Sunday, June 29, 2008

တအုံကျောင်းသားဘ၀(၂)

နောက်ရက်ကျတော့ ရွှေမန်းမေနဲ့ပဲကျောင်းသွားပါတယ်။ ကားက မနက်၇း၃၀မိနစ်မှာ ၇၃X ၃၅ထောင့်ကနေထွက်တာပါ။ မီးငယ် ၇၃ကားဂိတ်ကိုရောက်တော့ မနက် ၆း၃၀ ရှိနေပီ ကားနေရာကတော့ရမယ်ထင်တာပေါ့။

တက်တက်စင်အောင်ကိုလွဲပါတယ်တစ်နေရာမှ မလွတ်ပါဘူး။ အားလုံးစာအုပ်လေးတွေနဲ့နေရာဦးထားကြတာပါ။ မီးငယ်တို့ခေတ်တုန်းက အဲလိုဦးထားရင်ဖယ်ပြီးထိုင်လို့မရပါဘူး(ခုတော့….)။ အဲဒီနေ့ကနေရာမရတော့ မတ်တပ်ရပ်ပြီး လိုက်ရတာပါ။ ကားလည်းစထွက်ရော ဒုက္ခလှလှတွေ့တော့တာပါပဲ။ ကားပေါ်မှာမတ်တပ်မရပ် တတ်ဘူးလေ။ ကားပေါ်မှာ လူက စကောထဲဇီးဖြူသီးထည့်ပြီးလှိမ့်နေသလိုပါပဲ လူကယိုင်ထိုးနေတာပါ ပြီးတော့ဝတ်ထားတဲ့ဖိနပ်ကအမြင့်လေ။ ပြီးရောလေ မျက်စိထဲသာမြင်ကြည့်လိုက်ပါတော့။ အဲဒါနဲ့ ကျွဲဆည်ကန်နားရောက်ရင်ဆင်းနေခဲ့ တော့မယ်လို့ စဉ်းစားလိုက်တယ်။ အဲမှာ မမနွေတို့အိမ်ရှိတယ်လေ။ ပြီးရင်မမနွေနဲ့ရုံးကိုပြန်လိုက် သွားရင်မေမေ့ရုံးကိုရောက်မှာပဲလေ ဆိုပီးတော့ပေါ့။ အဲလိုစဉ်းစားနေတုန်း အစ်မတစ်ယောက် ကနေညီမလေးမမနဲ့အတူလာထိုင်ဆိုပြီး ခေါ်ထိုင်ပါတယ် တစ်ခုံထဲကိုနှစ်ယောက်ထိုင်ပြီး တအုံကိုပါလာပြန်တာပေါ့။ အဲဒီမမကို အစ်မဘယ်မှာနေရာသွားဦးလဲဆိုပြီးမေးတာပေါ့ သူကလည်းသူ့သူငယ်ချင်းဦးပေးတာတဲ့ ကောင်းရော။ အဲဒါနဲ့ အတန်းသွားတက်ပေါ့။

အတန်းထဲလည်းရောက်ရော ရှေ့ဆုံးတန်းအလယ်ခုံ မှာနေရာဦးလိုက်တာပေါ့။ ထိုင်နေတုန်းကို သီတာဝေမောင်၊ မေဇာခြည်စိုး နဲ့ကောင်မလေးတစ်ယောက်(မေသက်) ရောက်လာပါတယ်။ ဝေမောင်နဲ့ ဇာခြည်စိုးက မီးငယ် ၁၀တန်းတုန်းက အဆောင်(VEC)နေတုန်းက သူငယ်ချင်းတွေပါ။ ဇာခြည်စိုးက သူ့ညီမ၀မ်းကွဲဆိုပြီး မိတ်ဆက်ပေးပါတယ်။ စပြီးမိတ်ဆက်ပေးတုန်းက သူကသိပ်ပြီးအချိုးမပြေဘူးဆိုတော့ မီးငယ်ကလည်း အေးအေးဆိုပြီးပဲ ထားလိုက်တာပါ။ မီးငယ်စိတ်ထဲမှာ နည်းနည်းပဲများတယ် ထင်လို့ပါ။ နေ့လည်ထမင်းစားတော့မီးငယ်က အတန်းထဲမှာပဲစားပြီး သူတို့က Canteen မှာသွားစားကြတယ်လေ။

ထမင်းစားပြီးတော့ မီးငယ်ကကားနေရာရှိဦးမလားဆိုပြီး သွားကြည့်တာပေါ့။ လမ်းရောက်တော့ သူနဲ့တွေ့ပါတယ် သူက နေရာတွေအများကြီးရှိတယ်တဲ့ သူဦးထားတယ်တဲ့ ဒါပေမဲ့ သွားစောင့်ဖို့လိုမယ်တဲ့ ဒါနဲ့သူ(မေသက်)နဲ့ မီးငယ်နဲ့ နေ့လည်အတန်းမတက်ပဲ ကားနေရာသွားဦးပါတယ်။ တစ်ချိန်ပြီးတော့ ဝေမောင်နဲ့ဇာခြည်စိုးလည်းရောက်လာပါတယ်။ ဒါနဲ့ညနေကျနေရာရတာပေါ့ မေသက်နဲ့ မနက်ဖြန်နေရာဦးဖို့တိုင်ပင်တာပေါ့ ကားဂိတ်ကို ဘယ်အချိန်လာမလဲဆိုပီး သူက မနက် ၅း၃၀လာမယ်တဲ့ သူကသူ့အစ်ကိုလိုက်ပို့မှာတဲ့ မီးငယ်ကိုသူနေရာဦးမယ်တဲ့ မီးငယ်ကို ၇နာရီမှလာတဲ့ အဲဒီနေ့ကလည်းနေရာမရပါဘူး.. ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်တော့ထပ်ရတယ် သူကနေရာရပီးထိုင်လာတဲ့သူလေ အဲဒါနဲ့သူ့ကိုဝိုင်းပြီးလွယ်အိတ်တွေခြင်းတွေဝိုင်းပေးကြတာပေါ့ သူကလည်းသဘောကောင်းပါတယ် ယူပေးထားတယ် မီးငယ်တို့လေးယောက်လည်း ၀ိုင်းမေးတာပေါ့ နင်ဘယ်ကနေဦးလာတာလဲဆိုတော့ ၇၈X၃၅ ထောင့်ကနေတဲ့ ဒါနဲ့နောက်နေ့အဲဒီနေရာကို သွားဦးကြတယ် ဒါပေမဲ့ တစ်ယောက်စာပဲရတယ်လေ။

