Friday, December 19, 2008

Congratulation!

ဒီနေ့ AITမှာ ဘွဲ့ပေးပါတယ်.. မီးငယ်ရဲ့ Senior သုံးယောက်ဘွဲ့ယူပါတယ်..
၁။ ကိုလွင်မိုး(Computer Science)
၂။ မမရင်ခွင်ဦး(Information Management)
၃။ ကိုသူရိန်ဝင်း (Computer Science) တို့ပါ။ သုံးယောက်စလုံးက မီးငယ်ရဲ့ Seniorစစ် စစ်တွေပါ။ ကိုလွင်မိုးနဲ့ ကိုသူရိန်က CS ကလေ။ မမရင်ခွင်ဦးကကြတော့ တအုံတုန်းက Seniorပါ။ ဒီမှာ ယူတဲ့ Major ကမတူပေမဲ့ Department တစ်ခုတည်းမှာပါ။ အစ်ကိုတွေနဲ့ မမကိုဆုတောင်းပေးလိုက်ပါတယ်... ရှေ့လျှောက်ဒီထက်မကတဲ့ အောင်မြင်မှု့တွေဘ၀ မှာပိုင်ဆိုင်နိုင်ပါစေ။ ညီမလေးကို ကူညီခဲ့စောင့်ရှောက်ခဲ့တာတွေအတွက်လည်းကျေးဇူးပါ...


Picture Captions

Friday, December 12, 2008

တာ့တာ့...

အစ်ကိုတွေအစ်မတွေ အားလုံးပဲတာ့တာ့နော်..မြန်မာပြည်ကို ခဏပြန်လိုက်ဦးမယ်...တစ်လလောက်ပေါ့..တစ်လလောက်တော့ မျက်စိရှုပ်သက်သာပီပေါ့... :D...ဒီနေ့ နေ့လည် ၁း၃၀ လေယာဉ်နဲ့ ပြန်ပါပီ...ညနေ၅ နာရီကားနဲ့ မန္တလေးကိုပြန်ပါ့မယ်.... အားလုံးပဲ Merry Christmas & Happy New Year ပါနော်....

Thursday, December 11, 2008

Bangkok ထဲမှာတစ်နေ့တာ....

မနက်က ဘန်ကောက်ထဲကိုသွားပါတယ်... ဈေးလျှောက်ပါတ်တာပါ( Window Shopping ပေါ့)။ မုန့်တွေတော့အကုန်စားခဲ့ပါတယ်။ဆိုင်နာမည်က Sukishi တဲ့။ Japan စားသောက်ဆိုင်ပါ။ နောက်ပီးရေခဲမုန့်လည်းစားခဲ့သေးတယ်(ပိန်ဦးမယ်နော် :D )






Wednesday, December 10, 2008

Happy Birthday!




ဖေဖေရေ..ဒီနှစ်မွေးနေ့လည်းအနားမှာ ရှိမနေပြန်ဘူးနော်... ဖေဖေ အရာအားလုံးအတွက်ကျေးဇူးပါ... သွန်သင်ဆုံးမခဲ့တဲ့ ကိစ္စတွေတိုင်းအတွက်ကျေးဇူးအရမ်းတင်ပါတယ်... ဒီနေ့လိုရပ်တည်နိုင်ခဲ့တာဖေဖေနဲ့မေမေ ကျေးဇူးတွေပါ.... ဖေဖေလည်း ကျန်းကျန်းမာမာနဲ့နေနိုင်ပါစေ...တရားဘာဝနာလည်းအေးအေးချမ်းချမ်းအားထုတ်နိုင်ပါစေ..မေမေနဲ့သမီးအတွက် အသက်ရှည်ရှည်နေပေးပါလို့တောင်းဆိုချင်ပါတယ်... မေမေနဲ့သမီးမှာ ဖေဖေရဲ့အကြံဥာဏ်တွေ အကူအညီတွေအများကြီးလိုပါတယ်
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ..ဖေဖေ

