(၂)နှစ်ဆိုတဲ့ အချိန်လေးက ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ ဘယ်လောက်မှ မကြာသလိုပါပဲ။
ဘာလိုလိုနဲ့ ကျောင်းပြီးသွားပြီ။ ပထမဆုံး Semester မှာတော့ အလူးအလဲကို စာပိပြီး ဘာ Activities မှ မလုပ်နိုင်ခဲ့ဘူး။ ဒုတိယနဲ့ တတိယ semester ပိုတောင်ဆိုးလာသေးတယ်။ နောက်ဆုံး Semester မှ ဖေဖေပြောထားတဲ့အတိုင်း Student Union မှာ Volunteer ၀င်လုပ်ဖြစ်ခဲ့တယ်။ AIT မှာ စိတ်ချမ်းသာစရာထက်၊ စိတ်ညစ်စရာက ပိုများခဲ့တယ်ဆိုတာတော့ သေချာတယ်။ လူတွေရဲ့အကြောင်းကိုလည်း ပိုသိလာတယ်။ ထင်ထားသလောက် လူတွေရဲ့စိတ်က မဖြူစင်ဘူးဆိုတာလည်း သိလာတယ်။ ကျန်နေသေးတဲ့ ဘ၀မှာ ကိုယ့်ကိုကိုယ် ဆက်လက်ရှင်သန်နိုင်အောင် ဘယ်လိုရပ်တည်ရမယ်ဆိုတာလည်း နည်းနည်းတော့ နားလည်လာတယ်။ ဘာပဲပြောပြော နောက်ထပ်ဘွဲ့တစ်ခုကတော့ ရခဲ့ပြီ။ အဲဒါကို ဘယ်လိုရှေ့ဆက်အသုံးချနိုင်မလဲဆိုတာပဲ ကိုယ့်ကိုကိုယ့် စောင့်ကြည့်ရမယ်။ နောက်ထပ်ဘာတွေ တိုးတက်ပြောင်းလဲလာ မလဲပေါ့။ AIT မှာ ကျောင်းတက်နေတုန်း Blog တစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်။ အဘွားလည်း မရှိတော့ဘူး။ (၂)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကောင်းတာတွေရော ဆိုးတာတွေပါ ဖြစ်ခဲ့တယ်။ မှားတာတွေ မှန်တာတွေလည်း ရှိခဲ့တယ်။ သင်ခန်းစာယူလိမ့် မယ်လို့ ကိုယ့်ကိုကိုယ် မျှော်လင့်မိတယ်။ ဘာပဲပြောပြော လူကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ်။ Anyway, Congratulation By Myself. မိသားစု (၃)ယောက်တည်းရှိတဲ့ အခြေအနေမှာတောင် ဘွဲ့ယူတာကိုမေမေလိုက်မလာနိုင်ဘူး။
AIT ကိုရောက်လာအောင် တွန်းအားပေးခဲ့တဲ့ ၊ အစစအရာရာ လိုအပ်မှုမရှိအောင် ထားပေးခဲ့တဲ့ ဖေဖေနဲ့မေမေ။ စရောက်ကတည်းက ခုချိန်ထိ ထမင်းလည်းချက်ကျွေး၊ စာလည်းရှင်း၊ နေမကောင်းလည်း ဆေးတိုက်တဲ့ အကို၊ ပြသနာရှိလည်း ဒီအကိုပဲပြေးပြော နဲ့ နေလာတာ အကို (ကိုဟန်ဝင်း) ညဘက်ကို ဗိုက်ဆာတိုင်း မညည်းမညူနဲ့ စားစရာလုပ်ပေးပြီး စီနီယာတစ်ယောက်လိုရော အစ်မအရင်းတစ်ယောက်လိုပါ ဆုံးမပြီး အနားမှာနေပေးခဲ့တဲ့မမငယ်။ စာမရတိုင်း ရှင်းပြပါဆိုပြီး ဂျီကျခဲ့ရ သူပြောတဲ့ အင်္ဂလိပ် အသံထွက်ကိုနားမလည်မှာ စိုးလို့ ဖြေးဖြေးခြင်းပြော ပေးတဲ့ စီနီယာ Mariku ။ နှိပ်စက်သမျှကို နင်ကငါ့ကိုသိပ်နိုင်စားတာပဲ လို့ ပြောပြီး အားလုံးလိုက်လုပ်ပေးတဲ့ သူငယ်ချင်းပြည့်စုံ။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်မှု၊ ကျဆုံးမှုတွေကို အတူတူခံစားပေးတဲ့ သူ။
ဒီနေ့ရတဲ့ဘွဲ့က မေမေနဲ့ဖေဖေရဲ့ကျေးဇူးက (၈၀%) ပါတယ်ဆိုတာ လုံးဝကိုသေချာပါတယ်။ မေမေနဲ့ဖေဖေရဲ့ ထောက်ပံမှုမပါပဲနဲ့ ဒီနေ့ဒီအခြေအနေကိုရောက်မလာတာကတော့ သေချာတယ်။
အရာအားလုံးအတွက် ကျေးဇူးပါ မေမေနဲ့ဖေဖေ။

18 comments:
Congratulation ပါ ငါ့ညီမ..။ ဘ၀ရဲ့ ဆက်လျှောက်ရမယ့် လမ်းကြောင်းတစ်လျှောက် အမှားနဲနဲ..။ သောကနဲနဲ..။ ပြသနာနဲနဲ နဲ့ အောင်မြင်မှုများများ ရယူနိုင်ပါစေ..။ တိုင်းပြည်နဲ့ လူမျိုး..။ အမျိုးဘာသာ သာသနာအတွက် အားကိုးယုံ ကြည်ရတဲ့ အမျိုးကောင်းသား နိုင်ငံ့ရတနာလေး ဖြစ်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
@ Ko Black >> အကိုဆုတောင်းတဲ့အတိုင်းဖြစ်အောင် ညီမလေး တက်နိုင်သမျှကြိုးစားမှာပါ
Congratulations ပါ မမီးငယ် မှန်ပါတယ် ကျောင်းတက်တယ်ဆိုတာ အသိပညာရစေသလို လူတွေအကြောင်းလည်းပိုသိစေတာမို့ ဘဝတက္ကသိုလ်တက်တယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ဘဝမှာ ဒုတိယထမင်းစားလက်မှတ်ကြီးရသွားပြီဆိုတော့ အရမ်းကို ဂုဏ်ယူစရာ ပျော်စရာပါ။
ဂုဏ်ယူပါ၏။ ဝမ်းသာ၏။
ဒီ့ထက်မက အောင်မြင်မှုတွေ ရယူပိုင်ဆိုင်နိုင်သူ တယောက် ဖြစ်ပါစေလို့....... ဆုတောင်းရင်း
ဂုဏ်ယူဝမ်းသာပါ၏။
Congratulation sister.