ဒီနေ့ကြ မီးငယ်တို့အုပ်စုက ၅ယောက်ဖြစ်သွားပြီပေါ့ သူ(အောင်သူကျော်)ပါလာပြီလေ။ မီးငယ်တို့အုပ်စုရဲ့တစ်ဦးတည်းသော ယောကျာ်းလေးပါ။ တစ်နေရာတည်းရတော့ဘယ်သူမှ မထိုင်ပဲနဲ့ လွယ်အိတ်နဲ့ခြင်းတောင်းတွေကိုပဲတင်ထားလိုက်တာပေါ့။ မီးငယ်တို့အုပ်စုက အရမ်းချစ်ကြတာပါ အားလုံးမထိုင်ရရင်လုံးဝမထိုင်ပါဘူး။ အောင်သူကျော်ကလည်း VEC အဆောင် (အိုးဝေဆောင်)ထွက်ပါ။ အဲဒီတော့ပိုခင်ကြတာမဆန်းပါဘူးနော့်။ ဒီလိုနဲ့ နောက်တစ်ပါတ်လောက်ကြာတော့ ယောကျာ်းလေး Toilet ရှေ့မှာထိုင်နေတုန်း (အောင်သူကျော့်ကိုစောင့်နေတာပါ..သူလည်းမီးငယ်တို့ ကိုမိန်းကလေး Toilet ရှေ့မှာ စောင့်ရတာပါပဲ လွယ်အိတ်တွေကိုင်ပြီးတော့ :D)ကောင်လေးတစ်ယောက်က မီးငယ်ကို လာပြီး နင်က မီးငယ်လားတဲ့? မီးငယ်လည်း ဟုတ်တယ်ဘာလို့လဲဆိုတော့ သူကမီးငယ်ရဲ့ ငယ်သူငယ်ချင်းရဲ့သူငယ်ချင်းပါတဲ့ မီးငယ်သူငယ်ချင်းက ပြောလို့ဆိုပြီး လာမိတ်ဆက်ပါတယ် သူလည်း VEC (ဇာနည်ဆောင်)ထွက်ပါတဲ့ မီးငယ်လည်းအော်အင်းအင်း ဆိုပြီး ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အောင်သူကျော်လည်း တော်တော်အားတက် သွားပါတယ်:Dး နို့မိုဆိုသူ့ပဲဝိုင်းပြီး အနိုင်ကျင့်ကြတာလေ..

ဒါနဲ့မီးငယ်တို့အုပ်စုမှာ ၆ယောက်ဖြစ်သွားရော(သူကမျိုးမြင့်အောင်ပါ)..ပြီးတော့မီးငယ်တို့ကားနေရာဦးတာလည်း ၇၈X ၃၅ထောင့်ကနေ ပြတိုက် ပြီးတော့ ကားဝင်းထဲအထိရောက်ရော။ ကားဦးတာကိုလည်း ပြောပြဦးမယ်.. မီးငယ်တို့အုပ်စုက မနက်၅နာရီမထိုးခင်ကတည်းက ကားဝင်းထဲကိုရောက် ပါတယ် ပြီးရင်ရှိသမျှပစ္စည်းနဲ့နေရာဦးပါတယ် မျိုးမြင့်အောင်ဖို့က စက်မှုအထိဦးရတာပါ မီးငယ်တို့ကျောင်းနားမှာ ဇီးခြံရှိပါတယ် တစ်ရက်မီးငယ်တို့ ဇီးခြံသွားတာပေါ့ ဇီးခြံအ၀မှာ လှည်းကထောက်ထားတယ်လေ နွားမပါပဲနဲ့..မီးငယ်နဲ့မေသက်လည်း ပြေးပြီးတက်ထိုင်တာ ပေါ့ ငမျိုးက ဟဲ့ဆင်းထောင်လိမ့်မယ်ဆိုတော့မှာ နှစ်ယောက်ကြောက်အားလန့်အားနဲ့ ခုန်ချကြတာ အချိန်မှီကလေးပဲ.. အဟဲလေးဘက်ထောက်ရက်ပေါ့ နို့မိုဆို ကျောက်ဆည်ဆေးရုံကို ဒိုးရပြီ။

နောက်တစ်ရက် ညနေပိုင်း ကျောင်းလစ်ကြတယ်လေ ကားတွေထားတဲ့ သခွတ်ပင်အောက်မှာ ထိုင်ကြပြီးလေပေါနေတာပေါ့ အဲဒီအချိန်မှာပဲ Canteen ဘက်ကနေပြေးလာကြပြီး ကျောင်းအုပ်ဆရာမကြီးက လိုက်ဖမ်းနေတယ်တဲ့ ပြေးပြေးဆိုတော့ပြေးတာပေါ့ မီးငယ်နဲ့ငမျိုးနဲ့က အင်းဘက်ကိုပြေးတယ် မေသက်တို့ ၃ယောက်က လယ်တောဘက်ကိုပြေးကြတယ်.. အောင်သူကျော်ပျောက်နေတာပေါ့ အားလုံးငြိမ်သွားတော့ မီးငယ်တို့က ဟိုကောင်တော့ ရုံးခန်းပါသွားပြီပေါ့ ပြီးမှသူက သခွတ်ပင်ပေါ်ရောက်နေတယ် ပြီးတော့ ငါမဆင်းတတ်တော့ဘူးတဲ့ အဲဒါနဲ့ အနွေးထည်တွေဆက်ပီး ကြိုးလုပ်ပြီး ကျေးဇူးရှင်ကိုဆင်းခိုင်းရပါတယ် ငမျိုးက အောက်ကနေဖမ်းရတာပေါ့ အောင်သူကျော့်ကို မီးငယ်တို့က ပိုးဟပ်ဖြူလို့ခေါ်ပါတယ် သူကအသားကဖွေးနေတာပါပဲ သူက သူ့ကိုယ်သူအရမ်းကို နှိမ့်ချတတ်တဲ့လူစားမျိုးပါ အရမ်းလည်းအေးပါတယ် သူ့ဖေဖေက တပ်မမှုးပါ စခင်တုန်းကသူ့အိမ်ကိုယ့်အိမ်အကြောင်းပြောတုန်းကဆို ဟဲ့နင်မိဘက ဘာအလုပ်လုပ်လဲမေးရင် စစ်မှုထမ်းပါလို့ဖြေတယ်မီးငယ်တို့ လည်ပင်းညစ်မတတ်မေးတော့မှ ရာထူးထွက်လာတာပါ အဲသလိုပါ သူ့ကိုလည်းနင့်အဖေကတပ်မမှုးဆိုတော့ “ရှေ့တန်းမှာဆိုရင်တက်!ငါနောက်မှာနေမယ်ဆိုတဲ့လူကြီးလား” လို့ဆိုပြီးအမြဲစပါတယ် အဲသလိုစရင်တော့ သူမကြိုက်ပါဘူး..ပြီးရင်သူက ကတ္တီပါဖိနပ်ပဲဝတ်တယ် ပုဆိုးနဲ့ပဲဖြစ်ဖြစ် ဘောင်းဘီရှည်နဲ့ပဲ ဖြစ်ဖြစ် နောက်တစ်ခုက သူ့ကျောပိုးအိတ်ပါ ကလေးတစ်ယောက်လောက် ထည့်လို့ရအောင်ကို ကြီးပါတယ် နောက်ပြီးသူများကို အားပေးတတ်တယ် မီးငယ်ကို ထမင်းဟင်းမချက်တက်လည်း နင်မငတ်ဘူးတဲ့ ခေါက်ဆွဲကောင်းကောင်းပြုတ်တက်ရင် ပြီးရောတဲ့လေ..မီးငယ်ကို သာလိကာတဲ့ မေသက်ကို ကြက်တူရွေးတဲ့ ကျောင်းကလူတွေကခေါ်ကြတယ်။

မီးငယ်တို့အုပ်စုပါတဲ့ကားကိုစီးရမှာ ကျောင်းကလူတွေက ကြောက်ကြတယ်ဘာလို့လဲဆိုတော့ မတ်တပ်ရပ်ရတာညောင်းရတဲ့အထဲ နားပူလည်းခံရသေးတယ်တဲ့ ဒုက္ခတစ်မျိုးပဲခံမယ်တဲ့ အမှတ်တယပြောရဦးမယ် တစ်ရက် မေသက်နဲ့မီးငယ်တစ်ယောက် တစ်ကားစီးပါသွားတယ် ကျောင်းရောက်တော့မီးငယ်ကသူ့ကို ဒီနေ့အသက်ရှုကြပ်နေသလိုပဲ ဆိုတော့ သူလည်းခေါင်းမူးနေတယ်တဲ့ ဘာလို့လဲမေးတော့စကားမပြောရလို့တဲ့.. မီးငယ်တို့ကားနေရာဦးတာက တစ်စီးလုံးဦးတာပါ.. တစ်ရက်လည်း ကားတစ်စီးစီမှာတစ်ယောက်စီ ပါသွားပြီးနေရာဦးကျတာ လူတွေအများကြီးနေရာမရပါဘူး မီးငယ်တို့က တစ်ကားတက်တစ်ကားဆင်းကောင်းတဲ့ကားကိုရွေးပြီး တခြားဦးထားတာတွေကို ဖယ်လိုက်တော့မှသူများတွေနေရာ ရပါတယ် (မီးငယ်တို့တုန်းက ရွှေမန်းမေကား ၃ စီးနဲ့ တစ်ခြားရန်ကုန်-မန်းလေးကားလိုင်းတွေကနေ ကားကြီး ၁ စီး ပေးပါတယ်)
အဲဒီလိုနဲ့နေလာတာ တစ်ရက်မီးငယ်က ရန်ကုန်ကိုဆင်းသွားတယ် ပြန်လာတော့ အုပ်စုက ၂စုကွဲနေပြီ မေသက်တစ်ကောင်တည်းက တစ်စု ဟို၎ကောင်ကတစ်စု ဘယ်လိုဖြစ်လဲမေးတော့….

Saturday, June 28, 2008

Happy Birthday Ko NTZ!

