Sunday, January 25, 2009

when he asked me one question!

ကျောင်းပီးရင် ပြန်မှာလားဆိုတဲ့ မေးခွန်းကို သူငယ်ချင်းတွေက မေးကြတယ်။ သူတို့တွေက သူတို့နိုင်ငံကိုပြန်ကြမှာလေ။ ငါမသိသေးပူး…မပြန်ဖြစ်ဖို့များတယ်လို့ ဖြေတော့။ မင်းတို့ မြန်မာတွေက ကိုယ့်တိုင်းပြည်ကို မချစ်ပူးတဲ့။ မချစ်ပဲနေမလား။ မပြန်ချင်ပဲနေမလား။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်း တွေကိုထားခဲ့ပီး သူများနိုင်ငံမှာအောက်ကျခံပီး အလုပ်လုပ်ချင်ပ့မလား။ ဘယ်သူမှ မလုပ်ချင်ပါပူး။ မင်းတိုင်းပြည်က တက္ကသိုလ်တွေမှာ ဆရာပြန်လုပ်ပေါ့တဲ့။ ငါတို့လည်း ဆရာပြန်လုပ်မှာတဲ့။ တစ်ခွန်းပဲပြန်မေးလိုက်တယ် နင်တစ်လကို ဒေါ်လာ(၅၀)လောက်နဲ့ လောက်အောင်သုံးနိုင်လား လို့မေးလိုက်တယ်။ ပြီးတော့ ဘာ Facilities မှမရှိတဲ့တောထဲကို နင်သွားနိုင်လား မိသားစုနဲ့ခွဲပီးတော့လို့။ ကိုယ့်နိုင်ငံပြန်ရင်ရော..ကိုယ်ရလာတဲ့ဘွဲ့ တတ်လာတဲ့ပညာနဲ့ တန်တဲ့လစာရလို့လား…

ဘာကိုမှ ပုတ်ခက်လိုစိတ်မရှိပါပူး။ ဒါပေမဲ့တစ်ခုနှိုင်းယှဉ်ပြချင်တယ်။ သူငယ်ချင်းတွေMaster ဘွဲ့ရပီး ကွန်ပျူတာCenterတွေမှာ အလုပ်ဝင်ကြတယ်။ စရရချင်း မြန်မာငွေ သုံးသောင်းလောက်ရတယ်။ (အဲဒီလစာကလည်းတော်တော်နဲ့ မတက်ပါပူး)၊ တစ်လမှာ ရက်(၃၀)ရှိတယ်။ စားကြည့်လိုက် တစ်နေ့တစ်ထောင်။ ကန်ထရိုက်တွေမှာ အုတ်သယ်၊ သဲသယ်၊ မဆလာနယ် တဲ့အလုပ်သမား လစာက အတွေ့အကြုံမရှိသေးတဲ့ အသစ်ဆိုရင် မြန်မာငွေ (၈၀၀)ကျပ်ရတယ်။ သူ့ထက် အတွေ့အကြုံနည်းနည်းပိုရှိတဲ့လူက (၁၀၀၀)ကျပ်ရတယ်။ အလုပ်သမားခေါင်းဆောင်ဆိုရင် တစ်နေ့ကို(၁၂၀၀)လောက်ရတယ်။ အဲဒီတော့ စဉ်းစားကြည့်လေ… Educated တစ်ယောက်နဲ့ ကာယလုပ်သား(Non-Educated)ရဲ့လစာက အတူတူပဲ မဟုတ်ဘူးလား။ အဲဒါဆိုရင် ကလေးတွေကို စာမသင်ခိုင်းတော့ပဲ အုတ်၊သဲ ပဲသယ်ခိုင်းရင်ကောင်းမယ်ထင်တယ်။ နိုင်ငံတစ်ကာမှာ Educated နဲ့ Non-Educated တစ်ယောက်ရဲ့လစာက မတူပါဘူး။ အားလုံးသိတယ်ထင်ပါတယ်။ ရိုးရိုးဘွဲ့နဲ့မဟာဘွဲ့တောင်ကွာပါတယ်။ ဒါဆိုရင် ဘာလို့မြန်မာတွေနိုင်ငံခြားမှာနေပီး အလုပ်လုပ်ကြတယ်ဆိုတာသူတို့ တွေ (သူငယ်ချင်းတွေ)သဘောပေါက်မှာပါ။ ဘယ်သူမဆို ကိုယ့်တိုင်းပြည်ကိုချစ်တာပါပဲ။ ကိုယ့်တိုင်းပြည်မှာနေချင်တာပါပဲ။ သေချာတယ် တစ်နေ့တော့ မြန်မာပြည်ကို ပြန်မှာပါ။

တစ်ခုထပ်ပြောချင်တယ်… ဆည်၊တံတား၊ လမ်းအသစ်တွေ ရှိနေတာနဲ့ တိုင်းပြည်တစ်ခုကို တိုးတက်လာပီ ပြောလို့မရပါဘူး။ ပြည်သူတွေရဲ့ GDP(Gross Domestic Product) or GDI(Gross Domestic Income)ကိုလည်းကြည့်သင့်ပါတယ်။ ရိုင်းရိုင်းပြောရရင် တိုင်းပြည်မှာ ကျွန်းသစ်၊ ဓါတ်ငွေ့၊ ကျောက်သံပတ္တမြားနဲ့၊ ရေထွက်ပစ္စည်းတွေရှိနေလို့ တိုင်းပြည်ရဲ့ GDP က အ၀စီိထိထိုးမကျသွားတာပါ။ အဲဒီသဘာဝ သယံဇတတွေကလည်း အမြဲထွက်နေမှာမဟုတ်ပါဘူး။ အချိန်တန်ရင်ကုန်သွားမှပါ။ ကုန်သွားရင်ဘာလုပ်မလဲ။ မြန်မာပြည်ရဲ့ GDP ကအဆင့် (၁၁၄/၁၉၀)ရှိပါတယ်။
http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal)

ဘာရယ်မဟုတ်ပါပူး။ စိတ်ထဲမှာရှုပ်နေလို့ချရေးလိုက်တာပါ။

3 comments:

လင်းထက် said...

အင်း ငါ့ညီမလေးလဲ အတော်စိတ်ရှုပ်နေပုံပဲ ဒါတွေက ကိုယ်တိုင်ခံစားဖူးမှ သိနိုင်ကြမှာပါ ညီမပြောတာတွေ တစ်ခုမှ အမှားမပါပါဘူး အကုန်မှန်ပါတယ် တိုင်းပြည်ချစ်တယ် နိုင်ငံတော် ကကြည့်ရှု့စောင့်ရှောက်တယ် ဆိုတာ အမျိုးတွေ ရှိမှပါ ကျောထောက်နောက်ခံ မရှိရင် ဘာဘွဲ့ရရ ဘာမှ လုပ်လို့မရပါဘူး ကျောထောက်နောက်ခံ ရှိရင် သူ့အလိုလို ထိုက်သင့်တဲ့ ဘွဲ့ ရသွားပြီး မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ နေချင်စရာ အကောင်းဆုံးလို့ ကြွေးကျော်သွားတဲ့လူတွေလဲ ရှိပါတယ် ညီမလေး ပညာနဲ့ထိုက်တန်တဲ့ နေရာတစ်ခု အမြန်ဆုံး ရှာတွေ့နိုင်ပါစေ..။

GreenGirl said...

အားလုံးမှန်နေတဲ့အတွက် ဘာမှထပ်မပြောလိုတော့ပါဖူး... တို့တတွေ တစ်နေ့တော့ အိမ်ပြန်နိုင်ကောင်းရဲ့...

ဖြိုးငယ် said...

ဘာတွေပေါက်ကွဲနေတာလဲ ဒေါ်မီးငယ် ...
အခြေအနေနဲ့အချိန်အခါဆိုတာ အရာတိုင်းမှာ
သက်ဆိုင်တယ် .. အရာတိုင်းကို ပုံသေတွက်လို့မှ မရတာ
....