Friday, April 11, 2008

အဟိ.. ကြွားအုံးမယ် :P :P

ဒီနေ့ ကနေစပီး ၃ ရက်တိတိ Online ကိုမလာပါဝူး... အဘယ်ကြောင့်ချိုသော်...
Koh Samui Island ကိုတွားပါမယ် AIT က Student Union နဲ့ ပါ လိုက်ကြအုံးမရား...
လိုက်ဂျင်တဲ့ ကလေးတွေ တန်းဆီ... ဟိဟိ...
လွမ်းမနေကြနဲ့နော်... :P :P

လျှာရှည်လိုက်အုံးမယ်

မီးငယ်ပြောပြစရာတစ်ခုရှိတယ်....
ကောင်မလေးက မီးငယ် တူနယ်ဂျင်းပါ.. တူ့မှာရည်းစားရှိတယ်.. တူ ကလည်း မီးငယ်တို့ရိုပဲအပြင်မှာကျောင်းတက်နေတာပေါ့...
ဒီလ ၅ ရက်နေ့က တူ့ကောင်လေးမွေးနေ့ပါ.. တူက ၅ ရက်နေ့မအားလို့ ၄ ရက်နေ့ ညတူ့ကောင်လေးကို Birthday Wishလုပ်ဖို့ ဖုန်းဆက်ပါတယ်...

ဆက်တဲ့အခါ ပထမဆုံးအခေါက်က တူ့ကောင်လေးက ကိုင်တယ်...ဖုန်းက ကျတွားလို့ပြန်ခေါ်တော့ ကောင်မလေး အသံဖြစ်နေတယ်...
အဲဒါနဲ့ ဟိုကောင်က ကို.... နဲ့စကားပြောချင်လို့ပါလို့ပြောတော့ ရှိဝူးတဲ့... ဟိုကောင်က ဟာခုနပဲဖုန်းပြောနေတာ ဘာလို့ခုမရှိရမှာလည်းဆိုတော့.. ဖုန်းကိုင်တဲ့ကောင်မလေးက ကျွန်မသူ့အမျိုးသမီးပါတဲ့.. ဟိုကောင်က မျက်လုံးကိုပြာတွားတာပဲ...
ဘယ်တုန်းက လက်ထပ်ထားတာလဲ ဆိုပီးမေးတော့ ၅လပိုင်းတဲ့.. ဟင် ထုမှ ၄ လပိုင်းပဲ ရှိတေးတာလို့ပြောတော့... ၅ လပိုင်းကို လက်ထပ်မှာတဲ့..( By the way, ဟိုကောင်ဖုန်းခေါ်တဲ့ အချိန်က မြန်မာမှာချိုရင် ည ၁၁:၃၀ လောက်ရှိပီ) ....

ဒါနဲ့ အော် အင်းပေါ့... ကို..... နဲ့စကားပြောဂျင်ရို့ပါ တူ့ တူနယ်ဂျင်းပါ ချိုတော့လည်း ငနဲက ဖုန်းကိုမကိုင်ဘူး မပြောဂျင်ဝူးတဲ့....
ယောကျာ်းဖြစ်ပီး တာဝန်မယူရဲတာပေါ့နော့် (မီးငယ်တို့ထက် အသက်ကြီးပါတယ်) တူတာ လူကြီးလူကောင်းဆိုရင် ရှင်းပြတင့်တာပေါ့နော့်...ဟုတ်ဝူးလား

