Sunday, June 29, 2008

တအုံကျောင်းသားဘ၀(၂)

နောက်ရက်ကျတော့ ရွှေမန်းမေနဲ့ပဲကျောင်းသွားပါတယ်။ ကားက မနက်၇း၃၀မိနစ်မှာ ၇၃X ၃၅ထောင့်ကနေထွက်တာပါ။ မီးငယ် ၇၃ကားဂိတ်ကိုရောက်တော့ မနက် ၆း၃၀ ရှိနေပီ ကားနေရာကတော့ရမယ်ထင်တာပေါ့။

တက်တက်စင်အောင်ကိုလွဲပါတယ်တစ်နေရာမှ မလွတ်ပါဘူး။ အားလုံးစာအုပ်လေးတွေနဲ့နေရာဦးထားကြတာပါ။ မီးငယ်တို့ခေတ်တုန်းက အဲလိုဦးထားရင်ဖယ်ပြီးထိုင်လို့မရပါဘူး(ခုတော့….)။ အဲဒီနေ့ကနေရာမရတော့ မတ်တပ်ရပ်ပြီး လိုက်ရတာပါ။ ကားလည်းစထွက်ရော ဒုက္ခလှလှတွေ့တော့တာပါပဲ။ ကားပေါ်မှာမတ်တပ်မရပ် တတ်ဘူးလေ။ ကားပေါ်မှာ လူက စကောထဲဇီးဖြူသီးထည့်ပြီးလှိမ့်နေသလိုပါပဲ လူကယိုင်ထိုးနေတာပါ ပြီးတော့ဝတ်ထားတဲ့ဖိနပ်ကအမြင့်လေ။ ပြီးရောလေ မျက်စိထဲသာမြင်ကြည့်လိုက်ပါတော့။ အဲဒါနဲ့ ကျွဲဆည်ကန်နားရောက်ရင်ဆင်းနေခဲ့ တော့မယ်လို့ စဉ်းစားလိုက်တယ်။ အဲမှာ မမနွေတို့အိမ်ရှိတယ်လေ။ ပြီးရင်မမနွေနဲ့ရုံးကိုပြန်လိုက် သွားရင်မေမေ့ရုံးကိုရောက်မှာပဲလေ ဆိုပီးတော့ပေါ့။ အဲလိုစဉ်းစားနေတုန်း အစ်မတစ်ယောက် ကနေညီမလေးမမနဲ့အတူလာထိုင်ဆိုပြီး ခေါ်ထိုင်ပါတယ် တစ်ခုံထဲကိုနှစ်ယောက်ထိုင်ပြီး တအုံကိုပါလာပြန်တာပေါ့။ အဲဒီမမကို အစ်မဘယ်မှာနေရာသွားဦးလဲဆိုပြီးမေးတာပေါ့ သူကလည်းသူ့သူငယ်ချင်းဦးပေးတာတဲ့ ကောင်းရော။ အဲဒါနဲ့ အတန်းသွားတက်ပေါ့။

အတန်းထဲလည်းရောက်ရော ရှေ့ဆုံးတန်းအလယ်ခုံ မှာနေရာဦးလိုက်တာပေါ့။ ထိုင်နေတုန်းကို သီတာဝေမောင်၊ မေဇာခြည်စိုး နဲ့ကောင်မလေးတစ်ယောက်(မေသက်) ရောက်လာပါတယ်။ ဝေမောင်နဲ့ ဇာခြည်စိုးက မီးငယ် ၁၀တန်းတုန်းက အဆောင်(VEC)နေတုန်းက သူငယ်ချင်းတွေပါ။ ဇာခြည်စိုးက သူ့ညီမ၀မ်းကွဲဆိုပြီး မိတ်ဆက်ပေးပါတယ်။ စပြီးမိတ်ဆက်ပေးတုန်းက သူကသိပ်ပြီးအချိုးမပြေဘူးဆိုတော့ မီးငယ်ကလည်း အေးအေးဆိုပြီးပဲ ထားလိုက်တာပါ။ မီးငယ်စိတ်ထဲမှာ နည်းနည်းပဲများတယ် ထင်လို့ပါ။ နေ့လည်ထမင်းစားတော့မီးငယ်က အတန်းထဲမှာပဲစားပြီး သူတို့က Canteen မှာသွားစားကြတယ်လေ။