အစ်ကိုရေ မွေးနေ့မှာပျော်ရွှင်ပါစေ..အွန်လိုင်းမှာခင်ခဲ့ပေမဲ့ ညီမအရင်းတစ်ယောက်လိုသဘောထားပြီး စောင့်ရှောက်ခဲ့တာတွေ..
မှားနေတာတွေရှိရင် အမုန်းခံပြီးပြောခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်...အစ်ကိုတစ်ယောက် မိသားစုနဲ့ဝေးပြီး
၂၅ နှစ်မြောက်မွေးနေ့ကိုဖြတ်သန်းရပေမဲ့ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ...
မြန်မာပြည်မှာလည်း အစ်ကိုနဲ့ ညီမလေးနဲ့ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...


Friday, June 20, 2008

စားကြပါဦးနော်

ဒီနေ့တော့ အိမ်ကိုလည်လည်လာတဲ့သူတွေကို နေ့လည်စာ(နေ့လည်လာလည်တဲ့သူဖို့) ညစာ(ညနေပိုင်းလာလည်တဲ့သူ) ညလယ်စာ(သူများအိပ်ချိန်မှလျှောက်သွားသူ) နဲ့ဧည့်ခံတယ်နော်..မီးငယ်အချက်အပြုတ်မတတ်တော့အပြင်ပန်းပဲလှအောင်လုပ်ပီးညာကျွေးအဲအဲ..ဟုတ်ပါဘူး စေတနာအပြည့်နဲ့ကျွေးရတာပေါ့...စားနော်..အားမနာကြနဲ့ မီးငယ်ကိုယ်တိုင် Copy ကူးထားတာအဟဲ...
ပထမဆုံးကတော့ မီးငယ်ရဲ့ တီတီအတွက်ပါ...

ဒါကတော့ကိုကြီးစိုးထက်တို့မိသားစုဖို့လေ.. ၃ခုတောင်ပါတာချိုတော့..

နောက်တစ်ခုက ကိုနေလွမ်းသူနဲ့ ကိုဥာဏ်အတွက်လေ..(ပေါင်မုန့်ပဲစားနော်..အစာအိမ်သမားနဲ့ပေါင်မုန့်ကအကိုက်ဆုံးပဲ..)လုနေမှာဆိုးလို့ ၂ခုအတိအကျကျွေးတာ...:D

နောက်တစ်ခုက ကိုကြီးဖိုးချမ်း..ကိုဖိုးချမ်းက၀က်သားဒုတ်ထိုးကိုစားချင်နေတာချိုတော့ဝက်ရုပ်ပါတဲ့ထမင်းဘူးပေးမယ်

နောက်တစ်ခုက ကိုကြီးဝင်းဆန်းအတွက် မနက်အစောကြီးဆေးရုံသွားရတော့ ထမင်းဘူးယူသွားလို့ရအောင်လေနော်...

နောက်တစ်ခုကတော့ ကိုအညာသား နဲ့ ကိုမင်းကျန်စစ် အတွက်ပါ..သူတို့လည်းနှစ်ခုပဲတော်ကြာ ခွဲတမ်းမမျှဘူးပြောခံရမှာဆိုးလို့ :P

နောက်တစ်ခုကတော့ ကိုတီးတို့အိမ်ကလူတွေလေ..သူတို့အိမ်ကလူများတယ်ဆိုတော့ အားလုံးစားလို့ရအောင်လုပ်ပေးရတာပေါ့...

နောက်တစ်ခုက ညီမလေးအတွက်ပါ..သူက အခု၆တန်းတက်နေရပီလေ သူ့ဖို့လည်းထမင်းချိုင့်ကထည့်ပေးရမှာပေါ့

နောက်တော့ မီးငယ်အစ်ကိုကြီးတွေဖြစ်တဲ့ ကိုဖြိုးငယ် နဲ့ ကိုသော်ခ ပါ..သူတို့နှစ်ယောက်က ခေါက်ဆွဲခြောက်ပဲသောက်နေရတာလေသိတယ်မဟုတ်လား မအိပ်မနေချက်နေရတာချိုတော့..တစ်ယောက် ၂ ခုနှုန်းနော်..ယောင်းယောင်းကိုပါကျွေးနော် ကိုဖြိုးငယ်..

နောက်တစ်ထုကတော့ မွေးနေ့ကို မကြာခင်ကမှကျင်းပသွားတဲ့ ကိုသားငယ်နဲ့ မချစ်စုအတွက်ပါနော်...

နောက်တစ်ထုကတော့ မီးငယ်ရဲ့ ကိုစိုင်းထွန်းအတွက်ပါ သူကအချက်အပြုတ်တတ်တော့သူ့ကိုတော်ရုံကျွေးလို့မရဘူးလေ.. :D

အဲဒါကတော့ မန်းလေးသားကိုဝင်းဇော်အတွက်ပါ....

ဒါကတော့ မမမေမိုးအတွက်နော်

ကိုလင်းဦး နဲ့ ကိုလင်းထက် နဲ့ကိုဥာဏ်လင်း တို့ ဖို့နော်

နောက်တစ်ခုက တော့ အားလုံးသိတဲ့ ကိုကြောင်မျိုးအတွက်ပါနော်..

ဒီလူတွေကတော့ အုပ်စုတောင့်တယ်နော် ကိုချီရွှန် ကိုနတ်သျှင်နောငကိုမျှားပြား ကိုဆိုးသွမ်း ကိုအိပ်မက်မည်း ဘကြီးဖြိုး တို့ဖို့ပါ...



ဒါကတော့ သူငယ်ချင်း လမ်းပြကြယ် အတွက် နင့်မမအစားငါထမင်းထုပ်လုပ်ပေးတာနော်..ကြားလား P.P.L

ဒါက ကိုပူး နဲ့ ကိုပါကနာ အတွက်နော်...

