Saturday, May 10, 2008

ဆုတောင်းပွဲလေးလုပ်ပေးကျရင်မကောင်းဘူးလား

မီးငယ်စဉ်းစားမိတာလေးတစ်ခုပါ မီးငယ်တို့နာဂစ်မုန်တိုင်းကြောင့်သေသွားတဲ့လူတွေအတွက်ဆုတောင်းပွဲလေးတွေ နိုင်ငံတစ်ကာမှာရှိတဲ့မြန်မာတွေစုပေါင်းပြီးကိုယ့်ရှိနေတဲ့နိုင်ငံမှာလုပ်ပေးကြရင်မကောင်းဘူးလား မီးငယ်တို့ကျောင်းမှာတော့ ဆုတောင်းပွဲလုပ်ရအောင်လို့စီနီယာတွေကို မီးငယ်အကြံပြုထားပါတယ် ဆူနာမီတုန်းကလည်းလုပ်ပေးခဲ့ဖူးတဲ့အစဉ်အလာတွေတော့ရှိတယ်နော် ရက်ကတော့မီးငယ်အကြံပြုချင်တာက တော့ ၁ လပြည့်မဲ့ ဇွန်လ ၃ရက်နေ့ကိုလုပ်ကြရင်ကောင်းမယ်လို့ထင်ပါတယ် အစ်ကို အစ်မတွေရဲ့သဘောထားလေးကိုလည်းသိချင်ပါတယ် သဘောတူကြရင်တော့ဆုတောင်းပွဲလေးဖြစ်မြောက်အောင်ဝိုင်းပြီးကြိုးစားကြရအောင်ပါ

4 comments:

Apprenticeship said...

very good ideas my little sis. I have been beyond dejection for the sound of crying ghosts. I have been praying for them. Should we pray daily too?

Han Thit Nyeim said...

မမီးငယ်ရေ... အရမ်းကောင်းတဲ့ အကြံပါပဲ။ ဒါပေမယ့် အဲလိုမျိုး နေ့ရက်တစ်ခုခုကို သတ်မှတ်နိုင်ဖို့
၁) လူအများကြီးက သဘောတူရမယ်
၂) လူအများကို Influence ရှိတဲ့ တစ်ယောက်ယောက်က သတ်မှတ်ရမယ်။
အဲဒီနှစ်ချက် (ကျွန်တော်ထင်တာ) မရှိရင်တော့ အဆင်မပြေဘူး။ ဒီတော့လေ... စီပုံးတွေထဲလိုက်ပြီး ဒီပို့စ်ကို ကြော်ငြာပါလား။ ရလာတဲ့ Comment တွေကို ကြည့်ပြီး တစ်ခုခု ထပ်စဉ်းစားတာပေါ့။ ကျွန်တော်လည်း အားတဲ့အခါ ၀ိုင်းကြေငြာပေးပါမယ်။

ခင်မင်လျက်
ဟန်သစ်ငြိမ်

nyiyekhaung said...

သိပ်ကောင်းတဲ့အကြံပါပဲ ညီမလေး cbox မှာလိုက်အော်ပေး
ပါမယ်

Unknown said...

This is a best Idea...
What we can do ?
We must do for them...
You also take care of your self..
Best Regards,
Saw