ထမင်းစားပြီးတော့ မီးငယ်ကကားနေရာရှိဦးမလားဆိုပြီး သွားကြည့်တာပေါ့။ လမ်းရောက်တော့ သူနဲ့တွေ့ပါတယ် သူက နေရာတွေအများကြီးရှိတယ်တဲ့ သူဦးထားတယ်တဲ့ ဒါပေမဲ့ သွားစောင့်ဖို့လိုမယ်တဲ့ ဒါနဲ့သူ(မေသက်)နဲ့ မီးငယ်နဲ့ နေ့လည်အတန်းမတက်ပဲ ကားနေရာသွားဦးပါတယ်။ တစ်ချိန်ပြီးတော့ ဝေမောင်နဲ့ဇာခြည်စိုးလည်းရောက်လာပါတယ်။ ဒါနဲ့ညနေကျနေရာရတာပေါ့ မေသက်နဲ့ မနက်ဖြန်နေရာဦးဖို့တိုင်ပင်တာပေါ့ ကားဂိတ်ကို ဘယ်အချိန်လာမလဲဆိုပီး သူက မနက် ၅း၃၀လာမယ်တဲ့ သူကသူ့အစ်ကိုလိုက်ပို့မှာတဲ့ မီးငယ်ကိုသူနေရာဦးမယ်တဲ့ မီးငယ်ကို ၇နာရီမှလာတဲ့ အဲဒီနေ့ကလည်းနေရာမရပါဘူး.. ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်တော့ထပ်ရတယ် သူကနေရာရပီးထိုင်လာတဲ့သူလေ အဲဒါနဲ့သူ့ကိုဝိုင်းပြီးလွယ်အိတ်တွေခြင်းတွေဝိုင်းပေးကြတာပေါ့ သူကလည်းသဘောကောင်းပါတယ် ယူပေးထားတယ် မီးငယ်တို့လေးယောက်လည်း ၀ိုင်းမေးတာပေါ့ နင်ဘယ်ကနေဦးလာတာလဲဆိုတော့ ၇၈X၃၅ ထောင့်ကနေတဲ့ ဒါနဲ့နောက်နေ့အဲဒီနေရာကို သွားဦးကြတယ် ဒါပေမဲ့ တစ်ယောက်စာပဲရတယ်လေ။

ဒီနေ့ကြ မီးငယ်တို့အုပ်စုက ၅ယောက်ဖြစ်သွားပြီပေါ့ သူ(အောင်သူကျော်)ပါလာပြီလေ။ မီးငယ်တို့အုပ်စုရဲ့တစ်ဦးတည်းသော ယောကျာ်းလေးပါ။ တစ်နေရာတည်းရတော့ဘယ်သူမှ မထိုင်ပဲနဲ့ လွယ်အိတ်နဲ့ခြင်းတောင်းတွေကိုပဲတင်ထားလိုက်တာပေါ့။ မီးငယ်တို့အုပ်စုက အရမ်းချစ်ကြတာပါ အားလုံးမထိုင်ရရင်လုံးဝမထိုင်ပါဘူး။ အောင်သူကျော်ကလည်း VEC အဆောင် (အိုးဝေဆောင်)ထွက်ပါ။ အဲဒီတော့ပိုခင်ကြတာမဆန်းပါဘူးနော့်။ ဒီလိုနဲ့ နောက်တစ်ပါတ်လောက်ကြာတော့ ယောကျာ်းလေး Toilet ရှေ့မှာထိုင်နေတုန်း (အောင်သူကျော့်ကိုစောင့်နေတာပါ..သူလည်းမီးငယ်တို့ ကိုမိန်းကလေး Toilet ရှေ့မှာ စောင့်ရတာပါပဲ လွယ်အိတ်တွေကိုင်ပြီးတော့ :D)ကောင်လေးတစ်ယောက်က မီးငယ်ကို လာပြီး နင်က မီးငယ်လားတဲ့? မီးငယ်လည်း ဟုတ်တယ်ဘာလို့လဲဆိုတော့ သူကမီးငယ်ရဲ့ ငယ်သူငယ်ချင်းရဲ့သူငယ်ချင်းပါတဲ့ မီးငယ်သူငယ်ချင်းက ပြောလို့ဆိုပြီး လာမိတ်ဆက်ပါတယ် သူလည်း VEC (ဇာနည်ဆောင်)ထွက်ပါတဲ့ မီးငယ်လည်းအော်အင်းအင်း ဆိုပြီး ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အောင်သူကျော်လည်း တော်တော်အားတက် သွားပါတယ်:Dး နို့မိုဆိုသူ့ပဲဝိုင်းပြီး အနိုင်ကျင့်ကြတာလေ..

