café မှာလည်းစားတယ်။ အဲဒီမှာ အမြဲလိုလိုစားဖြစ်တာက ငါးအသားချောင်းကြော်နဲ့ ကော်ဖီ နဲ့ JJ ထမင်းကြော် စားတာများတယ်။ နောက်ပိုင်းကျတော့ အတွဲတွေ များလာတော့ စိတ်ညစ်ရတယ်။း(

ဘာဂါ စားကြမယ်ဆိုရင်တော့ B သုံးလုံးကိုသွားကြတယ်။ အဲဒီမှာကတော့ European Food တော်တော်စုံစုံရတယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီမှာစားတာများတယ်။ JJ ကိုသိပ်မသွားကျဘူး။

(၇၃)လမ်းက ရှမ်းခေါက်ဆွဲဆိုင်လည်းကောင်းတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ သွားစားကြရင်လည်း လူက အယောက်(၂၀)လောက်။ ပြီးလို့ ပိုက်ဆံရှင်းရင် ဘယ်တော့မှ စုမရှင်းဘူး။ တစ်ယောက်ချင်းစီရှင်းကြတာ။ မျက်နှာငယ်လေးနဲ့ ပိုက်ဆံတွက်ရတဲ့ ဆိုင်ရှင်တွေကိုလည်း သတိရပါရဲ့။

မန်းလေးကန်တော်ကြီးက နာမည်ကြီးတဲ့ မိုးကောင်း အသုပ်ဆိုင်လည်းသွားကြတယ်။ ဆေးဘဲဥ သုပ်ကတော့ မီးငယ်က ပုံမှန်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ချိုချိုဖြူ ဆိုင်က ကြာဇံချက် နဲ့ရွှေတောင်ခေါက်ဆွဲ သုပ်ကလည်း စားကောင်းတာပဲ။

အိမ်ကလူကြီးတွေနဲ့ ဆိုရင်တော့ 12 ပန်းနားဆိုတဲ့ ရှမ်းဆိုင်ကိုသွားစားဖြစ်တယ်။ ခုနောက်ပိုင်း စီချွမ်းဟော့ပေါ့ရတဲ့ ဆိုင်လည်း သွားတယ်။ ဟော့ပေါ့အရည်က ရန်ကုန်က ရွှေကောင်းဟော့ပေါ့လောက် မကြိုက်ဘူး။ အိမ်ကလူကြီးတွေနဲ့ သွားစားရင် ဈေှးနှုန်းကိုခေါက်ချိုးပြောဖို့သာ ပြင်ထား။ နို့မိုရင်တော့ မစားဘူးချည်းပဲ ပြောတာ ခံရမယ်မှတ်။

လမ်း(၈၀)နဲ့(၃၈)လမ်းထောင့်က ကော်ပြန့်ကြော်လည်း စားကောင်းတယ်။ ရိုးရိုးကော်ပြန့်၊ ငါးဖယ်ကော်ပြန့် နဲ့ ငုံးဥကော်ပြန့်ဆိုပြီးရှိတယ်။ ငါးဖယ်နဲ့ ငုံးဥကော်ပြန့်က တစ်ထုပ်ကို (၁၅၀) ဆယ်ခုပါတယ်။ ခုတော့ ဈေးမသိတော့ဘူး။ မေမေက ငါးဖယ်ကော်ပြန့် အ၇မ်းကြိုက်တယ်။ အဲဒီဆိုင်ရဲ့ အနောက်ဘက် ကောက်ညှင်းပေါင်းနဲ့ အကြော်ဆိုင်လည်း သတိရတယ်။

(၃၅)လမ်း န၀ရတ်ရိပ်သားနားက မာလာဟင်းဆိုင်တွေလည်း သတိရတယ်။အကင်စုံစား မာလာဟင်း၊ မာလာငါးစားနဲ့ ပျော်စရာကြီး။

သောက်ကျမယ်ဆိုရင်တော့ ကန်တော်ကြီး ကုက္ကိုလ်ကျွန်းထဲက ဆိုင်ကကောင်းတယ်။ မိသားစု၊ သူငယ်ချင်းတွေ ချည်းပဲဆိုရင် နေရာလည်းကျယ်တယ်။ ရတဲ့အစားအသောက်ကလည်း မဆိုးဘူး။ ဈေးနည်းနည်းကြီးတာကလွဲလို့။ မီးငယ်တို့ သူငယ်ချင်းကောင်လေးတွေ သောက်မယ်ဆိုရင် အဲဒီသွားတာများတယ်။ အဲဒီမှာက အရက်နဲ့ ပါတ်သတ်တာမျိုးစုံရတယ်။ ဘီယာဆိုင်လိုလည်း မဟုတ်တော့ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင် လူအမြင်တင့်တယ် တယ်လို့ထင်ပါတယ်။

နောက်ပြီး သွားစားတတ်တဲ့နေရာ တစ်ခုကတော့ တောင်သမန်အင်းက ပုဇွန်ကြော်၊ ငါးကြော်ပါပဲ။ လှေလည်းစီး၊ မုန့်လည်းစား အတွဲလည်းချောင်းရင်းပေါ့။ တစ်ခါတစ်လေ ရတနာပုံတက္ကသိုလ် ထဲထိ သွားပြီး မုန့်စားကြပါသေးတယ်။

ဈေးချိုထဲမှာလည်း မြန်မာမုန့်တွေက စုံတယ်နော်။ မုန့်စိမ်းပေါင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်လိပ်ပြာ၊ ကြိတ်မုန့်၊ မုန့်ဘိုင်းတောင့်၊ မုန့်လင်မယား၊ မုန့်ပစလတ်၊ တို့ဟူးသုတ် အစုံပါပဲ။ မီးငယ်တို့ အုပ်စုကတော့ ဗိုက်ဆံသမျှ အကုန်ထည့်တာပါပဲ။ ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် အေးရော။ :D

အမှတ်(၈) မုန့်ဈေးတန်းကလည်း မီးငယ်တို့ မုန့်သွားစားနေကျနေရာပါ။ ခုချိန်ထိလည်း ပြန်ရင် သူငယ်ချင်းတွေစုပြီး ဆရာမတွေသွားတွေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲဝင်ပြီး မုန့်စားတုန်းပါ။ ကျောင်းပြီးပြီးချင်းတုန်းကတော့ အိမ်နားက ကလေးတွေက ဘာဝယ်ခဲ့ပေးပါဆိုပြီး မှာစားတာ။ ခုနောက်ပိုင်း အဲကလေးတွေလည်းကျောင်းပြီးရော။ အုပ်စုလိုက်ကျောင်းသွားပြီး မုန့်စားတော့တာပါပဲ။ သေချာတာကတော့ အဲဒီနေ့ ဗိုက်လည်းပြည့်တယ်။ ပိုက်ပိုက်လည်း သိပ်မကုန်ဘူး။ ဆရာမတွေက သူတို့ သမီးတွေက သူတို့ကို အမှတ်တယ နဲ့လာတွေ့တယ်ဆိုပြီး မုန့်တွေ ၀ယ်ကျွေးတယ်လေ။ ဟီး ကျောင်းက လက်ဖက်သုပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး အရမ်းစားလို့ကောင်းတယ်။ ကျောင်းဆင်းရင်ကျောင်းရှေ့ပေါက်က ကြက်ဥခေါက်မုန့် ၀ယ်ပြန်တယ်။

နောက်ပြီးတော့ စစ်ကိုင်းကောင်းမှုတော်က အကြော်ကလည်းစားလို့ကောင်းတယ်နော်။ မီးငယ်တို့ကတော့ ကျောင်းလစ်ပြီးကို သွားစားကြတယ်။ မင်းကွန်းခေါင်းလောင်းကြီးနားမှာ ရောင်းတဲ့ အကြော်ဆိုင်လည်းကောင်းတယ်။ မြစ်ငယ်တံတားနားက ရွှေကျွန်းပင် လက်ဖက်ရည်ဆိုင်က ကြံရည်လည်းကောင်းတယ်။

ပြန်ရင်တော့ အဲဒီဆိုင်တွေမှာ သွားစားဦးမယ်။

12 comments:

Unknown said...

အာာာာာာာာာ နှိပ်စက်တယ်ကွာ.........
မန်းလေးက စားစရာတွေ မရေးကြေးလေဟာ.......
ဗထူးကွင်း မြီးရှည်ကို မနက်ပိုင်းမှာ မင်းသီဟမှာ စားလို့ရတယ်။

Unknown said...

