Sunday, May 11, 2008
Saturday, May 10, 2008
ဆုတောင်းပွဲလေးလုပ်ပေးကျရင်မကောင်းဘူးလား
မီးငယ်စဉ်းစားမိတာလေးတစ်ခုပါ မီးငယ်တို့နာဂစ်မုန်တိုင်းကြောင့်သေသွားတဲ့လူတွေအတွက်ဆုတောင်းပွဲလေးတွေ နိုင်ငံတစ်ကာမှာရှိတဲ့မြန်မာတွေစုပေါင်းပြီးကိုယ့်ရှိနေတဲ့နိုင်ငံမှာလုပ်ပေးကြရင်မကောင်းဘူးလား မီးငယ်တို့ကျောင်းမှာတော့ ဆုတောင်းပွဲလုပ်ရအောင်လို့စီနီယာတွေကို မီးငယ်အကြံပြုထားပါတယ် ဆူနာမီတုန်းကလည်းလုပ်ပေးခဲ့ဖူးတဲ့အစဉ်အလာတွေတော့ရှိတယ်နော် ရက်ကတော့မီးငယ်အကြံပြုချင်တာက တော့ ၁ လပြည့်မဲ့ ဇွန်လ ၃ရက်နေ့ကိုလုပ်ကြရင်ကောင်းမယ်လို့ထင်ပါတယ် အစ်ကို အစ်မတွေရဲ့သဘောထားလေးကိုလည်းသိချင်ပါတယ် သဘောတူကြရင်တော့ဆုတောင်းပွဲလေးဖြစ်မြောက်အောင်ဝိုင်းပြီးကြိုးစားကြရအောင်ပါ
Wednesday, May 7, 2008
အမှတ်တယ
ဒီနေ့ ဘွားဘွားဆုံးတာတစ်လပြည့်တဲ့နေ့ပါ မန်းလေးမှာတော့ မေမြို့မှာဆွမ်းကပ်ကြမယ်လို့ပြောတယ် အိမ်နဲ့ဖုန်းရတုန်းကတော့.. မီးငယ်လည်း ဘွားဘွားအတွက်ရည်စူးပြီး မုန်တိုင်းဒဏ်ခံရတဲ့လူတွေအတွက် အလှူငွေထည့်လိုက်တယ်....
Tuesday, May 6, 2008
နာဂစ်မုန်တိုင်းတဲ့…
တကယ်တော့ဒီနေ့စာမေးပွဲရှိပါတယ်ဘလော့ကိုဝင်ရေးဖို့စိတ်ကူးမထားပါဘူး ဒါပေမဲ့ သူ့ကြောင့်ရေးဖြစ်သွားတာပါရန်ကုန်အပါအ၀င် တစ်ချို့ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းဒဏ်ခံရတာ အားလုံးသိပြီးသား ဖြစ်မှာပါမီဒီယာတွေမှာလည်း အားလုံးမြင်နေကြားနေရတာပါပဲဒီ Postကိုရေးဖြစ်တဲ့အကြောင်းကတော့ မီးငယ်စိတ်ထဲမှာရှိတ်ာကိုပြောပြချင်လို့ပါ မုန်တိုင်းဆိုတာငလျင်လိုမဟုတ်ပါဘူးကြိုတင်ခန့်မှန်းလို့ရပါတယ်အနည်းဆုံး၄၈ နာရီလောက် ကြိုတင်ခန့်မှန်းလို့ရပါတယ် မြန်မာပြည်ရဲ့မိုးလေ၀သခန့်မှန်းရေကိရိယာတွေကပဲခေတ်မမှီတော့လိုလားနိုင်ငံတော်ကြီးမှာဘေးအန္တရာယ်ဆိုးကြီး ကျရောက်နိုင်တယ်ဆိုတာကိုမပြောရဲလို့လား တစ်ခု ခုတော့တစ်ခု ခုပါပဲ။