ဒါနဲ့မီးငယ်တို့အုပ်စုမှာ ၆ယောက်ဖြစ်သွားရော(သူကမျိုးမြင့်အောင်ပါ)..ပြီးတော့မီးငယ်တို့ကားနေရာဦးတာလည်း ၇၈X ၃၅ထောင့်ကနေ ပြတိုက် ပြီးတော့ ကားဝင်းထဲအထိရောက်ရော။ ကားဦးတာကိုလည်း ပြောပြဦးမယ်.. မီးငယ်တို့အုပ်စုက မနက်၅နာရီမထိုးခင်ကတည်းက ကားဝင်းထဲကိုရောက် ပါတယ် ပြီးရင်ရှိသမျှပစ္စည်းနဲ့နေရာဦးပါတယ် မျိုးမြင့်အောင်ဖို့က စက်မှုအထိဦးရတာပါ မီးငယ်တို့ကျောင်းနားမှာ ဇီးခြံရှိပါတယ် တစ်ရက်မီးငယ်တို့ ဇီးခြံသွားတာပေါ့ ဇီးခြံအ၀မှာ လှည်းကထောက်ထားတယ်လေ နွားမပါပဲနဲ့..မီးငယ်နဲ့မေသက်လည်း ပြေးပြီးတက်ထိုင်တာ ပေါ့ ငမျိုးက ဟဲ့ဆင်းထောင်လိမ့်မယ်ဆိုတော့မှာ နှစ်ယောက်ကြောက်အားလန့်အားနဲ့ ခုန်ချကြတာ အချိန်မှီကလေးပဲ.. အဟဲလေးဘက်ထောက်ရက်ပေါ့ နို့မိုဆို ကျောက်ဆည်ဆေးရုံကို ဒိုးရပြီ။

နောက်တစ်ရက် ညနေပိုင်း ကျောင်းလစ်ကြတယ်လေ ကားတွေထားတဲ့ သခွတ်ပင်အောက်မှာ ထိုင်ကြပြီးလေပေါနေတာပေါ့ အဲဒီအချိန်မှာပဲ Canteen ဘက်ကနေပြေးလာကြပြီး ကျောင်းအုပ်ဆရာမကြီးက လိုက်ဖမ်းနေတယ်တဲ့ ပြေးပြေးဆိုတော့ပြေးတာပေါ့ မီးငယ်နဲ့ငမျိုးနဲ့က အင်းဘက်ကိုပြေးတယ် မေသက်တို့ ၃ယောက်က လယ်တောဘက်ကိုပြေးကြတယ်.. အောင်သူကျော်ပျောက်နေတာပေါ့ အားလုံးငြိမ်သွားတော့ မီးငယ်တို့က ဟိုကောင်တော့ ရုံးခန်းပါသွားပြီပေါ့ ပြီးမှသူက သခွတ်ပင်ပေါ်ရောက်နေတယ် ပြီးတော့ ငါမဆင်းတတ်တော့ဘူးတဲ့ အဲဒါနဲ့ အနွေးထည်တွေဆက်ပီး ကြိုးလုပ်ပြီး ကျေးဇူးရှင်ကိုဆင်းခိုင်းရပါတယ် ငမျိုးက အောက်ကနေဖမ်းရတာပေါ့ အောင်သူကျော့်ကို မီးငယ်တို့က ပိုးဟပ်ဖြူလို့ခေါ်ပါတယ် သူကအသားကဖွေးနေတာပါပဲ သူက သူ့ကိုယ်သူအရမ်းကို နှိမ့်ချတတ်တဲ့လူစားမျိုးပါ အရမ်းလည်းအေးပါတယ် သူ့ဖေဖေက တပ်မမှုးပါ စခင်တုန်းကသူ့အိမ်ကိုယ့်အိမ်အကြောင်းပြောတုန်းကဆို ဟဲ့နင်မိဘက ဘာအလုပ်လုပ်လဲမေးရင် စစ်မှုထမ်းပါလို့ဖြေတယ်မီးငယ်တို့ လည်ပင်းညစ်မတတ်မေးတော့မှ ရာထူးထွက်လာတာပါ အဲသလိုပါ သူ့ကိုလည်းနင့်အဖေကတပ်မမှုးဆိုတော့ “ရှေ့တန်းမှာဆိုရင်တက်!ငါနောက်မှာနေမယ်ဆိုတဲ့လူကြီးလား” လို့ဆိုပြီးအမြဲစပါတယ် အဲသလိုစရင်တော့ သူမကြိုက်ပါဘူး..ပြီးရင်သူက ကတ္တီပါဖိနပ်ပဲဝတ်တယ် ပုဆိုးနဲ့ပဲဖြစ်ဖြစ် ဘောင်းဘီရှည်နဲ့ပဲ ဖြစ်ဖြစ် နောက်တစ်ခုက သူ့ကျောပိုးအိတ်ပါ ကလေးတစ်ယောက်လောက် ထည့်လို့ရအောင်ကို ကြီးပါတယ် နောက်ပြီးသူများကို အားပေးတတ်တယ် မီးငယ်ကို ထမင်းဟင်းမချက်တက်လည်း နင်မငတ်ဘူးတဲ့ ခေါက်ဆွဲကောင်းကောင်းပြုတ်တက်ရင် ပြီးရောတဲ့လေ..မီးငယ်ကို သာလိကာတဲ့ မေသက်ကို ကြက်တူရွေးတဲ့ ကျောင်းကလူတွေကခေါ်ကြတယ်။

