Tuesday, April 14, 2009

AIT သင်္ကြန် (April 2009)

မီးငယ်တို့ကျောင်းမှာ သင်္ကြန်လုပ်ပါတယ်...မနေ့က ကြာဇံကြော်နဲ့အုန်းနို့ကျောက်ကျောကျွေးပါတယ်.... ဒီနေ့ရွှေရင်အေးနဲ့ ဆီချက်ခေါက်ဆွဲကျွေးမယ်လို့ သတင်းအတိအကျရထားပါတယ်။ မြန်မာတွေကိုပေးမသုံးတဲ့ မီးသတ်ပိုက်လည်း ဒီနှစ်ပေးသုံးပါတယ်.... သင်္ကြန်တွင်းလည်း ထိုင်းစစ်တပ်က ဆော်တယ်တဲ့။ သူတို့တွေက ပြောတယ်.. ကြမ်းနေပီတဲ့... အဲဒီစကားပြောတဲ့နေ့က စစ်တပ်ကပစ်တောင်မပစ်သေးဘူး။ သံချပ်ကာ ကားတွေ မြို့ထဲရောက်နေရုံပဲရှိသေးတယ်။ မီးငယ်လည်းပြောလိုက်တယ်.. ငါတို့ဆီက တပ်မ တစ်ခုလောက်သာခေါ်လိုက် နင်တို့ဆီမှာ နောက်ထပ်ဒါမျိုး မဖြစ်စေရဘူးလို့ :D သူတို့ကထပ်ပြောသေးတယ်.. မြို့ထဲမှာ ရဲနေတာပဲတဲ့ သွေးတွေလားဆိုတော့ မဟုတ်ဘူး။ အကျီအနီဝတ်ထားတဲ့သူတွေတဲ့။ ပြန်ပြောလိုက်တယ်။ အဲဒါရဲတယ်မခေါ်သေးဘူးလို့။ ငါတို့ဆီမှာ လမ်းမပေါ်မှာ ရဲရုံတင်မကပူး အိုင်ပါထွန်းနေတာလို့....(တိန် မဆိုင်တာတွေပြောမိပြန်ပီ) အဓိကပြောချင်တာကတော့......အကိုတစ်ယောက်က ကဗျာရေးထားတယ်..ဖတ်ကြည့်ကြပါဦးနော်..
သင်္ကြန်လက်ဆောင် တဲ့
'မကောင်းမှုတွေမှန်သမျှ
နှစ်ဟောင်းတွင်သာချန်ခဲ့ကြ။ ''

''စိတ်သစ်လူသစ်မွေးကြပါ
နှစ်သစ်ရောက်တော့မှာ''

''ကောင်းမှုအရာပြည့်စုံဖို့
ဒို့တတွေကြိုးစားစို့။''

''လောဘ၊ဒေါသ၊မောဟတွေ
ဒို့ကိုအမြဲနှိပ်စက်နေ..''

''ပူလောင်မှုတွေကင်းဝေးဖို့
အတာရေနှင့်ပက်ဖျန်းစို့။''

''မလိုမုန်းထားရန်တရား
ဖယ်ရှားကြပါဒီချိန်ခါ''

''ရင်းနှီးခင်မင်ချစ်ကြည်ဖို့
ပျော်ပျော်ရွှင်ရွှင်ရေကစားစို့။''

AIT ရောက်မြန်မာတွေ
ရိုးရာဓလေ့ပြစို့လေ..

ပျော်စေရွှင်စေသင်္ကြန်ပွဲ
စည်းကမ်းရှိစွာဒို့ဆင်နွှဲ

တွေ့ကြုံဆုံကွဲဓမ္မတာ
လူတိုင်းတွေ့ရမှာ
တွေ့ကြုံဆုံကြတခဏ
ဖော်ဖော်ရွေရွေဆက်ဆံကြ
အဲဒါမြန်မာ့ရိုးရာဓလေ့ဗျ။

Best regards,
Supercountryman


P.S >> နောက်ဆုံးအခြေအနေအရ... ထိုင်းလူမျိုးများ သင်္ကြန်နှင့် သီတင်းကျွတ်မှားသွား၍ ဗျောက်အိုးများ တဒိုင်းဒိုင်းဖေါက်သည့်အလား ပစ်ဖေါက်နေကြသည်...(သတင်းများကိုကြော်ငြာလို့ပီးပါပီ)....
ရွှေရင်အေးသွားသောက်လိုက်ပါဦးမယ်ကွယ်....

7 ခု ကြီးများတောင်ဝေဖန်တွားတယ်:

ourstream said...

ရွှေရင်အေး သောက်ချင်လို့........

ဖိုးသင်္ကြန် said...

မုန့်လုံးရေပေါ်တော့မကျွေးကြဘူးနော်။
ကိုယ်ပဲ ပြန်ကျွေးလိုက်ပါ့မယ်။
ရော့...စား
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ

ကောင်လေး said...

ရွှေရင်အေး ဆိုရင် ကောင်လေးကိုလည်း တိုက်နော်.. အရမ်းကြိုက်လို့ပါ..။

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--

မသက်ဇင် said...

မီးငယ်ရေ
ထပ်လာဖတ်ပါတယ်
ပျော်ရွှင်ပါစေ

Moe Myint Tane said...

ညီမလေး နင်အစားတွေ သိပ်မသောင်းကျန်းနဲ့။ ပြီးရင် ဟိုလူမနေရ ဒီလူမနေရ ဖြစ်ဦးမယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အောင်ခိုင် (မန်း) said...

ညီမလေး မီးငယ်....မသက်ဇင် အိမ်ကိုလာလည်ရင်း
ညီမ အိမ်ကိုတွေ့လို ပထမဦးဆုံးအကြိမ်ဝင်လာတာပါ....အစ်ကို က zorpia မှာ mgluhla အမည်နဲ့ညီမ zorpiaအိမ်ကို လာလည်တတ်ပါတယ်.ညီမဆီမှာ cbox လေးရှိရင်သိပ်ကောင်းမှာပဲ....မန္တလေးချစ်တဲ့ မန္တလေးသားမို့ မန္တလေးသူ ညီမလေး မီးငယ်ကို အမြဲအားပေးနေလျှက်ပါ။http://burmainfokorea.blogspot.com/မှာ အောင်ခိုင်(မန်း)အမည်နဲ့ စာတင်ပါတယ်။ညီမ လာလည်ပါဦး။လာလည်ကြောင်း စာလေးရေးခဲ့ပါ