ဒါကတော့ မမြတ်ဆုအတွက်

ကျန်တဲ့အစ်ကိုတွေအစ်မတွေလည်းစားနော် အများကြီးပဲ မီးငယ်လည်း အားလုံးကိုBy Name တပ်ပြီးမကျွေးနိုင်တော့တာခွင့်လွှတ်ပါနော်...
သေသေချာချာကိုင်သွားနော် ထမင်းချိုင့်ကိုတိလား....











Thursday, June 19, 2008

တအုံ ကျောင်းသားဘ၀ (၁)


မီးငယ်ကမန်းလေးGCC (တအုံ)မှာလေးနှစ်တာပညာသင်ကြားခဲ့တဲ့ကျောင်းသူတစ်ယောက်ပါ။ ဆယ်တန်းအောင်တုန်းက အမှတ်ကဇော်ကန့်လန့်(မာမီ့စကား)ဖြစ်လို့တအုံကို ရောက်သွားတာပါတရက်အိမ်ကိုကျောင်းဝင်ခွင့် ရောက်လာပါရောကြည့်လိုက်တော့ ကွန်ပျူတာကောလိပ်(မန္တလေး)တဲ့ဒါနဲ့နောက်ရက်ကိုကျောင်းသွားအပ်ကြရော ကျောင်းကမြိုနဲ့တော်တော်ကိုဝေးပါတယ် မန်းလေးကလူတွေဆိုရင်တော့ သိမှာပါကျောင်းကဘယ်နားမှာလည်းဆိုတာကို ကျောင်းကစဉ့်ကိုင်မရောက်ခင် ပေါ်တော်မူဘုရားနားမှာပါရန်ကုန်-မန်းလေးကားလမ်းကနေအရှေ့ဘက်ကို ၂မိုင်ကျော်ကျော်လောက် လမ်းခွဲလေးကိုထပ်ဝင်ရပါသေးတယ် အဲကျောင်းသွားအပ်တော့ စမ်းတ၀ါးဝါးနဲ့သွားကြတာပေါ့ဘယ်နားရှိမှန်းလဲမသိဘူးလေလမ်းခွဲလေးကိုလည်းဝင်သွား ရောမရောက်နိုင်မရောက်နိုင်နဲ့ပေါ့ဟောနောက်ဆုံးကြတော့မှကုန်းမြင့်နိမ့်နိမ့်လေးပေါ်မှာ တစ်ထပ်အဆောက်အအုံလေး၎လုံး ကိုစတွေ့ရော အဲဒါကွန်ပျူတာကောလိပ်တဲ့။

သေချင်စော်ကိုနံရောပဲအဲဒါနဲ့ကျောင်းအုပ်ဆရာမကြီးကိုလိုက်ရှာရော အဲအမျိုးသမီး တစ်ယောက်လည်းတွေ့ရော ကျောင်းအုပ်ဆရာမကြီးနဲ့တွေ့ချင်လို့ပါဆိုတော့ သူပါတဲ့ကျောင်းအုပ်က :D ကျောင်းမှာCanteenက၃ခုကြီးများတောင်ရှိတာ Canteen ကိုလည်းမြင်ရော မေမေ့ကို မေမေသမီးကျောင်းမတက်ချင်တော့ဘူးလို့ပြောပြီးငိုတာပါပဲCanteen ကလည်းတဲထိုးပြီး တအုံရွာထဲကလူတွေကရောင်းတာပါ မေမေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံတဲ့ ပြတ်ရောလေ ငိုမှာပေါ့ မီးငယ်တို့ အထက်တန်းကျောင်း တက်တုံးက အမှတ်(၈)လေ မန်းလေးမှာမိန်းကလေးကျောင်းနာမည်ကြီးပဲ စားချင်သမျှမုန့်အားလုံးစားလို့ရတယ် (မီးငယ်တို့ သူငယ်ချင်းတွေဆုံရင်လည်း ခုထိကျောင်းကိုမုန့်သွားစားကြတုန်းပဲ :D)

ဒါနဲ့တအုံကိုနောက်အပါတ်ကြစတက်ရပြီပေါ့ မသွားလို့လည်းမရဘူး၇၅%ကြီးကလည်းရှိသေးတယ်လေ ပထမဆုံးနေ့ဖေဖေလိုက်ပို့တယ် သူများတွေကတော့ရွှေမန်းမေနဲ့ပေါ့ ရွှေမန်းမေကအရမ်းလူကြပ်တယ်လေ ဒါနဲ့ကျောင်းရောက်ရော သူငယ်ချင်းလည်းမရှိသေးဘူးပေါ့ (မီးငယ်သူငယ်ချင်းတွေက ကောင်လေးတွေကဆေးကျောင်းကောင်မလေးတွေကဆေးဝါးကျွမ်းကျင်တက်ကြတယ် မီးငယ်ပဲဆရာဝန်မဖြစ်ရင် ဆရာဝန်နားမနေဘူးဆိုပြီးကွန်ပျူတာလောကထဲကိုဝင် လာတာပါ) ပထမဆုံးအချိန်ကိုကျောင်းအုပ်ဆရာမကြီးကလာပြီး ဘာညာသဒကာနေကြာကွာစိပေါ့ နောက်ပြီးကျောင်းမလစ်ရဘူးပေါ့ဒါနဲ့ မီးငယ်တို့လည်း ဟုတ်ကဲ့ပါပေါ့သိတယ်မဟုတ်လား ပြီးရင်အတန်းဝင်မဲ့ဆရာမလာမယ်ဘယ်သူမှ မထွက်ရဘူးပေါ့သူလည်းဟိုဘက်အပေါက်ကနေထွက်ရော မီးငယ်လည်း ကိုယ့်ဘေးနားက တံခါးကနေထွက်ပြီး ဖေဖေ့ဆီပြန်ပြေးပေါ့ မီးငယ်နဲ့အတူတူထွက်လာတဲ့ကောင်မလေးတစ်ယောက်ရှိတယ် နောက်ပိုင်းတော့ မီးငယ်နဲ့ဆိုးဖော်ဆိုးဖက်ဖြစ်သွားတာပေါ့
ဆက်ရန်နော်...........