တစ်ချို့ကပြောပါသေးတယ်လူတွေက မိုးလေ၀သက ပြောတာကိုမယုံကြလို့တဲ့ဟုတ်ကဲ့အဲဒီနေရာမှာပြောစရာရှိလာပါပြီ ဘယ်တုန်းကရောမိုးလေ၀သကပြောတာမှန်ဖူးလို့လဲ(၆၀% လောက်ကမှားဖူးထားတော့)မယုံကြတာသိပ်မဆန်းဘူးလို့ပြောရမလိုတောင်ဖြစ်နေပါပြီ နောက်တစ်ခုကအဲဒီလူကပဲထပ်ပြောပြန်ပါတယ်လူတွေကမိုးလေ၀သကို မကြည့်ကြဘူးတဲ့ မီးငယ်ဒေါသလည်းထွက်သလိုသူပြောတဲ့စကားကိုလည်းရယ်မိပါတယ် မီးငယ်တို့အိမ်မှာမိုးလေ၀သကိုမကြည့်တဲ့နေ့ မရှိပါဘူး။
ဒါနဲ့စကားမစပ်မီးငယ်တို့ကသာစောင့်ကြည့်တာသူတို့ကသတင်းစာမှာတော့ ညနေ၆း၁၅ နဲ့၉နာရီသတင်းအပြီးကိုမိုးလေ၀သတင်း ကြော်ငြာမယ်လို့ထည့်ပြီးမကြော်ငြာတဲ့နေ့တွေကအများကြီးပါ ထားပါတော့ ရန်ကုန်မြို့ကြီးကတော့ ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ကတော်တော်အချိန်ယူရဦးမှာပါ တခြားမြို့တွေမှာလည်း ဒီအတိုင်းဖြစ်မယ်လို့ထင်ပါတယ်ပျက်စီးဆုံးရှုံးမှုတွေကတော့တိုင်းပြည်အတွက်ဝမ်းနည်းစရာပါ ဆုံးရှုံးမှုကိုလည်းအခုထိတိတိကျကျမထုတ်ပြန်နိုင်သေးပါဘူး မြန်မာပြည်မှာဒီလိုမျိုးသဘာဝဘေးအန္တရာယ်ဆိုးဆိုးဝါးဝါး ကျရောက်တယ်ဆိုတာအလွန်ရှားပါတယ။်
မြန်မာပြည်မှာ ကာကွယ်ရေးစနစ်တွေလည်းမီးငယ်သိသလောက်ဆိုရင် မရှိပါဘူး ခုတော့ဖြစ်ပြီးသွားပါပြီဘာမှပြန်လုပ်လို့မရတော့ပါဘူး ခုချိန်မှာအရေးကြီးတာကကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကိုမြန်မြန်လုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်မကြာခင်မှာမိုးရာသီကိုရောက်လာတော့မှာပါ ကူးစက်ရောဂါနဲ့ တခြားမိုးတွင်းမှာဖြစ်တတ်တဲ့ရောဂါတွေ ဖြစ်မလာအောင်တားဆီးနိုင်ဖို့ အရေးကြီးပါတယ် သန့်ရှင်းတဲ့သောက်ရေ ရနိုင်ဖို့လိုပါတယ် မီး၊ဖုန်းလိုင်းတွေ ပြန်ရဖို့လိုပါတယ်ဒါမှဘယ်နေရာတွေမှာ အကူအညီရဖို့လိုသေးတယ်ဆိုတာကိုသိနိုင်မှာပါ တကယ်အကူအညီလိုတဲ့လူတွေဆီကိုအကူအညီတွေရောက်ဖို့လိုပါတယ် တစ်ဦးချင်းအနေနဲ့ရောအဖွဲ့အစည်းလိုက်ကူညီတဲ့သူတွေဆီကနေအကူအညီယူသင့်ပါတယ် နိုင်ငံတကာအကူအညီများကိုလည်း လက်ခံသင့်ပါတယ် လက်မခံရင်တော့တကယ်ဒုက္ခခံစားရမှာကအပြစ်မဲ့တဲ့ပြည်သူတွေပါ။