မီးငယ်တို့ မြန်မာကို ၁၂ လပိုင်းတုန်းကပြန်တုံးကတောင် အဲဒီ လူနဲ့ ဟိုကောင် နဲ့ တွေ့ဖြစ်တေးတယ် ( မီးငယ်လည်းပါတယ်..ဟီး)
ဟိုကောင်ကတော့ ဘာကြောကောင်းမတုံး ငိုတာပေါ့... မီးငယ်လည်း နိုမနေ နဲ့ မျက်ရည်ကုန်တယ်လို့ကြောလိုက်တယ်...
ဟုတ်တယ်ရေ စဉ်းစားကြည့်ကြနော်.. ကြောလိုက်ရင်တော့ ကိုကို က ငယ်လေးအတွက် ကြိုးစားနေတာ...ငယ်လေး ကိုကို့ ကိုယူလို့ မဆင်းရဲစေ ရဘူးနဲ့ကြောလိုက်ရင် ချောလို့... ဟိုကောင် ကလည်းဥာဏ်မရှိဘူးယုံတယ်လေ.... ပြန်မကြိုက်နဲ့ လို့ကြောတာကြောလို့ကို မရခဲ့ဝူး...(စိတ်လေတယ်..) ခုတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပီ.... ပီးတော့ အဲဒီ လူနဲ့ ဟိုကောင်အိမ် ကလည်း သိတယ် (တူတို့ ကြိုက်နေတာတော့တိဝူးပေါ့.. တိရင် ဟိုကောင် မာမီကတတ်မှာ)...

အဲ လေကရှည်တွားပီ ကြောဂျင်တာကတော့ အပြင်မှာကျောင်းတက် အလုပ်လုပ်နေတဲ့ မမ၊ အစ်ကိုကြီး များ ကို့ ရည်းစားရဲ့အခြေနေကို မျက်ခြေ မပျက်စေနဲ့နော်... ပီးတော့ အဆက်အသွယ်လေး လဲ မပျက်စေနဲ့ပေါ့နော့်...
မဟုတ်ရင် မီးငယ် တူနယ်ဂျင်းလို ငိုနေရအုံးမယ်... အဟိ...

ဒီနေ့ မနက်တင် ရှရှားရောက်နေတဲ့ တူနယ်ဂျင်းကကြောတယ် နာ့ကောင်မလေး က ယောကျာ်းယူတွားပီတဲ့.. ထု နာစိတ်ညစ်လို့ အရက်သောက်နေတယ်တဲ့... မီးငယ်လည်းကြောလိုက်တယ် သောက်မနေနဲ့ အလကားပဲ.. နင်ကောင်မလေးက ယူပီးတွားပီ နင့်ဆီပြန်လာမှာ ဟုတ်တော့ဝူး.. ပြန်လာမှာ မရို့သောက်ရင်တော်တေးတယ်လို့.. ပိုက်ဆံကုန်၊ ကျန်းမာရေး ထိခိုက်ခံလို့တောက်မနေနဲ့လို့ပြောလိုက်တယ်.. နင်အသုံးမကျရို့တူများဆီပါတွားတာ.. ကိုယ့် ကိုယ်ပဲအပြစ်တင်လို့လည်းကြောလိုက်ရော..

တော်ပီ နာ Out တော့မယ်တဲ့... တော်တော်အားရှိတွားတယ်ထင်တယ် (အားပေးစကားပြောလိုက်တာ)...ဟီး..
မှန်တာကြောတာပဲဟာကိုနော့်လေ... လူတွေကမှန်တာကြောရင်တိပ်မကြိုက်ကြ၀ူး...လိမ်ကြောမှ မကောင်းလို့ထင်ကြတာလေ...


Wednesday, April 9, 2008

အစ်ကို၊ အစ်မ နှင့် သူငယ်ချင်းများကို ပန်ကြားခြင်း

မီးငယ် တစ်ခုလောက်တောင်းဆိုချင်လို့ပါ...
ဘွားဘွား မာ အတွက် Post တစ်ခုလောက်ဆီရေးပေးကြပါလို့...
ဘွားဘွားနဲ့ ဘယ်လို စသိခဲ့တယ်.. စာအုပ်တွေကနေ.. အပြင်မှာသိတယ်..အစသဖြင့်ပေါ့....
အားလုံးပဲ ပါဝင်ပေးကြမယ်လို့ထင်ပါတယ်....
ဲပြီးရင်Post တွေအားလုံးကို ဦးညို( စာရေးဆရာညီပုလေး) ဘွားဘွားသားဆီကိုပို့ရအောင်လေ....
ကိုယ့်ရဲ့ Blog မှာ Post တစ်ခုမနေနဲ့ မတင်ချင်ဘူးဆိုလည်း မီးငယ်ဆီကို Mail ကနေပို့ပေးလို့ရပါတယ်....
june3pooh@gmail.com ကိုပို့လို့ရပါတယ်
ကိုယ်ရဲ့ နာမည်(ဘလော့မှာသုံးသောနာမည်) ကိုတော့ပြောပြပေးပါနော်...
အားလုံးကိုကျေးဇူးတင်ပါတယ်...

