Wednesday, September 24, 2008

ပထမဆုံးများ...

မီးငယ်တို့တော့ ၀ဋ်လိုက်ပြီ သူများကို Tag တုန်းကမရေးမချင်း C-Box မှာအော်(အာဗြဲကြီးနဲ့) Gtalk ကနော်လည်းပြော..ဂျီကျဟိ..သူများကိုTag တုန်းကတော့ပျော်လိုက်တာ..ခုတော့ Dream ကလည်း Tag ၊ ကိုကြီးလင်းထက်က Tag လည်း နဲ့ မီးငယ်တို့အကြွေးတွေချည်းပဲ… ညီမလေး Dream ကိုလည်းရေးပေးမယ်နော်…အစ်ကိုလုပ်တဲ့သူက Tag တော့လည်း ညီမလုပ်တဲ့သူကရေးရမှာပေါ့…အဟင့်ဟင့်… မီးငယ်မှတ်မိသလောက် မီးငယ်ရဲ့ပထမဆုံးတွေက….

ပထမဆုံးတက်ရသည့် ကျောင်း - အ.ထ.က(၈)၊ မန္တလေး( မိန်းကလေးကျောင်းပါ။မီးငယ်တို့ နှစ်အထိယောက်ျားလေးတွေ(၄)တန်းထိ လက်ခံပါသေးတယ်)

ပထမဆုံး တက်ရသည့် အတန်း - သူငယ်တန်း (ခ)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်မေရီ( Teacher ကအင်္ဂလိပ်စာသင်ပါတယ်။ အင်္ဂလိပ်နဲ့မြန်မာကပြားပါ၊။ Teacher ကလည်း အမှတ်(၈)ကျောင်းထွက်ပါ။)

ပထမဆုံးကျောင်းအုပ်ဆရာ - ဆရာမကြီးဒေါ်ခင်အေး( ဆရာမကြီးကနောက်ပိုင်း အချိန်ပိုဖွင့်တဲ့ကိစ္စနဲ့မီးငယ်တို့လေးတန်းလောက်မှာ ဦးခင်ညွန့်နဲ့ပြသနာဖြစ်လို့ နှုတ်ထွက်စာတင်ပြီးထွက်သွားရပါတယ်)

ပထမဆုံး Supervisor – Dr. P.M.Dung ( ဆရာကဗီယက်နာမ်ပါ)

ပထမဆုံး Assignment - DBA တက်တုန်းကOrganization တစ်ခုကို ဘယ်လို Managementလုပ်မလဲဆိုတဲ့ မေးခွန်းပါရှင်။( ၁၀တန်းအောင်ပြီးခါစ ကလေးတစ်ယောက်အတွက်တော့ တော်တော်ကို ဒုက္ခပေးတဲ့ Assignment ပါရှင်။)

ပထမဆုံးရသောမုန့်ဖိုး - ငါးကျပ်(သူငယ်တန်း၊ ၁၉၉၀-၁၉၉၁ စာသင်နှစ်)။

ပထမဆုံးရဖူးသောလက်ဆောင် - ဆွဲသီး ( မေ့မေ့ ဆီမှ ၁နှစ်ပြည့်မွေးနေ့လက်ဆောင်)

ပထမဆုံးရဖူးသော လိုချင်သောပစ္စည်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံပါတဲ့ ရင်ထိုး။ (အဲဒီအကြောင်းလေးကို ပို့စ်တစ်ခုရေးပေးပါ့မယ်)

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- ခန့်ညားအောင် (မီးငယ်တို့က ခွေးပစ်တုတ်လို့ခေါ်ပါတယ်။ သူငယ်တန်းစတက်မှ သိတာပါ။ အတန်းထဲမှာ ရှေ့နောက်ထိုင်ပါတယ်။ ခုချိန်ထိလည်းအရမ်းကိုချစ်ရတဲ့ သူငယ်ချင်းပါ။)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဖြူမွန်သန့် (သူ့နာမည်က မီးငယ့်မေမေပေးတာပါ။ သူ့ဖေဖေနဲ့မေမေက တစ်ရုံးတည်းအလုပ်လုပ်တဲ့မိတ်ဆွေတွေပါ။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။ မီးငယ်ထက် (၆)လကြီးပြီး ညီအစ်မအရင်းလိုချစ်ရတဲ့ သူငယ်ချင်းပါ။ )