နောက်တစ်ခုကတော့ ပျက်စီးဆုံးရှုံးမှုစာရင်းကိုအမှန်အတိုင်းထုတ်ပြန်ကြော်ငြာပေးဖို့မျှော်လင့်ပါတယ် တိုင်းပြည်မှာဒီလိုသဘာဝ ဘေးအန္တရာယ်ကျရောက်တာရှက်စရာမဟုတ်ပါဘူး နောက်တစ်ခုကခုပဲ ၅ လပိုင်းကိုရောက်နေပါပြီ နောက်လဆိုရင် ကျောင်းဖွင့်တဲ့ရာသီရောက်ပါပြီ ကျောင်းတွေကိုလည်းမူလနီးပါးအတိုင်းပြန်ဖြစ်အောင် လုပ်ပေးနိုင်ရင်ကောင်းပါတယ် ကလေးငယ်တွေရဲ့ပညာရေးကအရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးစနစ်များတပ်ဆင်ခြင်း၊ကျရောက်လာရင်လည်း ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမယ်ဆိုတာတွေကို ပညာပေးဖို့လိုပါတယ်။
အရေးအကြီးဆုံးအချက်ကတော့သတင်းအမှောင်မချဖို့ပါပဲ ဒုက္ခရောက်နေတဲ့ပြည်သူတွေမျက်နှာကိုကြည့်ကြပါ လို့ တောင်းပန်ချင်ပါတယ် မြန်မာပြည်ကတော့တစ်ခု ခုတော့တစ်ခု ခုပါပဲ ဒီနှစ်အတွင်းမှာကို မန်းလေးမှာ မီး အကြီးအကျယ် လောင်တယ်ခုရန်ကုန်အပါအ၀င်မြန်မာနိုင်ငံအောက်ပိုင်း မုန်တိုင်းမိပါတယ် ကံစိုးမသွားလေရာမိုးလိုက်ရွာတယ်လို့ပဲပြောရမှာပါပဲ ပုံမှန်ဆိုရင်ခုရန်ကုန်ကိုဝင်ရောက်တိုက်ခတ်သွားတဲ့မုန်းတိုင်းကဘင်္ဂလားဒ်ကိုဝင်ပြီး တိုက်နေကြမုန်တိုင်းပါ ဒီနှစ်မှမြန်မာပြည်ကိုဝင်ပြီးတိုက်ခတ်တာပါ၂၀၀၈ ခုနှစ်ကမြန်မာပြည်ကံဆိုးတဲ့နှစ်လို့ပြောရမလိုတောင်ဖြစ်နေပါပြီ..
ဘွားဘွားတောင် မီးငယ်တို့ကို စောစော ထားသွားတာတောင်ကောင်းတယ်လို့ပြောရမလိုဖြစ်နေပါပြီ..ဘွားဘွားသာရှိရင် အကြီးအကျယ်ကိုစိတ်မကောင်းဖြစ်မှာသေချာပါတယ်..ဘွားဘွားရေ မြေးတို့နိုင်ငံအခြေနေကိုကြည့်ပါဦး
Sunday, May 4, 2008
မညီမျှချက်
အိပ်မက် တွေမက်ပြီး
နိုးလာတဲ့အခါ...
အိပ်မက်မှန်းသိတော့
ရင်ထဲမှာ “ဟာ“ သွားခဲ့ဖူးလား....
မျှော်လင့်ချက်တွေပေးပြီး
ရုတ်သိမ်းသွားတဲ့အခါ...
မျှော်လင့်ချက်မရှိတော့မှန်းသိတော့
ဆောက်တည်ရာမရဖြစ်သွားခဲ့ဘူးလား....
သူငယ်ချင်း...
အိပ်မက်ဆိုတာ...
ထပ်မက်ခွင့်ရှိသလို.....
မျှော်လင့်ချက်ဆိုတာလည်း....
ထပ်မျှော်လင့်လို့ရပါတယ်.....
ဒါပေမဲ့...
မျှော်လင့်ချက် != ရည်မှန်းချက် ဆိုတာကို
မမေ့နဲ့နော်....
(ကွန်ပြူတာ ဒုတိယနှစ်တုန်းက ရေးခဲ့တဲ့ကဗျာလေးပါ..)
Thursday, May 1, 2008
တို့ရဲ့Internet
ချစ်တဲ့သူငယ်လေ.............
သူငယ်ချင်းဆိုး.....ဂျပိုးထိုးဘက်တို့လေ....
နေ့ Chat ၊ည Chat ၊ မနက် Chat နှင့်
Chat ပြီးရင်းသာ Chat ချင်ပါလည်း....
