Friday, September 26, 2008

Happy Birthday

ဒီနေ့က ထူးထူးခြားခြားရက်တစ်ခုလို့ပြောရမှပါ။ မီးငယ်ရဲ့ ဆရာတစ်ယောက်ရဲ့မွေးနေ့ဖြစ်သလို အစ်ကိုတစ်ယောက်ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်း AIT မှာရောက်နေကြတာပါ။ တစ်ခုပဲကွာပါတယ် ဆရာက(၂၈)နှစ်ပြည့်တာဖြစ်သလို အစ်ကိုက(၂၆)နှစ်ပြည့်တာပါ။
ပျော်ရွှင်စရာမွေးနေ့ကိုပိုင်ဆိုင်နိုင်ပါစေ ဆရာ...ဒီထက်ကောင်းတဲ့အလုပ်လည်းထပ်ရပါစေ...တပည့်တွေနှိပ်စက်သမျှလည်းဒီထက်ပိုပြီးအနွံတာခံနိုင်ပါစေ...မြန်မြန်လည်းစွံ့ပါစေဆရာရေ......ဆရာရေ..အသက်တစ်နှစ်ကြီးသွားတော့ ပိုပြီးလိမ္မာတော့နော်...တပည့်တွေဆိုးဖို့လည်းနည်းနည်းတော့ချန်ပါဦး..ဟီး...
Happy Birthday My Beloved Teacher..

နောက်တစ်ယောက်ကတော့ အစ်ကို ထူးခြား(Ko AMH) မွေးနေ့မှာပျော်ရွှင်ပါစေအစ်ကို...နေ့လည်ရောက်မှ Birthday Wish လုပ်မိလို့ Sorry ပါနော်...အစ်ကိုရေ..အစ်ကိုလည်းတစ်နှစ်ပိုကြီးသွားပြီနော်(အသက်):P မဆိုးနဲ့တော့နော်.. (108)နဲ့ SU cafeမှာခဏခဏမတွေ့ချင်ဘူးနော်... Food Fairလည်းလာအုံးမှာနော်..ညီမလေးကို မျှားပေါက်ပြီးအရုပ်ယူပေးဖို့မမေ့နဲ့ဦးနော်. Food Fairမှာယိုင်နဲ့နဲ့ နဲ့မတွေ့ချင်ဘူးနော်...လျှော့တော့နော်အစ်ကို...(ဘာလျှော့ခိုင်းတာလဲသိတယ်ဟုတ်)..မိသားစုနဲ့ဝေးနေပေမဲ့ ပျော်စရာမွေးနေ့ကိုပိုင်ဆိုင်နိုင်ပါစေအစ်ကိုရေ...


Thursday, September 25, 2008

ပင်ပန်းသောတစ်နေ့တာ....

