သူ့ နှုတ်ဖျားက ထွက်လာမဲ့စကားသံကို မျှော်လင့်ကြီးစွာနဲ့ စောင့်နေမိတယ်။ ရင်ခုန်သံတွေ ဆူညံနေလို့ ပါတ်ဝန်းကျင် တစ်ခုလုံးက အသံကိုတောင်မကြားနိုင် တော့ပူး။ အချိန်ကာလ တစ်ခုကတည်းက မျှော်လင့်ခဲ့တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရတော့မယ်။
ရင်ထဲမှာဘာမှ မရှိသလိုခံစားရတယ်။ အသက်ရှုလည်းကြပ်လာတယ်။ ရင်ထဲကအောင့်တက်လာတယ်။ ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားတယ်။
အာကာသထဲရောက်သွားသလိုပဲ။ သွားချင်တဲ့နေရာကို အတားအဆီးမရှိ သွားလို့ရနေတယ်။ သူ့နားမှာ ထပ်ချပ်မကွာလိုက် လို့ရတယ်။ သူမျက်နှာကို အမြဲကြည့်နေလို့ရတယ်။ အဆင်မပြေမှုတွေရှိနေပေမဲ့...ကျေနပ်မိတယ်။
လှပတဲ့ မြင်းရထားကြီး ရောက်လာတယ်။ အေးချမ်းလှပတဲ့ နေရာတစ်ခုကို သွားကြရအောင်တဲ့။ မလိုက်ရင် ဒီဘ၀ ထဲကမထွက်နိုင်တော့ဘူးတဲ့......
အားလုံးစတေးရဲတယ်.....သူ့ကို မခွဲသွားနိုင်ဘူး.........................
"ကျွန်မ သူ့ကို အရမ်းချစ်တယ်"
My First Encounter with Daw Aung San Suu Kyi
-
Meeting Daw Aung San Suu Kyi was something I never imagined would happen. I
am just an ordinary business and […]
9 months ago
8 comments:
ရောဂါကျွမ်းနေပြီ....
ခွိခွိ :P
လျော့လျော့.
သိတ်များရင် ကိုယ်ခံရဘို့ချည်းဘဲ။
အချစ်ကြီးလှချည်လားငါ့ညီမရယ် ..
အချစ်ကြီးလွန်းလို့ အွန်လိုင်းတောင် မလာနိုင်တော့ဘူးထင်တယ်.. အကိုတွေအမတွေကို
မေ့နေလောက်ရောပေါ့
အရမ်းချစ်တတ်တဲ့ မမလဲ့လို့ ခေါ်တတ်တဲ့ ညီမလေးက မမထက် ပိုချစ်တတ်သွားပြီ :)
သွားပြီ ကုစရာ ဆေးမရှိတော့ ဘူးနဲ့တူတယ်..။ ငယ်ငယ် ရွယ်ရွယ်နဲ့ သနားပါတယ်..။
ငါ့ညီမလေးလည်း သားစိုးဆိုထားတဲ့ သီချင်းလိုဖြစ်နေပြီး နော် အချစ်ကိုတွေ့ပြီး...အချစ်ကိုတွေ့ခဲ့တာ... ဆိုတဲ့သီချင်းလေးရှိတယ်။ အကို ဘလော့မှာ တင်ထားတယ် နားထောင်ကြည့်လေ... တစ်ခုခုတော့ တစ်ခုခုပါပဲလား ငါ့ညီမလေးရာ...ဟားဟား။
ညီမ
Too much love is kill you anytime
တဲ့။ အဆင်ပြေပါစေ ညီမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ခေါ်မထားနိုင်တဲ့ အရာတစ်ခုကို ဘာကြောင့် ခေါ်ထားချင်ရတာလဲ ပညာတတ်လွန်းတော့ စိတ်ပူစရာတွေများတယ် မေတ္တာများလွန်လွန်းတော့ စိတ်ဒုက္ခများတယ် လွမ်းမောနေလဲ အပိုပါပဲ ပန်းတွေပွင့်ဆဲ မြစ်ရေတွေလဲ စီဆင်းဆဲပါ... ခစ်ခစ်(ရူးရှာပြီ)
@ပညာရှိ သာယာပွလေး@
Post a Comment