Friday, March 7, 2008

ပွေရှုပ်ချင်

အမှတ်မှီ၍ ၊ နတ်ပြည်ကဲ့သို့
GCC ကို ၊ အချောပေါပေစွ
ဂေါ်ပါရလား ၊ မိတ်ကပ်ရောင်မွန်း
ဆံပင်ပုံသွင်းလို့ ၊ ငန်းငန်းငတ်ငတ်
လိုက်လျက်ဖွန်သော ၊ မမောစရာ
မောစေလျှင် ၊ အဖြေသာပြန်ရ
လက်ဝါးလှနှင့် ၊ ဆုတ်ရပြီတွင်
နောက်တစ်ယောက်မြင်သည်
ပြောင်းကာလိုက်ပြန် ၊ ဖွန်မည်နော ....

ရက်စက်တယ်

ငါ့မျှော်လင့်ချက်တွေက
အခန်းထဲက ပန်ကာတွေလို
ရှင်တလှည့် သေတလှည့် ...

ခင်မင်ခွင့်တစ်နေရာစာက
DYNA တက်ခုံလိုနေရာဆိုတော့
အကြိတ်ဖက်တွယ်ထားရုံပေါ့ ...

`နောက်ကျရင် အပေါက်ဝ` ဆိုတာ
ရွှေမန်းမေကပေးတဲ့ သင်ခန်းစာပါကွာ
ထိုင်စရာနေရာမရတာ ကိုယ့်ကြောင့်လား ?
တအုံနွေပူတာ ကိုယ့်ကြောင့်လား ?
မင်း 75% မပြည့်တာ ကိုယ့်ကြောင့်လား ?
ကျောင်းသားကဒ်အသိမ်းခံရတာ ကိုယ့်ကြောင့်လား ?
ကျောင်းလအကြွေးကျန်တာ ကိုယ့်ကြောင့်လား ?
................................... ကိုယ့်ကြောင့်လား ?
................................... ကိုယ့်ကြောင့်လား ?
မင်းငါ့ကို အဖြေပေးမယ်ဆိုတာကတော့ ...

မနာလိုမဖြစ်ပါနဲ့

ရွှေမန်းမေရဲ့သက်ပြင်းရှိုက်သံက
နေရောင်နဲ့အတူ နွမ်းလျ
အိပဲ့ပဲ့ခြေလှမ်းတွေနဲ့
၇၃လမ်းကို အိပ်မက်မက်ရင်း
လတ်ဆတ်တဲ့လေရဲ့ တန်ဖိုးကို
တဖြည်းဖြည်းသိလာတယ်....
ကောင်မလေးရေ
DYNA ပေါ်မှာ အထက်တန်းကျကျစီးတဲ့
မင်းရဲ့ ဘ၀ကိုအားကျလိုက်တာ......


(ရွှေမန်းမေ၌ စာအုပ်ထူကြီးများဖြင့်နေရာဦးတတ်ကြသော `မမ` များသို့)
(ငလူ)

Thursday, March 6, 2008

အချစ်စစ်

မီးငယ် ပြောဂျာဝုတ်ဝူး....တူနယ်ဂျင်း ၁ ယောက်ကပေးရို့.... အဟီး..

ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ရည်းစားဖြစ်တယ်ဆိုတာ...
(၁)ထိုယောင်္ကျားလေး၏ လွတ်လပ်မှုအားလုံး ပိုင်ဆိုင်ခွင့်ရခြင်းမဟုတ်ပါ .
(၂)ထိုယောင်္ကျားလေးကို ပိုင်ဆိုင်ရခြင်းလဲမဟုတ်ပါ . ခိုင်းဖို့လူရခြင်းလဲမဟုတ်ပါ.
(၃)လူတစ်ယောက်၏ လုပ်ပိုင်ခွင့်များကို တားဆီးခွင့် ပါမစ်ပေးအပ်ခံရခြင်းလဲမဟုတ်ပါ.
(၄)ထိုယောင်္ကျားလေး၏ အချိန်များအားလုံးငါပိုင်ဆိုင်တယ်ဟုသတ်မှတ်လို့ မရပါ .
(၅)ငါ့တစ်ယောက်ထဲသာ ဆက်ဆံရမယ် တခြားမိန်းကလေးတွေနဲ့ မဆက်ဆံရဟု တားဆီးခွင့်မရှိပါ ပေါင်းသင်းဆက်ဆံရေးဆိုတာရှိပါတယ်.
(၆)ဂိမ်းကိုပိုချစ်တာကို နားလည်ပေးသင့်ပါတယ်. ဂိမ်းသည် သက်ရှိမဟုတ်ပါ.ပြိုင်သ၀န်တိုရန် အကြောင်းမရှိ .
(၇)စိတ်ကောက်ခြင်းသည် တစ်ခါတစ်ခါသာ ကောင်းသော်လည်း ကြာပါက စိတ်ညစ်စရာကောင်းပါတယ် ကိုယ်ချစ်တဲ့သူကို ဒုက္ခပေးရာရောက်ပါတယ်.
(၈)ယောင်္ကျားလေး သဘာဝတခြားမိန်းကလေးများနှင့် Onlineကကောင်မလေးများနှင့် ကြူကြူလုပ်တတ်ပါတယ် သဘာဝဖြစ်လို့ အရမ်းမလွန်ပါက ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ပေးသင့်ပါတယ်
အကျဉ်းချုပ် လိုရင်းပြောရသော် မချုပ်ချယ်ပဲ ကိုယ့်ချစ်သူကို ပျော်အောင်ထားမှသာလျှင် ချစ်သူကောင်း ချစ်သူစစ် ဖြစ်ပါသည် ..
ကိုင်း..ချစ်သူကောင်း ချစ်သူစစ် ဖြစ်ဂျင်လား...၈ဂျက်စလုံးသာကိုက်ရမယ် ဂိုရင်...အင်း...မဖြစ်ရင်နေကွာ...
:P :P :P :P ကိုင်းဘီလို လုပ်ဂျမရဲ...ဒန် ဒန် ဒန်

Wednesday, March 5, 2008

ကိုင်း ဒီနေ့တော့ ဒီလောက်ပဲ BLog ကိုပြင်တော့မယ်..မောတွားပီ.. Colar တိုက်.. :P :P
၅.၃.၂၀၀၈

  • Count Down Timer...
  • Song
  • Link
  • လည်လည်လာတွားတူဘီနှစ်ယောက် ရှိပီလဲဆိုတာ တွက်တဲ့ဟာတင်တယ်

ဒန်..ဒန်...ဒါပါပဲ..(ပီးတော့လည်း ဒါပါပဲ)
မှတ်ချက်။ ။ကိုယ်တိုင်ပြင်ဂျင်း :P :P

ကဗျာ...ကဗျာ...ကဗျာ

မင်းလေးငါ့ကိုထားသွားတဲ့နေ့မှာ...
တိမ်တွေလည်း.... လွင့်ဆဲ.......
မြူတွေလည်း..ဆိုင်းဆဲ......
ငါလည်းမင်းကို...... ချစ်ဆဲ..

တူနယ်ဂျင်း ၁ယောက်ကနင့်ဖို့ဆိုပီးပေးတာ...မီးငယ်ရေးတာဝုတ်ဝူး...
နေတိုး နာတော့နင်ပေးတဲ့ကဗျာကိုတင်လိုက်ပီ Blog ပေါ်ကို

ကိုင်းဘာပြောဂျင်တေးလဲ??

ကယ်ကြပါရုံး..ကိုဖြိုးငယ်ဂ နာ့ညီမ BLog ကဘာPostမှလဲချိဝူးတဲ့...
ဂလိုလုပ်ရှိမှာလည်း..
၁။ဘာရေးရမှန်းမှ မတိတာ..ပီးတော့
၂။တူတို့ရိုမှ အသဲမကွဲဝူးတာ..အသဲကွဲဝူးတဲ့လူတွေကမှ ကဗျာရေးတတ်တယ်ချိုပဲ(ကြားဖူးတာပါ)
၃။ဒီအချက်ကတော့.. မီးငယ်အတွက် အရမ်းအရမ်းအရမ်း(မောရိုက်တာ)ကိုအရေးကြီးတဲ့အချက်ပါ..မြန်မာFontရိုက်တတ်ဝူး..(ထုဟာတောင်မှ ၁နာရီလောက်ကြာ ရယ်)
ကိုင်း Postမတင်တာဘာပြောဂျင်တေးလဲ...တင်စေဂျင်ရင်စာရိုက်ပေး ဒါပဲ....
ဒန်..ဒန်..ဒန် :D(Gtalk တောင်လာဂမှာကြောက်လောက်ပြီ..မလာလည်း SMS ပို့ Phone ခေါ်မှာပေါ့..ဘာရမရဲ ဟွန်း):P :P
သြော်မေ့တော့မရို..Blog Template ထည့်ပေး တာ ကျေးဂျူးနော်...
ကိုဖြိုးငယ်