AIT ရောက်ကတည်းက အပင်ပန်းဆုံးရက်ကိုပြပါဆိုရင်(၂၄.၈.၂၀၀၈) တနင်္ဂနွေနေ့ပါပဲ။ ဘာလို့လဲဆိုတော့ရှင်းပြမယ်နော်…အဲနေ့ကမနက်(၉)နာရီထိုးတော့အိပ်ရာကနေထ..ရေမိုးချိုးမနက်စာ စားပြီးတော့(၁၀)နာရီထိုးကို မမသန္တာတို့အိမ်ကိုအရောက်သွားတယ်။ ညနေကျရင်မမအိမ်မှာ မြန်မာFamily တစ်ခုလုံးကိုထမင်းကျွေးမှာလေ။ မမက ကိုရီးယားမှာPh.D သွားတတ်ရမှာဆိုတော့။ မြန်မာပြည်တုန်းကလည်း Senior ခုလည်း Seniorပြီးတော့အိမ်နဲ့ကလည်းသိတော့ သွားကူလုပ်ပေးတာပေါ့။ ကူလုပ်ပေးမဲ့ အငယ်တွေအားလုံးကိုချိန်ထားတာက(၁၀)နာရီ တစ်ယောက်မှရောက်မလာကြဘူး။ မီးငယ်တစ်ယောက်ပဲရောက်တယ်။ အစောဆုံးရောက်တဲ့သူဆိုပြီးအစ်မကဆုချသေးတယ်..Teddy Bearလေးပေးတယ်ဆုတဲ့..မီးငယ်တို့သိပ်စိတ်ဆိုးတာပေါ့..အဟဲ…အဲဒါနဲ့အစ်မက မနက်စာစားပြီးပြီလားတဲ့..ဟုတ်..ဆိုတော့ ပဲနံပြားထပ်ကျွေးတယ်..ဘန်ကောက်ထဲကနေ၀ယ်လာတာတဲ့..ဟုတ် အစ်မ ဆိုပြီးစားလိုက်တာပေါ့… Senior စကားလေနားမထောင်လို့ဘယ်ကောင်းမလဲနော့်…ဟိ အဲဒါနဲ့ဟိုအရွက်ကိုတောက်တောက်ဆင်း ဒီအသီးကိုခွဲလိုက်နဲ့ နေ့လည်(၁၂)နာရီထိုးသွားရော။ အဲဒါနဲ့နေ့လည်စာ အစ်မတို့အိမ်မှာပဲစားတာပေါ့။ စားပြီးတော့အစ်မကရေခဲမုန့်ကျွေးပြန်ရော။ ပြီးတော့ဒီအသီးတွေနွှာဆိုတော့မီးငယ်က အစ်မ ခရမ်းသီးနှပ်မှာလားလို့မေးတော့ ဘယ်ကလာခရမ်းသီးနှပ်ရမှာလဲအဲဒါဘူးသီတွေတဲ့။ သိမှမသိပဲကိုနော့်လေ…ဘူးသီးလေးတွေကခရမ်းသီးလေးတွေလိုပဲသေးသေးလေးတွေကိုး။ နောက်(၂)နာရီထိုးတော့အစ်မကိုခွင့်တောင်းပြီးခဏပြန်ခဲ့တယ်။ ညနေကျမှပြန်လာမယ်ပေါ့။ အစ်မကလည်း ညနေ(၅)နာရီလောက်ပြန်လာခဲ့တဲ့။ အဲဒါနဲ့အဆောင်ပြန်အိပ်တာပေါ့။ ညနေကြတော့အစ်မဆီသွားမလို့လုပ်နေတုန်းကို မမငယ်ဆီကနေဖုန်းဝင်လာပြန်ရော။ ညစာကျွေးမလို့တဲ့…အဟီး မမဘယ်အချိန်လာရမှာလဲဆိုတော့ (၇)နာရီလောက်တဲ့။ ဟုတ်မမ လာခဲ့မယ်ပေါ့။ မမသန္တာအတွက်မှာထားတဲ့ ပန်းခွေအဲလေ ပန်းခြင်းကိုလဲသွားယူပြီးတော့ အစ်မဆီသွားရော။အဲအိမ်လည်းရောက်ရောအားလုံးကစားနေကြပြီ။ မီးငယ်ကိုနောက်ကျလို့တဲ့ နာရီကြည့်တော့(၆)နာရီခွဲပဲရှိသေးတယ်။ ၀က်သားနှပ်၊ ၀က်သားဒုတ်ထိုးရယ်၊ ကြက်သားနဲ့ဗူးသီးရယ်၊ ၀က်ခေါက်ကင်ရယ်၊ အစိမ်းကြော်ရယ်၊ ချဉ်ပေါင်ဟင်းရယ်နဲ့ညစာစားကြရတာပါ။ အစ်မက မပြန်နဲ့အုံးပြီးရင် ပုဇွန်ကင်စားရအောင်နေအုံးလို့တားပေမဲ့…တော်ပြီအစ်မနောက်တစ်ပွဲရှိလို့ဆက်ကူးမယ် ပြီးမှတစ်ခေါက်ပြန်ခဲ့မယ်လို့ပြောပြီး နောက်တစ်ပွဲဆက်ကူးတာပေါ့။ နောက်တစ်ပွဲကလည်း ကြက်သားချက်၊မျှဉ်ချဉ်ချည်ရည်ရယ် Seafood salad နဲ့ပွဲတော်တည်ရတာပေါ့။ ပြီးတော့မှမမငယ်ချစ်သူရဲ့မွေးနေ့ဖြစ်နေတယ်။ ညစာထပ်စားပြီးတော့ ဘုရားခန်းသွားကြတယ်။ မမငယ်ချစ်သူက နီပေါဆိုတော့သူလည်းဗုဒ္ဒဘာသာပဲပေါ့။ ဘုရားပန်းလဲရင်းနဲ့နောက်ရက်ကျရင်သွားကမယ်လို့ချိန်းလိုက်ကြပြန်ရော။ ဘုရားခန်းကနေပြန်လာပြီးအခန်းထဲဝင်ရုံရှိသေးတယ် မမသန္တာကတစ်ခေါက်ဖုန်းဆက်ပြန်ရော လာခဲ့အုံးပုဇွန်ကင်တာလာစားအုံးဆိုတော့ အားနာပါးနာနဲ့ သွားစားရပြန်တာပေါ့….ဟိတကယ်ပြောတာပါ မီးငယ်ဆိုရင် အဲဒီနေ့က တော်တော်ကိုပင်ပန်းပါတယ်။ ဗိုက်တွေဆိုတင်းလို့၊ သွားတွေဆိုနာလို့။ ကဲကဲ အားကျအောင်လို့ လက်ဆောင်ရတဲ့အရုပ်ကိုကြွားရင်းဟင်းတွေကိုသရေကျရအောင် တင်ပေးလိုက်မယ်နော်….
ဒါကတော့ဆုရတဲ့အရုပ်... :P

ဒါတွေက မမသန္တာတို့အိမ်မှာကျွေးတဲ့ဟင်း...ချည်ရည်ဟင်းကတော့မေ့လို့မရိုက်လိုက်ရဘူး..ဟီး...



အောက်ဆုံးကပုံတွေကတော့ မမငယ်နဲ့စားခဲ့တဲ့ဟင်းတွေ...သရေမကျကြနဲ့နော်...


ဒါတွေကတော့ အချိုပွဲတွေပါ...စားကြည့်နော်...ဟိ (ငှက်ပျောသီး၊ ပန်းသစ်တော်နဲ့ သရက်သီး)


ဒါကတော့ လာစားတဲ့ အုပ်စုချည်းတစ်စုလုံးရိုက်ထားတာပါ...(ခက်တော့တာပဲ မမငယ်ကခေါ်လိုက်ရင်လည်းမိန်းကလေးတွေးချည်းပဲ သူ့ကောင်လေးကဖိတ်လိုက်ရင်လည်း နီပေါကောင်လေးတွေချည်းပဲ....ကြာရင်ကြိုက်ကုန်ကြလိမ့်မယ်တဲ့...မီးငယ်တို့ရဲ့ Senior Seniorအစ်ကိုကြီးကိုဆန်းလွင်ထွေးကပြောပါတယ်)


ကျန်သွားလို့ မမမြတ်သန္တာအတွက်ပန်းခြင်းကြီး..ဟီး..(အစားမက်နေတာနဲ့မေ့သွားလို့)

Wednesday, September 24, 2008

ပထမဆုံးများ...

မီးငယ်တို့တော့ ၀ဋ်လိုက်ပြီ သူများကို Tag တုန်းကမရေးမချင်း C-Box မှာအော်(အာဗြဲကြီးနဲ့) Gtalk ကနော်လည်းပြော..ဂျီကျဟိ..သူများကိုTag တုန်းကတော့ပျော်လိုက်တာ..ခုတော့ Dream ကလည်း Tag ၊ ကိုကြီးလင်းထက်က Tag လည်း နဲ့ မီးငယ်တို့အကြွေးတွေချည်းပဲ… ညီမလေး Dream ကိုလည်းရေးပေးမယ်နော်…အစ်ကိုလုပ်တဲ့သူက Tag တော့လည်း ညီမလုပ်တဲ့သူကရေးရမှာပေါ့…အဟင့်ဟင့်… မီးငယ်မှတ်မိသလောက် မီးငယ်ရဲ့ပထမဆုံးတွေက….