Saturday, November 29, 2008

တချိန်တုန်းက

အရင်တုန်းက ဒီလိုအချိန်တွေမှာ အနားမှာမရှိနေနိုင်ရင်တောင်...ရောက်တဲ့နေရာကနေဖုန်းဆက်ခဲ့ကြတယ်.. မြေးတွေဖုန်းဆက်မှာကိုလည်း ဒီလိုနေ့မျိုးဆိုရင်အရင်နေ့တွေထက်ပိုပီးမျှော်နေတတ်တယ်... တောင်လေးလုံးကျောင်းတိုက်ကိုမသွားခင် ဗူးသီးကြော် အမြဲစားရတာကိုလည်း အမှတ်ရနေပါတယ်...နောက်ထပ်ဘယ်တော့မှ ပြန်မရနိုင်တော့မဲ့အချိန်တွေ တမ်းတပြီး သတိရနေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး.. နောက်ဘ၀မှာ လူဖြစ်ခဲ့ရင် အဘွားမြေးပဲထပ်ဖြစ်ချင်ပါတယ်.... အဘွားတစ်ယောက်ကောင်းရာ ဘုံမှာ အေးအေးဆေးဆေးနေနိုင်တယ်လို့ပဲတွေးပီး ပျော်နေပေးပါ့မယ်.... အဘွားက အမြဲပြောတယ်... ဘွားကအိုနေပီ...ဘာမှသုံးလို့မရတဲ့လူပိုကြီးဖြစ်နေပီ...လို့ပြောခဲ့တယ်...ဒါပေမဲ့ အဘွားရယ် သမီးတို့လိုလူငယ်တွေ (၁၀)ယောက်နဲ့ အဘွားတစ်ယောက်နဲ့ ဘယ်လိုမှ အစားထိုးလို့မရပါဘူး... မြေးတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုတင်မဟုတ်ပါဘူး... သမီးတို့တွေအယောက်(၁၀၀)သေရင်တောင် တန်ဖိုးမရှိပါဘူးအဘွားရယ်.... ပြသနာတစ်ခုဖြစ်လာတိုင်း ငါ့မြေးစိတ်ဓါတ်မကျနဲ့ လို့ပြောပီး အားပေးစကားအမြဲပြောတတ်တဲ့အဘွား.... မြေးတွေအနားမှာရှိနေရင်အမြဲတမ်းပြုံးနေတဲ့အဘွား....သမီးတို့တွေပြန်လာတိုင်း အဘွားကိုလာတွေ့ပြီးကန်တော့ ကြတာ ခုတစ်ခေါက်ပြန်ရင်ဘယ်သူ့ကိုလာတွေ့ရမှာလဲအဘွား.... နှစ်စဉ်တောင်လေးလုံးကျောင်းတိုက်မှာ လုပ်နေကျမွေးနေ့ပွဲကရော မွေးနေ့ရှင်လည်းမရှိ၊ ကျောင်းတိုက်ပိုင်ရှင် ဆရာတော်လည်း ကျောင်းတိုက်မှာ မရှိ၊ ဂုဏ်ပြုပေးမဲ့ အဓိကလူတွေကလည်း တကွဲတပြားနဲ့ (လွတ်လမ်းမရှိတဲ့လမ်းကို လျှောက်နေကြရပီအဘွားရေ) ခြောက်ကပ်နေမှာပါ... အဘွားရေ...အေးချမ်းတဲ့နေရာတစ်ခုမှာ အဘိုးရယ်၊ မန်းလေးကိုအရမ်းချစ်တဲ့ သမိုင်းဆရာကြီးရယ်၊ မိတ်ဟောင်းဆွေဟောင်းတွေရယ်နဲ့ စိတ်ချမ်းချမ်းသာသာနဲ့ နေပါနော်... မြေးတို့ကိုလည်းစောင့်ရှောက်ပါ...အထူးသဖြင့်မလွတ်လမ်းကိုသွားရတဲ့လူတွေကိုပေါ့.......
အဘွားဖြစ်စေချင်တဲ့ ဆန္ဒကိုဖြစ်အောင် သမီးတို့ကြိုးစားမှာပါ......

Saturday, November 22, 2008

Food Fair 2008

ဒီနှစ် AIT က Food Fair မှာ မြန်မာ က တတိယဆုရပါတယ်... Food Fair စပြီးလုပ်တဲ့နှစ်ကစလို့ မနှစ်ကထိဆုတစ်ဆုမှ မရဖူးပါဘူး... ဒီနှစ်မှရတာပါ။ ပင်ပန်းရကျိုးနပ်လို့တော်သေးတယ်....
ပါကစ္စတန်က ပထမ...
အင်ဒိုနီးရှားက ဒုတိယ..
မြန်မာက တတိယ.. ရပါတယ်...
အောက်က ပုံလေးက ဆိုင်အပြင်အဆင်ပုံလေးပါ...အစားအသောက်ထက်..ရိုးရာပစ္စည်းလေးတွေ နိုင်ငံနဲ့ဆိုင်တဲ့အထိမ်းအမှတ်ပစ္စည်းလေးတွေပြနိုင်ရင် ပိုပြီး အမှတ်ရပါတယ်....






