Monday, August 25, 2008

AIT မှနေ့ရက်များ

ဒီတစ်ပါတ်ကတော့ မီးငယ် အရမ်းကို ပင်ပန်းတာပါပဲ.. စနေနေ့ တစ်နေ့လုံးလည်း Safari World ကိုသွားရ.. တနင်္ဂနွေနေ့ ကျတော့လည်း အစ်မအိမ်မှာ AITMF (Myanmar Family) ကို ထမင်းကျွေးတာကို ကူလုပ်ပေးရနဲ့ မနားရပါဘူး..ဟိ။ စနေနေ့ကတော့ Safari World ကို Student Union နဲ့သွားပါတယ်။ တိရစ္ဆာန်ဥယျာဉ်လို နေရာမျိုးပါ။ Safari World မှာ Safari Park နဲ့ Marine Park ဆိုပြီးတော့ အပိုင်း(၂)ပိုင်း ခွဲထားပါတယ်။ Safari Park ထဲမှာ တိရစ္တာန်တွေကို သဘာဝအတိုင်း လွှတ်ထားပေးပြီး လာလည်တဲ့ သူတွေက ကားနဲ့ လိုက်ကြည့်ရတာပါ… တကယ့် တောထဲ ရောက်သွားသလိုမျိုး ခံစားရအောင် လုပ်ထားတာပါ။ ဒါပေမဲ့ Marine Park မှာက Show တွေများတယ်.. Bird Show, Dolphin Show, Cow Boy Show, Spy War, Sea lion Show, Orangutan Boxing Show, Elephant Show, Feeding Show စုံနေတာပါပဲ။

Marine Park ထဲကို အရင်ဝင်ကြပါတယ်။ အ၀င်ဝမှာပဲ Safari World Map နဲ့ ဘယ် show က ဘယ်အချိန်မှာ စ တယ်ဆိုတဲ့ စာရွက်လေး ပေးပါတယ်။ တကယ်တမ်း စ ပြီးလုပ်ကြည့်ချင်တဲ့ show က Feeding Show ပါ ဒါပေမဲ့ မီးငယ်တို့ Safari World ကိုရောက်တော့ Feeding Show ကစသွားပါပြီ ဒါနဲ့ပဲ ပထမဆုံး စ ကြည့်ဖြစ်တာက Bird Showပါ..သိပ်ပြီး မထူးဆန်းဘူးလို့ ထင်မိပါတယ်... အဲဒီနောက်Sea lion Show နဲ့ Cow Boy Show ကိုကြည့်ဖြစ်ပါတယ်.. ပြဇာတ်နဲ့သိပ်ပြီးမထူးပါဘူး.. ပြီးတော့ နေ့လည်စာ စားဖြစ်ပါတယ်…. စားစရာတွေကလည်း အပြင်ကထက်ကို ဈေးက နှစ်ဆရှိပါတယ်..စားပြီးတော့ Spy War သွားကြည့်ပါတယ်.. James Bond ကို ပြဇာတ်သဘောမျိုးပါ.. ရုပ်ရှင်ထဲကအတိုင်း setting တွေကလုပ်ထားတော့ ရိုက်ကွင်း ထဲ ကိုရောက်သွားသလိုပါပဲ.. ဆိုးတာတစ်ခုက အင်္ဂလိပ်လိုမပြောပဲ ထိုင်းလိုပြောတာဆိုတော့ ဘာမှကိုနားမလည်ပါဘူး.. နောက်ပြီးတော့ Jungle Cruise ဆိုတဲ့နေရာကို ၀င်ကြပါတယ်.. ၀င်ကြေးက ဘတ်(၂၀၀)ပေးရပါတယ်.. စမ်းချောင်းလေးလိုနေရာမှာ လှေစီးပြီးသွားပြီး တောထဲက အလှအပတွေကို ကြည့်ရတာပါ.. တကယ့်တော့ အစစ်မဟုတ်ပါဘူး.. Artifical တွေပါ.. သစ်ပင်တွေကတော့ အစစ်တွေပါ.. ကျန်တာတွေ (မြွေ၊ ၀က်ဝံ၊ လူရိုင်း၊ မိချောင်း၊ ဆင်) ကတော့ Artificial တွေချည်းပါပဲ.. သူများတွေက ကြောက်ပေမဲ့.. မီးငယ်တို့အုပ်စု(Senior(၂)ယောက်နှင့်မီးငယ်) ကတော့လုံးဝမကြောက်ပါဘူး..