ပထမဆုံးတက်ရသည့် ကျောင်း - အ.ထ.က(၈)၊ မန္တလေး( မိန်းကလေးကျောင်းပါ။မီးငယ်တို့ နှစ်အထိယောက်ျားလေးတွေ(၄)တန်းထိ လက်ခံပါသေးတယ်)

ပထမဆုံး တက်ရသည့် အတန်း - သူငယ်တန်း (ခ)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်မေရီ( Teacher ကအင်္ဂလိပ်စာသင်ပါတယ်။ အင်္ဂလိပ်နဲ့မြန်မာကပြားပါ၊။ Teacher ကလည်း အမှတ်(၈)ကျောင်းထွက်ပါ။)

ပထမဆုံးကျောင်းအုပ်ဆရာ - ဆရာမကြီးဒေါ်ခင်အေး( ဆရာမကြီးကနောက်ပိုင်း အချိန်ပိုဖွင့်တဲ့ကိစ္စနဲ့မီးငယ်တို့လေးတန်းလောက်မှာ ဦးခင်ညွန့်နဲ့ပြသနာဖြစ်လို့ နှုတ်ထွက်စာတင်ပြီးထွက်သွားရပါတယ်)

ပထမဆုံး Supervisor – Dr. P.M.Dung ( ဆရာကဗီယက်နာမ်ပါ)

ပထမဆုံး Assignment - DBA တက်တုန်းကOrganization တစ်ခုကို ဘယ်လို Managementလုပ်မလဲဆိုတဲ့ မေးခွန်းပါရှင်။( ၁၀တန်းအောင်ပြီးခါစ ကလေးတစ်ယောက်အတွက်တော့ တော်တော်ကို ဒုက္ခပေးတဲ့ Assignment ပါရှင်။)

ပထမဆုံးရသောမုန့်ဖိုး - ငါးကျပ်(သူငယ်တန်း၊ ၁၉၉၀-၁၉၉၁ စာသင်နှစ်)။

ပထမဆုံးရဖူးသောလက်ဆောင် - ဆွဲသီး ( မေ့မေ့ ဆီမှ ၁နှစ်ပြည့်မွေးနေ့လက်ဆောင်)

ပထမဆုံးရဖူးသော လိုချင်သောပစ္စည်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံပါတဲ့ ရင်ထိုး။ (အဲဒီအကြောင်းလေးကို ပို့စ်တစ်ခုရေးပေးပါ့မယ်)

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- ခန့်ညားအောင် (မီးငယ်တို့က ခွေးပစ်တုတ်လို့ခေါ်ပါတယ်။ သူငယ်တန်းစတက်မှ သိတာပါ။ အတန်းထဲမှာ ရှေ့နောက်ထိုင်ပါတယ်။ ခုချိန်ထိလည်းအရမ်းကိုချစ်ရတဲ့ သူငယ်ချင်းပါ။)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဖြူမွန်သန့် (သူ့နာမည်က မီးငယ့်မေမေပေးတာပါ။ သူ့ဖေဖေနဲ့မေမေက တစ်ရုံးတည်းအလုပ်လုပ်တဲ့မိတ်ဆွေတွေပါ။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။ မီးငယ်ထက် (၆)လကြီးပြီး ညီအစ်မအရင်းလိုချစ်ရတဲ့ သူငယ်ချင်းပါ။ )

ပထမဆုံး ဖတ်ရသော ပုံပြင်စာအုပ် - ကျောင်းကန်အနီးမှမြန်မာ့ပုံပြင်များ(လူထုဦးလှ)

ပထမဆုံး ဖတ်ရသော စာအုပ် - ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (လူထုဒေါ်အမာ)

ပထမဆုံး ဖတ်ရသော စာစောင် - ရွှေသွေး

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ကန်ထဲမှာ ရေပြည့်နေသည်။ ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်။ ကြာပန်းများလည်းခူးကြမည်။

ပထမဆုံး ရဖူးသော ပညာရည်ချွန်ဆု - ဒုတိယဆု (တတိယနှစ်ကွန်ပျူတာတက္ကသိုလ်) မီးငယ်က ငယ်ငယ်ကစာတော်တဲ့ ကလေးစာရင်းထဲမှာမပါ ပါဘူး…

ပထမဆုံး ရဖူးသော ဆု - ပထမဆု(ကဗျာ) (၁၉၉၁ ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ မှာပါ။ ဒို့ဗိုလ်ချူပ်ဆိုတဲ့ကဗျာလေးနဲ့ပြိုင်တာပါ)

ပထမဆုံး စီးရသော ဘတ်စ်ကား - ရွှေမန်းမေ (ကွန်ပျူတာတက္ကသိုလ်(တအုံ)တက်တော့ ရွှေမန်းမေးစီးရတယ်လေ)

ပထမဆုံး ဆိုခဲ့သော သီချင်း - နိုင်ငံတော်သီချင်း (ကမ္ဘာမကျေ..ဗမာပြည်..ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးသလေ… သူငယ်တန်းစတတ်တော့ မနက်တိုင်း တန်းဆီရင်ဆိုရတယ်လေ…)

ပထမဆုံး ကဗျာ - ၀န်ခံခြင်း ( ပို့စ်တစ်ခုအနေနဲ့တင်ထားပါတယ်။ ၉ တန်းနှစ်တုန်းကရေးခဲ့တာပါ။)

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ချောက်မြို့ပါ။ (ဖေဖေတာဝန်ကျတဲ့ မြို့ပါ)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်းနိုင်ငံ

ပထမဆုံးလေယာဉ်စီးဖူးသောနေ့ - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။ (AirBagan နဲ့ မန်းလေးကနေရန်ကုန်ကို သွားတာပါ။)

ပထမဆုံး လူကြီးများမပါပဲ ခရီးဝေးသွားဖူးချိန် - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။