Saturday, November 1, 2008

Happy Halloween Day!


Happy Halloween Day ပါနော်… Halloween Dayမတိုင်ခင်က ပိုက်ဆံအိတ်ပျောက်တယ်…. ဖြစ်ပုံကဒီလို… ညနေUMFမှာ ကော်ဖီသွားသောက်တယ်၊ သောက်နေတုန်းကို မိုးကမတရားရွာလာတော့ မိုးတိပ်အောင်စောင့်သေးတယ်။ နောက်ပုံစံကြည့်ရတာမတိပ်တော့ဘူးထင်တယ်ဆိုပြီး CSIM Department ထဲကိုပြန်သွားတာ။ Department ထဲရောက်မှ ပိုက်ဆံအိတ်ကဘယ်နားကျနေခဲ့မှန်းမသိဘူး။ အဲဒါနဲ့ မိုးရွာထဲမှာတစ်ခေါက်ပြန်ရှာ၊ မိုးကာပါပေမဲ့လူတစ်ကိုယ်လုံးလည်းမိုးရွှဲ၊ နောက်တွေ့လည်းမတွေ့ရော ပျောက်ဖူးတဲ့သူငယ်ချင်းတွေက ရှာမနေနဲ့။ ဘဏ်မှာ Account ကိုလှမ်းပီး Blockလုပ်။ ပြီးရင် AIT webmail ထဲကို email လွှတ်တဲ့။ မြန်မြန်လုပ်တဲ့။ ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့။ ပြီးတော့မှာ ဘာတွေပါသွားသေးလဲတဲ့။ မီးငယ်လည်း ကျောင်းသားကဒ်၊ ဘဏ်ကဒ်၊ GRUမှာ Passport အပ်ထားတဲ့ကဒ်၊ အဲပီးတော့ (၈၀၀) လောက်ပေါ့လို့ပြောလိုက်တယ်။ သေချာလားဆိုတော့မှ သတိရတယ် အစိမ်း(၁၀၀)ကျော်လည်းပါတယ်လို့လည်း ပြောလိုက်ရော ၀ိုင်းပြီးဆူကြတော့တာပဲ။ ဟီး… နောက်မှ စဉ်းစားရင်းနဲ့ ငါသေပီ…မြန်မာပြည်က မှတ်ပုံတင်ရော ပါသွားတယ်လို့ပြောလိုက်တယ်။ သီရီင်္လကာက သူငယ်ချင်းကဆိုရင် ဆူလို့ကိုမပီးဘူး။ ပေါ့တီးပေါ့ဆနဲ့..ကလေးလည်းလည်းမဟုတ်ဘူး။ နင်အခုတက်နေတာ Master ။ Bachelorမဟုတ်ဘူး။ စုံနေတာပဲ လူများသူ့ကျောင်းသားများမှတ်နေလားမတိဘူး။ ဟီး...(သူ့နိုင်ငံမှာ သူက Lecturer လေ)

အဲဒါနဲ့ ရင်တထိပ်ထိပ်နဲ့ ဘယ်သူများ ကိုယ့်emailကို ပြန်မလဲဆိုပီးမျှော်နေရာကနေ ည(၉)နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်။ ဟိုဘက်ကမေးတယ်…မီးငယ်လားပေါ့။ ဟုတ်ပါတယ်ဆိုတော့ သူကိုယ်သူမိတ်ဆက်တယ်။ အဲဒါနဲ့ မီးငယ်လည်း ၀မ်းသာအားရနဲ့ ငါ့ပိုက်ဆံအိတ်နင်တွေ့လို့လားဆိုတော့ မဟုတ်ဘူး မီးငယ်ပိုက်ဆံအိတ်ပျောက်တာကို သတင်းမေးတာတဲ့။ သူက အိန္ဒိယကပါ၊ သူ့Field of Study က M.B.A (SOM) ကပါ အိုစုံနေတာပဲ။ မီးငယ်ကိုလည်း မေးလိုက်တာဘာတွေမှန်းကို မသိဘူး။ မီးငယ်လည်း ငါ အရေးကြီးဖုန်းကိုစောင့်နေတယ်ပြောပီး ဖုန်းချလိုက်တယ်။ ဒါတောင်လာသေးတယ် ပိုက်ဆံအိတ်ပြန်တွေ့ရင် သူ့ကိုဖုန်းပြန်ဆက်ပေးပါတဲ့။ သူစိတ်ပူလို့ပါတဲ့။ သူနဲ့မီးငယ်လည်း သိတာမဟုတ်ဘူး။ ဘလိုင်းချည်း စိတ်ညစ်နေပါတယ်ဆို အာရုံနောက်အောင်လာလုပ်နေသေးတယ်။ ဟီး..(ကုလားတော့ဘာကြည်သလဲမမေးနဲ့..ဗီယက်နာမ်တွေလည်းကြည်ပ့) :D

