ဒီနေ့ နည်းနည်းအားတာနဲ့ ရေညှိထမင်းလိပ်လုပ်စားဖြစ်တယ်... ဘာမှထွေထွေထူးထူးတော့မရှိပါဘူး..လိုအပ်တာလေးတွေပြောမယ်နော်..
၁။ ရေညှိဖတ် ( Supermarket တွေမှာဝယ်လို့ရပါတယ်)
၂။ ထမင်းပူ
၃။ ကြက်အူချောင်း (or) ငါးအူချောင်း (or) ၀က်အူချောင်း
၎။ ကြက်ဥကြော်
၅။ ပဲငံပြာရည်
ပထမဆုံး ကြက်ဥကြော်ကို အပြားလိုက်ကြော်ပြီး အချောင်း အချောင်းလေတွေဖြစ်အောင်ညှပ်ထားပါ။ ကြက်အူချောင်းတွေကိုလည်းကြော်ထားပြီး အနေတော်လေးတွေ ပိုင်းထားပါ ။ ထမင်းပူနဲ့ ပဲငံပြာရည်ကို နယ်ပါတယ်...ပြီးရင် ရေညှိဖတ်ထဲကို ထမင်းထည့်ပြီး ကြက်အူချောင်း တို့ ကြက်ဥကြော်တို့ အလည်မှာထားပြီး ဖြည်းဖြည်းချင်းလိပ်ပါ။ ပြီးတာနဲ့ ထမင်းပေါင်းအိုး ထဲကိုပြန်ထည့်ပါ စားခါးနီးမှ အ၀ိုင်းလေးတွေလှီးပြီး စားပါ။
ခုတော့ မီးငယ်တို့ လုပ်စားထားတာတွေကို သရေကျလိုက်ဦးပေါ့နော့်..... :P :P
ဒါကတော့ မလှီးသေးရတဲ့ ပုံပါ....jpg)
ဒါကတော့ စားခါနီးပြင်ထားတဲ့ပုံလေ... သရေမကျ ကျနဲ့နော်....jpg)

Tuesday, August 19, 2008
ရေညှိ ထမင်းလိပ်
ဘာတဲ့လဲ... :P
စားမယ်..၀ါးမယ်..
Subscribe to:
Post Comments (Atom)
3 comments:
မမရေ.. မျက်ရည်ရွှဲလဲနဲ့ လာစားသွားတယ်။ စားလို့ကောင်းလို့ တာ.. ရှလွတ်..ရှလွတ်:)
ဟင့် အလုပ်က အပြန် မောမော ပမ်းပမ်း နဲ့ လာလိုက်တာ ဗိုက်ဆာ တာ ပိုဆိုးသွားတယ် အဲလိုကြီးတော့ မနှိပ်စက်နဲ့လေ အပြင်မှာ တကယ် ကျွေးဟာ...။
စားချင်လိုက်တာ
Post a Comment