ပထမဆုံး သောက်ဖူးသော အရက် - ကောက်တေး (နာမည်က AK 47 တဲ့။ водка+ Green Lable+ ၀ိုင်+ရှန်ပိန် ရယ်ရောထားတာပါ။ ၃.၆.၂၀၀၈ နေ့တုန်းကသူငယ်ချင်းတွေကို မုန့်ကျွေးရင်း သူတို့အတင်းတိုက်လို့ တစ်ငုံသောက်ဖူးတာပါ။ မျိုမချနိုင်ပါဘူး။ ထွေးပစ်ရပါတယ်။)

ပထမဆုံးစားဖူးသော ၀က်သားဒုတ်ထိုး - ရန်ကုန်စကော့ဈေးထဲမှာပါ။ (၂ တန်းနှစ်တုန်းကပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - လေသေနတ် ( ကိုတေးတေး(ဘေးကပ်ရပ်အိမ်ကအစ်ကို)နဲ့ပေါင်းပြီး ငှက်လိုက်ပစ်တာပါ။ (၆)တန်းလောက်ကပါ။)

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - 3colurs (၇၃လမ်းပေါ်ကဆိုင်လေးပါ။ ပထမနှစ်တုန်းကလက်ဖက်ရည်ဆိုင်ဆိုတာကို စရောက်ဖူးတာပါ။ ၂၀၀၁ ဒီဇင်ဘာ ထဲကနေ့တစ်နေ့ပါ။ မနက်ကျောင်းကားတွေမထွက်ခင် သူငယ်ချင်းတွေနဲ့မနက်စာစားတဲ့ဆိုင်လေးပါ။ လွမ်းလာပြီနော်..အဟင့်ဟင့်…ရွှတ်..)


ပထမဆုံး ကြည့်ဖူးသောရုပ်ရှင် - တပြည်သူမရွှေထား (ရုပ်ရှင်စိန်ရတုသဘင်တုန်းက၀င်းလိုက်မှာ ရှပ်ရှင်ကားတွေအများကြီးပြတုန်းကပါ။ ရုပ်ရှင်ရုံရောက်တာမွေးကတည်းကနေ ခုချိန်ထိ ၆ ခါပဲရှိပါတယ်။ ထိုင်းမှာ ၂ ခါအပါအ၀င်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - Treasure Island( ၈တန်းတုန်းက ဖေဖေ ဖတ်ခိုင်းလို့ပါ။ အဲဒီစာအုပ်ဖတ်ပြီးရင်Skate ၀ယ်ပေးမယ်ဆိုလို့ မီးငယ်တို့အသေအကြေဖတ်ခဲ့တဲ့စာအုပ်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော မြန်မာဝတ္ထုစာအုပ် - ဂျီဟောသူ(မစန္ဒာ ရေးတာပါ။ ကွန်ပျူတာ ဒုတိယနှစ်ရောက်မှ ဖတ်ဖူးတာပါ။)

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - ပထမနှစ်ကပေါ့။( ကျောင်းကားဦးရင်းတတိယနှစ်နဲ့ ပြသနာဖြစ်တာပေါ့။ သိတယ်မဟုတ်လား ဦးရင်လည်းစေတနာမှရှိအောင် တစ်ကားလုံးဦးတာ)

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ကွန်ပျူတာပထမနှစ်တုန်းကပါ။ ဇီးခြံသွားပြီးဇီးသီးသွားဝယ်တာ။ မေသက်၊ ဝေမောင်၊ ဇာခြည်စိုးနဲ့ မီးငယ် လေးယောက် နောက်ဆုံး အချိန်(၂)ချိန်မတက်ပဲသွားတာ)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ဇီးခြံ

ပထဆုံးသွားဖူးသော အသုဘ - မောင်မောင့် ဖေဖေ အသုဘ။ ( တကယ်ကို မမေ့နိုင်တာပါ။ မီးငယ်ရဲ့မွေးနေ့ ၃.၆.၂၀၀၅ မှာ သွားခဲ့ရတာပါ။ ကျောင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့လာပြီး သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုလုပ်မယ်ဆိုပြီး အားခဲခဲ့ကြပါတယ်။ မမျှော်လင့်ပဲ သီတာမောင်မောင့် ဖေဖေရဲ့ အသုဘကိုသွားကြရတယ်။)

ပထမဆုံး မီးငယ်ကို ရည်းစားစကားပြောခဲ့သူ - ချစ်ကိုကိုအောင်( ၄တန်းကတည်းကသူငယ်ချင်း၊ ၈တန်းရောက်တော့ရည်းစားစကားပြောတယ်။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ကြောပြဖူး တတ်ချင်တတ်..ဟဲဟဲ…

ပထမဆုံးရည်းစား - ကြောပြဖူး…တတ်ချင်တတ်ပလိုက်.. အတေပဲခံမယ်…(ကြောကြရင် လူတတ်ပွဲတွေဖြစ်ကုန်မှာပေါ့..ဟိ)

ပထမဆုံး Online မှာခင်သောသူငယ်ချင်း - ပြည့်စုံအောင်သန်း။ (ငယ်သူငယ်ချင်းလိုခင်သွားတာကိုပြောတာနော်။)

ပထမဆုံး ရိုက်ခြင်း ခံရသောအမှု - Golf Set ကိုယူဆော့ပြီးပြန်မထားသောကြောင့်။

ပထမဆုံး ရိုက်သူ - ဖေဖေ( နေရာ- ချောက်အိမ်မှာ( အိမ်နံပါတ်-၁၃)၊ အချိန်- ၂ နှစ်သမီးတုန်းက ဖေဖေရုံးကပြန်လာသောအချိန်)။

ပထမဆုံး ညာခဲ့သောအမှု - Report Card ကိုလက်မှတ်ထိုးခိုင်းတာလေ။( မေမေ့ကို Report Card က မပြရဲဖူး အဆင့်က၅ ကိုလျှောသွားတာကိုး။ မေမေက ရပြီးလားလို့မေးတော့ ရသေးဝူးလို့ပြောလိုက်တာပေါ့..ဟိ။ နောက်ပြီးကျောင်းသွားခါနီးမှ ပြတော့ စော်တာပေါ့..ဒေါသထွက်ပြီးတော့။ဟိ (၈)တန်းတုန်းကလေ။)

ပထမဆုံး စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရသော အဖြစ်အပျက် - (၉)တန်းနှစ် ကျူရှင်ကနေထွက်ပြီး ကားလမ်းကူးတာလေ ကားကကိုယ့်ရှေ့မှာ တစ်ပေတောင်မလိုတော့ဘူး။ ဟိ။ ကားမောင်းတဲ့လူကလည်းမနည်းကိုဘရိတ်အုပ်ရတယ်။နို့မိုဆိုမီးငယ်တို့ မာလကီးယားတာကြာပေါ့။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - အနှိုင်းမဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ) - နွဲ့ယဉ်ဝင်း ရဲ့ More Than I Can Say

ပထမဆုံး စင်ပေါ်တွင် သီဆိုခဲ့ဖူးသော သီချင်း - ချစ်သုဝေ ရဲ့ တကယ်ဆိုရင်။

ပထမဆုံး တီးမှုတ်ဖူးသောတူရိယာ - ပလွေ။ ( ကျောင်းမှာ (၇)တန်းရောက်ရင် ဘင်ခရာက မပါမနေရလေ။ အဲဒီတော့မှုတ်ရပြီပေါ့ ပလွေက)

ပထမဆုံး ဘလော့ပို့စ် - Mom & Me(ဓါတ်ပုံလေးပဲတင်တာပါ။)

ပထမဆုံးသူများ Tag ခြင်း ကိုခံရသော ပို့စ် - ပထမဆုံးများ

ပထမဆုံးသူများကို Tag သောပို့စ် - ရေးပေးပါ။ (ကလေးတွေး တွေးပြီး ပထမဆုံးစရေးပြီး… အစ်ကိုအစ်မတွေကို ပထမဆုံးTag ခါဒုက္ခပေးသော ပို့စ်လည်းဖြစ်ပါတယ်။ စိတ်အနှောက်အယှက်များရှိခဲ့ရင်တောင်းပန်ပါတယ်။)


ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ကိုဖိုးချမ်း.. (အပြင်မှာကတည်းကခင်တာလေ..ဟီး)

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ကိုဖိုးချမ်းဘလော့လေ…
မှတ်မိသမျှ ပထမဆုံးတွေကတော့အဲဒါပါပဲရှင်.... ကိုကြီးလင်းထက်ရေကျေနပ်ပါလားဗျို့...
အစဉ်အလာမပျက်ထပ် လိုက်ပါတယ်ဗျို့..
မမ၀ါ(Done)
မမလဲ့(Done)
ကိုကြီးဆိုးသွမ်း
ကိုဖြိုးငယ်(Done)
မမခင်ဦးမေ(Done)
သံလုံငယ်
ဟင်းလင်းပြင်

Monday, September 15, 2008

အားလုံးသို့

လူနေကောင်းပေမဲ့စိတ်နေမကောင်းတော့..ဘယ်လိုမှကိုပျော်စရာတွေကစဉ်းစားလို့မရဖူးဖြစ်နေလို့ပါ...နောက်တစ်ခုက စာများနေလို့ပါ...ဘလော့ရေးခြင်းကိုအကန့်အသတ်မရှိရပ်ချင်ပါတယ်.. လာလည်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်...စိတ်ထဲရှိတာမှန်သမျှချေ၇းတာ၊ Alignment မညီညာတာတွေ၊ လိုအပ်ချက်တွေအားလုံးကိုသည်းခံပြီးဖတ်ပေးခဲ့တဲ့အစ်ကိုတွေအစ်မတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်..ဘလော့စလုပ်တဲ့အချိန်တုန်းကနှိပ်စက်ခဲ့တဲ့ ကိုဖိုးချမ်း၊ကိုဖြိုးငယ်၊ ကိုကြီးနေလွမ်းသူ၊ မြန်မာပြည်ပြန်သွားတဲ့ ဘကြီးဖြိုး တို့ကိုလည်းကျေးဇူးတင်ပါတယ်။ သရဲနီဝိုင်းတော်သားဖြစ်အောင်အမှတ်တယနဲ့ခေါ်ခဲ့တဲ့ ကိုလင်းထက်၊ ညီမအရင်းလိုချစ်ခဲ့ရတဲ့ မမလဲ့(အစိမ်းရောင်မိန်းကလေး)၊Tagသမျှကိုမငြီးမညူနဲ့ရေးပေးခဲ့တဲ့အစ်ကိုအစ်မများအားလုံး၊အငြိမ့်ကခိုင်းခဲ့တဲ့ကိုရင်ညိန်း၊ MBS ထဲရောက်လာအောင်ခေါ်ခဲ့တဲ့ ကိုလင်းထက်နဲ့ ကိုမင်းကျန်စစ်(အစ်ကိုလုပ်တဲ့လူတွေကခေါ်ပေမဲ့..ညီမဆိုးလေးကသူ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး MBS ကိုကျောခိုင်းခဲ့တယ်)ပြောမနာဆိုမနာ၊ နှိပ်စက်သမျှခံခဲ့တဲ့..သူငယ်ချင်းတွေဖြစ်တဲ့ သံလုံငယ်နဲ့ လမ်းပြကြယ်.. အားလုံးကိုအမှတ်တယရှိနေမှာပါ...


နောက်ဆုံးအနေနဲ့အရမ်းကြိုက်တဲ့သီချင်းလေးကိုလက်ဆောင်ထားခဲ့တယ်နော်...

Monday, September 8, 2008

Happy Birthday!


ကိုကြီး ဘိုဘို မွေးနေ့မှာပျော်ရွှင်ပါစေ....၀ါသနာပါတဲ့ဘာသာရပ်တွေကိုလေ့လာရင်း တိုင်းပြည်အကျိုးကိုဆောင်ရွက်နိုင်တဲ့သူဖြစ်ပါစေ.... ကောင်မလေးချောချောမြန်မြန်ရပါစေ...

Tuesday, September 2, 2008

စုထားတာအကုန်ထုတ်... :P

မီးငယ်ပစ္စည်းစုတာဝါသနာပါပါတယ်။ တံဆိပ်ခေါင်းရယ်ပီးတော့ Poohရုပ်နဲ့ဆိုင်တဲ့ပစ္စည်းလေးတွေရယ်ပါ။ ခုတော့မီးငယ်နဲ့အတူတူရှိနေတာက တံဆိပ်ခေါင်းစာအုပ်လေးဆိုတော့။ သူ့ကိုပဲအရင်ထုတ်ကြွား… အဲဟုတ်ပါဘူး...မီးငယ်စုထားတာလေးတွေကိုအမှတ်တယအနေနဲ့ထုတ်ပြတာပါ..ဟီး..:D

တံဆိပ်ခေါင်းစုတာကိုစပြီးဝါသနာပါတာကပထမနှစ်လောက်မှပါ..ငယ်သူငယ်ချင်းယမင်းကတံဆိပ်ခေါင်းစုတော့ ကောင်လေးတွေကသူ့ကိုတံဆိပ်ခေါင်းလက်ဆောင်ပေးချင်တဲ့အခါ မီးငယ်ကိုပါ(မျက်နှာလိုချင်တော့) ထည့်ပြီးပေးရင်းနဲ့ စပြီးစုဖြစ်တာပါ။ နောက်ပြီးသူငယ်ချင်းနေတိုးကလည်းသူ့ဦးလေးစုထားတဲ့တံဆိပ်ခေါင်းတွေယူလာပြီးပေးတော့တဖြည်းဖြည်းများလာတာပေါ့။ အဲဒီမှာတင်ပိုးကမသတ်နိုင်(လောဘ၀င်လာတော့) ပိုက်ပိုက်ကုန်တော့တာပေါ့ :( ။ မန်းလေးမှာက တံဆိပ်ခေါင်းစုတဲ့သူတော်တော်ရှားပါတယ်။ မီးငယ်ခုတင်ထားတဲ့ဓါတ်ပုံတွေထဲမှာတံဆိပ်ခေါင်းတွေကိုတံဆိပ်ခေါင်းစုတဲ့စာအုပ်(Stamp Album) နဲ့ စုထားတာမဟုတ်ပါဘူး။ Photo Album ထဲကိုထည့်ပြီးစုထားတာပါ။ မန်းလေးမှာကStamp Album ရောင်းတဲ့ဆိုင်ဆိုတာမရှိသလောက်ပါပဲ။ တစ်ချို့ဆိုင်တွေဆိုရင် မေးတဲ့သူကိုတောင်အရူးထင်နေကြတာပါ။ နောက်ပိုင်း ရန်ကုန်မှာသွားနေတော့မှာ စကော့ဈေးထဲမှာသွားပြီး တံဆိပ်ခေါင်းဝယ်ရတာ တစ်လတစ်လ မာမီပေးတဲ့လခကမလောက်တော့ပါဘူး..(မာမီနဲ့လည်းခဏခဏ စိတ်ကောက်ရပါတယ်) ဒါတောင်မီးငယ်ကကံကောင်းပါတယ်။ မီးငယ်ဝယ်တဲ့ဆိုင်ကဦးလေးက တံဆိပ်ခေါင်းစုတဲ့ဝါသနာရှင်ဆိုတော့မီးငယ်ကို အများကြီးအကူအညီပေးပါတယ်။ တစ်ချို့ဆိုင်တွေဆိုရင် တံဆိပ်ခေါင်းတစ်လုံး(မဆလခေတ်လောက်က)ကို မြန်မာငွေ (၄၀၀၀) နဲ့ (၅၀၀၀)ကြားမှာတောင်းပါတယ်။ မီးငယ်ကိုဆိုရင်ဦးလေးက အဲဒီထက်သက်သာတဲ့ဈေးနှုန်းနဲ့ပေးပါတယ်။ ဦးလေးကြောင့်လည်းတံဆိပ်ခေါင်းကို စနစ်တကျစုတတ်လာခဲ့ပါတယ်။ ဒါပေမဲ့အဲဒီဦးလေးဆိုင်သွားရင် တစ်နေကုန်လုံးအလုပ်မရှိတဲ့ရက်ကိုသွားမှပါ။ နို့မိုဆိုရင်သူဟောတဲ့တံဆိပ်ခေါင်းတရားကိုနာနေရတာနဲ့တစ်နေကုန်တာပါပဲ။ မီးငယ်ရဲ့ကားမောင်းတဲ့ဦးလေးဆိုရင်စိတ်ကိုညစ်ရောပဲစောင့်ရတာကြာလို့..ဟိ။

နောက်တစ်ယောက်ကတော့ မီးငယ်ရဲ့မမ မမလင်းလင်းပါ။ မမကလည်းတံဆိပ်ခေါင်းစုတာဝါသနာပါ ပါတယ်။ နိုင်ငံခြားတံဆိပ်ခေါင်းအများစုက မမဆီကနေရတာပါ။ မမအင်္ဂလန်ကနေပြန်လာတုန်းကဆိုရင်တံဆိပ်ခေါင်းတွေကို ကီလိုချိန်တွေနဲ့ပါလာတာပါ။ အင်္ဂလန်မှာကစာတိုက်တွေကတံဆိပ်ခေါင်းရောင်းတဲ့ရက်တွေရှိတယ်တဲ့။ သူတို့ကတံဆိပ်ခေါင်းတွေကို တူရာတူရာလေးတွေကို ခေါင်း(၂၀) (၃၀)လောက်စုပြီးအပ်ချည်ကြိုးလေးတွေနဲ့ချည်ထားပြီး လိုချင်တဲ့သူကကိုယ်ကြိုက်တဲ့အထုပ်လေးတွေကိုယူပြီး (၁)ကီလိုကဘယ်လောက်နှုန်းဆိုပြီးရောင်းတာပါတဲ့..(သူများနိုင်ငံများနော်..) မီးငယ်တို့နိုင်ငံများဒီနေ့တံဆိပ်ခေါင်းထွက်မယ်ဆိုရင် မနက်စောစောစာတိုက်မဖွင့်ခင်ကတည်းကသွားစောင့်နေရတာပါ။ ဒါတောင်ရောင်းတဲ့စာရေးမတွေရဲ့မျက်နှာကိုကြည့်နေရတာပါ။ သူတို့ကမီးငယ်တို့လို စုတဲ့လူတွေကိုမရောင်းချင်ပါဘူး။ တံဆိပ်ခေါင်းပြန်ရောင်းစားမဲ့သူတွေကိုပဲရောင်းချင်တာပါ။ အဲဒီလူတွေကလည်း တံဆိပ်ခေါင်းတွေကိုအချပ်လိုက်ဝယ်ကြတာပါ။ နောက်နေ့ဆိုရင်တံဆိပ်ခေါင်းက၀ယ်လို့မရတော့ဝူး။ ဟောကြည့်ပြောရင်းနဲ့ လွဲသွားပြန်ပြီလမ်းကြောင်းက။