ကျောင်းတက္ကသိုလ်ပြီးသွားပြီး ဘ၀တက္ကသိုလ်ကို တက်ရတော့မှာဆိုတော့ အရင်တုန်းက မှားခဲ့တာတွေကို သင်ခန်းစာယူပြီး နောက်တစ်ခါ ဆက်မမှားစေနဲ့တော့လို့ ညီမ မီးငယ်ကို အကိုကြီးတစ်ယောက်စတိုင် ဆုံးမလိုက်ချင်သော်လည်း ကိုယ်ကိုကိုယ်တိုင်က ပုလင်းဖက်ပြီး မိုက်နေဆဲမို့ ……. အဟီးးးးးး
Congratulation ပါ ညီမလေးမီးငယ်ရေ..
ဘ၀မှာအောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ပါစေ..
မမ၀ါ
တယ်လည်း ကျေးဇူးသိတက်တဲ့ ငါ့ညီမလေးပါလား ..
ဂုဏ်ယူပါတယ်ဗျာ ..
ရှေ့ဆက်ပြီး ဒီထက် အောင်မြင်မှုတွေရရှိနိုင်ပါစေ ညီမလေးရေ ...
ညီမလေးရေ... အစ်မက အခုမှ အွန်လိုင်းဝင်ရလို့ နောက်ကျသွားတယ်နော်။ ဘာပဲဖြစ်ဖြစ် CONGRATULATIONS!
အတန်းပညာတွေ ပြီးဆုံးသလောက်ရှိပေမယ့် ဘ၀ဆိုတဲ့ကျောင်းမှာတော့ ပညာတွေလေ့လာစရာအများကြီး ရှိနေဦးမှာပါ။ ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်ပါစေ။ အောင်မြင်မှုတွေ ရပါစေ။
ညီမလေးချစ်တဲ့...
congratulations mee nge
မီးငယ်တော်တယ်..အာဘွား*၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀
Congratulations! And good luck for your future!
ဂုဏ်ပြုပေးတဲ့အကိုတွေ အစ်မတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
မ မီးငယ် ခင်ဗျာ ကျွန်တော် အကူအညီတောင်ချင်လို့ ပါ ကျွန်တော် blog မှာ မမီးငယ် ရဲ့ Blog template လိုမျိုးလေးတင်ချင်လိုပါ ရယူနှိုင်သော Link လေးပေးနှိုင်မလာခင်ဗျာ
မီးငယ် ရေ
ဒီနေ့ မှ ကိုနေလွမ်းသူ ရဲ့  Blog ကနေ ပထမဆုံးရောက်ဖူးတာပါ။ Blog လေးကို ကြိုက်တယ်။
နောက် posts တွေကိုလည်း စောင့်မျှော်အားပေးနေမယ်နော်။
မမဆီမှာ ဇါန် ၃ ရက်နေ့ရောက်ပြီ ညီမလေး
မနက်ဖြန်မနက် ရုံးသွားရင် နောက်ကျနေမှာစိုးလို့ အခုလာပြီး wish လုပ်တာနော်။ စီပုံးပျောက်နေလို့ ဒီမှာပဲရေးထားခဲ့တယ်။
POOH ရုပ်တွေကိုချစ်တဲ့ ညီမလေး ၂၃နှစ်ပြည့် မွေးနေ့ကနေစပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုတွေရပါစေ။ ပညာတွေလည်းအများကြီး ဆက်သင်နိုင်ပါစေ။ မိဘကျေးဇူးကိုလည် ဆပ်နိုင်ပါစေ...
ညီမလေးချစ်တဲ့
မမ
Congratulation ညီမလေး.. အောင်မြင်မှုတွေ အများကြီး ဆက်လက်ရရှိပါစေ...
Post a Comment