Monday, April 7, 2008

အမှတ်တယ(၇-၄-၂၀၀၈)



စာပေလောက အတွက်သာမက မြန်မာပြည်သူများအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါ..ကျွန်မရဲ့ဘ၀ အတွက်ကတော့ အဘွားတစ်ယောက်ဆုံးရှုံးလိုက်ရတာပါ...လူတိုင်းအပေါ်မှာ အပြစ်မမြင်တတ်ပဲ စေတနာထားတဲ့ အဘွား...မြေးတွေ ပြန်အလာကို အမြဲမျှော်နေတတ်တဲ့ အဘွား... အဘွားက မြေးတွေကိုသူ့ အနားမှာရှိစေချင်ပေမဲ့ ဘယ်သူကမှ အဘွားနားမှာရှိမနေခဲ့ကြဘူးလေ.... ဘွားဘွားရဲ့နောက်ဆုံးချိန်မှာတောင် မမစု၊ကိုကြီးနဲ့ ကျွန်မက အဝေးမှာလေ...ဒီဇင်ဘာပြန်တုန်းက ဘွားဘွားအတွက် ဖေဖေက ဘုရားပင့်ခဲ့ တဲ့.. ကျွန်မ အသုံးမကျလို့ မြဘုရားကိုတွေ့အောင်မရှာနိုင်ဘူးလေ.. ခုရှာတွေ့ပြီး မေပြန်ရင်ပင့်ခဲ့မယ်ဆိုတော့ ဘွားဘွားကမရှိတော့ဘူး.. ငါ့မြေးပြန်လာတောမြင်တော့ လင်းလင်း ကိုလည်းသတိရတယ်တဲ့... ဘယ်နေ့ပြန်မှာလဲ.. မပြန်ခင်ဘွားဆီလာဦးတဲ့.. တော်တော်ဆိုးတဲ့ကျွန်မ ဘွားကိုပြန်ခါနီးမှသွားနှုတ်ဆက်တယ်.. အဲဒီနေ့ကလည်း မတွေ့ခဲ့ဘူး.. ဆေးရုံမှာတဲ့ နည်းနည်းမောနေလို့ မာမီက ဆေးရုံပို့လိုက်တယ်ညကမှတဲ့ ရွှေပြည်စိုးကပြောတယ်.. အဲဒါနဲ့ သွားမတွေ့တော့ဘူးလို့ အစ်မကိုမြင်ရင် မမလင်းလင်းကို အဘွားကသတိရနေရင်စိတ်မကောင်းဖြစ်နေဦးမယ်.. အဲဒါနဲ့ပဲ ဘန်ကောက်ကိုပြန်လာခဲ့တာ (၁၄.၁.၂၀၀၈)နေ့ကဒီနေ့ကြအဘွားမရှိတော့ဘူး( ၇.၄.၂၀၀၈) လေ..


Saturday, April 5, 2008

ပြောင်းလဲခြင်းများ

ဟိုတုန်းက
     မုသားမပြောတတ်တဲ့ ...... ငါ့နှုတ်ဖျားကစကားတွေ
အခုတော့....................

ဟိုတစ်ချိန်က
     ဟန်ဆောင်မှုကင်းခဲ့တဲ့........ ငါ့မျက်နှာ
အခုတော့....................

ဟိုအရင်က
     ရင်ထဲမှာ မျိုသိပ်ထားလေ့မရှိတဲ့....ငါ့ရဲ့ခံစားချက်တွေ
အခုတော့....................

ဟိုးအတိတ်က
     အပြုံးတုတွေ မဖန်တီးတတ်တဲ့....ငါ့နှုတ်ခမ်း
အခုတော့....................

