ဘလော့လည်း ဖုန်တက်နေတာကြာပြီ…လူကစာရေးဖို့တော်တော်အပျင်းထူနေတယ်.. ကိုမင်းကျန်စစ်က Tag ထားတာကြာနေပီ.. ၃ လလောက်တောင်ရှိနေပီထင်တာပဲ.. ဒီနေ့စာရေးချင်စိတ်ရှိတာနဲ့ ပြန်ရေးလိုက်တာပါ….
တွေးမိနေတာက –
ကျန်းမာရေး – ခါးနာတယ်.. ဗိုက်အောင့်တယ်… ခေါင်းမူးတယ်… သွားနာနေတယ်။
ဖတ်ဖြစ်တဲ့စာအုပ်က – ဦးနေ၀င်း၏ ပြာတစ်ဆုပ်နှင့် …(ကြေးမုံဦးသောင်း)
ရောက်ဖြစ်နေတာက –
နားထောင်ဖြစ်တာက – Daniel Powter ရဲ့ Bad Day
ဖြစ်ချင်နေတာက – အလုပ်တစ်ခု မြန်မြန်ရဖို့
စားဖြစ်နေတာက – Fried Chicken Seaweed
သနားနေမိတာက – အိမ်နဲ့ခွဲနေရတဲ့ ကိုယ့်ကိုကိုယ်….
လွမ်းမိနေတာက – AIT ကကျောင်းသားဘ၀….
မေ့လျော့ပစ်နေတာက – စိတ်ညစ်စရာကောင်းတဲ့ အတိတ်ကအကြောင်းတွေ….
ခါးသက်နေမိတာက – တွေဝေ တတ်တဲ့ကိုယ့်ကိုကိုယ်….
တမ်းတနေမိတာက – ပျော်ခဲ့ရတဲ့ ကျောင်းသားဘ၀….
ကျိတ်ပြီးချီးကျူးနေမိတာက – ခွင့်လွတ်တတ်တဲ့လူမှန်သမျှ….
ကျိတ်ပြီးအထင်သေးနေတာက – သူများအပြစ်ကိုမြင်ပြီး….ကိုယ့်အပြစ်ကို မမြင်တတ်တဲ့သူတွေ…
ဆန္ဒရှိနေတဲ့ကိစ္စ – သူငယ်ချင်းတွေနဲ့ မြန်မာပြည်အနှံလျှောက်လည်ချင်တယ်….
မုန်းတီးနေမိတာက – တကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုကိုယ်…
ချစ်နေတာက – နားလည်မှုပေးတတ်တဲ့ မေမေ
စိတ်ပျက်နေမိတာက – ကိုယ့်ကိုကိုယ်
လိုအပ်နေတာက – ရင့်ကျက်မှု
ဝန်ခံချင်တာက – စာရေးဖို့အတွက်ပျင်းနေတယ်….
4 comments:
တစ်နေ့တော့အဆင်ပြေသွားမှာပါ။ အဆင်ပြေနေတဲ့သူတွေအားလလုံးက တစ်ချိန်က ဘယ်သူမှ အဆင်မပြေခဲ့ကြဘူး.be strong me nge
စိတ်ညစ်ပါနဲ့... အစ်မတို့လည်း ဒီလိုပဲ ဒီထက်စိတ်ညစ်စရာကောင်းတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ အစ်မထက်စာရင် ညီမလေးက ကံပိုကောင်းပါသေးတယ်။ အားမငယ်နဲ့နော် :)
ညီမလေးချစ်တဲ့...
စာမျက်နှာထက် ကလောင်မသွေးတာ
ကြာလေပြီကော ညီမငယ်..
ရုန်းကန်လှုပ်ရှား ပြုနေရသော
ဘ၀ကြီးဝယ် စိတ်အားမလျော့
မာန်ကိုမော့ပြီး..
အားတင်းထားပါ ညီမငယ်..
ဖြစ်ချင်ဆန္ဒ ပြည့်ဝစေရေး
မျှော်ကာတွေးပြီး
လျှောက်ရဦးမယ့် ဘ၀လမ်းကို
မာန်တင်းထားပါ ညီမငယ်..
ကြိုးစားသူတွက် ခရီးလမ်းက
အဆုံးထိတိုင် ဖြောင့်ဖြူးမှာပါ
ညီမငယ်..
Pooh ရုပ်ချစ်သော ညီမလေးအတွက် အမှတ်တရလေးပါ။ ကိုယ်တိုင်က ဘာမှ မဟုတ်လေတော့ အားပေးစကားပဲ ပြောတတ်တယ်..ညီမလေးရေ။
အောင်မြင်ပါစေ..ညီမလေး
ဟဲ့...အရူးမလေး...မရောက်တာကြာလို့ လာလည်သွားတယ်...နေကောင်းတယ် ဟုတ်...
Post a Comment