တံဆိပ်ခေါင်းတစ်ခုက တစ်ခါထွက်ရင် တံဆိပ်ခေါင်းရယ်၊ First Day Cover လို့ခေါ်တဲ့ စာအိတ်လေးရယ်၊ တံဆိပ်တုံးရယ် ထွက်ပါတယ်။ တံဆိပ်တုံးကတော့ ပထမဆုံးထွက်တဲ့တစ်ရက်ပဲထုပေးတာပါ။ နောက်ရက်တွေကို အဲဒီတံဆိပ်တုံးမသုံးပါဘူး။ ပုံမှန်စာတိုက်ကသုံးနေကျတံဆိပ်တုံးတွေပဲသုံးတာပါ။ အဲဒါကြောင့်မို့လို့ တံဆိပ်ခေါင်းဝယ်မယ်ဆိုရင် ပထမဆုံးစထွက်တဲ့နေ့ကိုဝယ်နိုင်ရင်အကောင်းဆုံးပါပဲ။ ပြီးတော့ တံဆိပ်တုံးလည်းတစ်ခါတည်းထုလို့ရတယ်လေ။ မီးငယ်မာမီတို့ခေတ်တုန်းကတော့ Post Card လေးတွေပါထွက်တယ်လို့ပြောတယ်။ ခုတော့မပါတော့ဘူး။ မီးငယ်တံဆိပ်ခေါင်းအများဆုံး Support လုပ်ပေးတဲ့သူတွေက မမလင်း၊ ကိုငြိမ်းဝေဖြိုး၊ ကိုနေလွမ်းသူ နဲ့ ယမင်း တို့ပါ။ နောက်ပြီး ဘွားဘွားဆီလာတဲ့ စာတွေကိုလည်း ဘွားကို စာဖောက်ပေးပြီးတာနဲ့ မီးငယ်နဲ့မမလင်းလင်းက စာအိတ်ယူပြီး တံဆိပ်ခေါင်းခွာတော့တာပဲ။

တံဆိပ်ခေါင်းခွာတာလည်းနည်းရှိတယ်။ ဒီအတိုင်းစာအိတ်ကနေတံဆိပ်ခေါင်းကိုခွာရင်တံဆိပ်ခေါင်းနာပါတယ်။ ရေနွေးငွေ့ပေးပြီးခွာရတယ်။ ရေနွေးအိုးပေါ်မှာစာအိတ်ကိုရေနွေးငွေ့ခံပြီးထားရတာပါ။ ပြီးမှအခြောက်ခံရတာပါ။ ဒါပေမဲ့သူက အချိန်ကြာပါတယ်။ မာမီ့နည်းကတော့ ရေပူရေအေး ရောထားတဲ့ ပန်းကန်လေးထဲကို တံဆိပ်ခေါင်းပါတဲ့ စာအိတ်(ဒါမှမဟုတ်လည်း ဖြတ်ထားတဲ့ စာအိတ်အစ) ကိုထည့်လိုက်တယ်။ (၂) မိနစ်(၃)မိနစ်ဆိုရင် စာအိတ်တခြား၊ တံဆိပ်ခေါင်းတခြားဖြစ်သွားပြီ။ ပီးတော့မှတံဆိပ်ခေါင်းလေးတွေကို အခြောက်ခံရပါတယ်။ ပြီးရင်Dictionary စာအုပ်ကြီးတွေကြားထဲညှပ်ထားပြီးကော့နေအောင်လုပ်။ နောက်ဆုံးမှ တံဆိပ်ခေါင်းစုမဲ့ စာအုပ် (Album) ထဲကိုထည့်ရတာပါ။

တံဆိပ်ခေါင်းစပြီးစုတုန်းကဆိုမာမီနဲ့ခဏခဏ စိတ်ကောက်ရပါတယ်။ မာမီကပိုက်ပိုက်ဖြုန်းလို့ဆိုပြီးဆူပါတယ်။ ပီးတော့လည်း အမှိုက်ရှုပ်တယ်။ နောက်ဆုံးငါပဲသိမ်းရတာနင့်အမှိုက်တွေဆိုပီးတော့ပေါ့။ တိတယ်မဟုတ်လား။ :D ပြီးတော့ဖေဖေနဲ့ တိုင်တယ်လေ။ တိုင်တော့ဖေဖေက မင်းတုံးကလည်းစုတာပဲတဲ့။ ငါတောင်အီရန်ကနေပို့ပေးရသေးတယ်တဲ့။ ခုနေအရူးထတုန်းစုတာ စုပစေတဲ့။ နောက်အသက်ကြီးလာတော့ အဲဒါတွေကဘာမှမဟုတ်မှန်းသိသွားလိမ့်မယ်ထားလိုက်တဲ့။ :D အေးရော မာမီကိုဘာမှပြန်မပြောတော့ဝူး။ :P အဲတစ်ခုတော့ပြောတယ် အဲဒါကြောင့်မလို့ ရှင့်သမီးကဆိုးနေတာတဲ့။ ဟိ.. :P မီးငယ်ကိုဆူနေတာကနေမျှားဦးက ဖေဖေ့ဘက်လှည့်သွားရော။(ပိုင်တယ်နော်..အဲသလိုလုပ်စားနေတာကြာပေါ့) ဟိ...