နောက်နာရီဝက်လောက်နေတော့ email ၀င်လာတယ် မီးငယ် ပိုက်ဆံအိတ်ကိုကောက်ရထားတယ်တဲ့။ သူ့ဆီမှာလာယူပါဆိုတော့ မီးငယ်ကဖုန်းဆက်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ဗီယက်နာမ်ကဖြစ်နေတယ်။ Ph.D တက်နေတာတဲ့။ အဲဒါနဲ့ မီးငယ်လည်း ငါခုလာယူလို့ရမလားဆိုတော့။ လာခဲ့ပါဆိုတာနဲ့ချက်ချင်းသွားယူလိုက်တယ်။ ပစ္စည်းအားလုံးပြန်ရတယ်။ မီးငယ်လည်းသူ့ကို မြန်မာပြည်မြေပုံနဲ့ တိုင်းရင်းသားတွေပုံပါတဲ့ အ၀တ်ပန်းချီကားလေးလက်ဆောင်ပြန်ပေးလိုက်တယ်။ အဲဒါနဲ့ ပိုက်ဆံအိတ်က ပြန်ရတာပေါ့။ ဒါပေမဲ့ မြန်မာ Family ထဲမှာတော့ အဆူခံလိုက်ရသေးတာပေါ့။ :D

Halloween Night ရောက်တော့ ည SU café မှာ Party ရှိတယ်။ လာခဲ့ပါလို့ခေါ်လို့သွားလိုက်ပါတယ်။ ပြီးလို့ပြန်မဲ့အခါကြည့်တော့ စက်ဘီးမှရှိတော့ဘူး။ :( ပျောက်သွားပီ။ ဟိ..ဒါနဲ့ ဒီနေ့ စက်ဘီးအသစ်သွားဝယ်လိုက်ရတယ်။ နေ့လည်က ဖေဖေကိုပြောတော့ ဖေဖေက လူပါပျောက်သွားဦးမယ် သတိထားနေဦးတဲ့။ ဆူတော့မဆူဘူး။ ဟီး…ဖြစ်ပုံကတော့ မနှစ်ကနဲ့ကိုမတူဘူး စိတ်ညစ်တယ်… ဒါပေမဲ့ ဒီနေ့ Presentation ကအားလုံးအဆင်ပြေတယ်။ သူများ ၆ ယောက်တစ်ဖွဲ့လုပ်တဲ့ အဖွဲ့တွေကအဆင်မပြေဘူး။ မီးငယ်ကတစ်ယောက်တည်းလုပ်ပီး အဆင်ပြေနေတာ။ တစ်ချို့သူငယ်ချင်းတွေများ မနက်(၅)နာရီမှ အိပ်ရတယ်တဲ့။ မီးငယ်များ ညက Party လည်းသွားသေးတယ်။ အိပ်လည်းအိပ်ရသေးတယ်။ Presentation ကလည်းအဆင်ပြေတယ်တဲ့။ နင်အရမ်းကံကောင်းတယ်။ နင်အတွက် အချိန်ကတန်တယ်တဲ့။ ငါတို့အတွက်မတန်ဘူးတဲ့။ ဟီး..ဘယ်တတ်နိုင်မလဲနော့… ပြောလည်းပြောချင်စရာလေ။ party ထဲရောက်နေတဲ့အထိကို Presentation အတွက် စာကတစ်လုံးမှကောင်းကောင်းမလုပ်ရသေးဘူး။ အကြမ်းပဲရှိသေးတယ်။ အခန်းပြန်ရောက်တော့ မနက်( ၃)နာရီရှိနေပီ…အဲဒါနဲ့ စာနည်းနည်းလုပ်ပီး (၄)နာရီထိုးတော့ အိပ် (၆)နာရီပြန်ထပီး စာလုပ်။ (၁၀)နာရီိထိုးတော့ Presentation သွားလုပ် ဟုတ်နေတာပဲ။ :D မမခင်သက်နွယ်တို့က ဒီနေ့ ငါးထမင်းနယ်လုပ်ကျွေးတယ်... :P

တစ်နှစ်ကျော် လက်တွဲခဲ့ရတဲ့ စက်ဘီးပြာလေးအတွက်အမှတ်တရပါ….