ဟိုးအရင်တုန်းက
     ရက်စက်မှုတွေ ကင်းခဲ့တဲ့...... ငါ့နှလုံးသား
အခုတော့....................

ဟိုအရင်က
     အညှိုးအတေးတွေမရှိ ခဲ့တဲ့......ငါ့ရဲ့စိတ်
အခုတော့...............

ဒါတွေအားလုံးဟာ...
     ခုချိန်မှာတော့...........

မီးငယ်ရဲ့လက်ရာပါ...ဝေဖန်ပေးကြပါနော်!

ဝန်ခံခြင်း



နေမ၀င် အင်ပါယာလို့ကြွေးကြော်ခဲ့တဲ့
           ဗြိတိသျှအင်ပါယာလည်း နေ၀င်သွားပြီ..........

ဘယ်တော့မှ စစ်မရှုံး နိုင်ဘူးဆိုတဲ့
           နပိုလီယံလည်း စစ်ရှုံး သွားပြီ……….

ဘယ်တော့မှ မမှားနိုင်ဘူးဆိုတဲ့
          Dalton ရဲ့ Atomic Theoryတစ်ခုလည်းမှားသွားပြီ……….

ဘယ်တော့မှ မမြှပ်နိုင်ဘူးဆိုတဲ့
          Titanic ကြီးလည်းမြှပ်သွားခဲ့ပြီ.........

ဘယ်တော့မှ မခွဲစိတ်နိုင်ဘူးဆိုတဲ့
           Atom ကိုလည်းခွဲစိတ်နိုင်ခဲ့ပြီ……….

ဘယ်တော့မှ လူတွေမရောက်နိုင်ဘူးဆိုတဲ့
           လ ပေါ်ကိုလည်း လူတွေရောက်ခဲ့ကြပြီ……….

ဂြိုလ်ကြီး ကိုးလုံးရှိရာကနေလည်း
           ဂြိုလ်ကြီး ရှစ်လုံးဖြစ်ခဲ့ပြီ……….

ဘယ်တော့မှ မချစ်တတ်ဘူးဆိုတဲ့…
           ငါလည်းမင်းကိုချစ်မိသွားပြီ……..

     ဒါဟာ..ငါ့အတွက်တော့ဝန်ခံခြင်းပေါ့….

မီးငယ်ရဲ့လက်ရာပါ...ဝေဖန်ပေးကြပါနော်!



Thursday, April 3, 2008

၂၀၀၇ သင်္ကြန်

သင်္ကြန်တဲ့ ရောက်လာပြန်တော့မယ်နော်…..

မီးငယ် သင်္ကြန်ကိုကောင်းကောင်းမလည်ဖူးပါဘူး… ဒါပေမဲ့ မနှစ်ကသင်္ကြန်(အာကာ့)ကောင်းမှုနဲ့ သင်္ကြန်လည်ဖြစ်ပါတယ်…ရန်ကုန်မှာပေါ့ ….

IELTS စာမေးပွဲက သင်္ကြန်ပြီးရင်ဖြေရမှာ…မာမီတို့ က ရန်ကုန် နဲ့ မန်းလေးသွားရပြန်ရတာ ပင်ပန်းတယ်တဲ့ ပြန်မလာနဲ့တဲ့
သင်္ကြန်ဝေးတုန်းကတော့ မပြန်ဘူးပေါ့…

၁၁ ရက်နေ့လည်းရောက်ရော ပြန်ချင်လိုက်တာပြောမနေနဲ့…
ဒါနဲ့ ကားလက်မှတ်ကိုလှမ်းမေးတော့ မရှိတော့ဘူးညီမလေးတဲ့ သေရော…
မာမီကလည်း ၁၂ ရက်နေ့ကြမှ ပြန်ချင်ရင်ပြန်လာခဲ့တဲ့.. စဉ်းစားကြည့်ကြပါအုံး…
နောက်ဆုံး ထုံးစံ အတိုင်း ဂျီကျနေကြအတိုင်း ကိုလင်းဆီကိုဖုန်းဆက်ပြီပေါ့..
သမီးပြန်လာချင်တယ်.... ဘယ်လိုလုပ်ရမလဲပေါ့ …
OK ! ခဏစောင့်တဲ့ ပြီးရင်သူဖုန်းပြန်ခေါ်မယ်တဲ့.. ၁၅ မိနစ်လောက်နေတော့ဖုန်းပြန်ခေါ်တယ်
Air Mandalay နဲ့ဆိုပြန်မှာလားတဲ့..
အင်းဆိုတော့..နောက်ပြီးဖုန်းပြန်ခေါ်မယ်တဲ့…