မီးငယ်သိသလောက်တံဆိပ်ခေါင်းစုပုံအကြောင်းလေးနည်းနည်းပြောပြမယ်နော်။
၁။ တံဆိပ်ခေါင်းကို ၀ါသနာပါလို့စုတာနဲ့Professional စုတာဆိုပြီး (၂)မျိုးရှိပါတယ်။ Professionalသမားတွေကပြန်ရောင်းစားဖို့စုတာပါ။
၂။ တံဆိပ်ခေါင်းကိုစုရင်Seriesလိုက်စုရင်ပိုကောင်းပါတယ်။(ပြန်ရောင်းရင်ဈေးကောင်းရလို့)
၃။ တံဆိပ်ခေါင်းကိုမပွန်းအောင်သေချာထားရပါတယ်။
၎။တံဆိပ်ခေါင်းတင်တဲ့ လင်ပန်း၊ ညှပ်(Stamp tongs )၊ မှန်ဘီလူး(Magnifying glasses) ၊ Stamp album စတာတွေ သုံးနိုင်ရင်ကောင်းပါတယ်။ ( Professional စုတဲ့သူတွေသုံးတာပါ)
၅။ကိုယ့် ဘယ်လောက်အတိုင်းအတာထိစုချင်တာလဲ(ဘယ်ခေတ်လောက်က နေစပြီးစုချင်တာလဲ) ဆိုတာကိုဆုံးဖြတ်ရမှာပါ။ ဘာလို့လဲဆိုတော့ ပေးရတဲ့ပိုက်ပိုက်ကနည်းတာမှ မဟုတ်တာ။
၆။ တန်ဖိုးကြီးတဲ့တံဆိပ်ခေါင်းဝယ်တော့မယ်ဆိုရင်တော့သေသေချာချာစဉ်းစားသင့်ပါတယ်။ အတုတွေရှိနိုင်လို့ပါ။
၇။တံဆိပ်ခေါင်းက အဟောင်း(စာတိုက်ကနေ စာတိုက်တံဆိပ်တုံးရိုက်ထားတဲ့)ကတန်ဖိုးရှိတာပါ။ အသစ်ကတန်ဖိုးနည်းပါတယ်။ ဘာလို့လဲဆိုတော့ အဟောင်းကိုထိန်းသိမ်းနိုင်တဲ့လူကပိုပြီးအထိန်းအသိမ်းတော်လို့တဲ့။

ကိုင်းသိသလောက်ကတော့ဒါပဲ……အော်ပြောရဦးမယ်ကမ္ဘာတံဆိပ်ခေါင်းဈေးကွက်မှာ မြန်မာ့တံဆိပ်ခေါင်းတွေက ဈေးကောင်းရတယ်တဲ့..(ရှားလို့တဲ့)ဟိ.. ရှားမှာပေါ့ထုတ်မှမထုတ်တာ။ဟိဟိ

ဒါကတော့တံဆိပ်ခေါင်းစပြီး စုမဲ့သူတွေStep by Step လုပ်ရမဲ့ Stepလေးတွေကိုပြောထားတဲ့ဆိုဒ်လေးပါ။ စိတ်ဝင်စားရင်ဝင်ကြည့်ပေါ့နော့်။ ဘာသာပြန်တော့ဝူးနော်..ကိုယ့်ဘာသာဖတ်လိုက်ကြတော့နော်…
တံဆိပ်ခေါင်းဘယ်လိုစုမလဲ ?



Monday, September 1, 2008

ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့

မီးငယ်Forumတစ်ခုကနေမလာတာပါ။ အတွဲရှိသောအစ်ကိုအစ်မညီမလေးမောင်လေးများအဆင်ပြေပါစေ။ အော်တစ်ခုတော့ရှိတယ် ရေးတဲ့သူကယောကျာ်းလေးမလို့လားမတိဝူး။ ကောင်လေးတွေကိုကောင်မလေးကပေးရတဲ့ ပစ္စည်းကတန်ဖိုးနည်းနည်းများနေသလိုပဲ.. ဟိ.. အချွန်နဲ့မကြည့်တာ.. မမတို့သေသေချာချာစဉ်းစားကြနော်.. တိပ်ပြီးမတရားဝူးထင်တယ်... ဟိ။

1 ။ ( ကိုယ့်ကို အမြဲ သတိရနေပါ )
အလှစိုက်သစ်ပင် ---------- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဦးထုပ် ---------- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


2 ။ (မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )
စက္ကူ ကြိုးကြာရုပ် တစ်ထောင် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင် မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


3 ။ (ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ)
မီးခြစ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ပြာခွက် ---- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


4 ။ ( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင်)
ဒိုင်ယာရီစာအုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


5 ။ (ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက်)
ဓာတ်ပုံ မှန်ဘောင်လှလှလေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း ----- မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


6 ။ (လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ = ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )
လက်ကိုင်ပုဝါ ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စားပွဲတင်ပြက္ခတိန် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


7 ။ (ချစ်သူကို စိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )
အ၀ါရောင်ပန်းပွင့် ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သီချင်းဓာတ်ပြာ အယ်ဘမ် ----- မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


8 ။ (ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )
ကြည့်မှန်သေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သော့ချိတ်လေး ----- မိန်းကလေးမှ ယောကျာင်္လေးသို့ လက်ဆောင်ပေးရန်


9 ။ ( လက်ထပ်ချင်ပြီ )
လက်စွပ်တစ်ကွင်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်


10 ။ ( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )
နှုတ်ခမ်းနီ ဆိုးဆေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
အင်္ကျီ အ၀တ်အစား ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်


11 ။ (တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )
ဖဲ ကြိုးလှလှလေးချည်ထားတဲ့ ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်


12 ။ ( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲ ဖြစ်နေရင် )
အမွှေးပွပွ ၀က်ဝံရုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ရေမွှေး ပုလင်း ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်