Wednesday, June 18, 2008

Chat ကြမယ်ဟေ့ကောင်းကောင်း

မီးငယ်ရထားတဲ့ နည်းလေးတစ်ခုကိုကြောဂျင်လို့ တိပီးတားချိုလည်းရှူးတိုးတိုးနော်.. GtalkမှာGroupလိုက်Chat ကြမယ်တဲ့.. မီးငယ်အတွက်တော့အံကိုက်ပဲ တူနယ်ဂျင်းတွေနဲ့ သတ်လို့ရပီး...
Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat2@gmail.com ကို invite လုပ်ပါ။ (partychat4, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ partychat2@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။

GCHS(Govenment Computer High School)




တအုံကောလိပ်
ဖုံပေါ အရိပ်ရှား
ချွေးများ အဆီပြန်
မွဲခြောက်အသားပြင်
နေလောင်ဒဏ်ကြောင့်

ပုဆိုးနက်ပြာ
အကွပ်စိတ်တာနဲ့
မ၀တ်မနေရ
စည်းကမ်းထုတ်တော့
ဝတ်သည့်ပုဆိုး
လေအလွန်တိုး၍
ကိုယ့်ရဲ့ပုဆိုးကျွတ်ကျခဲ့သည်

နာရီမကြည့်တတ်
ဆရာအရှင်မြတ်ကြောင့်
လူတွင်နုံးချိ ဗိုက်မှောက်အူခွေ
Canteen ပြေးခိုက်
ဈေးခေါင်ခိုက်လို့
စားပြီးသားပင်
အစာမကြေချင်

သိပ္ပံမချန်သင်နိုင်လွန်းလှ
အာစရိယကြောင့်
ရပ်မည့်နေရာခြေတစ်ချောင်းစာပင်
အလျင်အမြန်ဦးရ

အော်သို့တိုင်သို့ငြား
ဒေါ်လာ ၃၀၀၀ ဒီမောင်တို့မက်
ငါတို့ဒုက္ခ အိမ်နေမိဘမသိငြားလည်း
ကျေးဇူးအရှင်ဆရာအရှင်မြတ်တို့
သိကြရင်ဖြင့်ထောက်ထားစာနာသနားပေအံ့


ကိုကြက်ကြီးရေးတာပါ။ အဲဒီကဗျာရေးမှု နံရံတွေမှာလိုက်ကပ်မှုနဲ့ မီးငယ်တို့တွေ ရုံးခန်းရောက်ကြပါတေးတယ်


Tuesday, June 17, 2008

Student Union နဲ့ Koh Samui ကို သွားခဲ့တဲ့ အကြောင်းကြောဂျင်ရို့ပါဗျို့ (၂)

အပျင်းထူနေတာနဲ့ အပိုင်း(၂)ကိုခုမှပဲ ရေးဖြစ်တော့တယ်.. :D ဒါနဲ့Packageရွေးကြတာပေါ့နော့်.. မီးငယ်တို့ရွေးလိုက်တာက
၁. Kayaking
၂.Snorkelling
၃.Sigh Seeing
၎.တောင်တက်ခြင်း အဲဒါတွေက Angthong National Marine Park
ဆိုတဲ့နေရာမှာတွားလုပ်ရမှာလေ..မီးငယ်တို့ရောက်နေတဲ့ Koh Samui ကျွန်းကနေ၂နာရီလောက် Speed Boat စီးရမှာ(မကြောက်မရွံ့နော် ဆူနာမိဖြစ်လို့ကတော့ AITကနေဘွဲ့တောင်ရမှာဟုတ်ဝူး လစ်ပီပဲ :D) အဲPackageလဲရွေးပြီးရော ဗီယက်နာမ်သူငယ်ချင်းတွေကBeer Pubသွားမယ်ချိုရို့မရောက်ဖူးတာနဲ့လိုက်မယ်ချိုပြီး လိုက်တွားကြတယ် မနက်၂နာရီမှHotelကိုပြန်ရောက်တယ်(အဟီး အိမ်ကိုပြန်ကြောနဲ့နော်) မနက်ကြတော့ ၇နာရီစမယ်တဲ့ခရီးစဉ်က သေပီဆရာပဲလေ(ကဲချင်အုံးလေ)အဲဒါနဲ့မနက်ကြ၆နာရီလောက်ထ ရေမိုးချိုးပီးအောက်ထပ်မှာBreakfastစားတာပေါ့ အိပ်ချင်မူးတူးနဲ့စားမလို့လုပ်တုံးကိုSU Presidentလာပြီးတော့"ကြည် မနက်စာကိုကောင်းကောင်းစားထားတဲ့ နေ့လည်စာက၂နာရီလောက်မှစားရမှာတဲ့ပီးတော့ပင်ပန်းရင် ဗိုက်ဆာလိမ့်မယ်တဲ့"Trip Leaderကလည်း "ငါ့မှာ ပေါင်မုန့်ပါတယ်တဲ့နင်ဗိုက်ဆာရင်ပြော"တဲ့ (ကောင်းလိုက်တာမီးငယ်တို့များ ကုလားတွေကသိပ်ကြည်တာပဲ :D)အလကားစတာပါ လာကြတဲ့အထဲမှာမိတ်ဆက်ကြရင်းနဲ့သူတို့ကမီးငယ်ကအငယ်ဆုံးချိုတာကို သိလို့ဂရုစိုက်ကြတာပါမီးငယ်ဘာပြောပြော ခွင့်လွှတ်ပေးကြတယ်(အငယ်ချိုပီး ဗိုလ်ကျရတာဘယ်လောက်ကောင်းတယ်မှတ်လဲ မတိကြဘူးမ၀ုတ်လား :P)

