Wednesday, April 30, 2008

AIT သင်္ကြန်...


AITမှာသင်္ကြန်၃ရက်လုပ်ပေးပါတယ်AITအောက်မှာကကျောင်း၃ကျောင်းရှိပါတယ်SET(School of Engineering and Technology), SOM(School of Management) နဲ့SERD(School of Enivironment, Resources and Development)ပါ
နေ့လည် ၁၂ နာရီကနေညနေ၆နာရီထိရေဆော့ကြတာပါ

သင်္ကြန်ပထမအကြပ်နေ့မှာ SETကတာဝန်ယူပြီးကျင်းပပေးတာပါ(မီးငယ်တို့ကျောင်းပါ)ဒီနေ့က ကောက်ညှင်းပေါင်း၊ အကြော်နဲ့ ကြာဇံဟင်းခါးကျွေးမယ်လို့စီစဉ်ထားပါတယ်တကယ်တမ်းကြတော့ကောက်ညှင်းပေါင်းက ပေါင်းလိုက်တာညနေကျမှကျက်ပါရော အိုးသူကြီးတွေကဘယ်သူလဲဆိုတာတော့ပြောတော့ဝူးနော်

အော်AITမှာ ၀န်ထမ်းဖြစ်နေတဲ့အစ်ကိုကြီးအိမ်ကရွှေရင်အေးတိုက်ပါတယ် Assumption Uniကမြန်မာတွေလည်း လာကြတယ်လို့ပြောပါတယ အဲနေ့ကမီးငယ်မသောင်းကျန်းလိုက်ရပါဘူးStudent Unionနဲ့ခရီးသွားတာပြန်မရောက်လို့ပါ
ဒုတိယနေ့ကကြတော့ SOMကတာဝန်ယူတဲ့နေ့ပါဆီချက်ခေါက်ဆွဲနဲ့ကြာဇံကြော်ကျွေးတယ် အအေးလည်းတိုက်တယ် ပြီးတော့မုန့်ဟင်းခါးသုတ်လည်းSETကထပ်ကြွေးပါတယ် ဗီယက်နာမ်သူငယ်ချင်းတွေကိုဖိတ်တော့သူတို့ကအားနာလို့ဆိုပြီ Beer ကိုဖာလိုက်ဝယ်လာပြီး နှစ်သစ်ကူးလက်ဆောင်ဆိုပြီးပေးပါတယ်မီးငယ်Seniorတွေကလည်းစိတ်အရမ်းဆိုးတာပေါ့သိတယ်မှလား :D

နောက်ဆုံးနေ့ကတော့ကကျွေးတာပါမီးငယ်မကြိုက်ဆုံးနေ့လို့ပြောလို့ရပါတယ်ဆီချက်ခေါက်ဆွဲ ၂ မျိုးကြီးတောင်ပဲ(အလုံးနဲ့အပြားနဲ့)ဘာကွာမှာတုန်းနော့်လေ(ဟီးပြန်မပြောနဲ့နော်..မသက်ထားကသတ်လိမ့်မယ်)အဲဒီနေ့ကမီးငယ်သူငယ်ချင်းတွေအကုန်လာတယ်..ကုလားရော၊ထိုင်းရော၊ဗီယက်နာမ်ရောသူတို့တွေကကိုယ့်ထက်တောင်ကဲနေသေးတယနိုင်ကိုမနိုင်ဘူးငါပြန်တော့မယ်လို့ပြောတော့မပြန်နဲ့အုံးတဲ့သူတို့ဆော့ချင်သေးလို့တဲ့နင်တို့ဘာသာဆော့နေခဲ့ဆိုတော့လည်းမရဘူးနောက်ဆုံးတော့လည်းနေရတာပေါ့ဒီလောက်ပျင်းစရာကောင်းတဲ့ AITသင်္ကြန်ကိုပျော်နေသေးတယ်သူတို့ကို မန်းလေးသင်္ကြန်များခေါ်သွားလို့ကတော့ နိုင်မှာကိုမဟုတ်ဘူး ကိုယ်တွေကရေခွက်နဲ့လောင်းတာသူတို့ကရေထည့်ထားတဲ့ပုံးကြီးတွေကိုမပြီးလောင်းတာလူကိုမွန်းနေတာပဲဒီလူပဲတစ်ချိန်လုံးလောင်းနေတာအေးလေသင်္ကြန်မရှိတဲ့လူတွေထက်စာရင်မီးငယ်တို့ကသင်္ကြန်ရှိသေးတော့တော်သေးတာပေါ့။

သူငယ်ချင်းဆိုအဲဒီရက်ပိုင်းကနင်ဘယ်အချိန်များOnlineတက်လာမလဲလို့ငါမှာစောင့်လိုက်ရတာဟာတဲ့..မီးငယ်လည်းအဲဒီရက်ပိုင်းကလုံးဝကိုOnline မတက်ပါဘူးဟီး ညဘက်လည်းနေ့လည်ဘက်ကသောင်းကျန်းထားတဲ့အရှိန်နဲ့ လူကပင်ပန်းပီးအိပ်ပြီးတော့ မနက်၁နာရီဆိုProject Meetingကသွားရသေးတယ်လေမေမေ့ဆီကလည်းဖုန်းကဆက်ရသေးတယ် အိမ်မှာကမေမေတစ်ယောက်ပဲရှိတာလေ ဒီနှစ်သင်္ကြန်ကဖေဖေကခရီးသွားတယ်လေဒီသင်္ကြန်ကိုပျော်လားဆိုရင်တော့မပျော်ဘူးလို့ပဲပြောရမှာဒါပေမဲ့ကြုံဘူးသမျှသင်္ကြန်တွေထဲမှာအကဲဆုံးသင်္ကြန်ပါ..ဟီး..ဟီး..အတက်နေ့ညနေကလည်းကိုကျော်မိုးလေးတို့အိမ်ကကောက်ညှင်းပေါင်းနဲ့ဝက်သားကြော်၊ ကြက်အတောင်ပံအစာသွပ်နဲ့ရေခဲမုန့်ထပ်ကျွေးသေးတယ်ပျော်စရာကြီးနော်စားစရာတွေလည်းစုံနေတာပဲ
နောက်ဆုံးတော့လည်း Project Meeting နဲ့ပဲနှစ်ပါးသွားရတာပါပဲ...အဟင့်ဟင့်....
မသနားကြဘူးလားဟင်...



2 comments:

မင်းကျန်စစ်။ said...

သနားစရာကွယ်။ ကျောင်းသားဘဝ မကျွတ်မချင်းတော့ ဂလိုပဲ ဖြစ်နေမှာပဲကွ။ ကျောင်းသူဘဝက မြန်မြန်ကျွတ်အောင် ယောင်္ကျားယူတော့။ ဟတ်ဟတ်း)

လင်းထက် said...

မင်းကျန်စစ် ရယ်အပါ့ ကွာ ဒီလို ခပ်ဆိုးဆိုးကောင်မလေးကို ဘယ်သူက ယူမှာတုံး ကွ ဂျကား ကရဲ နပီဘူး အခြား က ရဲ ပုတ်တေး ရယ် ကျောင်းတက် နေတာပဲ ကောင်းပါတယ်ကွာ အဟီး စိတ်ဆိုးနဲ့ နော် ညီမလေး စတာ စိတ်ဆိုးပြီး နှုတ်ခမ်းကြီးမစူနဲ့ နော် မလှဘူး ဒါဆိုကျောင်းသူဘဝက မလွတ်ပဲနေလိမ့်မယ်