ပထမဆုံး ဖတ်ရသော ပုံပြင်စာအုပ် - ကျောင်းကန်အနီးမှမြန်မာ့ပုံပြင်များ(လူထုဦးလှ)

ပထမဆုံး ဖတ်ရသော စာအုပ် - ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (လူထုဒေါ်အမာ)

ပထမဆုံး ဖတ်ရသော စာစောင် - ရွှေသွေး

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ကန်ထဲမှာ ရေပြည့်နေသည်။ ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်။ ကြာပန်းများလည်းခူးကြမည်။

ပထမဆုံး ရဖူးသော ပညာရည်ချွန်ဆု - ဒုတိယဆု (တတိယနှစ်ကွန်ပျူတာတက္ကသိုလ်) မီးငယ်က ငယ်ငယ်ကစာတော်တဲ့ ကလေးစာရင်းထဲမှာမပါ ပါဘူး…

ပထမဆုံး ရဖူးသော ဆု - ပထမဆု(ကဗျာ) (၁၉၉၁ ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ မှာပါ။ ဒို့ဗိုလ်ချူပ်ဆိုတဲ့ကဗျာလေးနဲ့ပြိုင်တာပါ)

ပထမဆုံး စီးရသော ဘတ်စ်ကား - ရွှေမန်းမေ (ကွန်ပျူတာတက္ကသိုလ်(တအုံ)တက်တော့ ရွှေမန်းမေးစီးရတယ်လေ)

ပထမဆုံး ဆိုခဲ့သော သီချင်း - နိုင်ငံတော်သီချင်း (ကမ္ဘာမကျေ..ဗမာပြည်..ဒို့ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးသလေ… သူငယ်တန်းစတတ်တော့ မနက်တိုင်း တန်းဆီရင်ဆိုရတယ်လေ…)

ပထမဆုံး ကဗျာ - ၀န်ခံခြင်း ( ပို့စ်တစ်ခုအနေနဲ့တင်ထားပါတယ်။ ၉ တန်းနှစ်တုန်းကရေးခဲ့တာပါ။)

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ချောက်မြို့ပါ။ (ဖေဖေတာဝန်ကျတဲ့ မြို့ပါ)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်းနိုင်ငံ

ပထမဆုံးလေယာဉ်စီးဖူးသောနေ့ - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။ (AirBagan နဲ့ မန်းလေးကနေရန်ကုန်ကို သွားတာပါ။)

ပထမဆုံး လူကြီးများမပါပဲ ခရီးဝေးသွားဖူးချိန် - ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့ပါ။

ပထမဆုံး သောက်ဖူးသော အရက် - ကောက်တေး (နာမည်က AK 47 တဲ့။ водка+ Green Lable+ ၀ိုင်+ရှန်ပိန် ရယ်ရောထားတာပါ။ ၃.၆.၂၀၀၈ နေ့တုန်းကသူငယ်ချင်းတွေကို မုန့်ကျွေးရင်း သူတို့အတင်းတိုက်လို့ တစ်ငုံသောက်ဖူးတာပါ။ မျိုမချနိုင်ပါဘူး။ ထွေးပစ်ရပါတယ်။)

ပထမဆုံးစားဖူးသော ၀က်သားဒုတ်ထိုး - ရန်ကုန်စကော့ဈေးထဲမှာပါ။ (၂ တန်းနှစ်တုန်းကပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - လေသေနတ် ( ကိုတေးတေး(ဘေးကပ်ရပ်အိမ်ကအစ်ကို)နဲ့ပေါင်းပြီး ငှက်လိုက်ပစ်တာပါ။ (၆)တန်းလောက်ကပါ။)

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - 3colurs (၇၃လမ်းပေါ်ကဆိုင်လေးပါ။ ပထမနှစ်တုန်းကလက်ဖက်ရည်ဆိုင်ဆိုတာကို စရောက်ဖူးတာပါ။ ၂၀၀၁ ဒီဇင်ဘာ ထဲကနေ့တစ်နေ့ပါ။ မနက်ကျောင်းကားတွေမထွက်ခင် သူငယ်ချင်းတွေနဲ့မနက်စာစားတဲ့ဆိုင်လေးပါ။ လွမ်းလာပြီနော်..အဟင့်ဟင့်…ရွှတ်..)


ပထမဆုံး ကြည့်ဖူးသောရုပ်ရှင် - တပြည်သူမရွှေထား (ရုပ်ရှင်စိန်ရတုသဘင်တုန်းက၀င်းလိုက်မှာ ရှပ်ရှင်ကားတွေအများကြီးပြတုန်းကပါ။ ရုပ်ရှင်ရုံရောက်တာမွေးကတည်းကနေ ခုချိန်ထိ ၆ ခါပဲရှိပါတယ်။ ထိုင်းမှာ ၂ ခါအပါအ၀င်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - Treasure Island( ၈တန်းတုန်းက ဖေဖေ ဖတ်ခိုင်းလို့ပါ။ အဲဒီစာအုပ်ဖတ်ပြီးရင်Skate ၀ယ်ပေးမယ်ဆိုလို့ မီးငယ်တို့အသေအကြေဖတ်ခဲ့တဲ့စာအုပ်ပါ။)

ပထမဆုံး အကြိမ် ဖတ်ဖူးသော မြန်မာဝတ္ထုစာအုပ် - ဂျီဟောသူ(မစန္ဒာ ရေးတာပါ။ ကွန်ပျူတာ ဒုတိယနှစ်ရောက်မှ ဖတ်ဖူးတာပါ။)

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - ပထမနှစ်ကပေါ့။( ကျောင်းကားဦးရင်းတတိယနှစ်နဲ့ ပြသနာဖြစ်တာပေါ့။ သိတယ်မဟုတ်လား ဦးရင်လည်းစေတနာမှရှိအောင် တစ်ကားလုံးဦးတာ)

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ကွန်ပျူတာပထမနှစ်တုန်းကပါ။ ဇီးခြံသွားပြီးဇီးသီးသွားဝယ်တာ။ မေသက်၊ ဝေမောင်၊ ဇာခြည်စိုးနဲ့ မီးငယ် လေးယောက် နောက်ဆုံး အချိန်(၂)ချိန်မတက်ပဲသွားတာ)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ဇီးခြံ

ပထဆုံးသွားဖူးသော အသုဘ - မောင်မောင့် ဖေဖေ အသုဘ။ ( တကယ်ကို မမေ့နိုင်တာပါ။ မီးငယ်ရဲ့မွေးနေ့ ၃.၆.၂၀၀၅ မှာ သွားခဲ့ရတာပါ။ ကျောင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့လာပြီး သူငယ်ချင်းတွေနဲ့ မွေးနေ့ကိုလုပ်မယ်ဆိုပြီး အားခဲခဲ့ကြပါတယ်။ မမျှော်လင့်ပဲ သီတာမောင်မောင့် ဖေဖေရဲ့ အသုဘကိုသွားကြရတယ်။)

ပထမဆုံး မီးငယ်ကို ရည်းစားစကားပြောခဲ့သူ - ချစ်ကိုကိုအောင်( ၄တန်းကတည်းကသူငယ်ချင်း၊ ၈တန်းရောက်တော့ရည်းစားစကားပြောတယ်။ ခုစင်င်္ကာပူမှာကျောင်းတက်နေပါတယ်။)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ကြောပြဖူး တတ်ချင်တတ်..ဟဲဟဲ…

ပထမဆုံးရည်းစား - ကြောပြဖူး…တတ်ချင်တတ်ပလိုက်.. အတေပဲခံမယ်…(ကြောကြရင် လူတတ်ပွဲတွေဖြစ်ကုန်မှာပေါ့..ဟိ)

ပထမဆုံး Online မှာခင်သောသူငယ်ချင်း - ပြည့်စုံအောင်သန်း။ (ငယ်သူငယ်ချင်းလိုခင်သွားတာကိုပြောတာနော်။)

ပထမဆုံး ရိုက်ခြင်း ခံရသောအမှု - Golf Set ကိုယူဆော့ပြီးပြန်မထားသောကြောင့်။

ပထမဆုံး ရိုက်သူ - ဖေဖေ( နေရာ- ချောက်အိမ်မှာ( အိမ်နံပါတ်-၁၃)၊ အချိန်- ၂ နှစ်သမီးတုန်းက ဖေဖေရုံးကပြန်လာသောအချိန်)။

ပထမဆုံး ညာခဲ့သောအမှု - Report Card ကိုလက်မှတ်ထိုးခိုင်းတာလေ။( မေမေ့ကို Report Card က မပြရဲဖူး အဆင့်က၅ ကိုလျှောသွားတာကိုး။ မေမေက ရပြီးလားလို့မေးတော့ ရသေးဝူးလို့ပြောလိုက်တာပေါ့..ဟိ။ နောက်ပြီးကျောင်းသွားခါနီးမှ ပြတော့ စော်တာပေါ့..ဒေါသထွက်ပြီးတော့။ဟိ (၈)တန်းတုန်းကလေ။)

ပထမဆုံး စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့ရသော အဖြစ်အပျက် - (၉)တန်းနှစ် ကျူရှင်ကနေထွက်ပြီး ကားလမ်းကူးတာလေ ကားကကိုယ့်ရှေ့မှာ တစ်ပေတောင်မလိုတော့ဘူး။ ဟိ။ ကားမောင်းတဲ့လူကလည်းမနည်းကိုဘရိတ်အုပ်ရတယ်။နို့မိုဆိုမီးငယ်တို့ မာလကီးယားတာကြာပေါ့။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - အနှိုင်းမဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ) - နွဲ့ယဉ်ဝင်း ရဲ့ More Than I Can Say

ပထမဆုံး စင်ပေါ်တွင် သီဆိုခဲ့ဖူးသော သီချင်း - ချစ်သုဝေ ရဲ့ တကယ်ဆိုရင်။

ပထမဆုံး တီးမှုတ်ဖူးသောတူရိယာ - ပလွေ။ ( ကျောင်းမှာ (၇)တန်းရောက်ရင် ဘင်ခရာက မပါမနေရလေ။ အဲဒီတော့မှုတ်ရပြီပေါ့ ပလွေက)

ပထမဆုံး ဘလော့ပို့စ် - Mom & Me(ဓါတ်ပုံလေးပဲတင်တာပါ။)

ပထမဆုံးသူများ Tag ခြင်း ကိုခံရသော ပို့စ် - ပထမဆုံးများ

ပထမဆုံးသူများကို Tag သောပို့စ် - ရေးပေးပါ။ (ကလေးတွေး တွေးပြီး ပထမဆုံးစရေးပြီး… အစ်ကိုအစ်မတွေကို ပထမဆုံးTag ခါဒုက္ခပေးသော ပို့စ်လည်းဖြစ်ပါတယ်။ စိတ်အနှောက်အယှက်များရှိခဲ့ရင်တောင်းပန်ပါတယ်။)


ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ကိုဖိုးချမ်း.. (အပြင်မှာကတည်းကခင်တာလေ..ဟီး)

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ကိုဖိုးချမ်းဘလော့လေ…
မှတ်မိသမျှ ပထမဆုံးတွေကတော့အဲဒါပါပဲရှင်.... ကိုကြီးလင်းထက်ရေကျေနပ်ပါလားဗျို့...
အစဉ်အလာမပျက်ထပ် လိုက်ပါတယ်ဗျို့..
မမ၀ါ(Done)
မမလဲ့(Done)
ကိုကြီးဆိုးသွမ်း
ကိုဖြိုးငယ်(Done)
မမခင်ဦးမေ(Done)
သံလုံငယ်
ဟင်းလင်းပြင်

6 comments:

WWKM said...

ဟာဂျာ..ဟာဂျာ.. မမမီးငယ်..

အထုမှ ခင်မိရုံရှိသေး.. Tag Post ကြီးနဲ့ နှိပ်စက်တယ်
တော့... မခင်တော့ပဲ နေလိုက်မှာနော် ။း(
မေးခွန်းတွေ က အရမ်းများပြီး ခက်မယ့်ပုံကြီး။မမ က
အသက်ကြီးပြီ ချစ်ညီမလေး ရဲ့.. ငယ်ငယ်တုန်းက
အကြောင်းတွေ မေ့ကုန်ပြီပေါ့လို့. (ဖားတာ၊ဖားတာ)
မတက်ရင်..မရဘူးလားဟင်။ အာဝါး တွေ အများကြီး
ပေးမယ်လေ။ အဟီး... ဖတ်ကြည့်ပြီး ပြန်ဖြေစရာတွေ
က အနန္ဒမို့..ဟီးဟီး.. (ဒိုးရှိရော ? ) သိလား ဂျပန်လို
ပြောလိုက်တာ.. ( ဘယ်လိုလုပ်ရမလဲတဲ့)
ဝဋ် ကလည်း နောက်ဘ၀မှလည်တာမဟုတ်ဖူးတော့
ချက်ချင်းကြီး ကိုပြန်လည်ခံရတာ ။ သူများတွေကို တက်
ထားတာတောင်မှ မပြီးကြသေးဘူး.. ( ပြန်တော့မယ်..ဘိုင်းဘိုင် ) နောက်လာခေါ်ရင် မသိချင်ယောင်ပဲ ဆောင်နေတော့ မယ်.း) အဟီး

ကိုစွမ်း said...

ပထမဆုံး ချစ်သူနဲ့ ပထမဆုံး ရည်းစားစကားပြောတဲ့ သူကို တိချင်ပါတယ်ဂျို့ အဟား ရန်ဖြစ်အောင် လုပ်ပေးလိုက်ဦးမယ် :P
ပထမ ဖြစ်ခွင့်ရခဲ့တာတွေ ပထမဆုံး ရခဲ့တာလေးတွေ အတွက် ၀မ်းသာပါတယ် ညီမရေ..ဆက်လက်ပြီး ပထမတွေ အများကြီး ရပါစေလို့ ..

မီးငယ် said...

ကိုကြီးစွမ်းရေ...
ပထမဆုံးချစ်သူ ကတော့ တတ်ချင်တတ်ပလိုက်ကြောဝူး..ဟိ...
ပထမဆုံးရည်းစားစကားပြောတဲ့သူ ကတော့ ငယ်သူငယ်ချင်းပါ..

လင်းထက် said...

ညီမဆိုးလေး လို့ ခေါ်တော့ဝူးနော် ညီမ လိမ္မာလေး ပထမဆုံးတွေ က စိတ်ဝင်စား စရာတွေပဲ ရေးပေးတာ ကျေးဇူးနော်

Steven Alexander said...

GOOD GOOD Welcome Back
ပြန်ရေးတာတွေ့လို့ ၀မ်းသာပါတယ် မီးငယ်ရေ...

မိုးမြင့်တိမ် said...

မီးငယ်ရေ စာပြန်ရေးပြီလား အကို ညီမဆီ ပထမဆုံးလာလည်တဲ့ အချိန်မှာဘဲ ညီမက အားလုံးကို နှုတ်ဆက်တဲ့ အချိန်နဲ့ ကြုံနေလို့ green gril ကိုတောင်ပြောပြဖြစ်သေးတယ်။ အခုလိုပြန်ရေးတာတွေ့ ရတော့ ၀မ်းသာပါတယ်ဗျာ။ ပထမဆုံးလေးတွေကို ဖတ်သွားပါတယ်။