အဲဒါနဲ့မနက်စာကိုဝင် နိုင်သမျှစား ပြီးတာနဲ့လာကြိုတဲ့ကားပေါ်ကိုတက်လိုက်တွားကြရော လမ်းမှာလဲရေပါတ်ခံရသေးတယ်သူတို့ဆီမှာSongkramလေ ခဏနေတော့ကမ်းခြေကိုရောက်ရော မီးငယ်တို့လည်းနာမည်တို့နိုင်ငံသားတို့သူတို့ဖြေခိုင်းတဲ့ဟာတွေဖြည့်ပြီးတော့Speed Boat ကိုသွားကြတော့တာပေါ့ Speed Boat ပေါ်မတက်ခင်မီးငယ်တို့ကို Life Insuranceအတွက်ချိုပီး ဓါတ်ပုံရိုက်တယ်ပီးလည်းပီးရော မီးငယ်တို့ ကစပီးထွက်တာပေါ့ ရှုခင်းတွေက အရမ်းလှတာပါပဲ မီးငယ်တို့အုပ်စုတွေလည်း ဓါတ်ပုံရိုက်ကြတာပေါ့ပီးတော့Sun Block တွေတစ်ယောက်နဲ့တစ်ယောက်လိမ်းပေးနဲ့ဆော့ကြတာSun Block တွေပေတူးနေတာပဲအဲဒါနဲ့ Kayaking လုပ်မဲ့ကျွန်းကိုရောက်တွားရော မီးငယ်တို့ကိုGuideကမှာပါတဲ့တန်ဖိုးကြီးပစ္စည်းတွေကို ကျွန်းပေါ်မှာပဲထားခဲ့ပါချိုပီးပြောတယ် လှေလှော်တဲ့ဆီကိုသယ်မလာပါနဲ့ဆားငန်ရေထိရင် ပျက်မှာဆိုးလို့တဲ့ လှေက၂ယောက်၁စီးလှော်ရမှာမီးငယ်လည်းကိုယ်သက်သာမဲ့နည်းလမ်းကိုရှာတာပေါ့လှေလည်းလှော်ချင်တယ် သက်လည်းသက်သာမဲ့ နည်းလေပီးတော့ရေလည်းကူးတတ်ဦးမှမီးငယ်ကရေမကူးတတ်ဘူး။

အဲဒါနဲ့နောက်ဆုံးဗီယက်နာမ်စီနီယာကို အပူကပ်တော့ သူ့လှေနဲ့လိုက်တဲ့Kayakingလုပ်ပီးတော့မီးငယ်တို့ကိုSigh Seeing ချိုပီးပင်လယ်ထဲမှာ Speed Boatကိုလျှောက်မောင်းပြတယ်ပြီးတော့နေ့လည်စာစားမဲ့ရွာကိုရောက်ရောမီးငယ်တို့ကိုပင်လယ်စာနဲ့Buffet Lunchကျွေးတယ်ပီးတော့ တောင်တက်တဲ့ဆီကိုသွားတယ်တောင်ကမီးငယ်တို့ဆီကတွင်းတောင်လိုမျိုးပဲသူကပင်လယ်ထဲမှာရှိနေတာ အရင်ဆုံးတောင်တက်ရတယ်ပီးတော့ပြန်ဆင်းရတယ် ရေကကြည်နေတာပဲရေထဲကငါးတွေတောင်မြင်ရတယ်အဲဒါကနေပြီးတော့ Snorkelling သွားလုပ်ကြတယ် တကယ်တော့မီးငယ်ကရေမကူးတက်လို့ မဆင်းတော့ဘူးဆိုတော့ ကုလားတွေက သူတို့ကူပီးကူးပေးမယ်တဲ့ အဟဲမီးငယ်လည်းသူတို့ကိုခိုစီးပီးဟိုဘက်ကူးခိုင်းဒီဘက်ကူးခိုင်းနဲ့ အဟိခိုင်းစား လိုက်သေးတယ် သည်းခံကြပါတယ်အငယ်ဆိုတော့ ပီးတော့ ကျွန်းကိုပြန်လာကြတယ။်

ကျွန်းပေါ်လည်းရောက်ရော မနက်ကအတွက်ရိုက်ထားတဲ့ပုံတွေနဲ့မီးငယ်တို့ကို ပန်းကန်လေးတွေရောင်းတယ်(သက်သက်လူလည်ကျတာလေ) ပုံတွေကလှလည်းမလှဘူး မီးငယ်တို့လည်းပြောတာပေါ့နင်တိုပြောတော့ အတွက်ဆိုနင်တို့ဒီလိုရောင်းမယ်ပြောရင်ငါတို့ကောင်းကောင်း မွန်မွန်နေမှပေါ့ချိုပြီးဝိုင်းပြောကြတာနဲ့တစ်ခုကို Bath ၁၀၀တန်က ၅၀နဲ့သူတို့ပေးလိုက်ရတယ်(ကုလားတွေကသိတယ်မဟုတ်လားအရမ်းကိုပြောတတ်တာလေ :D) Hotelလည်းပြန်ရောက်ရော ညနေစာတောင်မစားနိုင်ဘူး ပင်ပန်းလို့ အိပ်ပျော်သွားတာ တစ်ချိုးထဲပဲ နောက်ရက်မနက်ကြတော့စောစောထပြီး Big Buddhaတို့ View Point, Grandfather-Grandmotherတို့ကိုဆိုင်ကယ်နဲ့လည်းကြတယ် ညနေ၃နာရီလောက်ကြတော့ Kon Samui ကနေAITကိုပြန်လာကြတယ် ဒါပါပဲပြီးပါ၏၊

