Wednesday, December 10, 2008

Happy Birthday!




ဖေဖေရေ..ဒီနှစ်မွေးနေ့လည်းအနားမှာ ရှိမနေပြန်ဘူးနော်... ဖေဖေ အရာအားလုံးအတွက်ကျေးဇူးပါ... သွန်သင်ဆုံးမခဲ့တဲ့ ကိစ္စတွေတိုင်းအတွက်ကျေးဇူးအရမ်းတင်ပါတယ်... ဒီနေ့လိုရပ်တည်နိုင်ခဲ့တာဖေဖေနဲ့မေမေ ကျေးဇူးတွေပါ.... ဖေဖေလည်း ကျန်းကျန်းမာမာနဲ့နေနိုင်ပါစေ...တရားဘာဝနာလည်းအေးအေးချမ်းချမ်းအားထုတ်နိုင်ပါစေ..မေမေနဲ့သမီးအတွက် အသက်ရှည်ရှည်နေပေးပါလို့တောင်းဆိုချင်ပါတယ်... မေမေနဲ့သမီးမှာ ဖေဖေရဲ့အကြံဥာဏ်တွေ အကူအညီတွေအများကြီးလိုပါတယ်
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ..ဖေဖေ

10 ခု ကြီးများတောင်ဝေဖန်တွားတယ်:

ဝါ၀ါခိုင်မင်း said...

ညီမလေးမီးငယ်ရဲ့ ဖေဖေ အသက် ၇၂ နှစ်ပြည့်
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာကို ချစ်သော
ဇနီး၊သားသမီးများနဲ့အတူ ပျော်ရွှင်စရာကောင်းသောမွေး
နေ့ပေါင်းများစွာကို ဆင်နွဲနိုင်ပါစေလို့ ရင်ထဲမှ လှိုက်
လှိုက်လှဲလှဲ ဆန္ဒပြုဆုတောင်းပေးသွားပါတယ် ညီမလေးရေ. အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ.

မမ၀ါ

Aung said...

၁၉၆၉ လောက်က ဆိုထားတဲ့Beatles အဖွဲ့ ရဲ့ Happy Birthday ကို နားဆင်ရင်း
မီးငယ်ရဲ့ ဖေကြီးလည်း ငယ်မူငယ်သွေးတွေ ပြန်နိုင်ပါစေ..... လို့
http://www.youtube.com/watch?v=glNjsOHiBYs
(အောင်မှူး)

အလင်းရောင် said...

ညီမလေးရေ မိဘကျေးဇူးကို သတိရတယ်ဆိုတော့ ကောင်းတာပေါ့။
ဒီလိုမိဘမွေးနေ့ကို သိဖို့မလွယ်ဘူးနော်။ အကိုတို့ဆိုရင် မိဘတွေရဲ့ မွေးနေ့ကိုတကယ်မသိတာ။ ညီမလေးက အခုလိုသိပြီး happy birthday လုပ်တာတွေ့တော့ အကိုဝမ်းသာပါတယ်။ ညီမလေးဖေဖေလည်း ကျန်းမာပါစေလို့ အကိုဆုတောင်းပေးတယ်နော်။

ဖြိုးငယ် said...

ညီမလေးရေ ... ပျောက်နေပေမဲ့ အခုလို အဖေမွေးနေ့ကို
မအားတဲ့ ကြားထဲက လုပ်ပေးတာ လေးစားပါတယ်ကွာ ..
ညီမလေး အဖေ အသက်ရာကျော် ရှည်ပါစေ ..
ငါ့ညီမနဲ့လည်း အတူတူနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ

yinkha said...

သူငယ်ချင်းကြီး လောလောဆယ် မိဘနားမရှိပေမယ့်
အခုလိုအမှတ်တရနဲ့ အဖေမွေးနေ့ကို လုပ်ပေးတာ
ငါချီးကျူးပါတယ် ငါ့သူငယ်ချင်းရဲ့ အဖေ မွေနေ့ရဲ့ပျော်ရွှင်ချင်းများနဲ့ပြည့်စုံပါစေ

ကိုလေး said...

ညလေး မီးငယ်ရဲ့  ဖေဖေ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

မီးငယ် said...

11 Dec 08, 12:19 AM
zhouthtoe: ငါ့သူငယ်ချင်းရဲ့ အဖေ မွေနေ့ရဲ့ပျော်ရွှင်ချင်းများနဲ့ပြည့်စုံပါစေ

waiyan said...

ဦးလေးရေ...၁၂၀ကျော်သည့်တိုင်အောင် မီးငယ်လေးကို နာနာလေး ရိုက်နိုင်ပါစေခင်ဗျာ...:)..ဒီနေ့ မွေးနေ့ကနေစပြီး ပျော်ရွှင်စရာ မိသားစုဘ၀လေးကို တသက်လုံး ရပါစေခင်ဗျား...wyh

sniperheartshot said...

ဦးရဲ့ ၇၂နှစ်မြောက်မွေးနေ့မှသည် နောင် အသက် ၁၂၀ တိုင်အောင် သားသမီးမြေးမြစ်များနှင့်အတူတကွ ပျော်ရွှင်စွာ နေနိုင်ပါစေ.

GreenGirl said...

ညီမလေး မီးငယ်ရဲ့ ဖေဖေ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ အသက်ရာကျော် ရည်ပါစေ..