မီးငယ်တို့အုပ်စုပါတဲ့ကားကိုစီးရမှာ ကျောင်းကလူတွေက ကြောက်ကြတယ်ဘာလို့လဲဆိုတော့ မတ်တပ်ရပ်ရတာညောင်းရတဲ့အထဲ နားပူလည်းခံရသေးတယ်တဲ့ ဒုက္ခတစ်မျိုးပဲခံမယ်တဲ့ အမှတ်တယပြောရဦးမယ် တစ်ရက် မေသက်နဲ့မီးငယ်တစ်ယောက် တစ်ကားစီးပါသွားတယ် ကျောင်းရောက်တော့မီးငယ်ကသူ့ကို ဒီနေ့အသက်ရှုကြပ်နေသလိုပဲ ဆိုတော့ သူလည်းခေါင်းမူးနေတယ်တဲ့ ဘာလို့လဲမေးတော့စကားမပြောရလို့တဲ့.. မီးငယ်တို့ကားနေရာဦးတာက တစ်စီးလုံးဦးတာပါ.. တစ်ရက်လည်း ကားတစ်စီးစီမှာတစ်ယောက်စီ ပါသွားပြီးနေရာဦးကျတာ လူတွေအများကြီးနေရာမရပါဘူး မီးငယ်တို့က တစ်ကားတက်တစ်ကားဆင်းကောင်းတဲ့ကားကိုရွေးပြီး တခြားဦးထားတာတွေကို ဖယ်လိုက်တော့မှသူများတွေနေရာ ရပါတယ် (မီးငယ်တို့တုန်းက ရွှေမန်းမေကား ၃ စီးနဲ့ တစ်ခြားရန်ကုန်-မန်းလေးကားလိုင်းတွေကနေ ကားကြီး ၁ စီး ပေးပါတယ်)
အဲဒီလိုနဲ့နေလာတာ တစ်ရက်မီးငယ်က ရန်ကုန်ကိုဆင်းသွားတယ် ပြန်လာတော့ အုပ်စုက ၂စုကွဲနေပြီ မေသက်တစ်ကောင်တည်းက တစ်စု ဟို၎ကောင်ကတစ်စု ဘယ်လိုဖြစ်လဲမေးတော့….

3 comments:

အညာသား said...

လှည်းက နွားမပါလို့တော်သေးတာပေါ့။ နွားသာရှိလို့ကတော့ `ခွပ်´ ခနဲပဲ။ ကျောက်ဆည်ဆေးရုံတောင် ရောက်မှာမဟုတ်ဘူး။ :P

mgthonnya said...

ဟဟ..ကျောင်းသားဘ၀လေးတွေကပျော်စရာပဲနော်

P K Sahm said...

ဟေး မီးငယ်
မန္တလေးကို လွမ်းအောင် မလုပ်နဲ့နော်
မီးငယ်က တအုံ
ကို တို့က ရန်ကင်းတောင် ရယ်
အိုးဘို ရယ် ဆိုတော့ တော်တော် ဝေးတာပေါ့နော်
ဒါကြောင့်မန္တလေးတုန်းက မတွေ့ကြတာနေမှာ
စကားမစပ်
မီးငယ် ဘယ်နှခုနှစ် တုန်းက ဆယ်တန်းအောင်တာလဲ