ဒီနေ့တော့မီးငယ်တို့ဘယ်လောက်လွဲလဲဆိုတာပြောပြမယ်နော်..တစ်ရက်အိပ်ရာထတယ်(၉)နာရီထိုးနေပြီဆိုပြီးသေပြေးရှင်ပြေးထ။ မျက်နှာသစ်သွားတိုက်ပြီးမှသေချာကြည့်တော့မှ(၃)နာရီပဲရှိသေးတယ်။ အဲဒါနဲ့ပြန်အိပ်။ (၈)နာရီထိုးတော့တစ်ခါပြန်ထ။ ထမင်းချက်မယ်ဆိုပြီးဆန်ဆေးပြီးမီးဖွင့်။ အဲပြီးတော့ရေမိုးချိုး။ သနပ်ခါးလိမ်းတော့Day Creamနဲ့ Night Creamမှားလိမ်း။ ပြီးရော။ အတန်းမသွားခင်ထမင်းစားမယ်လုပ်တော့မှဆန်အတိုင်းရှိသေးတယ်။ဟိ Rice Cookerခလုတ်ကိုမနှိပ်ရသေးဝူး။ အဲဒါနဲ့ပေါင်မုန့်ပဲစားမယ်ဆိုပြီးကြည့်လိုက်တော့Room-Mateကသူမုန့်နဲ့မီးငယ်မုန့်ကိုမှားစားသွားပြီ။ အဲဒါနဲ့ အတန်းကိုပြေးစာအုပ်ထုပ်တော့ E-business အချိန်ကိုMIS နဲ့ကိုမှားယူလာ(စာအုပ်ကအရောင်နည်းနည်းတူလို့ဟိ) အဲဒါနဲ့ခပ်တည်တည်နဲ့ထိုင်နေအတန်းထဲမှာ။ အတန်းဆင်းတော့မှ ဗီယက်နာမ်ဆိုင်ကိုပြေး ခေါက်ဆွဲကြော်မှာ လာချပေးတာကခေါက်ဆွဲပြုတ်။ ဟုတ်နေတာပဲ။ ဗိုက်ကအော်နေတော့လည်းစားရတာပေါ့။ ပြီးတော့မှ အခန်းပြန်လာ။ အတန်းမရှိတော့ဖူးပေါ့။ အဲဒါနဲ့အိပ်လိုက်တယ်။ ဘယ်ဟုတ်မလဲ ည(၆)နာရီမှာ User and Producers Design အတန်းရှိသေးတယ်။ အတန်းမတတ်လိုက်ရဖူး။ အဲဒီနေ့ကတနင်္ဂလာနေ့ပဲရှိသေးတယ်။ မီးငယ်ကဗုဒ္ဒဟူးနေ့မှတ်လို့ဟိ။ သိပ်မကွာဖူးနော်။ ထူးအိမ်သင်သီချင်းလိုပေါ့...နည်းနည်းလေးတော့လွဲနေတယ်..လွဲလွဲလေးလည်းကောင်းပါတယ်...နေတက်ရင်အေးဆေးပဲ။ ဟိ
ကဲကဲနောက်ဆက်တွဲလွဲတာလည်းပြောဦးမယ်... ဒီနေ့ Library မှာစာအုပ်သွားချုပ်တာ ပိုက်ဆံအိတ်မပါပဲနဲ့သွားတယ်။ တော်သေးတာပေါ့စာအုပ်ကနောက်တစ်နာရီနေမှာလာယူလို့ပြောလို့။ နို့မိုဆိုတေပီဆရာပဲ။ ဟိ..တော်ပြီ ၀င်ပြီး Updateလုပ်တာအတန်းသွားတော့မယ် ဒီနေ့ တနင်္လာနေ့။ တာ့တာ့..အတန်းသွားပြီ။
My First Encounter with Daw Aung San Suu Kyi
-
Meeting Daw Aung San Suu Kyi was something I never imagined would happen. I
am just an ordinary business and IT professional, someone who has never
been de...
3 weeks ago
5 comments:
နည်းနည်းလေးတော့ လွဲနေတယ် လွဲလွဲလေးလည်းကောင်းပါတယ် စိတ်ကျေနပ်ရင်ပြီးတာဘဲ နေတတ်ရင်အေးဆေးလေး...နာ့ နာ့ နာ့ နာနာနား ၀ို ၀ို ၀ို ၀ို့ဝိုဝိုး....
အင်းညီမလေးလုပ်တာနဲ့ ထူးအိမ်သင်သီချင်းတွေတောင်ဆိုမိကုန်ပြီ။ ညီမလေး တနလာင်္နဲ့ ဗုဒ္ဓဟူး သိပ်မကွာပါဘူးညီမလေးရဲ့ ။အင်္ဂါလေးတစ်ရက်ဘဲ ခြားတာပါ။ ဟီး ဟီး။
မမမီးငယ်ရေ..လာလည်သွားတယ်နော်..ဒီနေ့ တနင်္လာနေ့ဆိုတာ သေချာကြည့်သွားတယ်ပေါ့။ သိပ်မလွဲပါဘူး
လွဲလွဲလေးနဲ့အဆင်ပြေရင်ပျော်စရာလေးတွေဖြစ်တော့ကောင်းပါတယ်.. လူတိုင်းလူတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ လွဲနိုင်ကြပါစေ ဟုတ်သေးပါဘူး အဆင်ပြေနိုင်ကြပါစေ...:D
အားပေးလျက်..ကျွန်တော်လဲလွဲနေတတ်တယ်...:)
လွဲတတ်ပါပေ မီးငယ်ရေ … ဆက်လက် လွဲနေပါစေသော်ဝ် . အဲလေ .. နောက်ထပ်မလွဲပါစေနဲ့ကွယ်
လွံတဲ့အခါလည်း လွဲပေမပေါ့ ညီမလေးရယ် :P
:hee ar kya dal,I lae like sar mal.call par oan :P
Post a Comment