Saturday, November 29, 2008

တချိန်တုန်းက

အရင်တုန်းက ဒီလိုအချိန်တွေမှာ အနားမှာမရှိနေနိုင်ရင်တောင်...ရောက်တဲ့နေရာကနေဖုန်းဆက်ခဲ့ကြတယ်.. မြေးတွေဖုန်းဆက်မှာကိုလည်း ဒီလိုနေ့မျိုးဆိုရင်အရင်နေ့တွေထက်ပိုပီးမျှော်နေတတ်တယ်... တောင်လေးလုံးကျောင်းတိုက်ကိုမသွားခင် ဗူးသီးကြော် အမြဲစားရတာကိုလည်း အမှတ်ရနေပါတယ်...နောက်ထပ်ဘယ်တော့မှ ပြန်မရနိုင်တော့မဲ့အချိန်တွေ တမ်းတပြီး သတိရနေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး.. နောက်ဘ၀မှာ လူဖြစ်ခဲ့ရင် အဘွားမြေးပဲထပ်ဖြစ်ချင်ပါတယ်.... အဘွားတစ်ယောက်ကောင်းရာ ဘုံမှာ အေးအေးဆေးဆေးနေနိုင်တယ်လို့ပဲတွေးပီး ပျော်နေပေးပါ့မယ်.... အဘွားက အမြဲပြောတယ်... ဘွားကအိုနေပီ...ဘာမှသုံးလို့မရတဲ့လူပိုကြီးဖြစ်နေပီ...လို့ပြောခဲ့တယ်...ဒါပေမဲ့ အဘွားရယ် သမီးတို့လိုလူငယ်တွေ (၁၀)ယောက်နဲ့ အဘွားတစ်ယောက်နဲ့ ဘယ်လိုမှ အစားထိုးလို့မရပါဘူး... မြေးတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုတင်မဟုတ်ပါဘူး... သမီးတို့တွေအယောက်(၁၀၀)သေရင်တောင် တန်ဖိုးမရှိပါဘူးအဘွားရယ်.... ပြသနာတစ်ခုဖြစ်လာတိုင်း ငါ့မြေးစိတ်ဓါတ်မကျနဲ့ လို့ပြောပီး အားပေးစကားအမြဲပြောတတ်တဲ့အဘွား.... မြေးတွေအနားမှာရှိနေရင်အမြဲတမ်းပြုံးနေတဲ့အဘွား....သမီးတို့တွေပြန်လာတိုင်း အဘွားကိုလာတွေ့ပြီးကန်တော့ ကြတာ ခုတစ်ခေါက်ပြန်ရင်ဘယ်သူ့ကိုလာတွေ့ရမှာလဲအဘွား.... နှစ်စဉ်တောင်လေးလုံးကျောင်းတိုက်မှာ လုပ်နေကျမွေးနေ့ပွဲကရော မွေးနေ့ရှင်လည်းမရှိ၊ ကျောင်းတိုက်ပိုင်ရှင် ဆရာတော်လည်း ကျောင်းတိုက်မှာ မရှိ၊ ဂုဏ်ပြုပေးမဲ့ အဓိကလူတွေကလည်း တကွဲတပြားနဲ့ (လွတ်လမ်းမရှိတဲ့လမ်းကို လျှောက်နေကြရပီအဘွားရေ) ခြောက်ကပ်နေမှာပါ... အဘွားရေ...အေးချမ်းတဲ့နေရာတစ်ခုမှာ အဘိုးရယ်၊ မန်းလေးကိုအရမ်းချစ်တဲ့ သမိုင်းဆရာကြီးရယ်၊ မိတ်ဟောင်းဆွေဟောင်းတွေရယ်နဲ့ စိတ်ချမ်းချမ်းသာသာနဲ့ နေပါနော်... မြေးတို့ကိုလည်းစောင့်ရှောက်ပါ...အထူးသဖြင့်မလွတ်လမ်းကိုသွားရတဲ့လူတွေကိုပေါ့.......
အဘွားဖြစ်စေချင်တဲ့ ဆန္ဒကိုဖြစ်အောင် သမီးတို့ကြိုးစားမှာပါ......

2 comments:

ဖြိုးငယ် said...

ညီမလေးရေ .. ကိုယ်ချင်းစာပါတယ် ..
အကို အဖွားလည်း ဆုံးသွားပြီ ..
တစ်ခါတစ်လေ အရမ်းသတိရမိတယ်

thihanyein said...

ညီမလေးရေ***နားလည်ပါတယ်ကွယ်***
အကိုတို့တွေလည်း တစ်နေ့တော့ဆုံးရမှာပဲလေ
အကိုတို့ အဘိုးဘွားဖေမေလည်း သွားရမှာပဲ
လွန်ဆန်လို့မှမရနိုင်တာပဲနော်***
ညီမလေးရေ ဆောင်ပုဒ်လေးပေးခဲ့မယ်ကွယ်***
မအိုခင်က မနာခင်က မသေခင်က ကြိုတင်ကောင်းမှု
ကြိုးစားပြုလော့***