Online မကောင်း Sever ဒေါင်းသည်
ကျွန်ုပ်တို့၏ ဒုက္ခတည်း....။
ဝေးမြေခြားတဲ့ ချစ်သက်ထားဆီ
စာလွှားပါးရန်၊ Mail ဖွင့်ပြန်တော့
ဟိုဘမ်းဒီဘမ်း၊ အကုန်ဘမ်းသည်
Free Mail မရ..တို့ဒုက္ခ...။
Planet, Bagan သင်တို့ထံတွင်
ကျွန်ုပ်အရေး၊ ၀င်ဆွေးနွေးလဲ
Moderator တော်ရှာပါသည်
ဘယ်ခါမရောက်၊ တော့ပစ်အောက်....။
Yahoo, MSN Messanger ပြန်လည်း
သုံးခွင့်မပေး၊ ကျွန်ုပ် မေးမည်
အလှကြည့်ရုံ လုပ်သလား.....
တစ်ခါ တစ်ရံပင်ပန်းပြန်လို့
အချိန်မနှေး၊ Chat ကိုပြေးသော်
Chat Room အရှင်၊ “ကိုကိုလွင်“ က
Maintain ရန် Chat ပိတ်ပြန်သည်
တစ်လ ကိုးသီတင်းကြာသတည်း.....။
သြော်.....
ရွှေပြည်သစ်ဆီ၊ တို့လှမ်းချီလို့
နိုင်ငံတကာ၊ ကမ္ဘာရွာတွင်
နောက်မကျအောင်၊ တို့စွမ်းဆောင်မည်
နောင်ထောင်စုနှစ်ရောက်ကာမှ.....။
အိုင်ချင်း အမည်မသိခေတ်စာဆို
သူငယ်ချင်းတစ်ယောက်က Forward Mail ကနေပို့လာတာလေးပါ....
Wednesday, April 30, 2008
AIT သင်္ကြန်...
AITမှာသင်္ကြန်၃ရက်လုပ်ပေးပါတယ်AITအောက်မှာကကျောင်း၃ကျောင်းရှိပါတယ်SET(School of Engineering and Technology), SOM(School of Management) နဲ့SERD(School of Enivironment, Resources and Development)ပါ
နေ့လည် ၁၂ နာရီကနေညနေ၆နာရီထိရေဆော့ကြတာပါ
သင်္ကြန်ပထမအကြပ်နေ့မှာ SETကတာဝန်ယူပြီးကျင်းပပေးတာပါ(မီးငယ်တို့ကျောင်းပါ)ဒီနေ့က ကောက်ညှင်းပေါင်း၊ အကြော်နဲ့ ကြာဇံဟင်းခါးကျွေးမယ်လို့စီစဉ်ထားပါတယ်တကယ်တမ်းကြတော့ကောက်ညှင်းပေါင်းက ပေါင်းလိုက်တာညနေကျမှကျက်ပါရော အိုးသူကြီးတွေကဘယ်သူလဲဆိုတာတော့ပြောတော့ဝူးနော်
အော်AITမှာ ၀န်ထမ်းဖြစ်နေတဲ့အစ်ကိုကြီးအိမ်ကရွှေရင်အေးတိုက်ပါတယ် Assumption Uniကမြန်မာတွေလည်း လာကြတယ်လို့ပြောပါတယ အဲနေ့ကမီးငယ်မသောင်းကျန်းလိုက်ရပါဘူးStudent Unionနဲ့ခရီးသွားတာပြန်မရောက်လို့ပါ
