Sunday, April 21, 2013

what i am thinking right now!!!!!!!!!!!!

ဒီနေ့ ဘာရယ် မဟုတ်ဘူး ဟိုးအရင်တုန်းက Blog လေးကို ပြန်ဖွင့်ကြည့်မိတယ်။ ဒိုင်ယာရီ အဟောင်းလေးကို ပြန်ဖတ်ရသလိုပဲ ။ အဲ့အချိန်တုန်းက ရှိခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ အားလုံးကို ပြန်တွေ့ရတယ်။ အနားမှာ ရှိခဲ့ဖူးတဲ့ တစ်ချို့လူတွေလည်း မရှိတာ့ဘူး။ အသစ်အသစ်သော လူတွေလည်း အနားမှာ တိုးလာတယ်။ အရင်တုန်းက နာမည်မကြီးသေးတဲ့ သူငယ်ချင်းတွေလည်း ခု နာမည်ကြီးတွေဖြစ်ကုန်ပြီ။ အချိန်ကာလ တစ်ခုက တော်တော်များများကိုပြောင်းလဲ စေခဲ့တာပဲနော်။ တစ်ချို့ တစ်ချို့တွေနဲ့ ခင်မင်မှုတွေ ပျောက်ပျက်ကုန်ပေမဲ့ တစ်ချို့တစ်ချို့ နဲ့ကတော့ ပိုပြီး ခိုင်မိုင်လာတယ်။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာတွေလည်း နားလည်လာတယ်။ ခံစားတတ်လာတယ်။
ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဘယ်အရာတွေက ပြောင်းလဲ လာလဲ ???? နောက်ထပ် ၆ လ အတွင်း မှာ MBA ဘွဲ့ တစ်ခုထပ်ရတော့မယ်။  Thesis ကိုလည်း အလုပ်နဲ့ဆိုင်တဲ့ Topic ပဲရွေးဖြစ်တယ်။ Tourism Industry in Myanmar တဲ့။ လုပ်ငန်းခွင်ထဲမှာလည်း အထိုက်အသင့်နေရာ ရလာသလို အိမ်မှာလည်း လူကြီး တစ်ယောက် အနေနဲ့ နေနေရပြီ။ အတွေးအခေါ်တွေလည်းပြောင်းလဲ လာတယ်။ လောဘတွေလည်း ပိုကြီးလာတယ်။ အချစ်ဆိုတဲ့ အရာက လိုက်လေဝေးလေလို့ ဖြစ်နေပြီ။ လူတွေကိုလည်း ယုံကြည်ဖို့ ခက်လာတယ်။ သေချာတာကတော့ အရင်တုန်းကလောက် စိတ်ထားမဖြူစင်တော့တာပါပဲ။ နောက်ထပ် တစ်ခုက အလှပြင်တတ်လာတယ်။
၂၀၁၀ ကနေ ခု ၂၀၁၃ (၄)လ ပိုင်းအတွင်းမှာ ကျွန်မချစ်တဲ့ ကျွန်မကိုချစ်တဲ့ လူတွေ လောကကြီးကနေ ထွက်သွားကြတယ်။ ဆရာ နဲ့ ပြည့်စုံပေါ့။ နားလည်မှုတွေရှိခဲ့တယ်လို့ထင်ခဲ့တဲ့ လူတစ်ချို့နဲ့ နားလည်မှုတွေ ပျက်စီး ခဲ့ရတယ်။ လက်တွေ့ကျကျ စဉ်းစားခဲ့တဲ့ကျွန်မနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လူတွေနဲ့ ဒဏ်ရာ ကိုယ်စီနဲ့ လမ်းခွဲခဲ့ကြတယ်။
ဆုံးရှုံးမှုတွေရှိခဲ့သလို ပိုင်ဆိုင်ရတာတွေလည်း ရှိခဲ့ပါတယ်။ မိတ်ဆွေစစ်တွေကိုလည်း ရခဲ့ပါတယ်။ မေမေနဲ့ ဖေဖေကို ပိုချစ်လာသလို စွန့်လွှတ်ဖို့လည်း ပိုပြီးကြောက်နေပါတယ်။  အရင်တုန်းက ဟန်မဆောင်တတ်တဲ့ ကျွန်မ ဟန်ဆောင်မှုတွေကြားမှာ ပျော်မွေ့နေပြီ။ အရင်တုန်းကလို ရယ်မောနေတဲ့ ကျွန်မဟာ ခုတော့ ပြုံးရုံသာ ပြုံးတော့တဲ့ လူတစ်ယောက်ဖြစ်နေပါပီ။ အေးစက် မာကြောနေတဲ့ အသည်းနှလုံး တစ်စုံကိုလည်း ပိုင်ဆိုင်ထား ပြီးပါပီ။ စာဖတ်တာ ၀ါသနာပါတဲ့ ကျွန်မ စာဖတ်ပျင်းနေပြီ။
လောကကြီးရဲ့ မာယာတွေကြားမှာ အလိုက်သင့်စီးမျောရင်း နေသားတကျပေါ့။
21.April.2013
9:48pm

1 comment:

ရောင်ပြန် said...

အချိန်ကာလ တစ်ခုက တော်တော်များများကိုပြောင်းလဲ စေခဲ့တာပဲနော်။ တစ်ချို့ တစ်ချို့တွေနဲ့ ခင်မင်မှုတွေ ပျောက်ပျက်ကုန်ပေမဲ့ တစ်ချို့တစ်ချို့ နဲ့ကတော့ ပိုပြီး ခိုင်မိုင်လာတယ်။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာတွေလည်း နားလည်လာတယ်။ ခံစားတတ်လာတယ်။

(ခံစားချက်တူနေလို့ :D)