Saturday, August 23, 2008

Safari World Trip

Safari World Trip with Student Union for August 2008

Tuesday, August 19, 2008

ရေညှိ ထမင်းလိပ်

ဒီနေ့ နည်းနည်းအားတာနဲ့ ရေညှိထမင်းလိပ်လုပ်စားဖြစ်တယ်... ဘာမှထွေထွေထူးထူးတော့မရှိပါဘူး..လိုအပ်တာလေးတွေပြောမယ်နော်..
၁။ ရေညှိဖတ် ( Supermarket တွေမှာဝယ်လို့ရပါတယ်)
၂။ ထမင်းပူ
၃။ ကြက်အူချောင်း (or) ငါးအူချောင်း (or) ၀က်အူချောင်း
၎။ ကြက်ဥကြော်
၅။ ပဲငံပြာရည်
ပထမဆုံး ကြက်ဥကြော်ကို အပြားလိုက်ကြော်ပြီး အချောင်း အချောင်းလေတွေဖြစ်အောင်ညှပ်ထားပါ။ ကြက်အူချောင်းတွေကိုလည်းကြော်ထားပြီး အနေတော်လေးတွေ ပိုင်းထားပါ ။ ထမင်းပူနဲ့ ပဲငံပြာရည်ကို နယ်ပါတယ်...ပြီးရင် ရေညှိဖတ်ထဲကို ထမင်းထည့်ပြီး ကြက်အူချောင်း တို့ ကြက်ဥကြော်တို့ အလည်မှာထားပြီး ဖြည်းဖြည်းချင်းလိပ်ပါ။ ပြီးတာနဲ့ ထမင်းပေါင်းအိုး ထဲကိုပြန်ထည့်ပါ စားခါးနီးမှ အ၀ိုင်းလေးတွေလှီးပြီး စားပါ။
ခုတော့ မီးငယ်တို့ လုပ်စားထားတာတွေကို သရေကျလိုက်ဦးပေါ့နော့်..... :P :P
ဒါကတော့ မလှီးသေးရတဲ့ ပုံပါ...

ဒါကတော့ စားခါနီးပြင်ထားတဲ့ပုံလေ... သရေမကျ ကျနဲ့နော်...


Thursday, August 14, 2008

:D

ဒီနေ့ ကျောင်းပြန်ဖွင့်နေပြီလေ.. ကျောင်းထဲမှာလည်းကျောင်းသားသစ်တွေအများကြီးပဲ.. ကျောင်းသားသစ် ၆၀၀ လောက်ထပ်ဝင်လာတယ်.. မြန်မာကတော့ စုစုပေါင်း ၂၆ ယောက်လာမယ်လို့ပြောပေမဲ့ ခုထိတော့ ၉ယောက်ပဲလာသေးတယ်..

နေခင်းက Canteen ကိုသွားတယ်.. အဲဒီမှာထိုင်း Tourism Company တစ်ခုက Trip တွေ ကို Package လိုက်တွေလုပ်ပြီး Promotion လာလုပ်နေတယ်.. မြန်မာပြည်ကိုသတိရလိုက်တာ.. တကယ်လို့များ မီးငယ်တို့ နိုင်ငံသာ AITလို ကျောင်းမျိုးဖွင့်နိုင်ရင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးထမ်းစဉ်လာတွေကို သူများနိုင်ငံကလူတွေသိအောင် ခုထက်ပိုပြီးသိအောင် မီးငယ်တို့ လုပ်နိုင်မှာပါ..

တကယ်ပြောရရင် မီးငယ်တို့ နိုင်ငံက ထိုင်းနိုင် ထက်ကို သဘာဝလောကကြီးက မျက်နှာသာပေးထားတာပါ.. မြေပေါ်မြေအောက်သယံဇာတတွေလည်း အများကြီးပါ.. ဒါပေမဲ့ မြန်မာနိုင်ငံက ထိုင်းနိုင်လောက် မဖွံ့ဖြိုးလဲ.. အားမနာတမ်းပြောရရင် ..မီးငယ်တို့နိုင်ငံက သူတို့နိုင်ငံကို အမှီလိုက်နိုင်အောင်ကြိုးစားရမှာပါ..

ကျောင်းပိတ်ရက်မှာ သွားနိုင်သလောက် ထိုင်းမှာလျှောက်လည်ခဲ့ပါတယ်..သူတို့နိုင်ငံက Foreigners တွေအတွက် ရည်ရွယ်ထားတဲ့ Night Market ဆိုတဲ့ဈေးတွေလည်းရောက်ခဲ့ပါတယ်..ရင်နာစရာကောင်းတာက သူတို့ဆီမှာ ရောင်းနေတာတွေက မီးငယ်တို့တိုင်းပြည်ကပစ္စည်းတွေကို အနည်းငယ်ပြုပြင်ပြီး သူတို့နိုင်ငံထွက် ပစ္စည်းလုပ်ပြီးရောင်းနေကြတာပါပဲ… မီးငယ်တို့ဆီကနေဈေးပေါပေါနဲ့ဝယ်ပြီး သူများဆီမှာ ဈေးကောင်းနဲ့ရောင်းနေကြတယ်လေ..အဲသလိုဖြစ်နေတာကိုမီးငယ်တို့ မနာလိုတော့ဖြစ်စရာမှရှိပါဘူး သူတို့က Technology သာတယ်လေ..မီးငယ်တို့တွေရောအဲဒီ Technology ကိုရအောင်မယူနိုင်ဘူးလား??? ..

ရအောင်ယူနိုင်ရမှာပေါ့ မီးငယ်တို့တွေကိုယ့်တိုင်းပြည်ကိုတိုးတက်စေချင်ရင် ခုပညာကိုကြိုးစားသင်ယူရမယ်..အလုပ်လုပ်နေတဲ့သူတွေကလည်း ကိုယ်လုပ်နေတဲ့လုပ်ငန်းကိုကျွမ်းကျင်အောင၊်ကိုယ့်နိုင်ငံမှာ ဘယ်လိုပြန်ပြီး အသုံးချမလဲဆိုတာကို စဉ်းစားပြီး ကိုယ်လုပ်နေတဲ့ သင်ယူနေတဲ့အရာတစ်ခုကိုကျွမ်းကျင်အောင်လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်…

အရှေ့တောင်အာရှမှာ ထိုင်းက Tourism လုပ်ငန်းမှာ အဆင့် (၁) ရှိပါတယ်.. သူတို့နိုင်ငံက Beach နှစ် ခု ကိုမီးငယ်ရောက်ဖူးပါတယ်..မီးငယ်တို့ဆီက ကမ်းခြေတွေလိုမဟုတ်ပါဘူး..ဒီနေရာမှာ စခန်းချပြီး သူ့အနီးတ၀ိုက်မှာရှိတဲ့ကျွန်းတွေနေရာတွေကို ထပ်ပြီးသွားလည်ရတာပါ..သူတို့နိုင်ငံမှာ ရှိတဲ့သန္တာကျောက်တန်းတွေက မီးငယ်တို့မြန်မာပြည်မှာရှိတဲ့ သန္တာကျောက်တန်းတွေလောက် မလှဘူးလို့ထင်ပါတယ်..သူတို့နိုင်ငံကတိုးတက်တော့ သဘာဝပါတ်ဝန်းကျင်ကိုအရမ်းထိခိုက်ပါတယ ကမ်းခြေတွေမှာဆိုရင် ခရုသေတွေ ပလတ်စတစ်တွေအများကြီးပါ... မီးငယ်တို့ဆီက သူတို့နိုင်ငံလောက်ပျက်စီးမှုတွေမရှိသေးဘူးလို့ထင်ပါတယ်:D ကော့သောင်းဘက်မှာ ဆိုရင်လည်း Tourist တွေအကြိုက်လည်လို့ရတဲ့နေရာတွေ လေ့လာလို့ရတဲ့နေရာတွေအများကြီးပါ တကယ်တမ်းဆိုရင် သူတို့က သဘာဝကိုလေ့လာချင်တာပါ ဖန်တီးထားတဲ့အရာတွေကိုကြည့်ချင်တာမဟုတ်ပါဘူး..မီးငယ်တို့တိုင်းပြည်မှာ သဘာဝအတိုင်း ရှိနေတဲ့အရာတွေအများကြီးပါ.. အဲဒါတွေနဲ့ Tourist ကိုဆွဲဆောင်ရင်တောင်မှ တိုင်းပြည် GPA တော်တော်တက်လာမှာပါ..

လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ရန်ကုန်တက္ကသိုလ်က အာရှမှာ အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုရော ခုခေတ်လူငယ်တွေသိပါရဲ့လား..??ခုမီးငယ်တို့ International Flight ကိုစီးဖို့အတွက်ဘန်ကောက်မှာ Transit ခံရပါတယ်..အရင်တုန်းက ထိုင်းကလူတွေ စင်င်္ကာပူကလူတွေ ရန်ကုန်လေဆိပ်မှာTransit လာစီးခဲ့ရတယ်လို့ပြောရင် ခုခေတ်လူငယ်တွေယုံမလား..မီးငယ်ခုပြောနေတာတွေက သူများနိုင်ငံတွေကိုမနာလိုဖြစ်ဖို့မဟုတ်ပါဘူး..မီးငယ်တို့လူငယ်တွေ ကိုယ့်နိုင်ငံအတွက်ဘယ်လောက်ကြိုးစားဖို့လိုတယ်ဆိုတာကိုသိဖို့ပါ..ကိုယ်သင်ယူနေရတဲ့ ဘာသာရပ်တစ်ခုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေကြိုးစားပြီးသင်ယူကြရအောင်လို့ မေတ္တာရပ်ခံချင်ပါတယ်.. မီးငယ်တို့ Generation ကြိုးစားလိုက်တာနဲ့ နောက်Generation တွေအတွက် ဖွံဖြိုးပြီးသားတိုးတက်ပြီးသားနိုင်ငံတစ်ခုကို ပေးခဲ့နိုင်မှာပါ..

Sunday, August 10, 2008

11-8-07 to 10-8.08


ဒီနေ့ ကမြန်မာပြည်ကနေထွက်လာတာ တစ်နှစ်ပြည့်တဲ့ နေ့ပါ ဒီနေ့မှာပဲ ထူးထူးခြားခြား အစ်ကိုတစ်ယောက်ထပ်ရခဲ့ပါတယ်...
ဘာရယ်တော့မဟုတ်ပါဘူး ဒါပေမဲ့ တခြားရက်တွေထက်အိမ်ကိုပိုလွမ်းနေမိတာတော့ အမှန်ပါပဲ....

Wednesday, July 16, 2008

တအုံကျောင်းသား ဘ၀(၃)


တစ်ရက် အောင်သူကျော်က မေသက်ကိုစတာလွန်သွားလို့ မေသက်ကစိတ်ဆိုးပြီးကော်ဖီနဲ့ လောင်းချပြီး ထွက်လာတာတဲ့။ နောက်ဆုံးမီးငယ်လည်း အားနည်းတဲ့သူဘက်မှာနေလိုက်တယ်။ မီးငယ်နဲ့မေသက်ကတစ်ဖွဲ့ဟို၎ယောက်က တစ်ဖွဲ့ဖြစ်သွားရောပြောလို့သာပြောတာ မီးငယ်ကို၂ဖွဲ့လုံးကခေါ်ပါတယ်။ နေရာဆိုလည်းမီးငယ်အတွက်၂ဖွဲ့လုံးကနေရာဦးပေးတယ်လေ :D။ နောက်မီးငယ်တို့ ၂ယောက်မိန်းကလေးတွေချည်းပဲပါတဲ့ အုပ်စုနဲ့တွဲမိပါတယ်။ မီးငယ်နဲ့ကအဆင်သိပ်မပြေဘူး သူတို့ကတအုံတိုင်၂၀ပတ်လည်တွေလေတစ်ချိန်လုံးလျှောက် သွားနေတာ(မီးငယ်က 1st Year တုန်းကသိပ်မဆိုးသေးဘူး) မီးငယ်ကလမ်းအများကြီးမ လျှောက်နိုင်ဘူးလေ။အဲဒါနဲ့မေသက်ကအဲဒီအုပ်စုမှာကျန်ခဲ့ပြီး မီးငယ်တစ်ယောက်တည်း ဖြစ်နေတာပေါ့ မျိုးမြင့်အောင်ကလည်းကျန်တဲ့၃ယောက်နဲ့သိပ် အဆင်မပြေတော့ မီးငယ်နဲ့၂ယောက်တွဲမိရော အဲဒီအချိန်မှာပဲ ကိုဝင်းကို၊၀ဏ္ဏနဲ့နေတိုးတို့နဲ့ ထပ်ခင်တယ် Bodyguard ၄ယောက်နဲ့ပေါ့:D နောက်တော့မြင့်မာသူ(ဆုံးသွားပါပြီ)ရွှေရည်ဝင်း တို့အုပ်စုထဲကိုရောက်လာပြန်တယ်လေ မြင့်မာသူကိုမီးငယ်တို့ကဘွဲ့လွန်လို့ခေါ်တယ်။ သူ့ကိုဒုတိယနှစ်ကအစ်ကိုကြီးက အစ်မကဘွဲ့လွန်(D.C.Sc)တန်းကလားလို့မေးလို့ပါ။

သူ့မှာကနှလုံးရောဂါရှိတယ်လေ။ ဒုတိယနှစ်အောင်စာရင်းထွက်တာတောင်မသိပဲနဲ့ဆုံးသွားတာပါ ။ မီးငယ်တို့ကားစီးတာကလည်းနေတိုး၊ရွှေရည်ဝင်းနဲ့ဘွဲ့လွန်တို့ကြောင့်၈၂လမ်းကိုပြောင်း သွားပါတယ်။ တကယ်တမ်းမီးငယ်အိမ်က၈၂လမ်းကားဂိတ်နဲ့ပိုနီးပါတယ်။ ၈၂လမ်းကိုရောက် တော့ကိုလင်း၊ကိုပိုင်(ခုUKမှာ)၊ကိုအေးမင်းသူ(ဘီလူး)တို့အုပ်စုနဲ့ခင်သွားပါတယ်။ ကိုအေးမင်းသူကသွားစွယ်ပါ ပါတယ်အဲဒါကြောင့်ဘီလူးလို့ခေါ်တာပါ။ ကိုပိုင်မှာလည်းဦးထုပ်ဆိုင်ရှိပါတယ်။ မြစ်ငယ်တံတားထိပ်မှာ မော်တော်ပီကယ်တွေကဦးထုပ်လေးတွေကချွတ်ပြီးတန်းစီထားတာရှိပါတယ် ကိုပိုင်ကတစ်ရက်ကျောင်းကိုမော်တော်ပီကယ်ဦးထုပ်နဲ့ ရောက်လာတော့ဘယ်လိုဖြစ်

လာတာလဲဆိုတော့ ယူလာတာတဲ့သူ့မှာလည်းဦးထုပ်ပါရဲ့သားနဲ့ကိုဘယ်လိုတွေမှန်းလည်းမသိ ဘူးနည်းနည်းတော့ ဂေါက်ကြတယ်။ကိုလင်းရဲ့နာမည်ပြောင်က ဂေါက်သီးတဲ့ဟဲဟဲ မီးငယ်ကို သင်ပေးတဲ့လူကနင်မခေါ်ရဘူးတဲ့ ပြီးတော့သိသွားရင်လည်း ငါသင်ပေးတယ်မပြော ရဘူးတဲ့ မီးငယ်ကလည်း သမီးမုသားမသုံးတတ်ဘူးလို့ ပြန်ပြောလိုက်တော့တော်တော် စိတ်လေသွားတယ်လေ:D။နောက်တစ်ယောက်နာမည်က ကိုအားကွေ့တဲ့ သူ့နာမည်ကိုအုပ်စု ထဲကပဲသိတာပါ(မီးငယ်ပါတယ်လေ)။ တစ်ရက် ကိုအားကွေ့ကCanteen ဆင်းသွားတယ် မီးငယ်ကရေဗူးလိုချင်လို့လှမ်းမှာပါတယ်။ မီးငယ်တို့ကျောင်းက၃ထပ်ဆောင်ပါ။ ၃ထပ်ဆောင် အလယ်ကနေအော်ပြီး အောက်ကိုရေဗူးလှမ်းပြီးမှာတာပါ မီးငယ်လည်း သူ့နာမည်အရင်းကိုမေ့သွားပြီးဘာလုပ်ရမှန်းမသိလို့ ကိုအားကွေ့ဆိုပြီးလှမ်းအော်ပါတယ် သူကလုံးဝကိုအပေါ်မော့်မကြည့်ပါဘူး မီးငယ်ကလည်း မော့်မကြည့်မချင်းကိုအော်ခေါ်တာပါ နောက်ဆုံးအော်ပါများတော့ ဘာလဲဆိုပြီးအောက်ကနေ ပြန်အော်ပါတယ်အဲဒီတော့မှ ရေဗူးလိုချင်လို့ လို့လှမ်းပြောလိုက်ပါတယ် :D

သူ့နာမည်လည်း တစ်ကျောင်းလုံးသိသွားရော ဟိ ပြန်လည်းပြန်လာရော ဆူလိုက်တာမှပြောမနေနဲ့ လက်ဖက်ခြောက် တောင်ခတ်လို့ရတယ်။ ရေဗူးလိုချင်တာများ ကိုအားကွေ့ရေဗူးဝယ်ခဲ့လိုပြောလိုက်ရင်ငါကမ၀ယ်ပဲပြန်တက်လာမှာ လားတဲ့ ခုတော့ ငါကမော့်ကြည့်ရင်လူသိမှာဆိုးလို့ပါဆိုနေမှ မော့်မကြည့်မချင်းကိုအော်နေတာ ပဲတဲ့ မီးငယ်လည်းမကြားဘူးမှတ်လို့ပေါ့လို့ပြန်ပြောတော့ ညည်းအသံကိုစဉ့်ကိုင်ကနေဆိုရင် တောင်ငါကြားတယ်တဲ့:D ကျန်တဲ့လူတွေက မီးငယ်နဲ့ကိုအားကွေ့စကားများတာကို ကြည့်ပြီးရယ်နေကြတာပါ မီးငယ်ကလည်းမီးငယ်ကိုဆူလို့ဆိုပြီးမခေါ်ပဲစိတ်ကောက်တာပေါ့ နောက်ရက်ကျတော့ ကိုအားကွေ့က အတန်းရှေ့လာပြီးမီးငယ်နဲ့တွေ့ချင်လို့ဆိုပြီးလာပြော တော့သူငယ်ချင်းကိုဘယ်သူလဲလို့ မေးလိုက်လို့ပြောတော့ ကိုအားကွေ့လို့ပြောလိုက်ပါတဲ့ မီးငယ်စိတ်ကောက်နေမှန်းသိလို့ သူ့ကိုသူအားကွေ့လို့လာပြောတာပါ:Dမီးငယ်တို့ ထက်၁နှစ်နဲ့Semester၁ခုကြီးပါတယ်။ အကြီးတွေဆိုတော့မီးငယ်ဆိုးသမျှသည်းခံကြပါတယ်။

နောက်တစ်အုပ်စုကစာဂျပိုးအုပ်စုပါ။ ဒုတိယနှစ်ကပေါ့ သူတို့BathမှာRoll 1 to 10 ကို သူတို့၇ယောက်ကနေရာအပြည့်ယူထားတာပါ။ အတန်းထဲကနေအပြင်ကို ရေအိမ် သွားတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန် မထွက်ကြပါဘူး။ကောင်မလေးတွေနဲ့လည်းစကားပြောခဲ ပါတယ်။ သူတို့အုပ်စုထဲက ကျောက်ရုပ်လို့ခေါ်ခံရတဲ့ အစ်ကိုကြီးနဲ့မီးငယ်က ဆရာဝင်းနောင်(MCC)မိတ်ဆက်ပေးလို့ခင်သွားပါတယ်။ အစ်ကိုကမီးငယ်ကိုအရမ်းချစ်ပါတယ် (ရည်းစားမရခင်အထိပေါ့):D မီးငယ်လည်းအစ်ကို့ကိုအရမ်းချစ်ပါတယ်။ မသိတဲ့လူတွေဆို မောင်နှမလို့ထင်ပါတယ်။ မီးငယ်အတန်းအစ်ပြီးရွာထဲသွားရင် အစ်ကိုလည်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရွာထဲရောက်ရင် မီးငယ်ကလှေစီးတတ်လို့ပါ။ မီးငယ်ကရေမကူးတတ်ဖူးလေ။ အစ်ကိုကတခုခုဖြစ်မှာဆိုးလို့အမြဲလိုက်ပါတယ်။ ပြီးတော့အစ်ကိုကအရုပ်လည်းခေါက်တတ်ပါတယ် မီးငယ်ကိုလည်း စိတ်ကောက်တာကလွဲလို့ ကျန်တာဘယ်လောက်ဂျီကျကျ လုပ်ပေးပါတယ်။ မီးငယ်စိတ်ကောက်ရင် သူတော်တော်ကိုစိတ်ညစ်ပါတယ်။ သင်တန်းကသူငယ်ချင်းတွေနဲ့အောက်ဆင်းပြီးမုန့်စားရင်လုံးဝမကြိုက်ပါဘူးလိုက်လည်းမလိုက်ရပါဘူး။ အစ်ကိုကသင်တန်းမှာ အချိန်ပိုင်းစာသင်ပါတယ်။ညနေပြန်ရင်လည်းအတူတူပြန်ကြတာပါ။Programming ကိုပိုပြီးစိတ်ဝင်စားအောင်လည်း အစ်ကိုပဲလုပ်ပေးခဲ့တာပါ။

အစ်ကိုကြောင့်မီးငယ်ဆီမှာ ကလေးဆန်တဲ့အကျင့်တစ်ချို့ ပျောက်သွားခဲ့သလိုပဲ အစ်ကိုဆီမှာလည်းမီးငယ်အကျင့်တွေကူးသွားပါတယ်။ အဲဒီလိုနဲ့ပထမနှစ်စာမေးပွဲဖြေကြရောစာမေးပွဲနောက်ဆုံးနေ့မှာအစ်ကိုတို့က မီးငယ်တို့ကိုစောင့်ပါတယ် (မီးငယ်တို့ကညနေပိုင်း အစ်ကိုတို့ကမနက်ပိုင်းလေ)စာမေးပွဲခန်းထဲ ကမီးငယ်ငိုပြီးထွက်လာတော့ အစ်ကိုကစိတ်ပူပြီးဘာဖြစ်လာတာလဲတဲ့မဖြေနိုင်လို့လားတဲ့ အဲဒီနေ့ကတော်တော်များများ မဖြေနိုင်ကြဘူးလေ မီးငယ်ကတစ်ပုဒ်မရဘူးဆိုတော့ ခေါင်းကို ခွက်ကနဲမြည်အောင် ခေါက်ပါတယ် တစ်ပုဒ်ထဲနဲ့တဲ့သူများတွေများတွေများအောင်မှတ် တောင်အနိုင်နိုင်တဲ့:D

Monday, July 7, 2008

သူ

မနက်လင်းလို့ မြင်ယောင်မိတာ
သူ့မျက်နှာပါ
အတန်းတက်ရင်းကြားနေမိတာ
သူ့အသံပါ
Group Discussion နဲ့ Meeting ထဲမှာမျှော်မိနေတာ
သူ့ဖုန်းသံပါ
စာကျက်ရင်းနဲ့တွေးနေမိတာ
သူ့အကြောင်းပါ
အိပ်မက်ထဲမှာပိုင်စိုးထားတာ
သူမှသူပါ

၇.၄.၂၀၀၈ - ၇.၇.၂၀၀၈

ဒီနေ့ဘွားဘွားဆုံးတာ ၃ လပြည့်သွားပြန်ပါပြီ...ဘွားဘွားရေ..ကြာလာရင် မေ့ရမဲ့အစား ပိုပြီးတော့သတိရနေတယ်