Monday, September 15, 2008

အားလုံးသို့

လူနေကောင်းပေမဲ့စိတ်နေမကောင်းတော့..ဘယ်လိုမှကိုပျော်စရာတွေကစဉ်းစားလို့မရဖူးဖြစ်နေလို့ပါ...နောက်တစ်ခုက စာများနေလို့ပါ...ဘလော့ရေးခြင်းကိုအကန့်အသတ်မရှိရပ်ချင်ပါတယ်.. လာလည်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်...စိတ်ထဲရှိတာမှန်သမျှချေ၇းတာ၊ Alignment မညီညာတာတွေ၊ လိုအပ်ချက်တွေအားလုံးကိုသည်းခံပြီးဖတ်ပေးခဲ့တဲ့အစ်ကိုတွေအစ်မတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်..ဘလော့စလုပ်တဲ့အချိန်တုန်းကနှိပ်စက်ခဲ့တဲ့ ကိုဖိုးချမ်း၊ကိုဖြိုးငယ်၊ ကိုကြီးနေလွမ်းသူ၊ မြန်မာပြည်ပြန်သွားတဲ့ ဘကြီးဖြိုး တို့ကိုလည်းကျေးဇူးတင်ပါတယ်။ သရဲနီဝိုင်းတော်သားဖြစ်အောင်အမှတ်တယနဲ့ခေါ်ခဲ့တဲ့ ကိုလင်းထက်၊ ညီမအရင်းလိုချစ်ခဲ့ရတဲ့ မမလဲ့(အစိမ်းရောင်မိန်းကလေး)၊Tagသမျှကိုမငြီးမညူနဲ့ရေးပေးခဲ့တဲ့အစ်ကိုအစ်မများအားလုံး၊အငြိမ့်ကခိုင်းခဲ့တဲ့ကိုရင်ညိန်း၊ MBS ထဲရောက်လာအောင်ခေါ်ခဲ့တဲ့ ကိုလင်းထက်နဲ့ ကိုမင်းကျန်စစ်(အစ်ကိုလုပ်တဲ့လူတွေကခေါ်ပေမဲ့..ညီမဆိုးလေးကသူ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး MBS ကိုကျောခိုင်းခဲ့တယ်)ပြောမနာဆိုမနာ၊ နှိပ်စက်သမျှခံခဲ့တဲ့..သူငယ်ချင်းတွေဖြစ်တဲ့ သံလုံငယ်နဲ့ လမ်းပြကြယ်.. အားလုံးကိုအမှတ်တယရှိနေမှာပါ...


နောက်ဆုံးအနေနဲ့အရမ်းကြိုက်တဲ့သီချင်းလေးကိုလက်ဆောင်ထားခဲ့တယ်နော်...

5 comments:

megumi said...

အားတာနဲ့ ချက်ချင်းပြန်လာနော်။
မမ မျှော်နေမယ်နော်။ :P :P

မိုးမြင့်တိမ် said...

ညီမလေး စာတွေရတာနဲ့ ပြန်လာရေးနော် အားပေးနေမယ် အပြီးအပိုင်ထွက်သွားတာမျိုးတော့ မလုပ်ပါနဲ့။ ဆက်ရေးပါဦး။

ကိုငယ် said...

မီးငယ်ရေ.. စာကို ဦးစားပေးရမှာပေါ့.. အားတဲ့ အချိန်.. ရေးချင်တဲ့ အချိန်မှ ရေးပါ.. စိတ်ကို လွတ်လွတ်လပ်လပ်ထားပါ..ရေးတာနဲ့ သံချောင်းခေါက်လိုက်.. အပြေးလာခဲ့မယ်..

ဆိုးသော..ပျင်းသော.. စာမကျက်သော.. ဂျီကျတတ်သော.... ခင်မင်စရာကောင်းသော.. အလွန်ချောမောပြီး ချစ်စရာကောင်းသော..:P:D ကောင်မလေး တစ်ယောက် အစစအရာရာ အဆင်ပြေပါစေဗျာ...

Anonymous said...

မမ.. ဘယ်လိုဖြစ်တာလဲဗျာ.. အားတဲ့အချိန် ပြန်လာရေးနော်.. စောင့်နေမယ်.. =)

မင်းကျန်စစ်။ said...

ဒီကောင်မလေး စိတ်မကောင်းဖြစ်နေတာကိုးးး
သူစိတ်မကောင်းဘူး လို့ပြောရင် သိတယ်ဟုတ် :P
နောက်တာပါ ညီမလေးရေ ငါ့ညီမလေးကို စိတ်ညစ်အောင် ဘယ်သူလဲလုပ်ပြောစမ်း။
အကို့ဆီလွှတ်လိုက် ဘီယာတိုက်ပစ်လိုက်မယ် ဘာမှတ်နေလဲး)
ပျော်ရွှင်ပါစေကွာ။