အော်ကျန်သေးတယ်ပျက်စီး ဆုံးရှုံးမှုသတင်း Snorkelling လုပ်ဖို့ရေထဲဆင်းတုန်းက ဖုန်းကိုထားခဲ့ဖို့မေ့သွားတာ တက်လာတော့အိပ်ထဲကဘာကြီးလဲပေါ့ ကြည့်လိုက်တော့ သူဖြစ်နေတယ် အဟီး :D တော်သေးတယ် SIM Card ကလစ်မသွားပဲ Handsetပဲလစ်သွားလို့(ပျော်လိုက်တာကြောမနေနဲ့ Handset အသစ်လိုချင်နေတာလေ) ပြီးတော့နာရီ ပီးတော့ဖုန်းBattery Charger ကလည်းပါမလာဘူးမေ့နေတယ်လေ ကိုကိုနဲ့ဖုန်းပြောလို့မရဘူးပေါ့(ကြုံတုန်းကြွားခြင်း :D) ခဏပဲပြောလို့ရတယ်လေ အရေးအကြောင်းချို Battery မရှိတော့မှာဆိုးလို့ ဆူလိုက်တာလည်းပြောမနေနဲ့ Battery Charger မေ့လာလို့တဲ့(နောက်တစ်ခါ ခရီးသွားရင် ကိုမေ့လို့မဖြစ်ဘူး) ရေထဲကနေကုန်းပေါ် လည်းပြန်ရောက်ရောမေမေ့ဆီကိုဖုန်းဆက်ပီးတော့ ဒီလိုဒီလိုသွားရတာပေါ့လို့ရဲကြောရောဆူပါလေရော ဒီလောက်ရေလမ်းခရီးကိုသွား ရလား ဘာညာသာဒကာနေကြာကွာစိပေါ့တိတယ်မဟုတ်လားမီးငယ်လည်းဟုတ်ဟုတ်ပေါ့ အဲဒါနဲ့ပဲဖုန်းချလိုက်ရော။

ခဏနေတော့SU ကနေ Game ဆော့မယ်တဲ့ သူတို့ကမေးခွန်းတွေ မေးတယ်ဖြေပေးရတာပေါ့ မီးငယ်ကလည်း ဖြေတော့လက်ဆောင်ပေးတယ်ပီးတော့ သူတို့ကနိုင်ငံ အလိုက်ကိုယ့်နိုင်ငံသီချင်းတွေကိုဆိုခိုင်းတယ် မီးငယ်လည်း သင်္ကြန်မိုးနဲ့မြနန္ဒာဆိုပြလိုက်တယ် သူတို့တော်တော်သဘောကျကြတယ် သင်္ကြန်နားလည်းနီးတော့လေ ပြီးတော့နောက် Gameတစ်ခုထပ်ဆော့တယ် အဲဒါက တစ်ဖွဲ့ကသီချင်းဆိုတယ် သူတို့ဆုံးသွားတဲ့အသံအတိုင်း နောက်တစ်ဖွဲ့ကစပြီးပြန်ဆိုရတယ် မီးငယ်တို့အဖွဲ့မှာ မီးငယ်ကဆရာပဲဟဲဟဲနောက်ကျတော့မီးငယ်ကို Myanmar Dictionary တဲ့မြန်မာပြည်အကြောင်းမေးလည်း သိလို့တဲ့ ဘာပဲပြောပြော နဲ့သွားခဲ့တဲ့ခရီးစဉ်ကတသက်လုံးအမှတ်ရစေမှာပါပဲ နောက် ကျမှခရီးစဉ်ကနေမီးငယ်ဘာတွေ စဉ်းစားမိလည်းဆိုတာကိုထပ်ရေးမယ်နော်


အကြံပြုခြင်း

ကိုကြီးနေလွမ်းသူ Blogက ဘာဖြစ်တွားမှန်းကိုမသိဝူး Post တွေလည်းတစ်ခုမှမချိတောဝူးသေချာတာကတော့ Hackခံလိုက်ရတယ်လို့ထင်ရတာပဲ အစ်ကိုကြီးက Post တွေကို Backup လုပ်မထားတော့ခုအားလုံးပြန်လုပ်နေရတာပေါ့(မှတ်ပီလား အငယ်စကားနားမထောင်တာ) အစ်ကိုတွေ အစ်မတွေ တူငယ်ဂျင်းတွေကို တစ်ခုပြောချင်ပါတယ်MS-Word File နဲ့ Backup ထားကြပါ Post တွေအားလုံးကို အဲဒါမှ Blog တစ်ခုခုဖြစ်ရင်မြန်မြန်ပြန်ပြင်လို့ရမှာလေနော်ခုတော့

Monday, June 9, 2008

ပြန်ရောက်ပီနော်

စာမေးပွဲ ဖြေနေတာရော မြန်မာပြည်ပြန်နေတာနဲ့ရော Blog ကိုမ၀င်ကြည့်ဖြစ်ပါဘူး လာလည်ကြတဲ့ အစ်ကို အစ်မတွေကို အနူးအညွတ်တောင်းပန်ပါတယ်