လူတိုင်းမှာ အမှတ်တယ တစ်ခုစီတော့ ရှိတတ်စမြဲပါ။ ကျွန်မမှာရော.. အများကြီးပဲပေါ့။
ပျော်ရွှင်ခဲ့တဲ့ အမှတ်တယတွေ၊ ၀မ်းနည်းခဲ့တဲ့ အမှတ်တယတွေ၊ ကျရှူံးခဲ့တဲ့ အမှတ်တယတွေ၊ အောင်မြင်ခဲ့တဲ့ အမှတ်တယတွေ ပေါ့။ အဲဒီ အမှတ်တယတွေကို ဘယ်လိုမှတ်ထားခဲ့လဲ။ ဒိုင်ယာရီ ရေးပြီး မှတ်ထားခဲ့လား။ ဟင့်အင်… မရေးခဲ့ပါဘူး။ ချပြီးရေးမှတ်ထားတာက တိကျသေချာတဲ့ အလုပ်တစ်ခုဖြစ်ပေမဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မဘ၀ အတွက် အရေးကြီးတဲ့၊ အရေးပါတဲ့၊ တန်ဖိုးထားတဲ့ အရာတွေအားလုံးကို ခေါင်းထဲမှာ သေချာမှတ်မိနေတယ်။
လူတစ်ယောက်ကပြောတယ်… အရမ်းမှတ်ထားနိုင်တယ်တဲ့။ ဟုတ်တယ် စိတ်ထဲကနေ အလေးထားရင် အားလုံးကိုမှတ်မိနေတယ်။ လွန်ခဲ့တဲ့ ၉ လလောက်ကတော့ စိတ်ကူးထဲကနေ ဖြစ်ချင်တာတွေအားလုံးကို ချရေးထားဖူးတယ်။ စုစုပေါင်း အခု(၂၀)ရှိတယ်။ အဲဒီထဲကနေ (၅) ခုတော့ ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စိတ်ကူး (၂)ခုကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာပဲပြောပြော ၄ ပုံ ၁ ပုံတော့ ဖြစ်ပြီးသွားပြီး ကျန်တာတွေဖြစ်လာအောင် ကြိုးစားရမယ်။
ဘ၀မှ အရေးကြီးတဲ့ နေ့ရက်တွေ
- ၂.၇.၂၀၀၂ (၁၀ တန်းအောင်စာရင်းထွက်တဲ့နေ့)
- ၂၃.၂.၂၀၀၇(B.C.Tech (Hons) ရတဲ့နေ့)
- ၁၁.၈.၂၀၀၇(AITကိုစရောက်တဲ့နေ့)
- ၆.၅.၂၀၀၉( Deference ပြီးတဲ့နေ့)
- ၂၇.၅.၂၀၀၉ (M.Sc(Computer Science) ရတဲ့နေ့)
အောင်မြင်ခဲ့တာဘယ်နှစ်ကြိမ်၊ ကျရှူံးခဲ့တာ ဘယ်နှစ်ကြိမ်ဆိုတာတော့ မှတ်မထားမိဘူး။ အချိန်တိုင်းမှာ အောင်မြင်တယ်၊ ကျရှူံးတယ်လို့ မမှတ်ပဲ ကိုယ့်အတွက်သင်ခန်းစာတစ်ခု ရတယ်လို့ ပဲမှတ်ထားလိုက်တယ်။ သေချာတာကတော့ ရှေ့လျှောက်သင်ယူစရာတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ။ (၂၃)နှစ်ပြည့်တဲ့ ဒီနေ့ထိ မှန်တာတွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးရှိခဲ့တယ်။ တစ်ချို့အမှားတွေကပြင်လို့ရသလိုပဲ ပြင်လို့မရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအမှားတွေထဲကနေ မသိသေတဲ့ အရာတွေကိုလည်း သိလိုက်ရတယ်။ အထူးသဖြင့် လောကကြီးက ထင်သလောက်မဖြူစင်ကြဘူး ဆိုတာပါပဲ။ သေချာတာကတော့ ရှေ့လျှောက်အမှားနည်းဖို့နဲ့ စိတ်ကို အလိုမလိုက်ဖို့ပဲ လိုတယ်။ ဘ၀မှာတောင်းတဲ့ဆုတိုင်းသာပြည့်ရမယ်ဆိုရင်… မေမေနဲ့ဖေဖေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ သမီးဖြစ်ရပါစေလိုဧ။်လို့ ပဲဆုတောင်းမိမယ်။
ဒီနေ့ ဒီအချိန် ဒီနေရာမှာရပ်တည် နိုင်အောင် တွန်းအားအများဆုံးပေးခဲ့တဲ့၊ ထောက်ပံမှုတွေပေးခဲ့တဲ့ ၊ လမ်းညွန်မှုတွေပေးခဲ့တဲ့ မေမေနဲ့ဖေဖေ။
တပည့်တစ်ယောက်လိုသာမကပဲ သမီးတစ်ယောက်လိုပါ သဘောထားပြီး ပညာသင်ပေးခဲ့တဲ့ ဆရာ ၀င်းနောင်၊ ဆရာ စော။
မွေးနေ့တူပြီး AIT မှာနေတဲ့ ကာလတစ်လျှောက်လုံး ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေး၊ စာရှင်း၊ နေမကောင်းလည်း ဆေးတိုက်၊ ထမင်းလည်းချက်ကျွေးခဲ့တဲ့ အကို ကိုဟန်ဝင်း
ဗိုက်ဆာတိုင်း မညီးမညူ စားစရာလုပ်ပေးတဲ့ မမငယ်နဲ့ Markiu
တစ်နိုင်ငံဆီမှာနေပေမဲ့… ညီမအရင်းတစ်ယောက်လို ဆုံးမခဲ့သွန်သင်ခဲ့တဲ့၊ စိတ်ပျက်စရာတွေ့တိုင်းအားပေးခဲ့တဲ့ ကိုကြီးမိုးမြင့်တိမ်၊ မမလဲ့၊
အကူအညီလိုတိုင်း နှိပ်စက်ရတဲ့ ကိုကြီး ကိုကျော်မြတ်သူ
ငါ့ညီမ ညည်းလူ့လောကအကြောင်းကိုဘာမှ မသိသေးဘူးဆိုတဲ့ ကိုBlack နဲ့ ကိုဖြိုးငယ် နဲ့ ကိုငြိမ်းချမ်းမင်း
နှိပ်စက်သမျှကို သည်းခံကျတဲ့ သူငယ်ချင်း သီရိစိုး၊ ကျော်ဇင်၊သာယာ၊
မွေးနေ့တူတဲ့ သူငယ်ချင်း ဆန်းထွန်း နဲ့ ဥာဏ်လင်းစိုး တို့အားလုံးကို ဒီနေ့ ဒီအချိန်ထိ အနားမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။
ပြီးတော့ ကျွန်မရေးသမျှစာတွေကို သည်းခံပြီးဖတ်ပေးခဲ့ကျတဲ့ အကို၊အမတွေနဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
So Lonely Birthday! :(

11 comments:
ညီမငယ် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ၂၃နှစ်မြောက်မွေးနေ့လေး ဖြစ်ပါစေ ညီမလေး။ ဘ၀မှာ တစ်ကြိမ်တစ်ခါအောင်မြင်ဖို့အတွက် အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ကြဘူးပါတယ်။ ငါ့ညီမ ၂၃နှစ်မြောက်မွေးနေ့မှစလို့ ရှေ့လျောက်အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ အကိုကြီး မွေးနေ့ဆုတောင်းပေးလိုက်ပါတယ် ညီမငယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
happy birthday mee nge
၎ပုံ ၄ပုံ ပြည့်မယ့်နေ့မှာ ကောင်းချီးပေးပို့ စောင့်နေပါ့ မယ် ညီမရေ..။ မနေ့ကထက်စာရင်တော့ ဒီနေ့ ငါ့ညီမ လူတွေအကြောင်း ပိုသိလာပြီ ဆိုတာ ကိုယ်ယုံ ကြည်ပါတယ်...။
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေညီမလေးရေ...။ :)
ငါ့နာမည်ပါပါ့မလားလို့ ရင်တုန်ပြီး ဖက်လိုက်ရတာ တွေ့မှပဲ အလုံးကြီးကျသွားတော့တယ် :D ဟီးဟီး
ခုလာမည့်မွေးနေ့ မှ နောက်နှစ်ပေါင်း များစွာတိုင်
လိုအင်ဆန္ဒများ တလုံးတ၀ထဲ ပြည့်စေဗျာ.... :pray
"Happy birthday Mee Nge" :)
မီးငယ်ရေ။ ပျော်စရာကောင်းတဲ့ မွေးနေ့ ဖြစ်ပါစေ။ :)
POOH ရုပ်တွေကိုချစ်တဲ့ ညီမလေး ၂၃နှစ်ပြည့် မွေးနေ့ကနေစပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုတွေရပါစေ။ ပညာတွေလည်းအများကြီး ဆက်သင်နိုင်ပါစေ။ မိဘကျေးဇူးကိုလည် ဆပ်နိုင်ပါစေ...
ညီမလေးချစ်တဲ့
မမ
HAPPY BIRTHDAY TO U. :D
Happy BD ပါ ညီမလေး ...
ငါ့ညီမ လူကြီးဖြစ်ပြီပေါ့ ....
ရည်မှန်းချက်တွေ အားလုံးပြည့်ဝပြီး
ညီမလေး ဆိုးတာကိုခံနိုင်မဲ့ ဖူးစာရှင်နဲ့
တွေ့ပါစေဗျာ ....
Happy Birthday! ဖြစ်ပါစေ ညီမရေ.
အားလုံး အဆင်ပြေ၊ ကျန်းမာ၊ နေကောင်း. နောက်ထပ်
ဆုတောင်းကတော့ ဖြိုးငယ် ဆုတောင်း အတိုင်းပဲ။ :))
ံ့Happy Birthday ညီမလေး
ပျော်ပါစေ လို့ တောင်းဆုပေး..
နှုတ်ခ္ဂန်းဆက်တယ်လေး....
ဟေး..ဟေး...ဟေး...
Happy Birthday!
ဟီး.. မျက်စိလည်ရောက်လာပြီး
ဘာမသိညာမသိ ဆုတောင်းသွားတယ်... :P
လူချစ်လူခင်များပြီး လိုတိုင်းတရပါစေပေါ့နော်...
Post a Comment