Saturday, November 1, 2008

Happy Halloween Day!


Happy Halloween Day ပါနော်… Halloween Dayမတိုင်ခင်က ပိုက်ဆံအိတ်ပျောက်တယ်…. ဖြစ်ပုံကဒီလို… ညနေUMFမှာ ကော်ဖီသွားသောက်တယ်၊ သောက်နေတုန်းကို မိုးကမတရားရွာလာတော့ မိုးတိပ်အောင်စောင့်သေးတယ်။ နောက်ပုံစံကြည့်ရတာမတိပ်တော့ဘူးထင်တယ်ဆိုပြီး CSIM Department ထဲကိုပြန်သွားတာ။ Department ထဲရောက်မှ ပိုက်ဆံအိတ်ကဘယ်နားကျနေခဲ့မှန်းမသိဘူး။ အဲဒါနဲ့ မိုးရွာထဲမှာတစ်ခေါက်ပြန်ရှာ၊ မိုးကာပါပေမဲ့လူတစ်ကိုယ်လုံးလည်းမိုးရွှဲ၊ နောက်တွေ့လည်းမတွေ့ရော ပျောက်ဖူးတဲ့သူငယ်ချင်းတွေက ရှာမနေနဲ့။ ဘဏ်မှာ Account ကိုလှမ်းပီး Blockလုပ်။ ပြီးရင် AIT webmail ထဲကို email လွှတ်တဲ့။ မြန်မြန်လုပ်တဲ့။ ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့။ ပြီးတော့မှာ ဘာတွေပါသွားသေးလဲတဲ့။ မီးငယ်လည်း ကျောင်းသားကဒ်၊ ဘဏ်ကဒ်၊ GRUမှာ Passport အပ်ထားတဲ့ကဒ်၊ အဲပီးတော့ (၈၀၀) လောက်ပေါ့လို့ပြောလိုက်တယ်။ သေချာလားဆိုတော့မှ သတိရတယ် အစိမ်း(၁၀၀)ကျော်လည်းပါတယ်လို့လည်း ပြောလိုက်ရော ၀ိုင်းပြီးဆူကြတော့တာပဲ။ ဟီး… နောက်မှ စဉ်းစားရင်းနဲ့ ငါသေပီ…မြန်မာပြည်က မှတ်ပုံတင်ရော ပါသွားတယ်လို့ပြောလိုက်တယ်။ သီရီင်္လကာက သူငယ်ချင်းကဆိုရင် ဆူလို့ကိုမပီးဘူး။ ပေါ့တီးပေါ့ဆနဲ့..ကလေးလည်းလည်းမဟုတ်ဘူး။ နင်အခုတက်နေတာ Master ။ Bachelorမဟုတ်ဘူး။ စုံနေတာပဲ လူများသူ့ကျောင်းသားများမှတ်နေလားမတိဘူး။ ဟီး...(သူ့နိုင်ငံမှာ သူက Lecturer လေ)

အဲဒါနဲ့ ရင်တထိပ်ထိပ်နဲ့ ဘယ်သူများ ကိုယ့်emailကို ပြန်မလဲဆိုပီးမျှော်နေရာကနေ ည(၉)နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်။ ဟိုဘက်ကမေးတယ်…မီးငယ်လားပေါ့။ ဟုတ်ပါတယ်ဆိုတော့ သူကိုယ်သူမိတ်ဆက်တယ်။ အဲဒါနဲ့ မီးငယ်လည်း ၀မ်းသာအားရနဲ့ ငါ့ပိုက်ဆံအိတ်နင်တွေ့လို့လားဆိုတော့ မဟုတ်ဘူး မီးငယ်ပိုက်ဆံအိတ်ပျောက်တာကို သတင်းမေးတာတဲ့။ သူက အိန္ဒိယကပါ၊ သူ့Field of Study က M.B.A (SOM) ကပါ အိုစုံနေတာပဲ။ မီးငယ်ကိုလည်း မေးလိုက်တာဘာတွေမှန်းကို မသိဘူး။ မီးငယ်လည်း ငါ အရေးကြီးဖုန်းကိုစောင့်နေတယ်ပြောပီး ဖုန်းချလိုက်တယ်။ ဒါတောင်လာသေးတယ် ပိုက်ဆံအိတ်ပြန်တွေ့ရင် သူ့ကိုဖုန်းပြန်ဆက်ပေးပါတဲ့။ သူစိတ်ပူလို့ပါတဲ့။ သူနဲ့မီးငယ်လည်း သိတာမဟုတ်ဘူး။ ဘလိုင်းချည်း စိတ်ညစ်နေပါတယ်ဆို အာရုံနောက်အောင်လာလုပ်နေသေးတယ်။ ဟီး..(ကုလားတော့ဘာကြည်သလဲမမေးနဲ့..ဗီယက်နာမ်တွေလည်းကြည်ပ့) :D

နောက်နာရီဝက်လောက်နေတော့ email ၀င်လာတယ် မီးငယ် ပိုက်ဆံအိတ်ကိုကောက်ရထားတယ်တဲ့။ သူ့ဆီမှာလာယူပါဆိုတော့ မီးငယ်ကဖုန်းဆက်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ဗီယက်နာမ်ကဖြစ်နေတယ်။ Ph.D တက်နေတာတဲ့။ အဲဒါနဲ့ မီးငယ်လည်း ငါခုလာယူလို့ရမလားဆိုတော့။ လာခဲ့ပါဆိုတာနဲ့ချက်ချင်းသွားယူလိုက်တယ်။ ပစ္စည်းအားလုံးပြန်ရတယ်။ မီးငယ်လည်းသူ့ကို မြန်မာပြည်မြေပုံနဲ့ တိုင်းရင်းသားတွေပုံပါတဲ့ အ၀တ်ပန်းချီကားလေးလက်ဆောင်ပြန်ပေးလိုက်တယ်။ အဲဒါနဲ့ ပိုက်ဆံအိတ်က ပြန်ရတာပေါ့။ ဒါပေမဲ့ မြန်မာ Family ထဲမှာတော့ အဆူခံလိုက်ရသေးတာပေါ့။ :D

Halloween Night ရောက်တော့ ည SU café မှာ Party ရှိတယ်။ လာခဲ့ပါလို့ခေါ်လို့သွားလိုက်ပါတယ်။ ပြီးလို့ပြန်မဲ့အခါကြည့်တော့ စက်ဘီးမှရှိတော့ဘူး။ :( ပျောက်သွားပီ။ ဟိ..ဒါနဲ့ ဒီနေ့ စက်ဘီးအသစ်သွားဝယ်လိုက်ရတယ်။ နေ့လည်က ဖေဖေကိုပြောတော့ ဖေဖေက လူပါပျောက်သွားဦးမယ် သတိထားနေဦးတဲ့။ ဆူတော့မဆူဘူး။ ဟီး…ဖြစ်ပုံကတော့ မနှစ်ကနဲ့ကိုမတူဘူး စိတ်ညစ်တယ်… ဒါပေမဲ့ ဒီနေ့ Presentation ကအားလုံးအဆင်ပြေတယ်။ သူများ ၆ ယောက်တစ်ဖွဲ့လုပ်တဲ့ အဖွဲ့တွေကအဆင်မပြေဘူး။ မီးငယ်ကတစ်ယောက်တည်းလုပ်ပီး အဆင်ပြေနေတာ။ တစ်ချို့သူငယ်ချင်းတွေများ မနက်(၅)နာရီမှ အိပ်ရတယ်တဲ့။ မီးငယ်များ ညက Party လည်းသွားသေးတယ်။ အိပ်လည်းအိပ်ရသေးတယ်။ Presentation ကလည်းအဆင်ပြေတယ်တဲ့။ နင်အရမ်းကံကောင်းတယ်။ နင်အတွက် အချိန်ကတန်တယ်တဲ့။ ငါတို့အတွက်မတန်ဘူးတဲ့။ ဟီး..ဘယ်တတ်နိုင်မလဲနော့… ပြောလည်းပြောချင်စရာလေ။ party ထဲရောက်နေတဲ့အထိကို Presentation အတွက် စာကတစ်လုံးမှကောင်းကောင်းမလုပ်ရသေးဘူး။ အကြမ်းပဲရှိသေးတယ်။ အခန်းပြန်ရောက်တော့ မနက်( ၃)နာရီရှိနေပီ…အဲဒါနဲ့ စာနည်းနည်းလုပ်ပီး (၄)နာရီထိုးတော့ အိပ် (၆)နာရီပြန်ထပီး စာလုပ်။ (၁၀)နာရီိထိုးတော့ Presentation သွားလုပ် ဟုတ်နေတာပဲ။ :D မမခင်သက်နွယ်တို့က ဒီနေ့ ငါးထမင်းနယ်လုပ်ကျွေးတယ်... :P

တစ်နှစ်ကျော် လက်တွဲခဲ့ရတဲ့ စက်ဘီးပြာလေးအတွက်အမှတ်တရပါ….

4 comments:

GreenGirl said...

ညီမလေးရယ် ဖြစ်ရမယ်။ ငါ့ညီမကတော့ အရာရာနဲ့ အကြောင်းကြောင်းပဲ။ ဒါပေမယ့် အဲဒါလေးကကလည်း ချစ်စရာကောင်းနေသလားမသိ :P

ကိုဥာဏ်(စက်မှု) said...

ဒီလောက် ဂလေရိုက်နေမှတော့ နည်းတောင် နည်းသေး ၊ အဲလိုပဲ ပြောလိုက်ချင်တော့တာပဲ .... ဟီးးးးးးးးးးးး

alfred2rdj said...

ပျော်စရာကြီးနော် လူပျောက်သွားရင်ကူရှာပေးပါ့မယ်

Unknown said...

ဝါးးးးး မီး ငယ် ကံ ကောင်း တာ ပေါ့။ နောက် လည်း ဒီ လို ဘဲ ကံ ကောင်း ပါ စေ။ စက် ဘီး က တော့ အ လှဲ ပေး လိုက် ရ တယ့် သ ဘော ဖြစ် နေ တယ်။ ဒါ ပေ့ မယ် ပိုက် ဆန် အိတ် ထက် စာ ရင် တော် ပါ သေး တယ် လေ။ နောက် လည်း ရှက် ပြာ ရှက် ပြာ မ ဖြစ် နဲ့ ပေါ့။ မီး ငယ် က တော် ပါ ပေ တယ်။ ၃ နာ ရီ လောက် ပဲ စာ ကြည့် ပြီး ပရီဆန်သေးရှင်း သွား တာ လေး စား ပါ တယ်။ စာများများ ကို အ ချိန် နည်းနည်း နဲ့ များ များ ကဲ နိုင် ပါ စေ သော်။