ဒေါ်ရွှေဆိုင်က ငါ ၄နှစ် သားလောက်က စပြီးဖွင့်တာဟ

kiim said...

မီးငယ်ရေးတာဖတ်ရင်းနဲ့ 
သွားရေတောင်ကျလာပြီ..
သိဘူး.. ကျွေးရမယ်နော်..ဒါပဲ.. :P

ဝေလေး said...

ဂလု ဂလု မြည်အောင် တံတွေးမြိုချရင်း ပြန်သွားရပြီ......

အောင်ခိုင်(မန်း) said...

မီးငယ်.....ရေ
“ငါ အစားအသောက် သောင်းကျန်းလှပြီအောက်မေ့
နေတာ နင့်ကို မမီသေးပါလား”
မီးငယ် က ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် ဆိုလို့ “အကို ကြိတ်မုန့်ဝယ်စားရင် အမြဲတမ်း နင်တယ်၊တလိပ်ပြီးတလိပ် သွတ်တာကိုး ရေခွက်ဘေးမှာချထားရတယ်၊မန်းမြို့တော်ပေါက်စီဆိုရင်
၆လုံးလောက်ကတော့ အသာလေးပဲ။အမေကဆို“ငါသား
စူဇကာပုဏား ဘာနဲ့ သေတာလဲ သိတယ်မဟုတ်လားတဲ့“

ဖြိုးငယ် said...

မီးငယ် .. နင် ဈေးရောင်းနေတာတော့ မဟုတ်ပါဘူးနော် ..
ဒါမှမဟုတ် ကြေငြာခ ရနေတယ်ထင်တယ် ...
ရေးထားလိုက်တာလဲ သရေ ကျ စရာတွေချည်းပဲ ...
ငါတို့ကိုရော ဘာလိုက်ကျွေးမှာလဲ .. :P

Unknown said...

ဟဲ့.... အခုမှ သတိရတယ်..... ထိုးမုန့် နဲ့ ရွှေကြည် နနွင်းမကင်း၊ အားလူး နနွင်းမကင်း စားချင်တယ် မပြောပါလား... မကြိုက်ဘူးထင်တယ်။ ငါတော့ ကြိုက်.. အရမ်းကြိုက် ဘဏ်(၁)ဘေးက တိုရှည်၊ မလိုင်လုံးကော စားဘူးလား... အဲဒါတွေကိုလဲ အရမ်းလွမ်းတယ်။

Unknown said...

ဝမ်းရွှေခေါက်ဆွဲ၊ ရွှေခိုင် ကြက်ခြေထောက် စွတ်ပြုတ်၊ ငါးကင်၊ နန်းရှေ့ မီးသတ်ရှေ့က မုန့်ဟင်းခါး၊ မန်းမြို့တော် ဝက်သားပေါင်း၊ ရတနာပုံဈေးနားက ညဈေးမှာ ရောင်းတဲ့ မြေအိုးမီးရှည်၊ ၃၈လမ်း ၇၉x၈၀ ကြားက ဘယာကြော်၊ ကောက်ညှင်းပေါင်း၊ ငှက်ပျောထုပ်၊ ဒေါ်ရီ ထမင်းဆိုင်ဝင်းထဲက မုန့်တီ စားချင်တယ်ဗျို့

အောင်ခိုင်(မန်း) said...

အလုပ်များနေလို့ ညီမရေ....
ညီမသိချင်တဲ့ အကြောင်းအရာတွေ ရပါပြီ။ကျောင်းကိစ္စကတော့ file တွေပါတယ်။email နှဲ့ပို့မှ ရမယ်။
hannaforce@gmail ကိုmail တစ်ခုခုပို့လိုက်ပါ။replyလုပ်ပြီး ပို့ပေးလိုက်မယ်။

လေးစားလျက်

အောင်ခိုင်(မန်း) said...

heartmuseum..ရေ
မန်းလေးရောက်မှ ငတ်နေသမျှ
အပြတ်တီးဗျာ.....ရှလွှတ်

Kyaw Nyo Thway said...

သိပါဘူးဗျာ အပေါ်မှာစတွေ့တုန်းကတော့ မမသီရိ သမီးလေးထင်လို့ ဟီးးး
သားမှမသိတာကိုးဗျ နော..။

Kyaw Nyo Thway said...

အကုန်လုံးက စားချင်စရာတွေချည်းပဲ
း)