နောက်ခဏနေတော့ ညနေ ၃ နာရီ Flight တဲ့ ….
ဘယ်လိုလုပ်ရမှာလဲ..ဒီမှာ ၂ နာရီ ရှိနေပြီ..ဘယ်လိုလုပ်မှီတော့မလဲ..Check In Counter တောင် ပိတ်တော့မယ့်ဟာကို…
အဲဒါနဲ့ ကားမောင်းတဲ့ ဦးလေးကို လှမ်းခေါ်တော့ မရှိတော့ဘူးပြန်သွားပြီတဲ့..
ဇာတ်လမ်းက ပြတ်ပြီ အဲဒီမှာတင်ကို..သေပြီလေ ပြန်လို့မရတော့ဘူး
ဒါနဲ့ ပဲ ရန်ကုန်မှာ သင်္ကြန်ကျရတာပေါ့…

အကြိုနေ့ ၊ အကျနေ့၊ အကြတ်နေ့ …. ၃ ရက် လုံးတိုက်ခန်းပေါ်ကနေမဆင်းဖြစ်ဘူးလေ… ၀ရန်တာကနေ အောက်ထပ်က ကလေးတွေဆော့နေတာကိုကြည့်နေရတာ တနေ့လုံးပဲ….တော်သေးတယ်မီးလာလို့ ကာတွန်းကားကြည့်လိုက်..အိမ်ဖုန်းခေါ်လိုက်နဲ့ ( အဲဒီ လကမာမီတော့ဖုန်းဖိုးတော်တော်ရှင်းလိုက်ရတယ် :P) မန်းလေးက သူငယ်ချင်းတွေလည်းကောင်းကောင်းမလည်ရဘူးလေ..သူတို့ကိုလည်းတချိန်လုံးခေါ်နေတာ..သူတို့ခမျာ ဖုန်းလည်းမပိတ်ရဲ ဘူးလေ..ပိတ်တာနဲ့ သိတဲ့ အတိုင်းပဲ ဂျီကျတော့မှာလေ..ကိုလင်း နဲ့ ကိုသားကြီးဆိုလည်ကိုမလည်ရဘူး..ဟီး.(သူတို့မာမီကတော့ အကြိုက်ပေါ့)…..

အကျနေ့ က အာကာ က လာခေါ်တယ် “ မ “ လည်မှာလိုက်မှာလားတဲ့...
တော်ပြီ လူကြီးမပါရင် မလိုက်တော့ဘူးဆိုတော့ပြန်သွားကြတယ်…
အာကာ က သမီးကိုပျင်းမှာဆိုးလို့ဆိုပြီး သူတို့ကားတန်းဆီ တဲ့ နေရာကနေဖုန်း တချိန်လုံးခေါ်ပေးနေတာ…(အဲဒါကြောင့်မလို့ ချစ်ရတာ အဲဒီမောင်လေးကို)…

အကြတ်နေ့လည်း အကျနေ့ကအတိုင်းပါပဲ…
အတက်နေ့ရောက်တော့… အာကာရောက်လာပြန်တယ်.. မ လိုက်ခဲ့တဲ့.. တော်ပြီမလိုက်ဘူးဆိုတော့.. ဘယ်အချိန်ကတည်းက အပေါ်ကိုပါလာမှန်းမသိတဲ့ သူ့ သူငယ်ချင်းတွေကပါ မမ လိုက်ခဲ့ပါ လူကြီးတွေပါတယ်..နောက်ဆုံးကားပေါ်ကို ပါလာတော့တာပဲ…. မေမေတို့ဆီကိုလည်းဖုန်းဆက်ပြီးပြောရသေးတယ်…
ကားပေါ်ရောက်တော့ ဘယ်မှာလည်းလူကြီးဆိုတော့.. ကိုဝေဖြိုးတဲ့လေ(၂၈ နှစ်နဲ့လူကြီးဖြစ်သွားတာ) တကယ်တော့ ကိုဝေဖြိုးက ၂၅ ပဲရှိသေးတာ.. အာကာတို့ကိုထိန်းမနိုင်မှာဆိုးလို့ သူ့အသက်ကိုညာပြောထားတာတဲ့ ကောင်းကြရော…
ပြီးတော့ သူတို့သူငယ်ချင်းတွေက ကားပေါ်လည်းရောက်ရော အတွဲကိုယ်ဆီနဲ့ဖြစ်ကုန်ကြရော.. ဒါနဲ့ မင်းတို့ပြောတုန်းက သူငယ်ချင်းတွေဆို လို့မေးလည်းမေးရော ဟုတ်တယ် အစ်မတဲ့ သူငယ်ချင်းအချင်းချင်းကြိုက်ကြတာတဲ့ကောင်းရော…အဲဒါနဲ့ ဒါဆို မင်းတို့အစ်မ ကိုဘာလို့ခေါ်ကြတာလဲဆိုတော့.. မမ ပါမှအာကာ့ ကိုထိန်းနိုင်မှာတဲ့ ..ကောင်းရော…
တစ်နေ့လုံးသူ့ကိုပဲလိုက်ထိန်းနေရတာ.. သူလည်တာအိမ်ကမသိဘူးလေ..သူကမဏ္ဍပ် မှနေမှာလို့ပြောခဲ့တာ..ရန်ဖြစ်မှာလဲကြောက်ရသေးတယ်….

နောက်ဆုံး ကားပေါ်မှာ အစ်ကြီးဆုံးဆိုတဲ့ကိုဝေဖြိုးလဲ သူတို့အုပ်စုကိုမနိုင်တော့ပါဘူး…
နောက်ဆုံး မီးငယ်လည်းလက်လျှော့လိုက်ပြီး ကားရှေ့ခန်းမှာပဲသွားနေလိုက်တော့ပါတယ်….
အင်လျားလမ်းကလည်း ရန်ကုန်သင်္ကြန်လည်ဖူးတဲ့သူတွေ သိတဲ့အတိုင်းပါပဲ… မျက်နှာကို ဘယ်လိုထားရမှန်းကို မသိပါဘူး.. မဏ္ဍပ်ပေါ်ကိုမော့်မကြည့်ရဲလောက်အောင်ပါပဲ…

ဘွားဘွားသာမြင်ရင် တခါတည်းကို အသက်ပါသွားနိုင်ပါတယ်… BLADE သွေးစုတ်ဖုတ်ကောင်ကားကိုကြည့်ဖူးကြမယ်လို့ ထင်ပါတယ်..မီးငယ် အမြင်မှာသူတို့ကိုလူလို့ကိုမမြင်တော့ပဲ သွေးစုတ်ဖုတ်ကောင်တွေလို့ပဲထင်မိတာပါပဲ
အဟီး…….အဲဒါသင်္ကြန်လည်ဖူးတဲ့ အတွေ့အကြုံပါပဲ..သေချင်စော်ကိုနံသွားတာပါပဲ…



အော် tag ရအုံးမယ် အဟိ
၁. တီတီ
၂. ကိုဖြိုးငယ်
၃. ကိုမိုးသောက်
၎. ကိုသော်ခ
ရေးပေးကြပါဗျို့ မရေးပေးရင် အရုပ်ဆိုးဆိုး သရဲကြီးက အိပ်မက်ထဲမှာ လိုက်ကိုက်ပါစေ..
ရေးတဲ့ အစ်ကိုတွေဆိုရင် ကောင်မလေးချောချောရပါစေ...မရေးတဲ့ အစ်ကိုတွေ ပွင့်လောက်ဝတဲ့ကောင်မလေးနဲ့ရပါစေ...