ဒုတိယနေ့ကကြတော့ SOMကတာဝန်ယူတဲ့နေ့ပါဆီချက်ခေါက်ဆွဲနဲ့ကြာဇံကြော်ကျွေးတယ် အအေးလည်းတိုက်တယ် ပြီးတော့မုန့်ဟင်းခါးသုတ်လည်းSETကထပ်ကြွေးပါတယ် ဗီယက်နာမ်သူငယ်ချင်းတွေကိုဖိတ်တော့သူတို့ကအားနာလို့ဆိုပြီ Beer ကိုဖာလိုက်ဝယ်လာပြီး နှစ်သစ်ကူးလက်ဆောင်ဆိုပြီးပေးပါတယ်မီးငယ်Seniorတွေကလည်းစိတ်အရမ်းဆိုးတာပေါ့သိတယ်မှလား :D
နောက်ဆုံးနေ့ကတော့ကကျွေးတာပါမီးငယ်မကြိုက်ဆုံးနေ့လို့ပြောလို့ရပါတယ်ဆီချက်ခေါက်ဆွဲ ၂ မျိုးကြီးတောင်ပဲ(အလုံးနဲ့အပြားနဲ့)ဘာကွာမှာတုန်းနော့်လေ(ဟီးပြန်မပြောနဲ့နော်..မသက်ထားကသတ်လိမ့်မယ်)အဲဒီနေ့ကမီးငယ်သူငယ်ချင်းတွေအကုန်လာတယ်..ကုလားရော၊ထိုင်းရော၊ဗီယက်နာမ်ရောသူတို့တွေကကိုယ့်ထက်တောင်ကဲနေသေးတယနိုင်ကိုမနိုင်ဘူးငါပြန်တော့မယ်လို့ပြောတော့မပြန်နဲ့အုံးတဲ့သူတို့ဆော့ချင်သေးလို့တဲ့နင်တို့ဘာသာဆော့နေခဲ့ဆိုတော့လည်းမရဘူးနောက်ဆုံးတော့လည်းနေရတာပေါ့ဒီလောက်ပျင်းစရာကောင်းတဲ့ AITသင်္ကြန်ကိုပျော်နေသေးတယ်သူတို့ကို မန်းလေးသင်္ကြန်များခေါ်သွားလို့ကတော့ နိုင်မှာကိုမဟုတ်ဘူး ကိုယ်တွေကရေခွက်နဲ့လောင်းတာသူတို့ကရေထည့်ထားတဲ့ပုံးကြီးတွေကိုမပြီးလောင်းတာလူကိုမွန်းနေတာပဲဒီလူပဲတစ်ချိန်လုံးလောင်းနေတာအေးလေသင်္ကြန်မရှိတဲ့လူတွေထက်စာရင်မီးငယ်တို့ကသင်္ကြန်ရှိသေးတော့တော်သေးတာပေါ့။
သူငယ်ချင်းဆိုအဲဒီရက်ပိုင်းကနင်ဘယ်အချိန်များOnlineတက်လာမလဲလို့ငါမှာစောင့်လိုက်ရတာဟာတဲ့..မီးငယ်လည်းအဲဒီရက်ပိုင်းကလုံးဝကိုOnline မတက်ပါဘူးဟီး ညဘက်လည်းနေ့လည်ဘက်ကသောင်းကျန်းထားတဲ့အရှိန်နဲ့ လူကပင်ပန်းပီးအိပ်ပြီးတော့ မနက်၁နာရီဆိုProject Meetingကသွားရသေးတယ်လေမေမေ့ဆီကလည်းဖုန်းကဆက်ရသေးတယ် အိမ်မှာကမေမေတစ်ယောက်ပဲရှိတာလေ ဒီနှစ်သင်္ကြန်ကဖေဖေကခရီးသွားတယ်လေဒီသင်္ကြန်ကိုပျော်လားဆိုရင်တော့မပျော်ဘူးလို့ပဲပြောရမှာဒါပေမဲ့ကြုံဘူးသမျှသင်္ကြန်တွေထဲမှာအကဲဆုံးသင်္ကြန်ပါ..ဟီး..ဟီး..အတက်နေ့ညနေကလည်းကိုကျော်မိုးလေးတို့အိမ်ကကောက်ညှင်းပေါင်းနဲ့ဝက်သားကြော်၊ ကြက်အတောင်ပံအစာသွပ်နဲ့ရေခဲမုန့်ထပ်ကျွေးသေးတယ်ပျော်စရာကြီးနော်စားစရာတွေလည်းစုံနေတာပဲ
နောက်ဆုံးတော့လည်း Project Meeting နဲ့ပဲနှစ်ပါးသွားရတာပါပဲ...အဟင့်ဟင့်....
မသနားကြဘူးလားဟင်...
.jpg)