Tuesday, February 17, 2009

သူ………..


စိတ်ညစ်စရာတွေ ကြုံလာရင် သူ့ကို အမြဲသတိရမိတယ်……
ရင်းနှီးပြီးသား ဒီနံပါတ်လေးကိုပဲ…လက်ကအလိုလိုနှိပ်မိပြန်တယ်လေ…..
ဖုန်းပြောဖြစ်ပြန်တော့လည်း စိတ်ညစ်စရာတွေကို မပြောပြချင်ပြန်ဘူး…..
သူ့ဆီက စကားသံလေးကိုကြားလိုက်ရပြန်တော့လည်း အောက်ဆုံးအထိပြုတ်ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တက်လာပြန်ရော……
သူ့ဘ၀မှာရင်ဆိုင်ရတဲ့ ဒုက္ခတွေအားလုံးကို ကိုယ့်မျက်နှာတစ်ခုတည်းနဲ့တောင့်ခံခဲ့တယ်…ဒီတစ်ခါ ကိုယ့်အလှည့်ပေါ့…..
သူဖြစ်စေချင်တာတွေအားလုံးကို… ဖြစ်လာအောင်ကြိုးစားပေးပါ့မယ်…..
သူ့ရှေ့မှာ တစ်ခါတစ်လေ ကလေးတစ်ယောက်လို အော်ငိုလိုက်ချင်ပေမဲ့….
မျက်ရည်ကျနေ ပေမဲ့လည်း ပျော်နေတဲ့ အသံလေးကိုပဲ သူ့ကိုကြားစေချင်တယ်…..
ဘ၀မှာ ပိုင်ဆိုင်ရတဲ့ အကောင်းဆုံးတွေကိုပဲ သူ့ကိုပေးချင်တယ်……
သူများတွေက ပြောကြတယ်… ဒီအရွယ်လေးနဲ့ ခံနိုင်ရည်ရှိတယ်တဲ့…. အဲဒီစကားသံကြားတိုင်း သူ့ကို ပိုချစ်လာသလို၊ ကျေးဇူးလည်းတင် ပိုပြီးတော့လည်းလေးစားလာတယ်……
တပါတ်တခါ ဖုန်းသံလေးမြည်မလာရင် စိတ်ပူတတ်တဲ့သူ…..
ခံယူချက်တွေကို သူများတွေက သဘောကျ ကြတယ်… အမြဲတမ်း သွန်သင်တတ်တဲ့သူ့ကြောင့်ပေါ့….
သူမျက်ရည်ကျမှာကို အရမ်းကြောက်တယ်…ကိုယ်ကြောင့်လည်း မျက်ရည်(၂)ခါကျဖူးတယ်… (၁၀)တန်းအောင်စာရင်းထွက်တုန်းကတစ်ခါ….. ပထမနှစ် သူငယ်ချင်းတွေနဲ့ တောင်မြို့ကိုသူ့ကိုကြိုမပြောပဲနဲ့ သွားဖို့ သင်တန်းကနေပဲလှမ်းပြောခဲ့တဲ့အခါ……
သူ့မျက်ရည် မကျဖို့အတွက်ဆို အရာအားလုံးကိုလဲ နိုင်တယ်…..
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်….. အရင်ထက်လည်းပို ပိုပြီးချစ်လာပါတယ်….

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဝေးနေပေမဲ့…အနီးဆုံးမှာရှိနေတဲ့… သူ
အမှောင်ထဲကို ၀င်သွားမလိုဖြစ်နေတဲ့ကိုယ့်ကို…ဆွဲထုတ်ခဲ့တဲ့…သူ
ခံယူချက်ချင်း မတူညီပေမဲ့…နားလည်မှုပေးနိုင်တဲ့….သူ
ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်းမတူပေမဲ့…. ရည်မှန်းချက်တူတဲ့… သူ
ပြသနာ မျိုးစုံတတ်ပေမဲ့… လက်တွဲ မဖြုတ်နိုင်တဲ့… သူ
ဆိုးသမျှကို သည်းခံ နိုင်တဲ့… သူ
လိုအပ်တယ်ဆိုရင် အနားကိုချက်ချင်းရောက်လာတတ်တဲ့… သူ
ကျန်းမာရေးနဲ့ ပါတ်သတ်လာရင် အရမ်းစိတ်ပူတတ်တဲ့…သူ
ကိုယ်နဲ့ ပါတ်သတ်ပြီး… မျက်ရည်ကျတတ်တဲ့…သူ
နားမလည်တာ ရှိရင် အသေးစိတ်က အစရှင်းပြပေးတတ်တဲ့… သူ
ကလေးတစ်ယောက်လို ပုံပြင်တွေနဲ့ပါ…သွန်သင်ပေးတတ်တဲ့..သူ
သူ့ကို ပိုင်ဆိုင်ထားရတာလည်း ဘုရားပေးတဲ့ လက်ဆောင်တစ်ခုပါပဲ….
See You At The Top!

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဘာတွေပဲ လုပ်လုပ်.. ကိုယ့်နောက်မှာ အမြဲရပ်တည်ပေးတဲ့.. သူ
မှားမှား မှန်မှန် ကိုယ့်ဘက်ကနေ နေပေးတဲ့သူ…..
ဖြစ်လာသမျှ ပြသနာတွေကို မျှဝေခံစားပေးတဲ့… သူ
ရင်ဖွင့်သမျှကို မညည်းမညူနားထောင်ပေးတဲ့…သူ
ပြသနာတက်လာတိုင်းလည်း အပြေးအလွှား ပြေးလာတတ်တဲ့..သူ….
ဝမ်းနည်းစရာ ၀မ်းသာစရာ အားလုံးကို မျှဝေခံစားပေးတဲ့.. သူ
ကိုယ်နဲ့ပါတ်သတ်လာရင် အေးအေးဆေးဆေးနေတတ်တဲ့ပုံစံကနေ… စွာတတ်တဲ့.. သူ
ရည်မှန်းချက်ချင်း မတူပေမဲ့…. ဘေးနားမှာ လိုအပ်တိုင်း အမြဲရှိနေတတ်တဲ့…သူ
သူ့ရဲလိုအပ်ချိန်တိုင်းမှာလည်း အနားမှာရှိနေအောင်ကြိုးစားပေးခဲ့ဖူးတယ်…..
ဝေးနေပေမဲ့… ဘယ်အချိန်ပဲ ပြန်တွေ့တွေ့ နွေးထွေးတဲ့ဆက်ဆံရေး ရှိတဲ့… သူ
အောင်မြင်မှုတိုင်းကို သ၀န်တိုမှု ကင်းစွာနဲ့ ဂုဏ်ယူတတ်တဲ့...သူ
အနားမှာ နင်ရှိနေဖို့… ငါ့ဘ၀ တစ်လျှောက်လုံး လိုအပ်နေမှာပါ…..
သူ့ကိုယ်စားအရုပ်ကလေးကို ပေးလိုက်တယ်... သူအွန်လိုင်း အမြဲမလာနိုင်လို့တဲ့.....

6 comments:

ရိုးမြင့်အောင် said...

အဟဲ... ရောက်လာတယ် ညီမလေး... ခံစားချက်တွေ... ခံစားချက်တွေ... သူဆိုတာ ဘယ်သူလဲပြော... မန္တလေးကဆို သိချင်သိမှာ... လူကြုံပြောပေးမယ်လေ... :)

GreenGirl said...

ဒူလဲဟင်
ငါ့ညီမလေး ဘာတွေဖြစ်

Unknown said...

သြော်...။ သူ...သူ....။ ဘယ်သူလဲတော့ မသိဘူး..။ ဖတ်တဲ့ သူတောင် တော်တော် လေးစားသွားတယ်...။ :)

အညာသား said...

အောင်မလေး မလေး.. မွှန်းထားလိုက်တာများ... :P

သူရိန်မင်း said...

ဟေး... သူရေ... နာ့မီးလေး လွမ်းနေဘီ။

Moe Myint Tane said...

ဟိတ်ကောင်မလေး

မှန်မှန်ပြော။ ဘယ်သူလဲ?????


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်