Wednesday, January 28, 2009

ဗီယက်နာမ်ခေါက်ဆွဲ



မနက်စာ စားတယ်ဆိုတာ AIT မှာတော်တော်ခက်တဲ့ အလုပ်ပါ...ဘာလို့လဲဆိုတော့ မနက်အိပ်ရာထ ဖို့တော်တော်ခက်လို့ပါ... AITမှာသရဲမရှိပါပူး... ဘာလို့လဲဆိုတော့ညဘက်မှာ ကျောင်းသားတွေက မအိပ်လို့ပါ.. ဒီနေ့သွားစားတယ်... နေရမဲ့ရက်က သိပ်မှ မကျန်တော့တာလေ.... စီနီယာရှိတုန်းကတော့ အမြဲလိုလိုစားဖြစ်တယ်...နောက်ပိုင်း အိပ်ရာက နိုးမဲ့လူမရှိတော့ သွားမစားဖြစ်တာကြာပီ..... စားချင်ရင်လည်း မအိပ်ပဲထိုင်စောင့်... စားပီးမှ အိပ်ရာဝင်မှပဲရမယ်...ဘာလို့လဲဆိုတော့ ဆိုင်က (၇)နာရီဖွင့်တယ်...(၈း၃၀)လောက်ဆိုရင် ကုန်သွားပီ.... ဒီကလူတွေအိပ်တာက မနက်(၅)နာရီလောက်မှ (၇)နာရီပြန်ထဖို့ကလွယ်တဲ့ကိစ္စမှ မဟုတ်တာနော်... အဲဒီတော့ မအိပ်ပဲနဲ့စောင့် ခေါက်ဆွဲစားပီးမှ ပဲအိပ်တော့တယ်....ဟီး...

AIT မှာမနက်စောစော မီးငယ်တို့ကိုတွေ့ရင် အစောကြီးထပါလား လို့မပြောနဲ့ မှားသွားမယ်.... မအိပ်ရသေးတာ....အဟဲ... နောက်ပိုင်း အကြီးတွေလည်း ခံရပါများလို့ မီးငယ်တို့ကိုတွေ့ရင် ဟဲ့ မအိပ်ကျသေးပူးလား နင်တို့တော့ နေ့နဲ့ည မှားနေပီဆိုပီး အော်တော့တာပဲ... အော်လည်း သိပ်မထူးပါပူး... ဌာနက ထုံးစံလိုဖြစ်နေတာ CSIM ကမနက်သွားရင်သရဲခြောက်မှာကြောက်ရတယ်...အစတုန်းကမှ Printerကတစ်လုံးပဲရှိတာ..ရှိတဲ့တစ်လုံးကလည်း ညနေ(၅)နာရီဆို ပိတ်ပီ...အဲဒီတော့ Print သွားထုတ်ဖို့မနက် စောစော(၁၁)နာရီလောက် သွားကြသေးတယ်...ခုနောက်ပိုင်း Printer ကညလုံးပေါက်ထုတ်လို့ရတာ တစ်လုံးထပ်တိုးလာတော့ မနက်ဆိုဌာနထဲလူကိုမရှိတာ... ညဆိုရင်တော့ ပွဲတော်ကြီးတမျှကိုစည်ကားတယ်...တကယ်ပြောတာ...မီးငယ် Supervisor ဆိုရင် သူ့တပည့်တွေ(မီးငယ်တို့)ကိုခေါ်တွေ့တဲ့အချိန်က အစောဆုံး မနက်(၂)နာရီ...နောက်ကျရင်ည(၇)နာရီ...အဟဲ..ဆရာတပည့်လို့ကိုမပြောရပူး...

6 ခု ကြီးများတောင်ဝေဖန်တွားတယ်:

HAPPYCLOUD said...

အဲဒီခေါက်ဆွဲက အုန်းနို့ခေါက်ဆွဲနဲ့ တူသလားဗျ :)

ခင်မင်လျက်...
မိုးမောင်

လင်းထက် said...

တူရဲ နာ့ရိုပဲ နေ့နဲ့ည မှားနေတာကိုး

အလင်းရောင် said...

စားချင်လိုက်တာနော် ညီမလေး။ ပြန်ရောက်ရင် လုပ်ကျွေးပါဗျို့။

ဖြိုးငယ် said...

ဗိုက်ဆာပါတယ်ဆိုမှ .. ဒီကလေးမ ..
ခေါက်ဆွဲတော်တော်ကြိုက်လား ...
ငါတို့ဆီလာခဲ့ .. ခေါက်ဆွဲခြောက်ကြီးပဲ ပြုတ်တိုက်မယ် ..
:P

GreenGirl said...

မမလည်း ခေါက်ဆွဲကြိုက်တယ်း)

Moe Myint Tane said...

ခေါက်ဆွဲတော့ စားချင်တော့ဘူး။ ခေါက်ဆွဲကြီးဘဲ စားနေရတာ မုန်းလာပြီ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်