Thursday, June 19, 2008

တအုံ ကျောင်းသားဘ၀ (၁)


မီးငယ်ကမန်းလေးGCC (တအုံ)မှာလေးနှစ်တာပညာသင်ကြားခဲ့တဲ့ကျောင်းသူတစ်ယောက်ပါ။ ဆယ်တန်းအောင်တုန်းက အမှတ်ကဇော်ကန့်လန့်(မာမီ့စကား)ဖြစ်လို့တအုံကို ရောက်သွားတာပါတရက်အိမ်ကိုကျောင်းဝင်ခွင့် ရောက်လာပါရောကြည့်လိုက်တော့ ကွန်ပျူတာကောလိပ်(မန္တလေး)တဲ့ဒါနဲ့နောက်ရက်ကိုကျောင်းသွားအပ်ကြရော ကျောင်းကမြိုနဲ့တော်တော်ကိုဝေးပါတယ် မန်းလေးကလူတွေဆိုရင်တော့ သိမှာပါကျောင်းကဘယ်နားမှာလည်းဆိုတာကို ကျောင်းကစဉ့်ကိုင်မရောက်ခင် ပေါ်တော်မူဘုရားနားမှာပါရန်ကုန်-မန်းလေးကားလမ်းကနေအရှေ့ဘက်ကို ၂မိုင်ကျော်ကျော်လောက် လမ်းခွဲလေးကိုထပ်ဝင်ရပါသေးတယ် အဲကျောင်းသွားအပ်တော့ စမ်းတ၀ါးဝါးနဲ့သွားကြတာပေါ့ဘယ်နားရှိမှန်းလဲမသိဘူးလေလမ်းခွဲလေးကိုလည်းဝင်သွား ရောမရောက်နိုင်မရောက်နိုင်နဲ့ပေါ့ဟောနောက်ဆုံးကြတော့မှကုန်းမြင့်နိမ့်နိမ့်လေးပေါ်မှာ တစ်ထပ်အဆောက်အအုံလေး၎လုံး ကိုစတွေ့ရော အဲဒါကွန်ပျူတာကောလိပ်တဲ့။

သေချင်စော်ကိုနံရောပဲအဲဒါနဲ့ကျောင်းအုပ်ဆရာမကြီးကိုလိုက်ရှာရော အဲအမျိုးသမီး တစ်ယောက်လည်းတွေ့ရော ကျောင်းအုပ်ဆရာမကြီးနဲ့တွေ့ချင်လို့ပါဆိုတော့ သူပါတဲ့ကျောင်းအုပ်က :D ကျောင်းမှာCanteenက၃ခုကြီးများတောင်ရှိတာ Canteen ကိုလည်းမြင်ရော မေမေ့ကို မေမေသမီးကျောင်းမတက်ချင်တော့ဘူးလို့ပြောပြီးငိုတာပါပဲCanteen ကလည်းတဲထိုးပြီး တအုံရွာထဲကလူတွေကရောင်းတာပါ မေမေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံတဲ့ ပြတ်ရောလေ ငိုမှာပေါ့ မီးငယ်တို့ အထက်တန်းကျောင်း တက်တုံးက အမှတ်(၈)လေ မန်းလေးမှာမိန်းကလေးကျောင်းနာမည်ကြီးပဲ စားချင်သမျှမုန့်အားလုံးစားလို့ရတယ် (မီးငယ်တို့ သူငယ်ချင်းတွေဆုံရင်လည်း ခုထိကျောင်းကိုမုန့်သွားစားကြတုန်းပဲ :D)

ဒါနဲ့တအုံကိုနောက်အပါတ်ကြစတက်ရပြီပေါ့ မသွားလို့လည်းမရဘူး၇၅%ကြီးကလည်းရှိသေးတယ်လေ ပထမဆုံးနေ့ဖေဖေလိုက်ပို့တယ် သူများတွေကတော့ရွှေမန်းမေနဲ့ပေါ့ ရွှေမန်းမေကအရမ်းလူကြပ်တယ်လေ ဒါနဲ့ကျောင်းရောက်ရော သူငယ်ချင်းလည်းမရှိသေးဘူးပေါ့ (မီးငယ်သူငယ်ချင်းတွေက ကောင်လေးတွေကဆေးကျောင်းကောင်မလေးတွေကဆေးဝါးကျွမ်းကျင်တက်ကြတယ် မီးငယ်ပဲဆရာဝန်မဖြစ်ရင် ဆရာဝန်နားမနေဘူးဆိုပြီးကွန်ပျူတာလောကထဲကိုဝင် လာတာပါ) ပထမဆုံးအချိန်ကိုကျောင်းအုပ်ဆရာမကြီးကလာပြီး ဘာညာသဒကာနေကြာကွာစိပေါ့ နောက်ပြီးကျောင်းမလစ်ရဘူးပေါ့ဒါနဲ့ မီးငယ်တို့လည်း ဟုတ်ကဲ့ပါပေါ့သိတယ်မဟုတ်လား ပြီးရင်အတန်းဝင်မဲ့ဆရာမလာမယ်ဘယ်သူမှ မထွက်ရဘူးပေါ့သူလည်းဟိုဘက်အပေါက်ကနေထွက်ရော မီးငယ်လည်း ကိုယ့်ဘေးနားက တံခါးကနေထွက်ပြီး ဖေဖေ့ဆီပြန်ပြေးပေါ့ မီးငယ်နဲ့အတူတူထွက်လာတဲ့ကောင်မလေးတစ်ယောက်ရှိတယ် နောက်ပိုင်းတော့ မီးငယ်နဲ့ဆိုးဖော်ဆိုးဖက်ဖြစ်သွားတာပေါ့
ဆက်ရန်နော်...........

1 comment:

wynn.sun said...

ဟ..ပထမနေ့ ထဲက လစ်တာလား.. လေးစားပါတယ်.. :)