နောက်ပြီးတော့ Egg World ထဲကိုဝင်ကြည့်ကြပါတယ်..အဲဒီအထဲမှာက ဥကနေ အကောင်ပေါက်လာတဲ့ သတ္တ၀ါတွေရဲ့ဥတွေကို အဓိကထားပြီးပြတာပါ… ပြီးတော့ ကမ္ဘာအကြီးဆုံး ငှက်ကုလားအုပ်ဥကို လည်းပြထားပါတယ်(12kg) လေးတယ်လို့ပြောပါတယ်..ငှက်ဥအစစ်တွေကိုလည်း ကိုင်ကြည့်လို့ရအောင်လည်း လုပ်ထားပေးတယ်.. နောက်ပြီး ဥထဲကနေ ဘယ်လို အကောင်ပေါက်လာလဲ ဆိုတာတွေကိုပါ ပြထားတာပါ.. တစ်ချို့ဟာတွေကိုတော့ ရွံ့လို့မကြည့်ခဲ့ပါဘူး..နောက်ပြီး ဥကနေအကောင်ပေါက်တဲ့ သတ္တ၀ါတွေရဲ့ အရိုးစုတွေကိုလည်းပြထားပါတယ်.. ဒိုင်နိုဆော ၊ မိချောင်း၊ မြွေပွေး အဲဒါတွေရဲ့အရိုးတွေလည်းပါပါတယ်..နောက်တစ်ခုက ကြက်ဥကနေ ကြက်ကလေးပေါက်လာတဲ့ (၂၁)ရက်ဖြစ်စဉ်ကိုလည်း ပုံလေးတွေနဲ့ သေချာရှင်းပြထားပါတယ်.. အဲဒီတော့ ဥတွေအကြောင်းကို လေ့လာချင်တဲ့ ကျောင်းသားတွေက ဒီနေရာမှာလာပြီး လေ့လာလို့ အဆင်ပြေတာပေါ့နော့… နောက်တစ်ခုကJungle Walk.. Jungle Walk ဆိုတဲ့အတိုင်း လမ်းလျှောက်လိုက်ရတာလဲ ဖတ်ဖတ်ကိုမောနေတာပဲ.. Seniorကလည်းဆူလိုက်တာပြောမနေနဲ့..ဟိ.. သူဟာသူလိုက်လာတာလေနော့်.. မီးငယ်ကလိုက်ရမယ်လို့ မပြောပါဘူး.. သူ့ဟာသူလိုက်လာတာ..ပြီးတော့ညောင်းလို့တဲ့.. သူ့မှာက အပိုင်း(၃)ပိုင်း ထက်ပြီး ခွဲထားသေးတယ်.. ပထမက ဗျိုင်းလိုမျိုး ခြေတံရှည်ငှက်တွေနဲ့ ရေတံခွန်တွေရှိတဲ့နေရာပါ.. ဒုတိယနေရာက ကြက်တူရွေးတွေချည်းပဲ အရောင်မျိုးစုံရှိတဲ့နေရာရယ် နောက်ဆုံးက သစ်ခွပန်းတွေရှိတဲ့နေရာပါ အဲဒီထဲမှာလည်း တစ်ကိုယ်လုံးဖြူနေတဲ့ မြွေတွေကိုလည်း မှန်လှောင်အိမ်တွေနဲ့ ထည့်ထားပါသေးတယ်.. ကြက်တူရွေးတွေက အရမ်းလိမ္မာပါတယ်..အစာကျွေးရင် လက်ပေါ်ကိုလာနားပါတယ် နောက်ဆုံးအပြေးအလွားဝင်စပ်စုခဲ့တာကတော့ Dolphin Show ပါ။ Orangutan Boxing Show ကတော့ မကြည့်ချင်လို့ ခြေဦးတောင်မလှည့်ခဲ့ပါဘူး.. Elephant Show ကတော့ ယာယီပိတ်ထားလို့မကြည့်ခဲ့ရပါဘူး..

နောက်ဆုံးကတော့ Safari Park ကိုသွားခဲ့ပါတယ်.. ကားပေါ်ကနေပဲကြည့်ရတာပါ.. ကျောင်းကိုည ၇နာရီခွဲလောက်ပြန်ရောက်ခဲ့ကြပါတယ်.. မောမောနဲ့ အိပ်လိုက်တာ နောက်နေ့မနက် ၉ နာရီထိုးတော့မှ နိုးပါတယ်.. နိုးနိုးချင်း…..............
(တနင်္ဂနွေနေ့အကြောင်းကိုဆက်ပြောမယ်နော်)

No comments: