ဟုတ်ကဲ့..
ခရီးက..နည်းနည်းဝေး
Ferry ကနည်းနည်းကြပ်တာကလွှဲလို့....
နေက..နည်းနည်းပူ
ဖုန်က..နည်းနည်းထူတာကလွှဲလို့
လမ်းက..နည်းနည်းကြမ်း..
ဗွက်က..တဗျမ်းဗျမ်းထနေတာလွှဲလို့.
Canteen က..နည်းနည်းကျဉ်း
လူက..နည်းနည်းမရှင်းတာကလွှဲလို့..
ဈေးနှူန်းက..နည်းနည်းကြီး
အစားအသောက်က..နည်းနည်းညံ့တာကလွှဲလို့..
ထပ်ပြောလို့မသင့်တော်တော့တဲ့
ပြောစရာနည်းနည်းကျန်နေသေးတာကလွှဲလို့..
တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ရေနီမြောင်းကြီးရယ်..
အညာဒေသကိုပီပြင်စေတဲ့ မြေနီလမ်းလေးရယ်..
ကျေးလက်ဆန်ဆန်လယ်ကွင်းတွေရယ်..
စိမ်းညှို့မှိုင်းပြာနေတဲ့ တောင်တန်းတွေရယ်..
နောက်ပြီး..အပန်းဖြေစရာ
ရာဇ၀င်ထဲက "အိမ်ရှေ့မင်း" ထန်းတောရယ်..
အစ ရှိတာတွေနဲ့ ကနံရလှကနေပြီး
အင်မတန်မှ ပျော်စရာကောင်းတဲ့
ကျွန်ုပ်တို့ရဲ့ ကျောင်းတော်ကြီးပါ........။
ကိုညီညီရေးဖွဲ့ပါသည်။
Saturday, March 29, 2008
UCSM(ဒဟတ်တော)
ဘာတဲ့လဲ... :P
GCC အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment