Monday, April 7, 2008

အမှတ်တယ(၇-၄-၂၀၀၈)



စာပေလောက အတွက်သာမက မြန်မာပြည်သူများအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါ..ကျွန်မရဲ့ဘ၀ အတွက်ကတော့ အဘွားတစ်ယောက်ဆုံးရှုံးလိုက်ရတာပါ...လူတိုင်းအပေါ်မှာ အပြစ်မမြင်တတ်ပဲ စေတနာထားတဲ့ အဘွား...မြေးတွေ ပြန်အလာကို အမြဲမျှော်နေတတ်တဲ့ အဘွား... အဘွားက မြေးတွေကိုသူ့ အနားမှာရှိစေချင်ပေမဲ့ ဘယ်သူကမှ အဘွားနားမှာရှိမနေခဲ့ကြဘူးလေ.... ဘွားဘွားရဲ့နောက်ဆုံးချိန်မှာတောင် မမစု၊ကိုကြီးနဲ့ ကျွန်မက အဝေးမှာလေ...ဒီဇင်ဘာပြန်တုန်းက ဘွားဘွားအတွက် ဖေဖေက ဘုရားပင့်ခဲ့ တဲ့.. ကျွန်မ အသုံးမကျလို့ မြဘုရားကိုတွေ့အောင်မရှာနိုင်ဘူးလေ.. ခုရှာတွေ့ပြီး မေပြန်ရင်ပင့်ခဲ့မယ်ဆိုတော့ ဘွားဘွားကမရှိတော့ဘူး.. ငါ့မြေးပြန်လာတောမြင်တော့ လင်းလင်း ကိုလည်းသတိရတယ်တဲ့... ဘယ်နေ့ပြန်မှာလဲ.. မပြန်ခင်ဘွားဆီလာဦးတဲ့.. တော်တော်ဆိုးတဲ့ကျွန်မ ဘွားကိုပြန်ခါနီးမှသွားနှုတ်ဆက်တယ်.. အဲဒီနေ့ကလည်း မတွေ့ခဲ့ဘူး.. ဆေးရုံမှာတဲ့ နည်းနည်းမောနေလို့ မာမီက ဆေးရုံပို့လိုက်တယ်ညကမှတဲ့ ရွှေပြည်စိုးကပြောတယ်.. အဲဒါနဲ့ သွားမတွေ့တော့ဘူးလို့ အစ်မကိုမြင်ရင် မမလင်းလင်းကို အဘွားကသတိရနေရင်စိတ်မကောင်းဖြစ်နေဦးမယ်.. အဲဒါနဲ့ပဲ ဘန်ကောက်ကိုပြန်လာခဲ့တာ (၁၄.၁.၂၀၀၈)နေ့ကဒီနေ့ကြအဘွားမရှိတော့ဘူး( ၇.၄.၂၀၀၈) လေ..


5 comments:

YeYint Nge said...

အမေမာကပြည်သူကရော၊စစ်တပ်ကပါလေးစားရတဲ့သူ့။
မြန်မာပြည်သူများအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါ၊

ရဲရင့်

http://yeyintnge.blogspot.com/

စိုးထက် - Soe Htet ! said...

ကျွန်တော် လည်း ဘိုဘို ဆီက သိသိ ရခြင်း ပို့စ် တင်လိုက်တယ် ... ထပ်တူ ၀မ်းနည်းရပါတယ်

Unknown said...

Nyi Ma Lay,
Maybe we are relatives. I'm so sad about Phwar Phwar Mar's death. Are you one of A Phwar Kyin's grand daughters? Also, I'd like to get those photos taken at Phwar Phwar's last birthday at Mahar Gant Dar Yone monestry.

yours Ah Ma,
T

Chan Mya Soe said...

စိတ်မကောင်းခြင်းများစွာဖြစ်မိပါတယ် ညီမလေး။ ကိုယ်တို့လည်း တစ်နေ့ ဒီလမ်းကို လိုက်ကြရမှာပဲ။ အဘွားကတော့ သွားနှင့်ပြီပေါ့။ ဒါပေမဲ့ လူကောင်း လူတော်တွေ ဆုံးရှုံးရတာ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းတယ်ကွာ။

Myo Kyaw Htun said...

စိတ်မကောင်းပါဘူးဗျာ